သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံခြားတိုင်းပြည်တချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ပါတီ၊ အသင်းအဖွဲ့တွေ ကြိုဆို

ဧပြီ ၄ – ၂၀၂၆ SS (VOM) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းကို နိုင်ငံတကာကတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ ပါတီ၊ အသင်းအဖွဲ့တွေက ကြိုဆို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာ​တွေ့ရပါတယ်။ နိုင်ငံ​တော်သမ္မတ ရွေးချယ် တင်မြှောက်ခံရခြင်းအတွက် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါအပြင် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ (SNCU)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ မိုင်းလားတပ် (NDAA)၊ ‘ဝ’တပ်ဖွဲ့ (UWSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီနှင့် ဒေသခံတိုင်းရင်းသားများ အဖွဲ့စသဖြင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာ​တွေ့ရပါတယ်။…

Read More

ကသာမှာ ကားသမားနဲ့ စက်လှေသမား ၁၀ ယောက်လောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့က တပ်သားသစ်စုဆောင်းသွားလို့ မိသားစုတွေ စိတ်ပူနေ

ဧပြီ ၃ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ကသာမြို့နယ် ၊ သံပုရာကုန်းကျေးရွာ ၊ သံပုရာဆိပ်ကမ်းမှာ ကုန်ပစ္စည်းတင်ချလုပ်နေတဲ့ ကားသမားနဲ့ စက်လှေသမား ၁၀ ယောက်လောက်ဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံလိုက်ရတယ်လို့ မိသားစုဝင်တွေပြောပြချက်အရ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ တပ်သားသစ်အဖြစ် လူစုဆောင်းခံလိုက်ရတာ ဖြစ်ကြောင်း ခုချိန်ထိတော့ လူစုဆောင်းခံရသူတွေထဲက တယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ ” ခုတလော ပေါ်တာတွေ အရမ်း‌ဆွဲနေလို့ ပြည်သူတွေ ဘယ်မှ မသွားရဲအောင်ကိုဖြစ်နေပြီ ။တိုင်လို့လည်းမရပါဘူး ။ ကျွန်တော့် အကို လိုက်နေတာကို လိုက်မရသေးဘူး။ ပကဖ ဘက်ကဆွဲနေတာ။ Kia နဲ့ pdf အဖွဲ့ကပါ။ ကျွန်တော့်အကိုက အသက် ၃၀ ကျော်ပါ။ သံပုရာဆိပ်ကမ်းမှာ သကြားတင်နေတဲ့…

Read More

Taxi ယာဉ် ၊ သုံးဘီးယာဉ် နဲ့ ကုန်တင်ယာဥ်တွေကို ခရီးအကွာအဝေးအလိုက် ငါးကီလိုကို စက်သုံးဆီ တလီတာနူန်းရောင်းချပေးမယ့်အစီအစဥ် တချို့ကား​တွေအဆင်မ​ပြေ

ဧပြီ ၃ ၊ ၂၀၂၆ GG (VOM) Taxi ယာဉ် ၊ သုံးဘီးယာဉ် နဲ့ ကုန်တင်ယာဥ်တွေကို မောင်းနှင်တဲ့ ခရီးအကွာအဝေးပေါ်လိုက်ပြီး စက်သုံးဆီရောင်းချပေးတဲ့ စနစ်ကို ဒီကနေ့ ဧပြီ ၃ ရက်မှာ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ခရီးမောင်းနှင်တဲ့အကွာအဝေးပေါ်လိုက်ပြီး ၅ ကီလိုကို စက်သုံးဆီ တလီတာနူန်း ရောင်းချပေးသွားမှာဖြစ်ပြီး ကီလိုကြည့်ရှု့မရတဲ့ ကားတွေအနေနဲ့ကတော့ ကီလိုမတက်ပါက နောက်တကြိမ် ဆီဖြည့်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ စက်သုံးဆီ ဆိုင်တချို့က အသိပေးထားတာ တွေ့ရ ပါတယ်။ ခရီးအကွာအဝေးပေါ်လိုက်ပြီး ကီလိုမီတာသတ်မှတ်ကာ စက်သုံးဆီ ရောင်းချပေးမှာဆိုပေမယ့်လည်း တပတ်အတွက် ဆီထုတ်ယူနိုင်တဲ့ပမာဏကတော့ အရင်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။ ” ဒီနေ့ ဆီ ထည့်ခဲ့ပြီးပါပြီ ။ 92 စျေးအနည်းငယ်တက်တယ်။ ဆီပေးတာကတော့ အရင် အတိုင်းလီတာ…

Read More

ပေါက်မြို့တောင်ပိုင်းက နှစ်ချီကြာ ရိက္ခာပို့မရတဲ့ ပြည်သူ့စစ်ရွာငါးရွာကို အစိုးရတပ်ရဲ့ ရိက္ခာပို့တဲ့ယာဥ်တန်း ရောက်ရှိ

