ဇွန် ၃၀ – ၂၀၂၆ SS (VOM) မုတ်သုံလေ အားကောင်းမှုနဲ့ လေထုမငြိမ်မသက်မှုတွေကြောင့် လာမယ့် ဇူလိုင်လ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရှစ်ရက်တာကာလအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ နေရာကွက်ပြီး မိုးကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၃၀ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လာမယ့် ဇူလိုင်လ၊ အဲဒီ ရှစ်ရက်တာကာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်တဲ့အပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာလည်း လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့…
Read MoreDay: June 30, 2026
မုံရွာမြို့နယ် ပလဖကို ခရိုင်တပ်ရင်းတွေ ဝင်စီးပြီး ပစ်ခတ်လို့ မြို့နယ်ပလဖတာဝန်ခံအပါအဝင် ခုနှစ်ယောက်သေဆုံး
ဇွန် ၃၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) စခန်းတွေကို NUG လက်အောက်က တပ်ရင်းတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနှစ်ယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇွန် ၂၉ ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့နယ် ပလဖ တပ်စခန်းသုံးနေရာကို မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ် ပလဖ တာဝန်ခံ အပါအဝင် ငါးယောက် နဲ့ ဒေသခံ နှစ်ယောက် စုစုပေါင်း ခုနှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲဒီပစ်ခတ်မှုမှာ မြို့နယ် ပလဖ တာဝန်ခံကိုအာကူး သေဆုံးတယ်။နောက်ထပ် ပလဖ တပ်ဖွဲ့ဝင် လေးယောက်သေတယ်။ ဒေသခံက နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ် သိရတယ်။ အဲဒီနယ်ဘက်မှာ…
Read Moreမိတ္ထီလာမြို့နယ်တွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ပိုက်ဆံသိန်း ရာချီတောင်းနေတဲ့ သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေ
ဇွန် ၃၀ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်အတွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး သိန်းရာချီ ငွေတောင်းခံတဲ့ အမျိုးသားလေးယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ အဆိုပါ အမျိုးသားလေးယောက်ဟာ မိတ္ထီလာမြို့ နယ်အတွင်းက ပြည်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲမပါလိုရင် ပိုက်ဆံပေးဖို့ တောင်းနေသူတွေဖြစ်ကြောင်း ၊ သူတို့ကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာကလည်း လိုက်လံစုံစမ်းနေတာကြာပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ” အခုမိတဲ့သူတွေကို သက်ဆိုင်ရာက လိုက်နေတာကြာပြီ။ ဖမ်းမိတာတော့ ခုညနေပိုင်းကပါ။ ခုဖမ်းမိတဲ့ သူတွေထဲမှာ မိတ္ထီလာထဲက သူတွေလည်းပါသလို ပျော်ဘွယ်ဘက်က သူတွေလည်း ပါတယ်သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး…
Read More