ဝက်လက်မြို့ကို ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီး ပိတ်ဆို့ထားလို့ ဒေသခံတွေ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရ

စစ်ကိုင်း၊ သြဂုတ်- ၁ – ၂၀၂၆ SA(VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီးတော့ ဝက်လက်မြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို မိုင်းထောင်ပိတ်ဆို့ထားကာ အသွားအလာကန့်သတ်ထားလို့ ဒေသခံတွေအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဝက်လက်မြို့ရဲ့ အဝင်အထွက် လမ်းတွေကို တိုက်ပွဲဖြစ်ပွါးတာမရှိပဲ ဒေသတွင်းလက်နက်ကိုင်တွေက မိုင်းထောင်ပိတ်ဆို့ထားတာ 4-5-2026 ကနေ ဒီနေ့အချိန်ထိ ၃ လခန့်ကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတဦးက VOM ကို ပေးပို့ အကြောင်းကြားထားပါတယ်။ ” ပြောရမယ်ဆိုရင် ဝက်လက်မြို့မှာ သူဋ္ဌေးတွေရှိတယ် သူတို့နဲ့ ဒေသတွင်းလက် နက်ကိုင်တွေ ပူးပေါင်းပြီး အသွားအလာကန့်သတ်ပြီး နှစ်ရက်ခြားတခါ၊ ဒါမှမဟုတ် တခါတလေမှ လှတော ကို စျေးလာဝယ်ကြတယ်၊ သူဋ္ဌေးတွေပေါ့၊ သူဋ္ဌေးတွေက ကုန်ပစ္စည်းတွေဝယ်လှောင်ပြီး ရောင်းကြတော့ စျေးကြီးနေတာ၊ ဒါက ကြာပါပြီ ၂၀၂၃ လောက်ကတည်းကပါ” လို့…

Read More

ဓနုဖြူနဲ့ မြန်အောင်မှာ ရေကြီးလို့ စေတီနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ပြိုကျတာရှိသလို စပါးခင်းတွေ ရေမြုပ်

ဩဂုတ် ၁ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်းအတွင်းက ဓနုဖြူနဲ့ မြန်အောင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတက်လာကာ တောင်ကျရေတွေ ကျဆင်းမှုကြောင့် အောင်ဗောဓိကပ်ကျော်စေတီ ကမ်းပါးပြိုကျ ပျက်စီးခဲ့သလို စပါးခင်းဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ်၊ ရေပေါက်သောင်ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မနေ့ ဇူလိုင်လ ၃၁ ရက်၊ မနက် ၆ နာရီဝန်းကျင်က မြစ်ကမ်းပါးပြိုကျခဲ့ပြီး အောင်ဗောဓိကပ်ကျော်ဘုရားက စေတီ နှစ်ဆူနဲ့ ဗုဒ္ဓရုပ်ပွားတော် တဆူ မြစ်အတွင်းကို ပြိုကျခဲ့တယ်လို့ သိရပါတယ်။ “မြစ်ရေက တော်တော်ကို ကြမ်းခဲ့တာ။ ကမ်းပါးပြိုကျတာက အလျား ပေ ၈၀၊ အနံ ပေ ‌၄၀ လောက်အထိ ရှိတယ်။ ရေထဲ ပြိုကျသွားတဲ့ ဘုရားနှစ်ဆူက ဉာဏ်တော် ၉…

