မတ် ၂၀ – ၂၀၂၆ SN (VOM) လက်ရှိ လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မှု စနစ်ကြောင့် မီးစက်အသုံးများလာတာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ ပိုမိုရှားပါးလာနိုင်ပြီး ကုန်စည်စီးဆင်းမှု ကွင်းဆက်တလျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ မတ် ၁၈ ရက်နေ့မှ စတင်ပြီး နိုင်ငံတဝန်းမှာ တရက်ကို စုစုပေါင်း ၈ နာရီ အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စင်တာတွေ၊ ကုမ္ပဏီတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အပြင် မီးစက်ကို မှီခိုအားထားရမယ့် လုပ်ငန်းတွေအားလုံး စက်သုံးဆီကို ပိုမို လိုအပ်လာနိုင်တာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ အလျှင်အမြန် ပြတ်တောက်သွားနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။…
Read MoreYear: 2026
စင်ကာပူမွတ်စလင်များ မတ်လ ၂၁ ရက်တွင် ဟာရီရာယာ အီးဒ်ပွဲတော် ကျင်းပမည်
မတ် ၂၀- ၂၀၂၆ MT(VOM) စင်ကာပူရှိ မွတ်စလင်ဘာသာဝင်များသည် လာမည့်စနေနေ့ (မတ်လ ၂၁ ရက်) တွင် ဟာရီရာယာ ပူဆာ (Hari Raya Puasa) အီးဒ်ပွဲတော် ကို ဆင်နွှဲကြမည် ဖြစ်သည်။ စင်ကာပူနိုင်ငံရှိ မွတ်စလင်ဘာသာဝင်များအတွက် သောကြာနေ့ (မတ်လ ၂၀ ရက်) သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်ဥပုသ်လ၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။ ကြာသပတေးနေ့ နေဝင်ချိန်တွင် စင်ကာပူ၏ မိုးကုတ်စက်ဝိုင်းအထက်၌ ရှောင်ဝါလ် (Syawal) လဆန်းအကြို လခြမ်းကို မြင်တွေ့နိုင်သည့် အနေအထားတွင် မရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ၏ မုဖ်သီ (အစ္စလာမ်သာသနာ့ဦးစီးမှူး) ဒေါက်တာ နာဇီရူဒင် မိုဟာမက် နာဆီယာ (Dr Nazirudin Mohd Nasir) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။…
Read Moreတတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ကျင်းပ၊ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မယ်
မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စား လှယ် ၃၅ ဦး နဲ့ရှမ်းတိုင်းရင်းသား ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ PPP က လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပြည်သူ့ပါတီ က ၄ ဦး တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး တို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ တက်ရောက်မှာဖြစ်ပါတယ်။
Read Moreပြည်ထောင်စုလွှတ်တော်ကျင်းပ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် အစည်းဝေးကျင်းပမယ့် ရက်ကိုကြေငြာမယ်
နေပြည်တော်၊ မတ် – ၂၀- ၂၀၂၆ VOICE OF MYANMAR တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အဆောက်အဦမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဥ်ကြေငြာခြင်းနဲ့ အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် များအတွက် ခွင့်ပန်ကြားခြင်း၊ အစည်းအဝေးတက်ရောက်မှုအခြေ အနေကို အတည်ပြု မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနဲ့ ဒုတိ ယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်…
Read Moreဦးအောင်ကျော်မိုး ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်
မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
Read Moreမန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့် ကို ရွေးချယ်တင်မြှောက်
မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
