မန္တလာ ဆရာမျိုး ကျန်းမာရေးကောင်းဖို့ဆိုတာ ဈေးကြီးတဲ့ အားဆေးတွေ သောက်ရမယ်၊ အစားအသောက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းရမယ်၊ Gym မှာ နာရီပေါင်းများစွာ လေ့ကျင့်ရမယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ ကျန်းမာရေးကောင်းခြင်းဟာ နေ့စဉ်ဘဝမှာ လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကို မှန်မှန်လုပ်နိုင်ခြင်းနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ အထူးသဖြင့် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရမျှတစွာစားခြင်း၊ ရေလုံလောက်စွာသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း ဆိုတဲ့ အချက် ၅ ချက်ကို နေ့စဉ်ဘဝမှာ အလေ့အကျင့်ဖြစ်အောင် လုပ်နိုင်ရင် ကျန်းမာရေးအတွက် အခြေခံကောင်းတစ်ခု ရရှိလာနိုင်ပါတယ်။ ပထမဆုံးက အိပ်စက်ခြင်း (Sleep) ဖြစ်ပါတယ်။ လူကြီးအများစုဟာ တစ်ညကို ၇ နာရီမှ ၉ နာရီခန့် အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ချိန်တစ်ခုတည်းကိုသာ အာရုံစိုက်တာထက် နေ့တိုင်း အိပ်ချိန်၊ နိုးချိန်ကို အတတ်နိုင်ဆုံး မှန်မှန်ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။…
Read Moreအမြန်လမ်းမှာ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က လိုက်ထရပ်ကို ဝင်တိုက်လို့ တယောက် သေ၊ နှစ်ယောက် ဒဏ်ရာရ
ဩဂုတ် ၂၄ – ၂၀၂၆ SS (VOM) ရန်ကုန် – မန္တလေးအမြန်လမ်းမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်၊ မနက်အစောပိုင်းက ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က ရှေ့ကမောင်းနေတဲ့ လိုက်ထရပ်ယာဉ် နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မိုင်တိုင် ၂၁၄/၂ နဲ့ ၂၁၄/၃ ကြားမှာ ဒီကနေ့ မနက် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ဖြစ်ခဲ့တာလို့သိရပြီး အမျိုးသား တယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ကာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး၊ ဒဏ်ရာရတာက လိုက်ထရပ်ယာဉ်ပေါ်က လူတွေပါ။ အဲဒီကားပေါ်မှာ အမျိုးသား ယောက်၊…
Read Moreရေကြည်မြို့နယ်နဲ့ ကျုံပျော်မှာ ရေကြီးတဲ့ ဧရိယာပိုကျယ်လာပြီး အကူအညီတွေ လိုအပ်နေ
ဩဂုတ် ၂၄ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်နဲ့ ကျုံပျော်မှာ ရေကြီးတဲ့ ဧရိယာပိုကျယ်လာပြီး အစားအစာ နဲ့ သောက်ရေသန့်အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ် ။ လက်ရှိ ကျုံပျော်မြို့နယ်မှာဆိုရင် မိုးသည်းထန်စွာရွာသွန်းပြီး ၊ ဒါးကချောင်းရေ မြင့်တက်လာလို့ ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာပေါင်း ၃၀ ထက်မနည်းအထိ ရေကြီးနေပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ၂၅၀၀ လောက် ရှိသလို နေအိမ်တွေမှာ စုနေသူတွေအများအပြားရှိနေပါတယ်။ ” ရေဘေးစခန်းကိုမလာဘဲ အိမ်မှာနေကြတာလည်းများတယ်။ အဲဒီလို ရွာတွေဘက်ကျတော့ အစားအစာက နေ့တိုင်းလိုအပ်ချက်ရှိနေမယ့်သဘောရှိတယ်။ အစာခြောက်ပဲ ရမယ်။ ထမင်းထုပ် ဘာညာကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက နေ့တိုင်းရောက်ဖို့မလွယ်ဘူး ။ ရေကတိုးတော့ ဧရိယာပိုကျယ်တော့ ကူညီရတဲ့နေရာကပိုများသွားရင် လစ်ဟာမှုက ရှိတတ်တာပဲ ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။…
Read Moreပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရများ
