ခေတ်သစ်ပိုးလမ်းမ၊ ကူမင်း-ကျောက်ဖြူ လမ်းမကြီးပေါ်က စစ်ကစားကွက်များ

MT(VOM) ​နေပြည်တော်ကနေ ကျောက်ဖြူအထိ၊ ကူမင်းကနေ ကပ္ပလီပင်လယ်အထိ သွယ်တန်းမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဆိုတာ စက္ကူပေါ်မှာတော့ အင်မတန်လှပတဲ့ ရွှေရောင်လမ်းမကြီးပါပဲ။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ ဒီလမ်းမကြီးဟာ ဗုံးဆန်တွေ၊ သွေးတွေ၊ ပြီးတော့ သေနတ်သံတွေကြားထဲမှာ ပိတ်မိနေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ဟာ မြန်မာ့မြေပုံကို ဇောက်ထိုးမိုးမျှော် ပြောင်းလဲပစ်ခဲ့ရုံတင်မကဘဲ တရုတ်ရဲ့ ပထဝီနိုင်ငံရေးအိပ်မက်ကိုပါ လှုပ်ခါပစ်လိုက်တာပါ။ ၁၀၂၇ စစ်ဆင်ရေး ကာလ ကနေ ဦးမင်းအောင်လှိုင် တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အထိ မြေပြင်ရဲ့ အလှည့်အပြောင်းတွေကို ဆန်းစစ်ကြည့်ပါမယ်။ ​ရှမ်းမြောက်၊ မန္တလေး နှင့် ရခိုင် စစ်မျက်နှာ သုံးခု၏ မဟာဗျူဟာမြောက် ဆက်စပ်မှု ​ပိုးလမ်းမကြီးရဲ့ လမ်းကြောင်းကို ကြည့်ရင် ရှမ်းမြောက် (အဝင်တံခါး)၊ မန္တလေး (အချက်အချာဗဟို)…

Read More

မင်းတပ်၊ ကန်ပက်လက်နဲ့ ယောဒေသက စစ်ရှောင်တွေ တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေ

ဇူလိုင် ၁၀ – ၂၀၂၆ SN (VOM) ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းအတွင်းရှိ ယောဒေသက စစ်ရှောင်တွေဟာ လက်ရှိ မိုးရာသီကာလအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ ရှိနေပြီး အရေးပေါ်ဆေးဝါးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အစိုးရတပ်ရဲ့ မြေပြင် ထိုးစစ်အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ နှစ်သောင်းခွဲဝန်းကျင် နီးစပ်ရာရွာတွေ၊ လယ်တောတွေနဲ့ တောတောင်တွေထဲ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်တွေဟာ ရာသီတုပ်ကွေးရောဂါအပြင် ရိက္ခာပြတ်လပ်မှု၊ အမိုးအကာ မလုံလောက်မှု စတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “လတ်တလောကလည်း အစိုးရတပ် စစ်ကြောင်းတွေက နေရာအနှံ့ဖြန့်ကျက်ထားတယ်။ သွားလို့လာလို့ မကောင်းဘူးပေါ့။ ဒါကြောင့် လိုအပ်တဲ့ ရိက္ခာတွေ၊ ဆေးဝါးတွေ သယ်ယူနိုင်ဖို့က အတားအဆီးတွေ…

Read More

ခရီးလမ်းကြန့်ကြာလို့ အပျက်အဆီးတွေရှိတာကြောင့် ချင်းတွင်းအထက်ပိုင်းဒေသထွက် ပဲတွေ စျေးကျ

