သတိမပြုမိသော ကျန်းမာရေးအန္တရာယ်

မန္တလာ ဆရာမျိုး ယနေ့ခေတ် လူနေမှုဘဝတွင် ပလပ်စတစ် (Plastic ပလတ်စတစ်) သည် နေရာတိုင်းတွင် တွေ့မြင်ရသော ပစ္စည်းတစ်မျိုးဖြစ်လာသည်။ စျေးဝယ်သည့်အခါ အသုံးပြုသော အိတ်မှအစ၊ ရေသန့်ဘူး၊ အစားအသောက်ဘူး၊ ခွက်၊ ဇွန်း၊ ပန်းကန်၊ အစားအသောက်ထုပ်ပိုးပစ္စည်းများအထိ ပလပ်စတစ်ကို နေ့စဉ်မပြတ် အသုံးပြုနေကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဟင်းရည်၊ ဆီပြန်ဟင်း၊ ကြာဇံဟင်းခါး၊ လက်ဖက်ရည်ပူ၊ ကော်ဖီပူ၊ ပဲပြုတ်၊ အသားဟင်း စသည့် ပူပူနွေးနွေး အစားအသောက်များကို ပလပ်စတစ်အိတ်ထဲ တိုက်ရိုက်ထည့်ပေးခြင်းသည် သာမန်မြင်ကွင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ လူအများစုက “တစ်ခါတလေထည့်တာပဲ ဘာမှမဖြစ်နိုင်ဘူး” ဟု ထင်မြင်ကြသော်လည်း သိပ္ပံပညာရှင်များကမူ ပလပ်စတစ်အမျိုးအစား၊ အပူချိန်၊ အသုံးပြုသည့်အချိန်နှင့် အစားအသောက်၏ အမျိုးအစားပေါ် မူတည်၍ ပလပ်စတစ်ထဲရှိ ဓာတုပစ္စည်းအချို့သည် အစားအသောက်ထဲသို့ ရွှေ့ပြောင်းဝင်ရောက်နိုင်ကြောင်း (Chemical migration ဓာတုပစ္စည်း…

Read More

သူတို့အိမ် အခန်း (၂၀၃)

ဆူးငှက်     ၁၀သိန်းနှင့် ငါးကြင်းခေါင်း ရှာပုံတော် —————————————– တကယ်တော့ ကိုမြင့်ဆွေဆီ ဖုန်းဆက်စဉ်က ကျွန်တော့် ခေါင်းထဲတွင် ကိန်းဂဏန်းနှင့် ပတ်သက်၍ ၂မျိုးထဲပဲရှိသည်။ ကိုအောင်မင်းက ကူညီမည်ဆိုသော ၃သိန်းနှင့် မြို့သစ်ထဲမှာဆိုလျှင် မြေလေးတစ်ကွက် ရနိုင်သော ၁၀သိန်း ဟူသည့် ဂဏန်း၂လုံးပဲ ဖြစ်သည်။ ထို့ကြောင့် ကိုမြင့်ဆွေက သူကူညီမည်၊ မင်းဘယ်လောက် လိုသလဲ ပြောပါဟု ဆိုသောအခါ ထိုဂဏန်း၂လုံးပဲ ခေါင်းထဲရှိနေတာမို့ မရဲတရဲ အားနာပါးနာနှင့် ရှေ့မျက်နှာ နောက်ထားကာ နှုတ်ဖျားမှ ဂဏန်းတစ်လုံးကို အထစ်ထစ်အငေါ့ငေါ့ အသံထွက်လိုက်မိသည်။ “၃သိန်းလောက်ပါ အစ်ကို” ဟူလို။ သည်တော့ ကိုမြင့်ဆွေက “အေး အဲ့ဒီ၃သိန်း မင်းလက်ထဲကို အမြန်ရောက်ပြီသာ အောက်မေ့လိုက်တော့၊ ဘာမှ စိတ်ပူမနေနဲ့ ဟုတ်လား” ဟု ဆိုတော့မှ ရင်ထဲက အလုံးကြီး ကျသွားတော့၏။…