သြဂုတ် ၂၄ ၊၂၀၂၆ GG (VOM) AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ထဲက စိမ်းစင်းဝကျေးရွာမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးကာ ၁၇ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မနက် ၁၁နာရီကျော်လောက်မှာ လေကြောင်းကနေတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ် ။ ” လေကြောင်းကနေ သုံးကြိမ်ကြဲသွားတာလို့သိရတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာတော့ ပြင်းထန်တဲ့သူ မပါဘူးလို့တော့ ကနဦးသိရတယ်။စိမ်းစင်းရွာက ပလက်ဝမြို့နဲ့ဆိုရင်နှစ်မိုင်သုံးမိုင်လောက်ပဲဝေးတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၊ အမျိုးသမီး တွေအပြင် ကလေးတွေလည်း ပါတာကို ဒေသတွင်း သတင်းတွေရဲ့ ဓာတ်ပုံဖော်ပြချက်အရသိရပါတယ်။ အဆိုပါ ပလက်ဝမြို့နယ် ၊ စိမ်းစင်းဝရွာ…
Read Moreထိုင်းတောင်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ မြန်မာနိုင်ငံသားတွေ လူစုလူဝေးရှောင်ဖို့ သံရုံးသတိပေး
ဩဂုတ် ၂၅ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပတ္တနီ၊ ယာလာ နဲ့ နရာသီဝပ် ပြည်နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် အဲဒီဒေသက မြန်မာနိုင်ငံသားတွေအနေနဲ့ မသက်ဆိုင်တဲ့ လူစုလူဝေးမှာ ပါဝင်ပတ်သက်မှုမလုပ်ဖို့နဲ့ လုံခြုံရေး အထူးဂရုပြု နေထိုင်သွားလာဖို့ ဘန်ကောက် ၊မြန်မာသံရုံးက သတိပေး ထုတ်ပြန်ပါတယ်။ တကယ်လို့ အကြောင်း တစုံတရာ ပေါ်ပေါက်လာပါက မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ် အကြောင်းကြားဖို့ ဩဂုတ် ၂၄ ရက်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ” အကြမ်းဖက်မှုတွေဖြစ်တဲ့နေရာထဲက ယာလာနဲ့ နရာသီဝပ်က ထိုင်းနဲ့မလေးရှားနယ်စပ် နေရာတွေပါ ။ ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေကလည်း လုံခြုံရေးတိုးမြှင့်လုပ်နေတယ်။ အဲဒီပြည်နယ်တွေမှာက မြန်မာလုပ်သားရှိတော့ရှိပေမယ့် တအားမများဘူး။ ဆောက်လုပ်ရေးရှိမယ်။ ရေလုပ်ငန်းရှိမယ်။ ကျန်တဲ့အထွေထွေအလုပ်ရှိမယ်။ ဘာပဲ ဖြစ်ဖြစ် အဲဒီဒေသမှာ လုပ်ကိုင်နေတဲ့ မြန်မာတွေအနေနဲ့…
Read Moreမန္တလေးဆေးရုံကြီးက အဲကွန်းတွေကို ဖြုတ်ခိုးယူတဲ့သူတွေကို ဖမ်းဆီးရမိ
မန္တလေး၊ သြဂုတ်- ၂၂- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းက မန္တလေးပြည်သူ့ဆေးရုံကြီးကနေ အဲကွန်း ၁၇ လုံး(၄၅၈ သိန်းတန်ဖိုး) ဖြုတ်ခိုးခဲ့တဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မန္တလေးပြည်သူ့ဆေးရုံကြီးအတွင်းမှာရှိတဲ့ အရေးပေါ်ဌာန၊ ပင်မဓာတ်မှန်ဌာန၊ အရေးပေါ်ဌာန ယာယီစာသင်ခန်း၊ ပင်မ ခွဲစိတ် ခန်း စတဲ့ ဌာနအသီးသီးက အဲကွန်း ၁၇ လုံး ပျောက်ဆုံးမှုဖြစ်ပွားခဲ့လို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစ ခန်းမှာ တာ ဝန်ရှိသူတွေက သြဂုတ် ၆ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အရေးပေါ်နှင့် ပြင်ပလူနာဌာနရှိ Mitzubishi (5HP)ceiling casstte Type အမျိုးအစား အဲကွန်း(၂)လုံး၊ တန်ဖိုးသိန်း (၁၆၀)ကျပ်ခန့်၊ Mitzubishi (2HP)အမျိုးအစား အဲကွန်း(၁) လုံး၊ တန်ဖိုးသိန်း(၂၀)ကျပ်ခန့်၊ Mitzu-bishi/ Hitashi/ Sakura/ general(1.5…
Read Moreငပလီ နဲ့ ဂွမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ တယောက်သေဆုံး ၊ ၂၂ ယောက်ထိခိုက်ဒဏ်ရာရရှိ