ဧပြီ ၃ ၊ ၂၀၂၆ CC (VOM) မကွေးတိုင်း ၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ရိက္ခာဖြတ်တောက်ခံထားရတဲ့ ပြည်သူ့စစ်ရွာငါးရွာကို အစိုးရတပ်ရဲ့ ရိက္ခာပို့ယာဥ်တန်း ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ် ။ ပေါက်မြို့နယ်တောင်ပိုင်းက ပြည်သူ့စစ်ရွာတွေဖြစ်တဲ့ သစ်ချိုကုန်းရွာ၊ ဝံချုံးရွာ ၊ ပင်ထောင်ရွာ ၊ တပ်ကုန်းနဲ့ ကိုင်းလယ်ရွာတို့ ဖြစ်ပြီး ပင်ထောင်ရွာကို ဧပြီ ၁ ရက်နေ့မှာ ရိက္ခာပို့တဲ့ကားတွေ စတင်ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ ပြည်သူ့စစ်ကျေးရွာငါးရွာကို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေက ဖြတ်လေးဖြတ်လုပ်ထားပြီး လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခဲ့တာကြောင့် ဆန်၊ ဆား ၊ ဆေးဝါးအပါအဝင် ရိက္ခာတွေ ပြတ်တောက်ပြီး ဒုက္ခရောက်ခဲ့ကြရတယ်လို့ သိရပါတယ်။ ” ရိက္ခာတွေပြတ် ၊ဆားတွေလည်းပြတ် နေတာပါ ။ ငပိ ၊ ဟင်းချိုမှုန့်ဆိုရင် ပြောစရာတောင်မရှိပါဘူး။ကျွန်မတို့ရွာမှာအခက်အခဲတွေ…

Read More

သူတို့အိမ် အခန်း (၈၃)

ဆူးငှက် တက္ကသိုလ်သို့ ပထမနှစ်မှစ၍ တက်ရမည့် နောက်ဆုံးအခွင့်အရေးမို့ ———————————————————— ကျွန်တော်တို့ အောင်သော ၁၉၇၅ ခုနှစ်မှာ တက္ကသိုလ် စာပေးစာယူ သင်တန်းတွေ စဖွင့်သည်။ ထို့ပြင် ၁၀တန်းအောင်သည်နှင့် တက္ကသိုလ်သို့ တက်ရောက်ခွင့် ရသည့် နောက်ဆုံးနှစ်လည်း ဖြစ်သည်။ နောက်နှစ် ၁၀တန်းအောင်သူများက တက္ကသိုလ်သို့ တိုက်ရိုက် တက်ခွင့် မရတော့ပေ။ ဒေသကောလိပ်ဟုခေါ်သော သက်ဆိုင်ရာ ပြည်နယ်တိုင်းများအလိုက် ကောလိပ်များသို့ ၂နှစ် တက်ရောက် ပြီးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်များသို့ တတိယနှစ်က စတင်၍ တက်ရမည်တဲ့။ စာပေးစာယူ ဟူသော သင်နည်းစံနစ် စတင်မည်ဆိုတော့ ကိုယ့်အိမ်ကနေ ကိုယ့် အလုပ်လုပ်ရင်း ဘွဲ့ရနိုင်သည်မို့ အစပထမတွင် စာပေးစာယူကို စိတ်ယိမ်းသလိုလို ရှိခဲ့သော်လည်း ရှေ့က တက္ကသိုလ်တက်ဆဲ တက်ခဲ့သော နောင်တော်များက အားမပေးခဲ့ပေ။ “တက္ကသိုလ်ကို ပထမနှစ်ကနေ ဘွဲ့ရတဲ့…

Read More

အငြိမ်းစားယူသွားတဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးစိုးဝင်း သာမန်အရပ်သားတယောက်လို အေးချမ်းစွာနေလိုတဲ့ ဆန္ဒရှိ

နေပြည်တော်၊ ဧပြီ- ၃- ၂၀၂၆ VOICE OF MYANMAR ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးကနေ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကို လွှဲပြောင်းပေးကာ အငြိမ်းစားယူပြီးနောက် ဒုချုပ် ဦးစိုးဝင်းဟာ နေပြည်တော်က စျေးဝယ်စင်တာတခုမှာ ပြည်သူလူထုကြား စျေးဝယ်ထွက်နေတဲ့ ဓာတ်ပုံတွေ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးကနေ အငြိမ်းစားယူပြီးနောက် နောက်တက်လာမယ့် အစိုးရအဖွဲ့မှာ သူ့ကို ရာထူးကြီးတခု တာဝန်ပေးအပ်ဖို့ လျာထားခံရတယ်လို့ သတင်းထွက်လာပေမယ့် ဦးစိုးဝင်းကတော့ သာမန်အရပ်သားတွေလို အေးချမ်းစွာနေလိုကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။ #voiceofmyanmar #vom #ဒုချုပ် #ဒုတိယဗိုလ်ချုပ်မှူးကြီး #ဦးစိုးဝင်း

Read More

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံရဲ့ (၁၁) ဦး​မြောက် သမ္မတဖြစ်လာ