Read More

မန်တုံမှာ ဒေသခံတွေ သဘောတူညီမှု မရှိပေမယ့် မြေရှားသတ္တု တူးဖော်လာ

ဩဂုတ် ၂၅၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်ဖွဲ့ ထိန်းချုပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မန်တုံမြို့နယ်မှာ ဒေသခံတွေ အားလုံးရဲ့ သဘောတူညီမှု မရပေမယ့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေရှားသတ္တု တူးဖော်တာတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မန်တုံဒေသမှာ မြေရှားသတ္တုတွေ တူးနေတာ အများကြီးရှိနေတယ်။ နမ့်ခမ်း၊ မိုင်းဝီး ဘက်တွေမှာလည်း မြေတွေ လိုက်စမ်းထားတာ အများကြီးပဲ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက မန်တုံ နဲ့ နမ္မတူ လမ်းကြောင်းတွေဘက်ကနေ လားရှိုးမြို့ပြင်လမ်းကြောင်းအတိုင်း သိန္နီ – ချင်းရွှေဟော် ဘက် သတ္တုတင် တရုတ်ကား တရက် တရက်ကို ရာချီဖြတ်သန်းနေတာ တွေ့ရကြောင်းလည်း ဒေသခံ တချို့က ပြောပါတယ်။ “ကျမတို့…

Read More

စင်ကာပူနိုင်ငံ ၊ ဩစတြေးလျ ၊ နယူးဇီလန် နဲ့ ပါပူဝါနယူးဂီနီနိုင်ငံက PV ကိုင်ထားတဲ့ မြန်မာတွေကို သက်တမ်းတိုးမပေးတော့

ဩဂုတ် ၂၅ ၊ ၂၀၂၆ GG (VOM) စင်ကာပူနိုင်ငံ ၊ ဩစတြေးလျ ၊ နယူးဇီလန် နဲ့ ပါပူဝါနယူးဂီနီနိုင်ငံမှာ အလည်ပတ်စ်ပို့ Passport of Visit (PV) အမျိုးအစားကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးတွေက စာအုပ်သက်တမ်းတိုး မပေးတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါအပြင် Passport for Dependent (PT) ၊ Passport for Education (PE) လက်မှတ်အမျိုးအစား ပြောင်းလိုပါကလည်း သက်တမ်းတိုးခြင်းဆိုင်ရာ လျှောက်လွှာနဲ့ အတူ ပြောင်းလဲလိုတဲ့ Passport အမျိုးအစားကို ကိုယ်ရေးစာနဲ့ တကွ နိုင်ငံကူးလက်မှတ်သက်တမ်း မကုန်မီ ၁၂ လကြိုတင် တင်ပြဖို့လိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှသာ အမျိုးအစားပြောင်းလဲပြီး သက်တမ်းတိုးပေးမယ်လို့ ဆိုပါတယ်။ Passport for Job (PJ) သက်တမ်းတိုးခြင်းနဲ့ တခြားနိုင်ငံကူးလက်မှတ်အမျိုးအစားမှ…

Read More

ဆိပ်ဖြူမှာ ကောက်ရတဲ့ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကိုရင်နှစ်ပါးပျံလွန်တော်မူ ၊ ကိုရင်ခြောက်ပါး ဒဏ်ရာရ

ဩဂုတ် ၂၅ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊အင်ကျင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကိုရင်လေးတွေက ဗုံးသီးကိုထုရိုက်ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကိုရင်နှစ်ပါးပျံလွန်တော်မူကာ ခြောက်ပါးထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်က ဩဂုတ် ၂၄ ရက်နေ့ ၊မနက် ၁၀ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကိုရင်လေးတွေဟာ ဆွမ်းခံပြီး ပြန်လာချိန် လမ်းမှာတွေ့တဲ့ ဗုံးသီးကိုယူလာပြီး ကျောင်းအတွင်းမှာ ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ” ဗုံးသီးက ၄၀မမ ဗုံးသီးလို့သိရတယ်။ ကိုရင်လေးတွေက ပညာလည်းသင်ရင်းကျောင်းမှာ ဝတ်နေကြတာ ။ နှစ်ပါးကတော့ နေရာမှာပဲ ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်။ ကျန်တဲ့ခြောက်ပါးကတော့ ဆေးကုသမှုပေးနေတယ်။ ဗုံးသီးတွေနဲ့ပတ်သက်လို့ အသိပညာ ပေးဖို့တွေ လိုအပ်နေတာ ဒီဖြစ်ပျက်တွေက သက်သေပဲ။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ် ။ ဗုံးပေါက်ကွဲမှုအတွင်း…

