အစိုးရ ရက် ၁၀၀ ပြည့်အလွန် စက်သုံးဆီဈေး တက်လာ

ဩဂုတ် ၂ – ၂၀၂၆ SN (VOM) လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း ဆီဈေးနှုန်းတွေ ထပ်မံ မြင့်တက်နေသလို ဆီဝယ်ယူရခက်တာ၊ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ ရန်ကုန်မြို့အတွက် တပတ်စာ ရည်ညွှန်း ဈေးနှုန်းတွေအရ 92 တလီတာ ကျပ် ၃၆၄၀ ကျပ်၊ 95 တလီတာ ၃၆၈၅ ကျပ်၊ ဒီဇယ် တလီတာ ၃၉၈၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၈၃၀ ကျပ်လို့ သိရပါတယ်။ ဒါကြောင့် အရင်တပတ်ကထက် 92 ဓာတ်ဆီ တလီတာကို ၂၉၀ ကျပ်၊ 95 တလီတာ ၂၂၅ ကျပ်၊ ဒီဇယ်…

Read More

ငြိမ်းချမ်းရေးဆွေးနွေးဖို့ “ဝ” တပ်ဖွဲ့ နေပြည်တော်ရောက်

ဩဂုတ် ၂၊ ၂၀၂၆။ NN(VOM) အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် “ဝ” ပြည်သွေးစည်းညီညွတ် ရေးပါတီ၊ “ဝ” တပ်မတော် (UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်နေပြီလို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ အစိုးရဘက်က “ဝ” တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့လကတည်း က ဖိတ်ကြားထားတာဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ “ဝ” တပ်ဖွဲ့နဲ့ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ “‘ဝ’ တပ်ဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် ရောက်နေပါပြီ။ အသေး စိတ်တော့ ပြောလို့မရသေးပါဘူး” လို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက် က ပြောပါတယ်။ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားဆွေးနွေးမယ်ဆိုတာကိုလည်း ပြောလို့မရသေးဘူးလို့ သူကဆိုပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု…

Read More

ခန္တီးမြို့နယ်ထဲက လူငယ်တွေကို ဖမ်းဆီးတာမှန်ပြီး တပ်သားသစ်စုဆောင်းဖြစ်တယ်လို့ နာဂလက်နက်ကိုင်အဖွဲ့ အသိပေး

ဩဂုတ် ၂ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်ထဲက လူငယ်တွေကို နာဂလက်နက်ကိုင်အဖွဲ့ ENDAကဖမ်းဆီးခေါ်ဆောင်ခဲ့တာဟာ တပ်သားသစ်စုဆောင်းခြင်း ဖြစ်တယ်လို့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်းနဲ့ ကာကွယ်ရေးတပ် ENNO/ENDA က ဩဂုတ် ၂ ရက်မှာ စာထုတ် အသိပေးလာပါတယ်။ ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ ခန္တီးမြို့နယ်ထဲက မှန်ပင်ရွာ ၊ ရွှေမြင့်မို့ရ်ရွာ အပါအဝင် ရွာတချို့က လူငယ်တွေကို စုဆောင်းခဲ့ကြောင်း ထုတ်ပြန်စာအရ သိရ ပါတယ်။ အရှေ့နာဂပြည်ရှိ နာဂလူငယ်မောင်မယ်တွေ ပညာတတ်လူငယ်တွေ အပြင် မြန်မာနိုင်ငံ မည်သည့်နေရာမှာမဆို နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေအားလုံး အရှေ့နာဂ လွတ်မြောက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်စေလိုတာကြောင့် အခုလို လူငယ်တွေကို စုဆောင်းခြင်းဖြစ်တယ်လို့ အသိပေးထားတာတွေ့ရပါတယ်။ ENNO/ENDA အဖွဲ့အနေနဲ့ လူငယ်တွေကို ဖမ်းဆီးသွားတဲ့ ဇူလိုင် ၂၈ ရက်နေ့ကတည်းက…

Read More

သူတို့အိမ် အခန်း (၁၈၃)

ဆူးငှက် ကျပ်ကျပ်တည်းတည်း ကာလများ ———————————– ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ၁၉၉၀နောက်ပိုင်း တအိအိနှင့် အငှားလျော့နည်းလာသည်။ ယခင်က တစ်နေ့လျှင် ဦးရေ ၁၀၀ကျော် စာအုပ်ရေ ၂၀၀နီးပါး ငှားနှုန်းရှိခဲ့ရာမှ ဦးရေ က ၅၀ပင် မကျော်တော့၊ တစ်ခါတရံ ဦးရေ ၂၀ နှင့် ၃၀ကြားပင် ကျဆင်းသွားတော့သည်။ ငှားနှုန်းနည်းလို့ ဝင်ငွေနည်း၊ ဝင်ငွေနည်းလို့ စာအုပ်သစ်မတင်နိုင်၊ စာအုပ်သစ် မတင်နိုင်လို့ ငှားနှုန်းကျ၊ ငှားနှုန်ကျလို့ ဝင်ငွေနည်း သံသရာက ပုံမှန်သာမက ပို၍ပင် မြန်ကာ နည်းကာ လည်ပတ်တော့ ဆိုင်မပြုတ်ရုံသာ ကျန်တော့၏။ မနည်း တောင့်ခံထားရသည်။ မိခင်ကြီးကလည်း အသက်၈၀ကျော် ၉၀ ဝန်းကျင်မို့ ဆေးဝါး နှင့် အာဟာရ လိုအပ်သည်။ ဒါတောင် မိခင်ကြီးက ရောဂါအခံမရှိ။ ကျွန်တော့် ကလေး၂ယောက်ကလည်း အိမ်အနီးက ၁၂…

