ဇွန် ၁၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ MNDAA က နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ဖွင့်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ နယ်စပ် ဂိတ်အသစ် ဖွင့်ဖို့ပါ ပြင်ဆင်နေတာ။ ဂိတ်အဟောင်းလည်း အသုံးပြုနေဆဲပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နယ်စပ်ဂိတ် အသစ် ဆောက်လုပ်နေမှုကတော့ ပြီးခါနီးနေပြီလို့ သူက ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဂိတ်ဟောင်းကို အရင်ထက် ပိုကျယ်ဝန်းအောင် ပြုပြင်နေပြီး ကုန်တင်ကားကြီး၊ ကားငယ်တွေ ရပ်နားဖို့ အဆင်ပြေစေမယ့် ကွင်းပြင်ပုံစံနဲ့ ချဲ့ထွင်နေတာလို့ နောက်ထပ်ဒေသခံ တယောက်ကပြောပါတယ်။ “အရင်က သတ်မှတ် ကာရံထားတဲ့ နယ်စပ်စည်းရိုးကတော့ ရှေ့တိုးလာသလို တွေ့ရတယ်” လို့လည်း သူက ပြောပါတယ်။…
Read Moreထိုင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာ ၃၃ ယောက် ဖမ်းဆီးခံရ
ဇွန် ၁၇ – ၂၀၂၆ SS (VOM) ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ (Highway Police) က မနေ့ ဇွန် ၁၆ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ဆူရတ်ဌာနီခရိုင်၊ ထာ့ချနဒေသရှိ အာရှလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းဘေးမှာ စက်ပျက်လို့ ရပ်ထားတဲ့ အလုံပိတ် ကုန်တင်ကားတစီးကို မနေ့ မနက်ပိုင်းက တွေ့ရှိခဲ့တာကြောင့် ကူညီဖို့အတွက် ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တရားမဝင် ရောက်ရှိနေသူတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်း တစုံတစ်ရာမရှိဘဲ တရားမဝင် ခိုးဝင်လာသူတွေဖြစ်ကာ စစ်ဆေး မေးမြန်းချက်တွေအရ ၎င်းတို့ဟာ ရတ်ချ်ဘူရီခရိုင်မှတဆင့် မလေးရှားနယ်စပ်အနီးရှိ စွန်ခရာခရိုင်၊ ဟတ်ယိုင်မြို့နယ်ကို သွားရောက်ကြမှာ…
Read Moreကျောက်တော်မှာ ခြောက်နေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံး ၊ ငါးယောက်ထက်မနည်းဒဏ်ရာ
ဇွန် ၁၇ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာ ဒီကနေ့ ဇွန် ၁၇ ရက်နေ့မှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီကနေ့ ညနေ ၃ နာရီလောက်ကစပြီး ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက် ၊ လမ်းမတော်ရပ်ကွက် အပါအဝင် နေရာ ခြောက်နေရာထက်မနည်းကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာများတဲ့အတွက် ထိခိုက်ဒဏ်ရာရ အရေအတွက် အတိအကျကို စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်းနဲ့ ကနဦး သိရတဲ့ ဒဏ်ရာရ ငါးယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ် ။ ” ခုနှစ်ဦးပွဲချင်းပြီး သေဆုံးတယ်။ ဒဏ်ရာရတဲ့အထဲမှာငါးဦးလောက်က လုံးဝစိုးရိမ်ရတဲ့ အခင်းအကျင်းမှာရှိတယ်။ ဒဏ်ရာရတဲ့လူဦးရေက ဒီထက်တိုးလာနိုင်သေးတယ်။ ဖြစ်တဲ့နေရာတော်တော်များတော့ ဒဏ်ရာရလူဦးရေ…
Read Moreဝက်လက်မြို့မှာ နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ယောက် သေဆုံး
ဇွန် ၁၇ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီကနေ့ ဇွန် ၁၇ ရက်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဝက်လက်မြို့နယ်၊ ပေါက္ကံ – ရှိန်းမကားလမ်း၊ ပေါက္ကံဘူတာအနီးက ညောင်ပင်ကြီးတောကျေးရွာ (တောင်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ငါးယောက် သေဆုံးပြီး ဒဏ်ရာရသူ တချို့လည်းရှိကာ နွားနှစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး ငါးယောက်မှာ သုံးယောက်က ပွဲချင်းပြီးဖြစ်သွားတယ်။ နေအိမ်တချို့လည်း ပျက်စီးတာရှိတယ်။ သေဆုံးသူတွေကို နေ့ချင်းပြီးပဲ သင်္ဂြိုဟ်လိုက်ကြတာပါ။ ဒဏ်ရာရတဲ့သူတွေကတော့ သုံးယောက်ထက်မနည်းတော့ ရှိလိမ့်မယ်။ အရေအတွက် သေသေချာချာ မသိရသေးဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။ ဒါအပြင်…
