မိုးနှောင်းကာလအတွင်း စစ်တောင်း၊ ရွှေကျင်၊ ပဲခူးမြစ်ရေတွေ မြင့်တက်နိုင်မှု သတိပြုဖို့လို

ဩဂုတ် ၂၁ – ၂၀၂၆ SN (VOM) မိုးနှောင်းရာသီ ရောက်ရှိတော့မှာဖြစ်လို့ မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး စစ်တောင်း၊ ရွှေကျင်၊ ပဲခူးမြစ်ရေတွေ ဆက်လက် မြင့်တက်နိုင်တာကြောင့် ရေကြီးရေလျှံမှု သတိပြုဖို့လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုးနှောင်းရာသီအတွင်း လာမယ့် စက်တင်ဘာလလောက်မှာ အရှေ့ဘက်ကလာတဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံကို ဖြတ်နိုင်ခြေရှိတာကြောင့် မိုးရွာသွန်းမှု ဆက်ကောင်းနေနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မိုးများလာပြီဆိုတာနဲ့ ချက်ချင်း ရေတက်နိုင်တယ်။ မြစ်တွေ၊ ချောင်းတွေဘေးမှာ နေတဲ့သူတွေအနေနဲ့ ရေကြီးမှု သတိပြုရမှာဖြစ်သလို တောင်ကုန်းတောင်တန်း ဒေသတွေမှာလည်း လျှပ်တပြက် ရေကြီးမှုကို သတိပြုရမယ်။ လက်ရှိ မြင့်တက်နေတဲ့ ရွှေကျင်မြစ်ရေကလည်း စစ်တောင်းမြစ်ထဲကို ဝင်မယ်။ စစ်တောင်းမြစ်မှာလည်း မဒေါက်က စိုးရိမ်ရေမှတ်ကိုကျော်နေတာ တော်တော်ကြာနေပြီ။ ဒါကြောင့် မိုးနှောင်းကာလမှာ…

Read More

ကုလသမဂ္ဂ သံတမန်စစ်မြေပြင်

MT(VOM) ​ ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီဟာ နိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ​ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ အဆိုပြုချက်အရ မဲခွဲရွေးချယ်ကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေဟာ ဒီကော်မတီထဲမှာ အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။​သူတို့ရဲ့…

Read More

တနှစ် တကြိမ်ပဲ ဆုံတွေ့ခွင့်ရတဲ့ အိုးပုတ်ပွဲတော်

မန္တ​လေး -သြဂုတ် ၂၁-၂၀၂၆ ​KKA (VOM) ​မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ တနှစ်မှာ တကြိမ်ပဲ ကျင်းပလေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ဒီနေ့ ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်နေပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တယ်ဆိုပေမယ့် ပွဲတော်မစခင် ၁၉ ရက်နေ့ကတည်းက လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ ​ဒီအိုးပုတ်ပွဲတော်ကို မြန်မာရက်နဲ့ သတ်မှတ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အရင်က ပွဲတော်ဟာ ညနေပိုင်းမှာပဲ စည်ကားခဲ့ပြီး အခုအခါမှာတော့ မနက်ပိုင်းကတည်းက စည်ကားနေတာပဲ ဖြစ်ပါတယ်။ ​”အိုးပုတ်တွေက လှတယ်။ တစုတစည်း တွေ့ရတော့ ပျော်ပါတယ်။ ကျင်းပတဲ့ နှစ်တိုင်း လာဖြစ်ပါတယ်။ အရင်နှစ်တွေထက် ပိုစည်တယ်လို့ ခံစားရတယ်” လို့ လာရောက်လည်ပတ်နေတဲ့ မန္တလေးမြို့ခံ ကိုညီညီလွင်က VOM ကို ပြောပါတယ်။…