Read More

လူ့ဘောင်သစ်ဆီသို့ မျှော်ရည်ခြင်း

MT(VOM) ​တကယ်လို့ ညဉ့်နက်သန်းခေါင်ယံမှာ လမ်းမတွေပေါ် လျှောက်သွားရင်း လေထဲမှာ လွင့်မျောနေတဲ့ တော်လှန်ရေး သီချင်းသံကို ကြားရရင်၊ ဒါမှမဟုတ် လက်ကိုင်ဖုန်း မျက်နှာပြင်ငယ်လေးတွေပေါ်မှာ အရင်းရှင်စနစ်ရဲ့ အက်ကြောင်းတွေကို လှောင်ပြောင်သရော်ထားတဲ့ စာသားတွေကို ဖတ်ရရင် ၊ တူတံစဉ် ၊ ကြယ်နီ ၊ Anarchy အမှတ်တံဆိပ် wallpaper တွေ တွေ့ရရင် မအံ့သြ လိုက်ပါနဲ့။ကမ္ဘာကြီးဟာ တစ်ခါပြန်ပြီး နိုးထလာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် နိုးထမှုကတော့ စက်ရုံအလုပ်ရုံတွေရဲ့ မီးခိုးခေါင်းတိုင်တွေအောက်က မဟုတ်ဘဲ၊ နည်းပညာခေတ်ရဲ့ အယ်လ်ဂိုရီသမ် (Algorithm) တွေကြားက ဖြစ်ပါတယ်။ ​ဒီအချက်ကိုပဲ Gen Z Socialism (ဂျင်န်ဇီး ဆိုရှယ်လစ်ဇင်) လို့ ခေါ်ရမယ် ထင်ပါတယ်။ ​သမိုင်းဆိုတာ အဆောက်အဦးတစ်ခုလိုပါပဲ။ အုတ်မြစ်မရှိဘဲ အမိုးကို ဆောက်လို့မရသလို၊ မာ့က်စ်နဲ့ လီနင်တို့ရဲ့…

Read More

ဦးမင်းဇင်ကို တရုတ်အစိုးရကဖမ်းဆီးတာဟာ တရားမျှတမှုမရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့လို

ဩဂုတ် ၂၃ – ၂၀၂၆ SS (VOM) မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လေ့လာသုတေသနပြုနေသူ၊ ISP – Myanmar တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဖမ်းဆီး ထိန်းသိမ်းထားတာဟာ တရားမျှတမှု မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုတယ်လို့ ယနေ့ခေတ်သတင်းဌာန အယ်ဒီတာချုပ် ဦးသက်ဇင်က ပြောပါတယ်။ ဦးမင်းဇင်ဟာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံရတာကြောင့် တရုတ်နိုင်ငံကို သွားရောက်ချိန် ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ “သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ စကားအရ ဆိုရင်လည်း သူတို့မှာ သံသယပဲရှိသေးတာ။ သူတို့အမှုကို တည်ဆောက်နေတယ်၊ သံသယပဲ ရှိသေးတာ။ ခုချိန်လည်း ဒါကို ဖော်ထုတ်လို့မရသေးဘူး။ ဒီဟာက ခိုင်လုံခြင်းလည်း မရှိ၊ တရားမျှတခြင်းလည်း မရှိတဲ့အတွက် အမြန်ဆုံး…

Read More

မန္တလေးက ကျောက်ဝိုင်းမှာ ကျောက်သမားတယောက်ကို ဓားထောက်လုယက်သွားတဲ့သူတွေကို ဖမ်းဆီးရမိ