မုံရွာ ဇူလိုင်-၁၀ -၂၀၂၆ MW(VOM ) ခရီးလမ်းကြန့်ကြာလို့ အပျက်အဆီးတွေရှိတာကြောင့် ချင်းတွင်းအထက်ပိုင်းဒေသထွက် ပဲတွေ စျေးကျနေတယ်လို့ မုံရွာပွဲစားတွေဆီကသိရပါတယ်။ “အညာထွက်သီးနှံတွေက ​ရေလမ်းပွင့်ရင်ရောက်ပါတယ်။ တန်ဆာခစျေးကြီးတော့ ကုန်းလမ်းကမသုံးကြဘူး။ တချို့မော်တော်တွေဆိုရင် သင်္ကြန်မတိုင်ခင်က ကုန်တွေတင်လိုက်တာ ဇွန်လကုန်မှရောက်လာတာပါ။ အချိန်ကြာတော့ ပိုးပါတာ။မှိုတက်တာတွေဖြစ်တယ်။ အဲဒါတွေကိုကုန်သည်နဲ့ မော်တော်ပိုင်စကားပြောကြရတယ်။ စျေးကွက်မှာရောင်းထွက်အောင် ပြန်သန့်စင်ရတဲ့စရိတ်တွေ တက်သွားတာပေါ့။ မြေထောက်ပဲတို့ ပုဂံပဲတွေမှာပိုးပါရင် ရောင်းမရတော့ဘူး။”လို့ ချင်းတွင်းအထက်ပိုင်းကုန်စည်ပွဲစားကပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲကြီး၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်း၊ ပဲဖတ်၊ ကုလားပဲအုပ်စု၊ ပဲစဥ်းငုံသီးနှံတွေ စျေးကောင်းပြီး အရောင်းအဝယ်သွက်နေပေမယ့် အညာဒေသထွက် ပဲ စျေးတွေကျနေတာပါ။ “ဒီနှစ်က တောင်သူတွေ အထွက်နည်းကြတယ်။ ပြည်ပဝယ်လက်မရှိရင် ပဲစျေးကဆက်ကျနေအုံးမှာပါ။ ပြည်ပဝယ်လက်ရှိပြီး ပြည်တွင်းသုံးလည်းရှိတဲ့ပဲဆိုရင်တော့ စျေးတက်တာပေါ့။ အရင် တရုတ်ကဝယ်ရင် ကားလမ်းကနေတိုက်ရိုက်သွားလို့ရတယ်။ ၂ညအိပ်၃ရက်ဆိုရောက်ပြီ။ အခုကကားလမ်းကအဆင်မပြေဘူး။ ရေလမ်းကနေပို့ခိုင်းပြန်တော့ လချီကြာတယ်။ပို့ဆောင်စရိတ်ကြီးမြင့်တယ်။ အစစအရာရာ…

Read More

ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ ရေကြေီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုတွေ ရှိနေ

ဇူလိုင် ၁၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်မြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှ စတင်ကာ ဒီကနေ့အချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေ၊ ချောင်းရေတွေ လျှံတက်လာပြီး မြေနိမ့်ပိုင်းနေရာတွေနဲ့ ရေစီးရေလာ မကောင်းတဲ့ ကျေးရွာတချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ ရေစီးသန်မှုကြောင့် ဇူလိုင် ၇ ရက်ကနေ ၉ ရက်အထိ ရေစီးနဲ့မျောပါ သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ “ရေကြီးနေတာက ကျေးရွာအနေနဲ့ဆို ရခိုင်မှာ ရွာပေါင်း ၈၀ လောက်ရှိမယ်။ ဒေသခံ…

Read More

အမျိုးသားစာပေ တသက်တာဆုရ စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း ကွယ်လွန်

ဇူလိုင် ၁၀ – ၂၀၂၆ SN (VOM) အမျိုးသားစာပေ တသက်တာဆုရ စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ဟာ ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ စာပေလောက အသိုင်းအဝိုင်းက သိရပါတယ်။ ဆရာမကြီးဟာ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ကုတင် (၁၀၀၀) စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် (၈၆) နှစ် ရှိပြီဖြစ်တယ်လို့ သိရပြီး ကြွင်းကျန်ရစ်တဲ့ ဥတုဇရုပ်ကလပ်ကို လာမယ့် ဇူလိုင် ၁၂ ရက် (တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှာ မင်္ဂလာဒုံစစ်ဆေးရုံ ငြိမ်းအေးဇရပ်မှ မင်္ဂလာဒုံ စစ်သင်္ချိုင်းကို ပို့ဆောင် မီးသင်္ဂြိုဟ်ကာ အရိုးပြာကို မန္တလေးတိုင်း ပုဂံ – ညောင်ဦးကို ပို့ဆောင် ဂူသွင်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဆရာမကြီး ကွယ်လွန်တာနဲ့…

Read More

သူတို့အိမ် အခန်း (၁၆၆)