Read More

မောင်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေး ၁၀ ယောက် ဒဏ်ရာရ

သြဂုတ် ၂၁ ၊၂၀၂၆ GG (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် ကလေးငယ် ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ သြဂုတ် ၂၀ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီကျော်လောက်လောက်မှာ ကလေးငယ် ၁၀ ယောက်ဟာ စစ်ကျန်ဗုံးသီးကို ထုရိုက်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း အဲဒီထဲမှာ ခြောက်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့သိရ ပါတယ်။ ” ကလေးတွေက သူတို့ကစားနေကျ ခြံလွတ်ထဲမှာ သွားပြီး ကစားကြတာ ။ အဲဒီမှာ ဗုံးသီးကို ဘယ်ကဘယ်လိုရတယ်မသိဘူး ။ထုကြရိုက်ပြီး ဆော့ ကြတော့ ဗုံးကပေါက်ကွဲမှုဖြစ်တာ။ ခုထိအကုန်လုံး ဆေးကုသမှုခံယူနေရပါတယ်။ဖြစ်တဲ့ကလေးတွေက အင်ဒင်းရွာက ငါးယောက် ၊ ပဲရုံရွာက ငါးယောက်ပါတယ် ။ ” လို့ စစ်ရှောင်…

Read More

စဥ့်ကူးမှာ ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ပစ်လို့ ငါးယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

ဩဂုတ် ၂၁ ၊ ၂၀၂၆ CC (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာမှာ ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင်သုံးယောက်အပါအဝင် ငါးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ဦးထွန်းထွန်းဝင်း နေအိမ်ကို ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ ” အသတ်ခံရတဲ့အထဲမှာ မိသားစုဝင်သုံးယောက်က လင်မယားနှစ်ယောက်နဲ့ သူ့ယောက္ခမပါ ။ နောက်ထပ်နှစ်ယောက်ကတော့ အဲဒီရွာကပဲ ။ ဒဏ်ရာတွေက ခေါင်းနဲ့ဗိုက်မှာ အများဆုံးတွေ့ရတယ်။ စဥ့်ကူးဘက်က ခုကတည်းက လုံခြုံရေး နိုင်ထားဖို့လိုတယ်။ ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။ အသတ်ခံခဲ့ရသူတွေကတော့ ဦးထွန်းထွန်းဝင်း နဲ့ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း ၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင်…

Read More

မသိသူထံမှ ‘Hi’ တစ်လုံး ရောက်လာသောအခါ

မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်ကြပြီး Viber, Messenger, Telegram စသည့် ဆက်သွယ်ရေး App များကို နေ့စဉ်အသုံးပြုနေကြသည်။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အလွန်အဆင်ပြေသကဲ့သို့ လူမသိသူမသိများနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်လာသည်။ နည်းပညာ၏ အကျိုးကျေးဇူးများ များပြားသလောက် ယင်းနည်းပညာကို အသုံးချ၍ လူများကို လိမ်လည်ငွေကြေးရယူသူများလည်း တစ်နေ့တခြား များပြားလာနေသည်။ တစ်နေ့တွင် Viber မှ မသိသောဖုန်းနံပါတ်တစ်ခုက “Hi” “မင်္ဂလာပါ” “စကားပြောလို့ရမလား” “မိတ်ဆွေဖြစ်ချင်လို့ပါ” “ဒီနံပါတ်ကို မှားပို့မိတာပါ” “မိတ်ဆွေတစ်ယောက်ရဲ့ နံပါတ်ထင်လို့ ဆက်သွယ်မိတာပါ” ဟု စာတစ်ကြောင်း ရောက်လာနိုင်သည်။ ကြည့်လိုက်လျှင် ဘာမှထူးခြားပုံမရ။ သာမန်နှုတ်ဆက်စကားလေးတစ်ခွန်းသာ ဖြစ်သည်။ မိမိကလည်း လူမှုရေးအရ “Hi” ဟု ပြန်ဖြေလိုက်မိနိုင်သည်။ သို့သော် ယနေ့ခေတ် အွန်လိုင်းလိမ်လည်မှုအချို့သည် ထိုကဲ့သို့ ဘာမျှမထူးခြားသော…

Read More

သူတို့အိမ် အခန်း (၂၀၁)

