လေယာဥ်ဆီအခက်အခဲကြောင့် ခုရက်ပိုင်းပြေးဆွဲမယ့် ပြည်တွင်းလေကြောင်းခရီးစဥ်အများစု ဖျက်သိမ်း

မတ် ၂၁ ၊ ၂၀၂၆ GG (VOM) ပြည်တွင်းလေကြောင်းလိုင်းတွေကဒီရက်ပိုင်းအတွင်းပြေးဆွဲမယ့် ပြည်တွင်း လေကြောင်းခရီးစဉ်တချို့ကို ယာယီဖျက်သိမ်းလိုက်တယ်လို့ လေကြောင်းလိုင်းနဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက စုံစမ်းသိရှိရပါတယ်။ လတ်တလောကြုံတွေ့နေရတဲ့ လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်းပြေးဆွဲနေတဲ့ ခရီးစဉ်တချို့ကို မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ MAI ၊ Mingalar Airline တွေက ပြည်တွင်းခရီးစဉ်အများစုကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒီကနေ့ မတ် ၂၁ ရက်နေ့ကစပြီး ၂၆ ရက်နေ့အထိ ပြေးဆွဲမယ့် ပြည်တွင်းခရီးစဉ်အများစုကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မြန်မာအမျိုးသားလေကြောင်းက ဒီနေ့နဲ့ မနက်ဖြန် ခရီးစဉ်တွေ cancel လို့ပြောတယ်။ MAI ကေတာ့ ဒီနေ့ကစပြီး ၂၆ ရက်အထိလို့သိရတယ်။ Air Thanlwin ကတော့စာမထုတ်သေးဘူး ။…

Read More

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာနိုင်တာကြောင့် ယွမ်ငွေ ခွင့်ပြုပေးခြင်းဖြစ်နိုင်

မတ် ၂၁ – ၂၀၂၆ SS (VOM) မကြာမီကာလမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံအတွင်း ပိုမို ရောက်ရှိလာနိုင်တဲ့အတွက် တရုတ်ယွမ်ငွေကို ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားငွေအဖြစ် အစိုးရက ခွင့်ပြုပေးခြင်း ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုလွယ်ကူ ချောမွေ့စေဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမှုတွေကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နဲ့လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိတို့ယူဆောင်လာတဲ့ ငွေကြေးအမျိုးအစားအလိုက် နိုင်ငံခြား မတည်ငွေရင်းကို နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ AD လိုင်စင်ရ ဘဏ်တွေကနေတဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ‌သိရပါတယ်။…

Read More

ဆီအခက်အခဲကြောင့် သင်္ကြန်ကြိုတင်လက်မှတ်​​တွေကို မတ်လကုန်ပြီးမှ ရောင်းချဖို့ ညှိနှိုင်းထား

နေပြည်တော် မတ် ၂၂ -၂၀၂၆ နေပြည်တော် မြို့မစျေးက ကားဂိတ်​တွေမှာ သင်္ကြန်အိတ်ရက် ကြိုတင်လက်မှတ်တွေကို ဆီစျေးအတက်အကျအခြေအနေကိုကြည့်ပြီး မတ်လကုန်မှ ရောင်းချကြမယ်လို့ ကားဂိတ်တွေက ညှိနှိုင်းထားကြတယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ် ကျွန်တော်တို့ မြို့မစျေးတောင်ဖက်အခြမ်းမှာရှိတဲ့ ကားဂိတ်တွေအကုန်လုံး အခုလကုန်မှ ရောင်းဖို့ညှိနှိုင်းထားပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဆီစျေးအတက်အကျပေါ်ကိုကြည့်ပြီးရောင်းရမှာပါ အကယ်၍ ကြိုတင်ရောင်းချပြီးမှ ဆီစျေးထပ်ပြီးတက်သွားရင် ခရီးသည်တွေဆီက ထပ်တောင်းဖို့ ခက်ခဲမယ့်အတွက် အခုလို ညှိနှိုင်းထားတာပါ လကုန်ရက်လောက်မှရောင်းတော့ ဆီစျေးကိုလည်း ကြိုတင်ခန့်မှန်းတွက်ချက်လို့ရမယ့်အပြင် အတက်စျေးဖက်ကို ကြိုခန့်မှန်းပြီး ဘယ်ခရီးစဥ်ကို ဘယ်လောက်နှုန်းနဲ့ရောင်းချရမယ်ဆိုတာ အနီးစပ်ဆုံး ကျွန်တော်တို့တွက်ချက်လို့ရမယ်ပေါ့ အဲ့ဒါကြောင့် အခုလို ကားဂိတ်တွေညှိနှိုင်းထားတာဖြစ်ပါတယ်” လို့ မြမြင့်မိုရ်ဂိတ်က ကိုကျော်စိုးက ပြောပြပါတယ်။ မြိုမစျေးက စည်တော်ကြီး ကားဂိတ်ကတော့ ကြိုတင်ရောင်းချထားတဲ့ လက်မှတ်တွေအတွက် ဆီအခက်အခဲအတွက် ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် သူတို့ဂိတ်က ရောင်းထားတဲ့ လက်မှတ်တွေအတွက် ကြိုတင်ဝယ်ယူထားကြတဲ့ခရီးသည်တွေကို လက်မှတ်ဖိုး…

Read More

မန္တလေး မဟာအောင်မြေမြို့နယ်မှာ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ပြီး ဖယ်ပေးဖို့ သက်ဆိုင်ရာက အကြောင်းကြား