မန္တလေး၊ သြဂုတ်- ၂၃- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း ၃၈-၃၉ လမ်းကြားမှာရှိတဲ့ ကျောက်မျက်ရတနာရောင်း ဝယ်ရေးစခန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ကျောက်သမားတယောက်ဆီကနေ မြန်မာငွေစက္ကူတွေနဲ့ ကျောက်မျက် ရတနာတွေကို ဓားထောက်လုယက်ခဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက်နေ့ ၁၀ နာရီခွဲအချိန်ခန့်က ကျောက်သမားကိုထက်အောင် ဆိုသူကို အမျိုးသားနှစ်ယောက်က စစ်ဆေးစရာရှိလို့ဆိုကာ ပုခုံးဖက်ကာ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းရဲ့ အပြင်ကိုခေါ်ဆောင်သွားပြီး ကိုထက်အောင်မှာ ပါလာတဲ့ ငွေတွေနဲ့ ကျောက်မျက်ရတနာတွေကို ဓားထောက်လုယက်သွားတယ်လို့ သိရပါတယ်။ ကိုထက်အောင်ရဲ့ လွယ်အိတ်အတွင်းမှာပါတဲ့ ကျောက်စိမ်းအချော ထည် ၂ ပွင့် ၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး ၊ ချွမ်အမျိုးအစားလည်ဆွဲ ၁ ကုံး ၊…

Read More

ပြည်ပစေလွှတ်ခဲ့တဲ့ အလုပ်သမားအားလုံးဟာ လစာ ၂၅ ရာခိုင်နူန်း အိမ်ကိုငွေပြန်လွှဲတဲ့ အထောက်အထားမပြနိုင်ရင် အလုပ်ခေါ်စာ ဆိုင်းငံ့ခံရမယ်

ဩဂုတ် ၂၃ ၊ ၂၀၂၆ GG (VOM) ပြည်ပကို စေလွှတ်ခဲ့တဲ့ လုပ်သားအရေအတွက်အားလုံးဟာ မိသားစုဆီကိုပြန်ပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်းအထောက်အထားကို တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီကို အလုပ်ခေါ်စာ (Demand Letter)အသစ် တင်ပြခွင့် ဆိုင်းငံ့သွားမယ်လို့ သိရပါတယ်။ အရင်က ပြည်ပစေလွှတ်ခဲ့တဲ့ လုပ်သားဦးရေရဲ့ ၅၀ ရာခိုင်နူန်းက မိသားစုလွှဲပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်း အထောက်အထားတင်ပြရပါတယ်။ အခုက စေလွှတ်လုပ်သားအားလုံး မိသားစုငွေလွှဲ အထောက်အထား တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လတ်တလော ညွှန်ကြားချက်အရဆိုရင် အေဂျင်စီတွေအနေနဲ့ ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီကနေ ဇွန်လအတွင်း ပြည်ပကိုစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေအားလုံးရဲ့ မိသားစုဆီ ၂၅ ရာခိုင်နူန်း ငွေလွှဲကြောင်းအထောက်အထားကို တင်ပြရမှာဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီကို လာမယ့် စက်တင်ဘာ ၁…

Read More

မိတ္ထီလာ​လေတပ်က အမောင်းသင်လေယာဥ် စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျလို့ တယောက်သေ ၊ တယောက်ဒဏ်ရာရ

ဩဂုတ် ၂၃ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းမှာ တပ်မတော်က အမောင်းသင်လေယာဉ်တစီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ သိရပါတယ်။ နည်းပြဗိုလ်မှူးနဲ့အ​မောင်းသင် ဗိုလ်တို့ နှစ်ယောက် လိုက်ပါတဲ့ K8 လေယာဥ်ဟာ ဩဂုတ် ၂၁ ရက်နေ့ ၊ ညနေ ၃ နာရီခွဲလောက်မှာ မိတ္ထီလာအ​မောင်းသင်စခန်းမှာ ပျံတက်စဥ် အင်ဂျင် Error ဖြစ်ပြီး ပြန်မဆင်းနိုင်ဘဲ ​လေယာဥ်မီး​လောင်ပျက်စီးကာ ဗိုလ်မှူး အနည်းငယ်ဒဏ်ရာရပြီး ဗိုလ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ” လေယာဥ်ပျက်ကျတာမှန်ကြောင်း ၊ အမောင်းသင်လေယာဥ်ဖြစ်ကြောင်း ၊ နှစ်ယောက်မောင်း K8 လေယာဥ်ဖြစ်ပြီး ပြန်အဆင်းမှာ စက်ချို့ယွင်းတာကြောင့် ခုန်ထွက်ခဲ့ပေမယ့် သေဆုံး ၊ဒဏ်ရာရရှိပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ” VOM ကို ပြောဆိုထားပါတယ်။…

Read More