Read More

လက်နက်ကိုင်အဖွဲ့စုံက အလင်းဝင်လာတဲ့သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုပြီး မိဘတွေဆီပြန်လည်အပ်နှံ

မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက အလင်း ဝင်လာသူ ၃၀၃ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့သြဂုတ်လ ၁ ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ AA၊ KNU၊ ရတနာပုံတော် လှန်ရေးတပ်ဖွဲ့၊ ABSDF၊ PDFs၊ PLAစတဲ့အဖွဲ့မျိုးစုံ စုစုပေါင်း ၄၅ ဖွဲ့က ၃၀၃ ယောက်ဟာ ဥပဒေဘောင်အတွင်းကိုဝင်ခဲ့တာဖြစ်ပါတယ်။ အလင်းဝင်လာသူတွေနဲ့အတူ ရိုင်ဖယ်အုပ်စုဝင် သေနတ် ၉ လက်၊ လက်လုပ်သေနတ် ၉ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ ခု ပါဝင်တယ်လို့ သိရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ မေလ ၁၉…

Read More

လေးမျက်နှာမြို့တခုလုံးရေလွှမ်းနေလို့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေလိုအပ်နေ

ဩဂုတ် ၁ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပြီး ရေဆက်တိုးနေတဲ့အတွက် တချို့နေရာတွေမှာ လူတွေထောင်နဲ့ချီပိတ်မိ​နေလို့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါအပြင် လေးမျက်နှာမြို့နယ် ရေကြီးမှုမှာ အိမ်တွေ ရေနဲ့မျောပါတဲ့အထိ ရှိလာတဲ့အပြင် နှစ်ထပ်အိမ်တွေပါ ရေမြုပ်နေတယ်လို့ သိရပါတယ်။ ” ကျမတို့ အကူအညီတွေလိုအပ်နေပါတယ်။ အခု ကုန်းမြင့်တနေရာမှာ အကုန်စုနေရပါတယ်။ ကျမတို့က အခု ရေကာတာကျိုးတဲ့ မြစ်ကျိုးအင်းဘုန်းကြီးကျောင်းအရှေ့တည့်တည့် အမှတ် ၅ ရပ်ကွက်ကပါ။ အိမ်တွေတော်တော်များများလည်း မြုပ်ကုန်ပါပြီ။ ကျမတို့အိမ်ဆိုရေမြုပ်သွားပါပြီ။ နှစ်ထပ်တိုက်တွေတောင်တချို့မြုပ်ကုန်ပါပြီ။ ၁၂ တောင်လောက်မြင့်တဲ့အိမ်တွေလည်းမြုပ်နေပါပြီ။ အိမ်တွေမှာနေလို့မရတော့ပါဘူး ။ အခုကျမတို့မှာ ဘုန်းကြီး ၊ ဆရာလေးသီလရှင်တွေ ၊ လူတွေအကုန်ပေါင်းရင် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ အကူအညီတွေမရောက်သေးပါဘူး ။ ရွှေ့ပြောင်းပေးဖို့လိုအပ်နေပါတယ်။အစားအစာတွေလည်းလိုပါတယ်။ ရေကာတာကျိုးတဲ့နားဆိုတော့ အခြေအနေပိုဆိုးပါတယ်။ 09425609794…

Read More

ဆင်းရဲခြင်းလွတ်ကင်းအောင် (၁)

MT(VOM) ​ဆင်းရဲနွမ်းပါးမှု ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်တော့ ရောဂါဆိုးကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရောဂါဟာ ကုသလို့မရတဲ့ အရာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂ (UN) က သတ်မှတ်ထားတဲ့ LDC (Least Developed Countries – ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ) စာရင်းထဲ ရောက်သွားခဲ့ပေမဲ့ အောက်ခြေကနေ ရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် စာရင်းကနေ ရာထူးတိုး (Graduated) သွားနိုင်ခဲ့တဲ့ နိုင်ငံတချို့ ရှိပါတယ်။ ​ဒီဆောင်းပါးမှာတော့ LDC ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံး လေ့လာကြည့်ပါမယ်။ပြီးမှ LDC စာရင်းထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို အသေးစိတ် သုံးသပ် တင်ပြသွားပါမယ်။ ​ LDC (ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ) ဆိုတာ ဘာလဲ။ ​LDC ဆိုတာ Least Developed Countries ရဲ့ အတိုကောက်ဖြစ်ပြီး…