ဩဂုတ် ၂၂ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်ထဲက ငပလီမြို့ နဲ့ ဂွမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ၂၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။ ဩဂုတ် ၂၁ ရက်နေ့ တရက်တည်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ငပလီကို မနက်အစောပိုင်း ၂ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်ကိုတော့ မနက်ပိုင်း ၅ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အဲဒီတိုက်ခိုက်မှုမှာ ငပလီမြို့က တယောက်သေပြီး ၁၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဂွမြို့နယ် ၊ ညောင်ချောင်းရွာက ခုနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ” ဗုံးအလုံးရေတော်တော်များများကြဲသွားတာ ။ သိရသလောက်ဆို ငပလီဘက်မှာ အဆောက်အဦတွေလည်း တော်တော်ကို ရစရာမရှိအောင် ပျက်စီးကုန်ပြီသိရတယ်။ လူသေဆုံးတာအပြင် အိမ်တွေလည်းပျက်စီးခဲ့တယ်…
Read Moreတေးရေး၊ တေးဆို ကိုင်ဇာ ကွယ်လွန်
ဩဂုတ် ၂၂ – ၂၀၂၆ SN (VOM) အဆုတ်ထဲ ပိုးဝင်လို့ ဝိတိုရိဆေးရုံ၊ ICU အရေးပေါ်ခန်းမှာ ဆေးကုသမှု ခံယူနေရတဲ့ တေးရေးဆရာ အဆိုတော် ကိုင်ဇာဟာ ဒီကနေ့ ဩဂုတ် ၂၂ ရက်၊ ည ၈ နာရီဝန်းကျင်မှာ ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။ အဆိုတော်ကိုင်ဇာ ကွယ်လွန်တာနဲ့ ပတ်သက်လို့ အဆိုတော် မေခလာက “ဒီပွဲလေးဟာ ကျွန်မတို့ သူငယ်ချင်းသုံးယောက် နောက်ဆုံး အတူဆိုရမယ့်ပွဲလို့ ဘယ်သူထင်ကြမလဲနော်။ ကိုညီ ကောင်းရာသုဂတိ လားပါစေ” လို့ သူမတို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ Live Show ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဝမ်းနည်းစကား ဆိုထားပါတယ်။ အဆိုတော်ကိုင်ဇာ (ခ) ဦးညီညီဝင်းဟာ ၁၉၆၁ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မြန်မာ့ဂီတလောကမှာ တေးရေး၊ တေးဆိုအဖြစ်…
Read Moreအခန်း (၂၀၂)
ဆူးငှက် ငွေငန်းက အစ်ကိုကြီး ————————— မုံရွာက ကျွန်တော်တို့ ဆွေမျိုးဖြစ်သည့် ဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းတို့အကြောင်း အရင်က ကျွန်တော် ရေးဖူးခဲ့ ပါသည်။ သူတို့က ငွေငန်းဆေးဆိုးပန်းရိုက်နှင့် ယက်ကန်းရုံပိုင်ရှင် ဖြစ်သည်။ သားသမီး ၇ဦးရှိရာ အကြီးဆုံးကိုမြင့်ဆွေက ကျွန်တော်တို့ ဆွေမျိုးများထဲတွင် ကနဦးဆုံး တက္ကသိုလ်ဘွဲ့ဖြစ်သည်။ သူ တက္ကသိုလ်ကျောင်းသား ဖြစ်မှ ကျွန်တော်က မြင်ဖူးသည်။ သူက မန္တလေးတက္ကသိုလ်တွင် ၁၉၆၃ခုနှစ်မှ ၁၉၆၇ခုနှစ် အောက်တိုဘာအထိ အောင်မင်္ဂလာဆောင် အခန်း ၁၁၁ တွင် အဆောင်နေ ရူပဗေဒ ကျောင်းသား။ ကျွန်တော်က ဒက္ခိဏဝံ ဦးပဏ္ဏဝံကျောင်းက မူလတန်းကျောင်းသား မျှသာ။ စနေတနင်္ဂနွေနေ့လိုမျိုး ကျောင်းပိတ်ရက်တွင် ကိုမြင့်ဆွေက စိုင်ပြွန်ဝင်းထဲရှိ အဒေါ်ဖြစ်သူ ဒေါ်ဒေါ်အုန်းရင်နှင့် ဦးကြီးချိုတို့ထံ လာလည်သည်။ ဝင်းထဲမှာလည်း…
Read Moreမြဝတီမြို့မှာ ရေအတက်မြန်ပြီး အိမ် တထောင် လောက်ရေနစ်လို့ ညတွင်းချင်းရွှေ့ပြောင်းခဲ့ရ
ဩဂုတ် ၂၁ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေအတက်မြန်ပြီး စိုးရိမ်ရေမှတ်ထက် ၅ ပေကျော် ကျော်လွန်နေတာကြောင့် ရေဘေးသင့်သူတွေကို ညတွင်းချင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး နေအိမ် တထောင် နီးပါး ရေနစ်နေတယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ၊အမှတ် ၂ ရပ်ကွက် ၊ အမှတ် ၅ ရပ်ကွက်တွေ နဲ့ သောင်ရင်းမြစ်ကမ်းဘေး အနိမ့်ပိုင်းနေရာတွေအားလုံးရေကြီးနေပြီး လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းသုံးခုမှာ ရေဘေးသင့်သူ ၅၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ် ။ ” ရေက မနေ့က သိပ်မရှိဘူး ။ ညပိုင်းရောက်မှ သိသိသာသာတိုးလို့ ညတွင်းချင်းပြောင်းရွှေ့ပေးရတယ်။ အနိမ့်ပိုင်းတွေ အကုန်ရေဝင်နေပြီ။ ပစ္စည်းကြီးကြီးမားတွေတော့ မရွှေ့နိုင်ဘူးပေါ့။ရေက ရပ်ကွက် ၃ ဘက်လည်း စဝင်နေပြီ။…
Read More