Read More

တောင်ကုတ်မြို့နယ် စက်လှေတိမ်းမှောက်မှု ပျောက်ဆုံးနေသူ ရှစ်ယောက်ကို ရှာမတွေ့သေး

ဩဂုတ် ၁ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က စက်လှေ တိမ်းမှောက်လို့ ပျောက်ဆုံးနေသူ ရှစ်ယောက်ကို လက်ရှိအချိန်အထိ ရှာဖွေတွေ့​သေးဘူးလို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ စက်လှေတိမ်းမှောက်မှုမှာ မနေ့ ဇူလိုင် ၃၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကဖြစ်ပြီး ဖောင်းခါးကျေးရွာမှ ပန်းတင်ကျွန်းကို မောင်းနှင်လာစဉ် လမ်းခုလပ်မှာ လှိုင်းလေပြင်းထန်မှုကြောင့် စက်လှေ နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။ “ဖောင်းခါးနဲ့ ကလိန်တောင်ကို ပြေးဆွဲနေတဲ့ စက်လှေ မှောက်တာပါ။ တောင်ကုတ်နယ် ပန်းတင်ကျွန်းကနေ ဖောင်ခါးကျွန်းကို ကလိန်တောင်မြစ်အတိုင်းဖြတ်ပြီး မောင်းနေတဲ့အချိန် ငမုန်းတိုင်ရွာနား အရောက်မှာ လေပြင်းတိုက်လို့ မှောက်တာ။ စက်လှေပေါ်မှာ ဆရာ၊ ဆရာမတွေရော၊ ဒေသခံတွေရော ပါလာတယ်။ ဆရာ၊ ဆရာမတွေကတော့ လပတ်အစည်းအဝေးတက်ပြီး ပြန်လာတာလို့ သိရတယ်။ လှေမှောက်တော့ လေးယောက်ကို…

Read More

မီလျှံနာရွှေဆိုင် ဓါးပြတိုက်တဲ့ ၆ ယောက်ထဲက ၃ ယောက်ဟာ ပေါ်ဦးရွှေဆိုင်နှင့် မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ခဲ့သူတွေဖြစ်နေ၊ ဓားပြတွေနဲ့ ပူးပေါင်းပေးတဲ့သူတွေပါ ဖမ်းဆီးရမိ

မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆ SA(VOM) ဖမ်းဆီးရမိထားတဲ့ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုကျုးလွန်သူ ၆ ယောက်ထဲက သုံးယောက်ဟာ ပေါ်ဦးရွှေဆိုင်နဲ့ မိုးမန္တလေး ရွှေဆိုင်တွေကို ဓါးပြတိုက်တာမှာ ပါဝင်ခဲ့သူတွေဖြစ်နေကြောင်းစစ် ဆေးပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်ကို ဇူလိုင် ၂၀ ရက်နေ့က ဓားပြတိုက်သွားတဲ့ ဓားပြတိုက်သူ ၅ ယောက်နဲ့ စီစဥ်ညွှန်ကြားတဲ့ ခေါင်းဆောင် ၁ ယောက် အပါအဝင် ၆ ယောက်စလုံးကို ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ မီလျှံနာရွှေဆိုင်ကို ဓါးပြတိုက်သူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ရှာဖွေတာမှာ ဓါးပြတိုက်မှုကျုးလွန်ချိန်က စီးလာတဲ့ ကလစ်ဆိုင်ကယ်ဆိုင်ကယ် နံပါတ်ကနေ တဆင့် ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူတွေကို မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ဘက်ခြမ်းက အာလောင်ကျေးရွာများတွေကတဆင့်…

Read More

သူတို့အိမ် အခန်း (၁၈၂)

  ဆူးငှက်   လူငယ်တွေကို မြေတောင်မြှောက်ပေးသည့် လူထုမောင်နှံ ————————————————————– ဦးလေးလှ(လူထုဦးလှ)နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာတို့က လူငယ်တွေကို မြေတောင်မြှောက်ပေးသည်က အစဉ်အလာလို ဖြစ်သည်။ ကြီးပွားရေး စာအုပ်တိုက်ကို စတင်ထူထောင်သည်မှာ ၁၉၃၈ ဇူလိုင်လဖြစ်သည်။ ကြီးပွားရေး လစာအုပ်တိုက် မထူထောင်မီ ၁၉၃၄ ခုနှစ်လောက် ကတည်းက ကြီးပွားရေး မဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ က ထုတ်ဝေနေပါပြီ။ ထိုခေတ် ထိုအခါက ထုတ်ဝေသော ကြီးပွားရေး မဂ္ဂဇင်းသည် လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေး ကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက ထိုခေတ် ထိုအချိန် အခြားမဂ္ဂဇင်း စာစောင်များမှာ ပါလေ့ရှိသော မိန်းကလေးလှလှနှင့် မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေသော ထီး ပေါက်နေသော စည်ရှေ့မှာ မားမားရပ်နေသော လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနှင့်…