ဆူးငှက် အင်းကြီး တောင်သမန် —————————- “အင်းအိုင်ဝိုက်လည်၊ မြို့ ကြီးတည်ပြန် ၁၁၄၄ ခုနှစ်က၊ အမရပူရရွှေနိုင်ငံ … ရေချိုတွင်းနဲ့ ပျံ့နန်းလှန် … ရွှေဘိုမင်းဆက် မှန်နန်းစံ … မြတ်ဘိုးတော် သူစီမံ ၊ အင်းကြီးတောင်သမန် …” တဲ့ လေ …။ နန်းတော်ရှေ့ဆရာတင်က တောင်သမန်ကို ဖွဲ့ခဲ့သည်။ တကယ်တော့ တောင်သမန်က နန်းတော်ရှေ့ ဆရာတင်မှသာ မဟုတ်။ ရှေးရှေးကတည်းက စာဆိုများ မျက်စိကျစရာနေရာ ဖြစ်ခဲ့ပါ၏။ စာဆိုအနုပညာရှင်များက တောင်သမန်ကို ရင်သပ်ရှုမောခဲ့ကြသည်။ မြန်မာပြည်အပူပိုင်းဒေသတွင်းမှ လယ်ယာဥယျာဉ်၊ ချောင်းမြောင်း၊ အင်းအိုင်၊ သစ်ရိပ်ဝါးရိပ်၊ ကျေးငှက် သာရကာ၊ ရေပျော်ငါး။ သာသနိကဆိုင်ရာ ဗိသုကာ ၊ ထို့်နောက် ကျွန်းသစ်တံတားကြီး။ ထို့ကြောင့် မင်းသားမောင်ကုတ်တေးက “ဇမ္ဗူခွန်ယူ ဝှန်ဆူဖြန့်မိုး၊ အုန်းပင် အုန်းခြိမ့် စိုးပါလို့လေး၊…

Read More

သပိတ်ကျင်း၊စဉ့်ကူးနဲ့ မတ္တရာက နေရပ်ပြန် စစ်ရှောင်‌တွေအတွက် စစ်ကျန်လက်နက် အန္တရယ်အသိပညာပေးတာတွေပြုလုပ်နေ

ဇူလိုင် ၁၀-၂၀၂၆ KKA(VOM) မန္တလေးတိုင်း၊သပိတ်ကျင်း၊စဉ့်ကူး၊မတ္တရာစတဲ့ တပ်မတော်က ပြန်လည်ထိန်းချုပ်ထားတဲ့မြို့နယ်​တွေအတွင်း ပြန်လည်ဝင်ရောက်လာတဲ့ စစ်ရှောင်ပြည်သူလူထုတွေ စစ်ကျန် ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်း အန္တရာယ်ကနေ ကင်းဝေးဖို့ အသိပညာပေး နှိုးဆော်တာတွေကို ကျောင်းဆရာ၊ဆရာမတွေနဲ့လူမှုရေး ပရဟိတအသင်းတွေက လုပ်ဆောင်ပေးနေတယ်လို့ စဉ့်ကူးမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင် ဦးထွန်းဝင်းအောင်က VOM ကိုပြောပါတယ်။ နှစ်ရှည်လများ နေရပ်စွန့်ခွာပြီး ပြန်လည်ရောက်ရှိလာကြတဲ့ အဲဒီမြို့နယ်တွေက ပြည်သူ‌တွေအနေနဲ့ စစ်ကျန်လက်နက်ပစ္စည်တွေရဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အခုလို ပသိပညာပေးတာတွေ လုပ်နေရတာဖြစ်တယ်လို့ ဦးထွန်းဝင်းအောင်ကဆိုပါတယ်။ “အဓိကကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးတဝိုက်နေရာက ကျေးရွာ‌တွေကို သွားရောက် ဟောပြောတာတွေလုပ်ပါတယ်။မပေါက်ကွဲသေးတဲ့ ဗုံးသီး၊ကျည်၊လက်နက်တွေ တွေ့ရင် မကိုင်၊ မဆော့ကြဖို့၊ မထုခွဲဖို့၊မီ းမရှို့ဖို့နဲ့တွေ့ခဲ့ရင်လည်း ကျေးရွာတာဝန်ခံတွေဆီ အကြောင်းကြားဖို့တွေပြောရပါတယ်။”လို့ ဦးထွန်းဝင်းအောင်ကပြောပါတယ်။ စစ်ကျန် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းအန္တရယ်ကို စဉ့်ကူးမြို့နယ်နဲ့မတ္တရာမြို့နယ်တွေက အများဆုံးခံစားနေရတာဖြစ်တဲ့အတွက် အသိပညာပေး ဟောပြောတာတွေကိုလည်း ခပ်စိပ်စိပ်လုပ်နေရတယ်လို့ ပညာပေးရေး လုပ်ဆောင်မှုမှာပါဝင်တဲ့…

Read More

အမြင့်စျေးနဲ့တောင် ဝယ်ရခက်တဲ့ စားအုန်းဆီစျေးကွက်ကြောင့် မြေပဲဆီနဲ့ နှမ်းဆီကို ရနိုင်သလောက်ဝယ်ယူနေကြရ