နေပြည်တော် ဧပြီ ၃ – ၂၀၂၆ KKL(VOM) ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရွေးချယ်ပွဲမှာ နိုင်ငံတော် သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးချယ်တင်မြှေက်ခဲ့ကြပါတယ်။ နိုင်ငံတော်ရဲ့ဒုတိယသမ္မတ ၁ အဖြစ် ဦးညို​စော နိုင်ငံတော်ဒုတိယသမ္မတ ၂ အဖြစ်နန်းနီနီ​အေးတို့ကိုရွေးချယ်တင်မြှေက်ခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်က မဲလက်မှတ်နဲ့လျှို့ဝှက်ဆန္ဒမဲပေးတဲ့စနစ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်ထောင်စုလွှတ်​တော် ကိုယ်စားလှယ် ၅၈၄ ​ယောက် တက်​ရောက်တဲ့ထဲက ဆန္ဒမဲ ၄၂၉ ရရှိပြီး နိုင်ငံတော် သမ္မတနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ဦးညို​စောက ဆန္ဒမဲ ၁၂၆ မဲနဲ့ ဒုတိယ သမ္မတ (၁ )နေရာကိုရရှိခဲ့ကာ ဒုတိယ သမ္မတ (၂ )နေရာကိုတော့ ​ဒေါ်နန်းနီနီ​အေးက ဆန္ဒမဲ ၂၉မဲ နဲ့ ရရှိခဲ့တာပါ။ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတ​တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ…

Read More

အစိုးရသစ် လက်ထက်မှာ ပြည်သူတွေ တည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှု ပိုမိုခံစားနိုင်မှာဖြစ်သလို စီးပွားရေးစွမ်းဆောင်မှုကောင်းတဲ့သူတွေ ပေါ်ထွက်လာနိုင်မယ်လို့ ပြည်ခိုင်ဖြိုးပါတီလွှတ်​တော်ကိုယ်စားလှယ်​တွေ​ပြော

နေပြည်တော် ဧပြီ ၂ -၂၀၂၆ KKL(VOM) ပြည်သူတွေလိုလားနေတဲ တည်ငြိမ်အေးချမ်းရေးကိစ္စ ပိုပြီးဖြစ်ထွန်းလာဖို့ရှိပြီး တည်ငြိမ်အေးချမ်းမှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံသားတွေ ပိုခံစားရမယ်ဆိုတာနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေကိုလည်း ပိုပြီးပူးပေါင်းဆောင်ရွက်လာကြလိမ့်မယ် လို့ အမရပူရမဲဆန္ဒနယ်က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ​ပြောပါတယ်။ ကာချုပ်ဘဝနဲ့ အုပ်ချုပ်နေတုန်းက လွှတ်တော်မရှိခဲ့တဲ့အတွက် အခုလို လွှတ်တော်ရှိလာတော့ သမ္မတရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးထောက်ပြလို့ရခဲ့ပြီဆိုရင် ပြည်သူအတွက်အရင်ထက်ပိုအကျိုးရှိနိုင်ပြီးတော့ စီးပွားရေးကဏ္ဍ မှာ ဦးသိန်းစိန်အုပ်ချုပ်တဲ့ကာလလိုပဲ စွမ်းဆောင်မှုကောင်းတဲ့သူတွေ ပေါ်ထွက်လာနိုင်တယ်လို့ ပုဗ္ဗသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်ထားပါတယ်။ #voiceofmyanmar #VOM #ဦးသိန်းထွန်းဦး #ဘူးလက်လှ​ဆွေ

Read More

ဖားကန့်တိုက်ပွဲအတွင်း အစိုးရတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဧပြီ ၃ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မနေ့ ဧပြီ ၂ ရက်၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက အစိုးရတပ်စခန်း ငါးခုကို တိုက်ခိုက် သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရတပ်ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ အင်မားယန်သုသာန်ကုန်း၊ ဆွတ်ငိုင်ယန် အင်တောင်ဘွမ်၊ မော်ဝမ်းကြီးတာဝါတိုင်ကုန်း၊ မော်ဝမ်းဆွတ်ဘွမ်ရွာနဲ့ မော်ဝမ်းကျောင်းကုန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကာကင်းစခန်းတွေ တိုက်ခိုက် ထိန်းချုပ်ခံရတဲ့အတွက် အစိုးရတပ်ဘက်က ဆယ်ဇင်း၊ အင်းတော်ကြီး ဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်…

Read More

နိုင်ငံတဝှမ်းမှာ တလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၂၀ ကျော်ရှိပြီး အယောက် ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့

ဧပြီ ၂ – ၂၀၂၆ SS (VOM) နိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ ‌မတ်လ ၅ ရက်နေ့ကနေ ဧပြီ ၁ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂၀ ကျော်ရှိပြီး အယောက် ၁၀၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ စုစည်းထားတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။ မနေ့ ဧပြီ ၁ ရက်က ရခိုင်ပြည်နယ်အတွင်းက သံတွဲမြို့နယ်မှာ မနက် ၁၁ နာရီ ၁၁ မိနစ်အချိန်ကနေ မနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင် အချိန်အထိ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ လေးယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “သံတွဲ လေကြောင်းတိုက်ခိုက်မှုက ဆက်တိုက် ဖြစ်သွားတာ။ သံတွဲက ခြေလျင်တပ်ရင်း…

Read More
VOM News

FREE
VIEW