Read More

မိမိယာဉ်နံပါတ်ကို အတုပွားပြီး စက်သုံးဆီ ထုတ်ယူခံနေရသူတွေအတွက် QR Code အသစ် ထုတ်ပေးမယ်

ဇူလိုင် ၃၁ – ၂၀၂၆ SS (VOM) မိမိပိုင် ယာဉ်နံပါတ်ကို အတုပွားပြီး မသမာတဲ့ နည်းလမ်းနဲ့ စက်သုံးဆီ ဝယ်ယူနေသူတွေကြောင့် ထိခိုက်နစ်နာနေရတဲ့ ယာဉ်ပိုင်ရှင်တွေအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ် ပြန်လည် ထုတ်ပေးသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မနေ့ ဇူလိုင် ၃၀ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ထိခိုက်နစ်နာနေရတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ QR Code အသစ် ရရှိရေးအတွက် အချက်အလက်၊ အထောက်အထားတွေနဲ့တကွ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အဲဒီလို လျှောက်ထားရမှာ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အစစ်အမှန်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့ ထောက်ခံချက်မူရင်း၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် မိတ္တူ…

Read More

ငဝန်မြစ် ရေကာတာကျိုးလို့ လေးမျက်နှာမြို့အပါအဝင် ရွာခုနှစ်ရွာထက်မနည်း ​ရေကြီး​နေ

ဇူလိုင် ၃၁ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးသွားတာကြောင့် လေးမျက်နာမြို့ပေါ် အပါအဝင် ကျေးရွာ ခုနှစ်ခုထက်မနည်းကို မြစ်ရေဆက်တိုက်ဝင်ရောက်နေပြီး ပိတ်မိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လေးမျက်နှာမြို့ ၊ ငဝန်မြစ်ရေကာတာဟာ ည ၁၀ နာရီကျော်လောက်ကစပြီး သခွတ်ချောင်းအုပ်စု ၊ မြစ်ကျိုးကျေးရွာနားမှာ ပေ ၅၀ လောက်အကျယ် တာကျိုးသွားတာကြောင့် ကျေးရွာတွေအပြင် လေမျက်နှာ တမြို့လုံးမှာပါ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ် မနေ့က ဇူလိုင် ၃၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကတည်းက မြစ်ကျိုးအင်းရွာနားမှာ သဲဗွက်တခုဖြစ်ပြီး အလျား ၃၀ ပေ၊ အမြင့် ၅ ပေ ခန့် နိမ့်ဆင်းသွားတာကြောင့် တာကို တုတ်ရိုက်၊ကျောက်ချ၊သဲဖို့ တာ​တွေလုပ်ခဲ့ပေမယ့်လည်း ညပိုင်းမှာ ရေစီးသန်ပြီး တာကျိုးသွားတာ…

Read More

ထိုင်းရောက်မြန်မာတွေ အခွန် ၃ နှစ်ကျော်စာ ပေးဆောင်မှသာ ပတ်စ်ပို့စာအုပ်ကို သံရုံးက သက်တမ်းတိုးပေးမယ်