    ဆူးငှက်     စံရွေးဆိပ်ကမ်း ——————— စံရွေးဆိပ်ကမ်းမှာ အရင်က အမရပူရဆိပ်ကမ်းဘူတာ အမည်နှင့် ဘူတာရုံလေးရှိသည်။ ဧရာဝတီမြစ်ကမ်းရှိ ဘူတာရုံလေးက အလွန်လှသည်။ သက်တော်ရှည် လက်ပံပင်ကြီးတွေအောက်မှာ အုတ်ကြွပ်မိုးနီ နှင့် အုတ်တိုက်နီ ဘူတာရုံလေးရှိသည်။ ဘူတာလေး၏ ဝန်းကျင်ကလည်း လူနေအိမ်အဆောက်အဦတွေမရှိ၊ လက်ပံပင်ကြီးတွေအောက်က မြေပြင်ကလည်း ကမ်းစပ်ပေမင့် ညီညာ ပြန့်ပျူးသည်။ နွေဦးပေါက်ဆိုလျှင် လက်ပံပွင့် တွေက ပင်လုံးရဲ၊ ပွင့်ကြွေတွေက မြေပြင်မှာထိရဲနှင့် လှနေတတ်သည်။ ဘူတာလေးကိုရှေ့ခပ်လှမ်းလှမ်းက ကြည့်လှင် ဟို နောက်မှာ ချောင်တွေသိန်းသန်း တောင်ခြေစိမ်းလန်းသည့် စစ်ကိုင်းတောင်ရိုးကို လက်ပံပင်ကြီးတွေ၏ ပင်စည်မြင့်ကြီးတွေ ဘောင်ခတ်ထားသည့် ပန်းချီကား တစ်ချပ်လို မြင်ရသည်။     ထိုမြင်ကွင်း၏ ညာဘက်ခြမ်းမှာက လက်ပံပင်တွေနှင့် အတူ မရန်းပင်တွေ တွေ့ရသည်။ ဘယ်ဘက်ခြမ်းမှာတော့ ကွေးသွားသည့် ရထားလမ်းက…

Read More

ရေမီတာ ပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံမယ်

ဩဂုတ် ၂၀ – ၂၀၂၆ SS (VOM) မည်သည့်ရေသုံးစွဲမှု အမျိုးအစားကိုမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က မနေ့ ဩဂုတ် ၁၉ ရက်က အသိပေးထားပါတယ်။ ရန်ကုန်မြို့တော်ကို သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေးနိုင်ဖို့၊ ရေလေလွင့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့၊ ရေသုံးစွဲမှုကို စီမံခန့်ခွဲထိန်းချုပ်နိုင်ဖို့၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေဖို့၊ ရေသုံးစွဲတဲ့ ပမာဏအတိုင်း ပေးဆောင်ရတဲ့၊ တရားမျှတတဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်ဖြစ်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ “ရေသုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိသုံးစွဲတဲ့ ရေပမာဏနဲ့ ညီမျှတဲ့ ရေဖိုးရေခကို ပေးဆောင်နိုင်ဖို့အတွက် တပ်ဆင်သုံးစွဲလျက်ရှိတဲ့ ရေမီတာတွေကို ထိန်းသိမ်းစောင့်‌ရှောက်ကြဖို့ လိုပါတယ်။ ရေမီတာ တပ်ဆင်ထားခြင်း မရှိသေးဘူးဆိုရင်လည်း…

Read More

မြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်လို့ နှစ်ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

ဩဂုတ် ၂၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး နှစ်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာရှိ စတားလင့်ခ် အင်တာနက်ဆိုင် အနီးဝန်းကျင်မှာ မနေ့ည ၇ နာရီကျော်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ လူသေဆုံး၊ ဒဏ်ရာရမှုအပြင် စတားလင့်ခ်ဆိုင်အပါအဝင် အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ည ၇ နာရီလောက်ကနေစပြီး ၁၀ မိနစ်အတွင်း လေယာဉ် သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်တယ်။ နှစ်ယောက် ပွဲချင်းပြီးသေတယ်။ အဲဒီအချိန် အင်တာနက် သုံးနေကြတဲ့လူတွေများတော့ အထိအခိုက်များတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လှေတင်ဦးကျေးရွာဟာ မြောင်မြို့နယ်နဲ့ ၂ မိုင်လောက်သာ…

Read More

လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုဖမ်းဆီး

ဩဂုတ် ၂၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ ဩဂုတ်လ ၁၇ ရက်နေ့က အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုကို ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဦးရေတော့ မသိရဘူး ခင်ဗျ။ တရုတ်ဘက်က သတင်းအရ ဖမ်းတာပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လောက်ကိုင်မြို့ တုံချိန်ဘက်ရှိ 91 ဟိုတယ်ကို MNDAA တပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့တာ လို့သူက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံသား…

Read More