မန္တလေး၊ မတ် – ၂၂-၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ်ပေါက်လို့ ကျူးကျော်ဆိုပြီး မနက်ဖြန် မတ်လ ၂၃ ရက်မှာ ဖျက်ပေးရမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အုတ်ကျင်းရပ်ရှိ နေအိမ်တွေကို ဖျက်သိမ်းဖယ်ရှားပေးရန် လုပ်ဆောင်နေမှုအပေါ် ပြန်လည်စစ်ဆေးပြီး ဖြစ်သင့်သည့် အစီအမံများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များက လက်မှတ်ရေးထိုး၍ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ခုနေထိုင်သူတွေက…

Read More

ဖားကန့်မှာ မြေစာပုံပြိုကျလို့ ငါးယောက်သေဆုံး

မတ် ၁၈ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ဖားကန့်ဒေသရှိ မှော်စီစာရပ်ကွက်က စိန်စိန်ကျင်း လုပ်ကွက်ဟောင်းပြိုကျပြီး ကုမ္ပဏီဝန်ထမ်း ငါးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်က မတ်လ ၁၇ ရက်နေ့ညနေ ၃ နာရီလောက်မှာ စိန်စိန်လုပ်ကွက်ဟောင်းထဲက မြေစာပုံ ပြိုကျခဲ့ရာကနေ လူငါးယောက်ပါသွားခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ အဆိုပါ ငါးယောက်ရဲ့ ရုပ်အလောင်းတွေကို တူးဖော်ရရှိထားပြီဖြစ် တယ်လို့ သိရပါတယ်။ ” ရေမဆေးသမားတွေ မဟုတ်ဘူး ။တူးနေတဲ့လုပ်ကွက်က ကျင်းသားတွေသေတာပါ။ ညနေကတည်းက ငါးယောက်ရှာတွေ့ထားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ မြေစာပုံပြိုကျမှုအတွင်း သေဆုံးသူတွေထဲက လေးယောက်ရဲ့ မိသားစုနဲ့အဆက်အသွယ်ရရှိထားပြီး ကျန်တယောက်ရဲ့ မိသားစုဝင်တွေ နဲ့တော့ အဆက်သွယ်မရရှိသေးဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည…

Read More

နေတိုး (NATO) မဟာမိတ်တွေအပေါ် ထရမ့်ရဲ့ လေသံ ပိုတင်းမာလာခြင်း

မတ် ၁၈-၂၀၂၆ MT(VOM) ​ဒန်နီရယ် ဘုရှ် -ဝါရှင်တန်ပို့စ် ​ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့အတွက် အကူအညီတောင်းရာမှာ နေတိုးမဟာမိတ်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ​သူ့ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပေမဲ့ ထရမ့်ကတော့ လေသံကို လျှော့မသွားဘဲ အီရန်စစ်ပွဲကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းရှာရင်း လေသံကို ပိုပြီး တင်းမာအောင် လုပ်လာခဲ့တာပါ။ ​အိမ်ဖြူတော်က အOval Office မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ထရမ့်က နေတိုးအဖွဲ့အပေါ် သူ့ရဲ့ စိတ်ပျက်မှုကို ထပ်ပြောခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားကို လုံခြုံအောင် ကူညီဖို့ ငြင်းဆန်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ “မိုက်မဲတဲ့ အမှားမျိုး လုပ်နေကြတာ” လို့ သူက ဆိုပါတယ်။ ​ပြီးခဲ့တဲ့လက အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲစတင်ကတည်းက အီရန်ဟာ အဲ့ဒီရေလမ်းကြောင်းမှာရှိတဲ့…

Read More

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးကျင်းပ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက် တင်မြှောက်မယ်

နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ SA(VOM) တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်း အဝေးကို ဒီကနေ့မတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ နေပြည်တော်မြို့၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အဦဝင်း အမျိုးသားလွှတ်တော်အဆောက်အဦမှာ စတင်ကျင်းပမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကိုလည်း ဒီကနေ့မှာ ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။ တတိယအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၂၂၄ နေရာရှိပြီးတော့ အဲ့ဒီထဲက ၁၆၈ နေရာကို ပြည်သူလူထုက ဆန္ဒမဲပေးကာ ရွေးကောက်တင်မြှောက်ကြရတာဖြစ်ပြီး ၅၆ နေရာအတွက်ကို တပ်မတော်မှ ခန့်အပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁၆၈ နေရာထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၈ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၆…

Read More

ဒေါ်ဒွဲဘူ ကို အမျိုးသားလွှတ်တော် သဘာပတိ အဖြစ်တင်မြှောက်

နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး အတွက် အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ ဒေါ်ဒွဲဘူ ကို သဘာပတိအဖြစ် တင်မြှောက်ခဲ့ပါတယ်။ #voiceofmyanmar #vom #အမျိုးသားလွှတ်တော် #လွှတ်တော် #ဒေါ်ဒွဲဘူ

Read More

ဦး​အောင်လင်း​ဒွေး ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ်တင်မြှောက်

နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာကို အမည်စာရင်းတင်သွင်းရာမှာ ဦး​အောင်လင်း​ဒွေး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိ ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ #voiceofmyanmar #vom #အမျိုးသားလွှတ်တော် #ဥက္ကဋ္ဌ #လွှတ်တော်

Read More

Jeng Phang နော်တောင် ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်

နေပြည်တော်၊ မတ်- ၁၆ – ၂၀၂၆ VOICE OF MYANMAR အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာကို အမည်စားရင်တင်သွင်းရာမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိပဲ Jeng Phang နော်တောင် ဟာ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Read More