ဇူလိုင် ၃၁ ၊ ၂၀၂၆ GG (VOM) ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးဖို့အတွက် သံရုံးကို အခွန်သုံးနှစ်ကျော်စာအတွက် ကျသင့်ငွေကို ပေးဆောင်မှသာ သက်တမ်းတိုးခွင့်ရရှိတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက သိရပါတယ်။ ” အခွန်ကတခါမှမဆောင်ဖူးဘူး ။ ဒီတခါမှဆောင်ရတာ ။ လာမယ့်နှစ် ၆ လပိုင်းသက်တမ်းကုန်မှာ။ စက်ရုံက ကြိုလဲရမယ်ဆိုလို့ သွားတာ အခွန်ကြေးဆိုပြီး ၄၉၅၀ နဲ့ စာအုပ်အသစ်လဲခက ၁၀၅၀၀ ပေးခဲ့ရတယ်။ စာအုပ်လဲတဲ့သူတိုင်းပေးရတော့ အကုန်စိတ်ညစ်နေကြတယ်။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားတယောက်က ပြောပါတယ်။ အခွန်ဆောင်ရတဲ့အခါ ၂၀၂၃ ခုနှစ်ကနေစပြီး လက်ရှိရောက်တဲ့လအထိ လတွက်ပြီး အများဆုံး ၃၃ လ ၊ ၃၄ လစာ အတွက် အခွန် ဘတ် ၄၉၅၀ မှ ၅၁၀၀ ပေးဆောင်နေရတာ ဖြစ်ကြောင်း ၊ စာအုပ်ဖိုးက ဘတ်…

Read More

နိုငိငံတော်သမ္မတရဲ့ အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်း ကောက်နုတ်ချက်များ

ဇူလိုင် ၃၁ – ၂၀၂၆ SN (VOM) ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်မှာ နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်က အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို သဘောမတူဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပြီး ဒါဟာ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌနေရာ ရယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံကသာ တွန်းအားပေးနေတာဖြစ်ကာ အာဆီယံ အဖွဲ့၀င်နိုင်ငံတွေရဲ့ သဘောထားမဟုတ်ဘူးလို့ ပြောပါတယ်။ “Five-Point Consensus က အာဆီယံနိုင်ငံအားလုံးရဲ့ Consensus မဟုတ်ဘူး။ အဲဒီအချိန်က အာဆီယံဥက္ကဋ္ဌ (ဘရူနိုင်း) ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်ပဲဖြစ်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း…

Read More

ရွှေညောင်မှာ ကားအပိုပစ္စည်းဆိုင်ပိုင်ရှင်​တွေကို ​ဈေးဝယ်က ဓါးနဲ့ထိုးလို့ တ​ယောက်​သေ တ​ယောက်ဒဏ်ရာပြင်းထန်

ဇူလိုင် ၃၁ ၊ ၂၀၂၆ CC (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့က ကားအပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်လင်မယားကို ဆိုင်ထဲထိ ဓားနဲ့ဝင်ထိုးလို့ အမျိုးသမီး သေဆုံးကာ ခင်ပွန်းဖြစ်သူ ဒဏ်ရာအပြင်းထန်ရရှိလို့ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ် ။ မနေ့က ဇူလိုင် ၃၀ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ(၂)၊ နိဗ္ဗာန်လမ်း၊ အိမ်အမှတ်(၇၁)မှာ ဖွင့်ထားတဲ့ “ဂျပန်” ကားအပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်လင်မယား ဓားနဲ့ဝင်ထိုးခံရတာဖြစ်ကြောင်း ၊ ပြစ်မှုကျူးလွန်သူကိုလည်း ချက်ခြင်းဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တရားခံက အသက် ၂၀ အရွယ် ကိုသန့်ဇင်ဖြိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်က အဲဒီကားအပိုပစ္စည်းဆိုင်မှာ ပစ္စည်းဝယ်ချိန် ဆိုင်ရှင်နဲ့ စကားကတောက်ကဆ ဖြစ်ခဲ့တဲ့အပေါ် မကျေနပ်လို့နောက်တကြိမ်လာပြီး အသင့်ယူလာတဲ့ ဓားနဲ့ထိုးပြီး ကားဒူးဆစ်ရိုးနဲ့ ရိုက်သတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” အခင်းဖြစ်ပြီးတော့ လုပ်တဲ့ကောင်လေးက ထွက်ပြေးသွားတယ်။…

Read More