Read Moreအီရန်နိုင်ငံ အကြီးအကျယ် ထိခိုက်နေပြီလို့ နေတန်ယာဟု ပြောကြား၊ စွမ်းအင်ကဏ္ဍကို ထပ်တိုက်ရင် အီရန်ကလည်း အလျှော့ပေးမှာမဟုတ်ကြောင်း သတိပေး
ဂျေရုဆလင်မြို့ -မတ် ၂၀-၂၀၂၆ MT(VOM) အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံဟာ “အကြီးအကျယ် ပျက်စီးဆုံးရှုံးနေပြီ” ဖြစ်ကြောင်းနဲ့ ဒီစစ်ပွဲဟာ ထင်ထားတာထက် ပိုမြန်မြန် ပြီးဆုံးသွားနိုင်တယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ တဖက်မှာလည်း အီရန်က ပင်လယ်ကွေ့ဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ နေတန်ယာဟုရဲ့ ပြောကြားချက်များ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စစ်ပွဲစတင်ခဲ့တာ ၄ ပတ်နီးပါး ရှိလာချိန်မှာ နေတန်ယာဟုက အခုလို ဆိုပါတယ်။ စစ်နိုင်နေပြီ”ကျွန်တော်တို့ နိုင်နေပါပြီ၊ အီရန်ကတော့ ပြိုလဲနေပြီ” လို့ နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ စွမ်းဆောင်ရည် ကျဆင်း အီရန်ဟာ…
Read Moreငလျင်နှစ်ပတ်လည်နေ့မှာ အစိုးရက ဝမ်းနည်းခြင်း အထိမ်း အမှတ်အခမ်းအနားနဲ့ ကူညီသူခဲ့သူတွေကို ဂုဏ်ပြုမယ်
မန္တလေး၊ မတ်- ၂၀-၂၀၂၆ Voice Of Myanmar မတ်လ ၂၈ ရက်နေ့ကျရောက်တဲ့ ငလျင်နှစ်ပတ်လည်နေ့မှာ ကွယ်လွန်သွားသူတွေအတွက် ဆွမ်းသွတ်အမျှဝေပွဲနဲ့ ငလျင်ဘေးစွမ်းစွမ်းတမံကူညီခဲ့သူတွေကို ဂုဏ်ပြုပွဲလုပ်မယ့် အစီအစဥ်ကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်လွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးအပြီးမှာ VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းရာမှာ ခုလိုဖြေကြားတာဖြစ်ပြီး ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီရေးပေးဝေနေတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဖြေကြားထားတာကို ရုပ်သံတွေ့ဆုံမေးမြန်းခန်းအစီစဥ်မှာ ကြည့်ရှုနိုင်ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်(VOM)
Read Moreတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ
မန္တလေး၊ မတ် – ၂၀- ၂၀၂၆ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်တက်ရောက်ကြရမယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်တင်ထားလဲဆိုတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးကျော်တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရမယ့် ပထမဆုံး အတွေ့အကြုံ ဘယ်လိုရှိလဲ ဆိုတာနဲ့ ဘာတွေပြင်ဆင်ထားသလဲဆိုတာ မေးမြန်းထားပါတယ်။
Read Moreရန်ကုန် အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးက ယာဥ်တိုက်မှု နှစ်ယောက်သေဆုံး
မတ် ၂၀ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ လှည်းကူးမြို့နယ် ၊ အမှတ် ၃ လမ်းဆုံ ၊ စစ်ဆေးရေးဂိတ်အနီးမှာ Elite ခရီးသည်တင်Express ကားနဲ့ လိုက်ထရပ်ကားတို့ တိုက်မိပြီး နှစ်ယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဒီကနေ့ မတ် ၂၀ ရက် ၊ မနက်အစော ၆ နာရီလောက်မှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ သေဆုံးသူတွေက လိုက်ထရပ်ကားပေါ် လိုက်ပါလာတဲ့ အမျိုးသား နှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ် ။ ” ယာဥ်တိုက်မှုဖြစ်ကြောင်း သတင်းပေးချက်အရ ကျွန်တော်တို့ သွားခဲ့တာပါ ။ ယာဥ်တိုက်မှုက ဘယ်လိုဖြစ်တာလဲဆိုတာတော့ ယာဥ်ထိန်းရဲပဲ သေချာသိမှာပါ။ လိုက်ထရပ်ကားကတော့ ခေါင်းပိုင်း တော်တော်လေးထိပြီး ကြေမွသွားတယ်။ လူနာတွေမနည်းဆွဲထုတ်ရတယ်။ နှစ်ယောက်လုံးကတော့…
Read More