မုံရွာ ဇူလိုင်-၁၀ -၂၀၂၆ MW(VOM ) အစိုးရက စားအုန်းဆီ ခွဲတမ်းကို လျှော့ချလိုက်တာကြောင့် စားအုန်းဆီစျေးတက်သွားသလို လိုသလောက်ဝယ်မရတော့တာကြောင့် အမြင့်စျေးနဲ့အသာစီးရောင်းနေတဲ့ မြေပဲဆီနဲ့ နှမ်းဆီကို ရနိုင်သလောက်ဝယ်ယူနေကြရတယ်လို့ မုံရွာစားသုံးဆီ အသုံးလိုနေသူတွေဆီက သိရပါတယ်။ “အခုရက်ပိုင်း ရပ်ကွက်ရုံးမှာ သက်သာတဲ့စျေးနဲ့ စားအုန်းဆီ၂ဘူးရောင်းပေးတယ်ဆိုတော့ တယ်ဟုတ်ပါလားဆိုပြီးဝမ်းသာနေတာ။ အဲဒီတစ်ခါရောင်းပေးပြီး အသံမကြားရပြန်ဘူး။ အခုစားအုန်းဆီစျေးက ၁၈၀၀၀ လောက်ပေးဝယ်နေရတာ။ ဝယ်ချင်သလောက် ဝယ်မရဘူး။ မရှိမဖြစ် မုန့်ကြော်ဖို့ဝယ်ရတာဆိုတော့ ရှာဝယ်နေရတာပါ။ များသောအားဖြင့် မရောင်းကြတာများနေတာ”လို့ ဆီကြော်မုန့်ရောင်းသူကပြောပါတယ်။ မုံရွာစျေးကွက်မှာ ပြီးခဲ့တဲ့တစ်ပါတ်တာအတွင်း မြေပဲဆန်စျေးဟာ တစ်ပိသာကို ကျပ်၂၀၀၀ လောက်အထိစျေးတက်သွားတဲ့အပြင် ရောင်းဖို့မြေပဲဆန်က ရှားပါးနေတဲ့အတွက် ဝယ်သူများနေပေမယ့် ရောင်းသူမရှိဖြစ်နေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ မြေပဲဆန်တစ်ပိသာကို အရင်တစ်ပါတ်က ၁၁၅၀၀ ကျပ်ရှိရာက အခုအပါတ်မှာ ၁၃၅၀၀ စျေးရှိလာတာဖြစ်ပါတယ်။ “အခုဟာက တစ်ရက်တစ်စျေးဖြစ်နေတာပါ။ စျေးကတော်တော်မငြိမ်တာပါ။ဆီအရောင်းအများကြီးတွေ လက်မခံနိုင်သေးဘူး။ ပဲကဝယ်မရဘူး။ အခုကပုံမှန်အချိန်မဟုတ်ဘူးဖြစ်နေတာ။…

Read More

ဗိုလ်ချုပ်ရုပ်ထုတွေအကုန် ဖယ်ရှားခြင်းမဟုတ်ဘဲ ပုံသဏ္ဌာန်မမှန်ကန်တဲ့ ရုပ်ထုတွေကိုသာ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အသိပေး

ဇူလိုင် ၁၀ ၊ ၂၀၂၆ GG (VOM) ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံးကို ဖယ်ရှားတာမျိုးမဟုတ်ဘဲ အချိုးအစားနှင့်ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဒီကနေ့ ဇူလိုင် ၁၀ ရက်မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ တချို့ ရုပ်ထုတွေ ရဲ့ အချိုးအစား၊ ပုံသဏ္ဌာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေ အနေနဲ့ မြန်မာ့သမိုင်း အမွေ အနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့…

Read More

မြန်မာနိုင်ငံက မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေ

ဇူလိုင် ၁၀ – ၂၀၂၆ SS (VOM) မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ကချင်ပြည်နယ် ကံပိုင်တည်မြို့နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မိုင်းပေါက်၊ မိုင်းခတ်မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီကနေ့ မနက် ၉ နာရီ၊ မိနစ် ၄၀ ဝန်းကျင်မှစတင်ကာ ညောင်ဝိုင်းရပ်ကွက်၊ ညောင်ဝိုင်းကွက်သစ်ရှိ နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပွားနေပြီး နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ရွှေတောင်ဦးဘုရားကုန်းပေါ် ကူညီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင်ကစပြီး ကန်သာယာရပ်ကွက်ရှိ…

Read More