Read More

သံတွဲမှာ လေကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့် တပတ်အတွင်း ရှစ်ယောက်သေပြီး ၃၁ ယောက်ထက်မနည်းဒဏ်ရာရ

ဇူလိုင် ၃၁ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရာ ဇူလိုင် ၃၁ ရက်နေ့ ၊ ညနေပိုင်းကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး လူလေးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်မှုဟာ မနေ့ ညနေ ၃ နာရီလောက်ကဖြစ်ပြီး ရွှေလှေကျေးရွာနားကိုကျရောက်ပေါက်ကွဲကာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် နေအိမ်သုံးလုံး ၊ကားနှစ်စီးလည်း ပျက်စီးမှုရှိခဲ့ပါတယ်။ ” လေးယောက်သေတယ် ။နှစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေလည်း ပြင်းထန်တယ်လို့သိရတယ် ။ ကျန်တဲ့ အခြေအနေတော့မသိရသေးဘူး။ သံတွဲကတော့ အရင်ရက်တွေကတည်းက လေကြောင်းကြဲခံနေရတာ ။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး AA ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပါဘူး ။ သံတွဲမြို့နယ်ကတော့ AA ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။…

Read More

ဝက်လက်မြို့ကို ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီး ပိတ်ဆို့ထားလို့ ဒေသခံတွေ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရ

စစ်ကိုင်း၊ သြဂုတ်- ၁ – ၂၀၂၆ SA(VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီးတော့ ဝက်လက်မြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို မိုင်းထောင်ပိတ်ဆို့ထားကာ အသွားအလာကန့်သတ်ထားလို့ ဒေသခံတွေအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဝက်လက်မြို့ရဲ့ အဝင်အထွက် လမ်းတွေကို တိုက်ပွဲဖြစ်ပွါးတာမရှိပဲ ဒေသတွင်းလက်နက်ကိုင်တွေက မိုင်းထောင်ပိတ်ဆို့ထားတာ 4-5-2026 ကနေ ဒီနေ့အချိန်ထိ ၃ လခန့်ကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတဦးက VOM ကို ပေးပို့ အကြောင်းကြားထားပါတယ်။ ” ပြောရမယ်ဆိုရင် ဝက်လက်မြို့မှာ သူဋ္ဌေးတွေရှိတယ် သူတို့နဲ့ ဒေသတွင်းလက် နက်ကိုင်တွေ ပူးပေါင်းပြီး အသွားအလာကန့်သတ်ပြီး နှစ်ရက်ခြားတခါ၊ ဒါမှမဟုတ် တခါတလေမှ လှတော ကို စျေးလာဝယ်ကြတယ်၊ သူဋ္ဌေးတွေပေါ့၊ သူဋ္ဌေးတွေက ကုန်ပစ္စည်းတွေဝယ်လှောင်ပြီး ရောင်းကြတော့ စျေးကြီးနေတာ၊ ဒါက ကြာပါပြီ ၂၀၂၃ လောက်ကတည်းကပါ” လို့…

Read More

ဓနုဖြူနဲ့ မြန်အောင်မှာ ရေကြီးလို့ စေတီနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ပြိုကျတာရှိသလို စပါးခင်းတွေ ရေမြုပ်

ဩဂုတ် ၁ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်းအတွင်းက ဓနုဖြူနဲ့ မြန်အောင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတက်လာကာ တောင်ကျရေတွေ ကျဆင်းမှုကြောင့် အောင်ဗောဓိကပ်ကျော်စေတီ ကမ်းပါးပြိုကျ ပျက်စီးခဲ့သလို စပါးခင်းဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ်၊ ရေပေါက်သောင်ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မနေ့ ဇူလိုင်လ ၃၁ ရက်၊ မနက် ၆ နာရီဝန်းကျင်က မြစ်ကမ်းပါးပြိုကျခဲ့ပြီး အောင်ဗောဓိကပ်ကျော်ဘုရားက စေတီ နှစ်ဆူနဲ့ ဗုဒ္ဓရုပ်ပွားတော် တဆူ မြစ်အတွင်းကို ပြိုကျခဲ့တယ်လို့ သိရပါတယ်။ “မြစ်ရေက တော်တော်ကို ကြမ်းခဲ့တာ။ ကမ်းပါးပြိုကျတာက အလျား ပေ ၈၀၊ အနံ ပေ ‌၄၀ လောက်အထိ ရှိတယ်။ ရေထဲ ပြိုကျသွားတဲ့ ဘုရားနှစ်ဆူက ဉာဏ်တော် ၉…

Read More
VOM News

FREE
VIEW