Read Moreသူတို့အိမ် အခန်း (၁၄၃)
ဆူးငှက် ကျွန်တော်ပိုင်ဆိုင်တာ ဟူသည် ———————————- ကျောင်းတက်စဉ် ကတည်းက ကျွန်တော် စုမိတာ စာအုပ်တွေပဲ ဖြစ်သည်။ မိုးဝေ နှင့် ရှုမဝ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ခဲ့သည်မှာ ၅နှစ်ကျော်ပြီ။ ထို့ပြင် ကိုယ်ဖတ်ချင်သော စာ ပါသည့် အခြားမဂ္ဂဇင်းများကိုလည်း ကြိုးကြားဝယ်ဖြစ်သည်။ ဝတ္ထုစာအုပ်တွေက မြသန်းတင့် ဗန်းမော်တင်အောင် ဒဂုန်တာရာ သခင်မြသန်း ရွှေဥဒေါင်း မောင်သာရ နိုင်ဝင်းဆွေ ချစ်ဦးညို မိုးမိုး(အင်းလျား) စမ်းစမ်းနွဲ့(သာယာဝတီ) စသည်ဖြင့် အဟောင်းရော အသစ်ပါရှိသည်။ အခြား စာအုပ်များ အနေနှင့် လူထုဦးလှ လူထုဒေါ်အမာ ငွေဥဒေါင်း သော်တာဆွေ တို့လည်း ရှိသည်။ ထို့ပြင် နာရီစင်အနီး စာနယ်ဇင်းသမဝါယမ က ကောင်တာ တစ်လုံးမှာ တစ်နေ့တစ်နေ့ သွားငေးပြီး စာအုပ်တစ်အုပ် ဝယ်ဖြစ်ခဲ့တာကလည်း နှစ်ချီကြာခဲ့တော့ ဝတ္ထုမဟုတ်သော အကြောင်းအရာ…
Read Moreကညွှတ်ကွင်းမှာ ကလေးငယ် မောင်နှမသုံးယောက်လုံးရေနစ်သေဆုံး
ဇွန် ၁၆ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းမြို့ ၊ ခင်တန်းရပ်ကွက်မှာ လူမမယ် ကလေးငယ် မောင်နှမသုံးယောက် ရေနစ်သေဆုံး မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ကလေးငယ်သုံးယောက်ဟာ ခင်တန်းရပ်ကွက် ၊သင်္ချိုင်းကုန်းအနီးက မြေတူးဖော်ထားတဲ့ ရေအိုင်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သေဆုံးတဲ့ကလေးငယ်သုံးယောက်မှာ အသက် ၁၂ နှစ်အရွယ်တွေဖြစ်တဲ့ ကြယ်စင်အေး နဲ့ မောင်ကြယ်စင်အောင်တို့က အမွှာဖြစ်ပြီး အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူ ကအငယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ” သတင်းရတော့ ၂ နာရီလောက်ဖြစ်မယ်။ ရေနစ်တယ်ဆိုတော့ ရဲကိစ္စဘာညာပြီးတော့ ဆေးရုံကိုပို့လိုက်တယ်။ အဲဒီကမှ အိမ်ကိုပြန်သယ်တာပေါ့။ ဖြစ်တာက ကလေးတွေနေတဲ့ ခင်တန်း တိုးချဲ့မြေနေရာ သင်္ချိုင်းကုန်းနားက…
Read Moreမုံးကိုးဒေသ ဈေးကွက်ကို တရုတ်နိုင်ငံသားတွေ လွှမ်းမိုးလာလို့ ဒေသခံတွေ အခက်ကြုံ
ဇွန် ၁၆၊ ၂၀၂၆ Shy V (VOM) မူဆယ်ခရိုင်၊ မုံးကိုးဒေသမှာ တရုတ်နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းနဲ့ ဈေးကွက်ထဲ ဝင်ရောက်လုပ်ကိုင်မှု ပိုများလာတာကြောင့် ဒေသခံတွေရဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာသလို နေ့စားအလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိ မုံးကိုးဒေသက ဈေးကွက်အများစုမှာ တရုတ်ဘက်က လာရောက်ရောင်းချသူတွေ ပိုများလာပြီး ကုန်ပစ္စည်းတွေကို တိုက်ရိုက်တင်သွင်း ရောင်းချနေတာကြောင့် ဒေသခံဈေးသည်တွေအနေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံဈေးသည်တဦးက ပြောပါတယ်။ “အခု ဈေးထဲမှာ ကြည့်လိုက်ရင် တရုတ်ဘက်က လာရောင်းတဲ့သူတွေ အရမ်းများလာတယ်။ သူတို့က ပစ္စည်းကို တိုက်ရိုက်ယူလာပြီး ရောင်းတော့ ဈေးနှုန်းမှာရော ပမာဏမှာရော မယှဉ်နိုင်ဘူး။ အရင်လို ရောင်းအားမရှိတော့ဘူး” လို့ သူက ပြောပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေမှာလည်း ဒေသခံနေ့စားအလုပ်သမားတွေအစား MNDAA က ဖမ်းဆီးထိန်းသိမ်းထားတဲ့…
Read Moreမုံရွာမှာ ခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူသူခိုး၅ယောက်ဖမ်းမိ
ဇွန် ၁၆-၂၀၂၆ MW(VOM) မုံရွာမြို့ရပ်ကွက်စုံကခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူ ဆိုင်ကယ်သူခိုး၅ဦးကို ဇွန်လ၁၆ရက်နံနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်ဒုရဲမှုးစိုးမင်းပိုင်ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိပါတယ်။ မုံရွာမြို့ပေါ်ရပ်ကွက်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုး ရဲမှူးကြီး နိုင်လင်းရဲ့ ကြီးကြပ်ကွပ်ကဲမှု၊ မုံရွာခရိုင်ခေတ္တခရိုင်ရဲတပ်ဖွဲ့မှုး ရဲမှုးလှမြင့်၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှူး သိန်းထွန်းတို့ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ မုံရွာမြို့ မြို့မရဲစခန်း နယ်ထိန်းဒုရဲမှူး စိုးမင်းပိုင် ဦးစီးတဲ့အဖွဲ့ဟာ မှုခင်းကျဆင်းရေး ရက်၁၀၀ စီမံချက်ဆောင်ရွက်နေစဥ်မှာ ဖမ်းဆီးရမိတာပါ။ ပူးပေါင်းအဖွဲ့ဟာ မုံရွာမြို့ထန်းတောအောင်ရတနာရပ်မှာနေတဲ့ ဘေးတွဲမောင်းသူတဦးအိမ်မှာ ခိုးရာပါဆိုင်ကယ်တွေ လက်ခံထားတယ်လို့သတင်းရတဲ့အတွက် ကွင်းဆက်လိုက်ပြီးရှာဖွေရာမှာ ခိုးသူနဲ့လက်ခံသူတို့ သိမ်းဆည်းထားတဲ့ ခိုးရာပါ ဆိုင်ကယ်၁၉စီးကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။ ဆိုင်ကယ်ခိုးတဲ့သူ ၃ဦးဟာ မုံရွာမြို့ပေါ် ရပ်ကွက်အသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဆိုင်ကယ်တွေကို ခိုးယူခဲ့ကြတာဖြစ်ပြီး ခိုးရာပါဆိုင်ကယ်တွေကို အမျိုးသား၂ဦးက လက်ခံခဲ့ကြတာပါ။ ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ခိုးရာပါလက်ခံခဲ့သူ၂ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာမှာ လက်ရှိအချိန်အထိဆိုင်ကယ်ပိုင်ရှင်၄ဦးပေါ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ၇ရက်နေ့ကလည်း မုံရွာမြို့နေရာအနှံ့က…
Read Moreကမ္မဘက်ကနေ မြိုင်မြို့နယ်ကို ဦးတည်လာတဲ့ စစ်ကြောင်းကြောင့် ဒေသခံတွေ အရေးပေါ် စစ်ရှောင်
ဇွန် ၁၆ – ၂၀၂၆ SS (VOM) ပခုက္ကူမြို့နယ်၊ ကမ္မမြို့ဘက်ကနေ မြိုင်မြို့နယ်ထဲ ဦးတည်ကာ အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့ အစိုးရတပ်စစ်ကြောင်းကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကစပြီး ကမ္မမြို့ကနေ စစ်ကြောင်း သုံးကြောင်းခွဲကာ ထွက်ခွာလာတာဖြစ်ပြီး ဒီကနေ့ ဇွန် ၁၆ ရက်၊ မနက်ပိုင်းမှာတော့ ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာကို ရောက်ရှိနေပြီး နောက်တဖွဲ့က မြိုင်မြို့နယ် (တောင်ပိုင်း) သာစည်ရွာအနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ “စစ်ကြောင်း သုံးကြောင်းမှာ နှစ်ကြောင်းက ပြည်သူ့စစ်တွေရှိတဲ့ မြိုင်က တွင်းမရွာကို မနေ့က ရောက်တယ်။ အဲဒီ ရွာကနေမှ ဒီမနက်မှာ တခြားရွာတွေကို ဆက်သွားနေတာ။ ကျန်တဲ့…
Read Moreညောင်ဦးခရိုင်မှာ ကျောင်းဆရာမလင်မယား အသတ်ခံရပြီး လူကိုးယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းသွား
ဇွန် ၁၆ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက ကျေးရွာတချိူ့မှာ မနေ့က ဇွန် ၁၅ ရက်နေ့တည်း ကျောင်းဆရာမလင်မယား အသတ်ခံရပြီး နောက်ထပ် ဆရာ ၊ဆရာမအပါအဝင် လူကိုးယောက်ကိုလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဖြစ်စဥ်တွေကတော့ ညောင်ဦးမြို့နယ် ၊ ကျောက်ပန်းတောင်းနဲ့ ငါ့သရောက်မြို့နယ်တွေထဲက ကျေးရွာဘက်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာတယောက် ၊ ကျောင်းဆရာမခြောက်ယောက် နဲ့ ကျောင်းဝန်ထမ်းတယောက်တို့ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းဖွင့်ပြီး စာသင်လို့ဆိုပြီး လာဖမ်းသွားတယ်ဆိုတာလောက်ပဲ သိရတယ်။ ကျန်တဲ့အခြေအနေ သေချာမသိရသေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။ ညောင်ဦးမြို့နယ် ၊…
Read More




