မန္တလေးမှာ စက်သုံးဆီသိုလှောင်တဲ့အိမ် မီးလောင်လို့ သားဖြစ်သူသေဆုံး မိခင်ဖြစ်သူဒဏ်ရာရ

​မတ် ၂၆ ၊ ၂၀၂၆ CC (VOM) ​မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ၊ ရှမ်းဝိုင်းရပ်ကွက် ၊ ၈၇လမ်း ၊၃၇ လမ်းကြားရှိ နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ မတ် ၂၆ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ သေဆုံးခဲ့သူက သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်မောင် ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အမေဖြစ်သူ ဒေါ်သန်းသန်း ဖြစ်တယ်လို့ သိရပါတယ်။ “အိမ်က ဆီပန့်ထောင်ထားပြီးရောင်းတဲ့ အိမ်ပါ။ ဆီပန့်အိမ်ကလောင်တာ ။ သေဆုံးတဲ့ကလေးက အိပ်နေတာလို့ပြောတယ်။ ဒဏ်ရာရတာက ကလေးအမေပါ ။ သူကတော့ ဒဏ်ရာကြီးပေမယ့် စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ဘူး ။ဓာတ်ဆီသိုလှောင်တဲ့အိမ်ဆိုတော့ ဓာတ်ဆီတွေကတော့…

Read More

အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ခံရပြီး ဖယ်ပေးရမယ့်ကိစ္စ စိစစ်နေတယ်လို့ ဝန်ကြီးချုပ်ပြော

မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်ကွက်က အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတဲ့အပေါ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတဦး ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က VOM ကိုပြောပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို မြေဂရန်ပိုင်ရှင်ပေါ်ပေါက်လို့ လက်ရှိနေထိုင်သူတွေကို…

Read More

အငှားယာဥ်မောင်းနေတဲ့ အဆိုတော် ဦးပက်ထရစ်တင်ထွန်း ဆီတန်းစီရင်း ကားပေါ်မှာပဲ သေဆုံး

မတ် ၂၆ ၊ ၂၀၂၆ CC (VOM) ရန်ကုန် ၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဒီကနေ့ မတ် ၂၆ ရက်နေ့ ၊ မနက်ပိုင်းက အငှားယာဥ်မောင်းဖြစ်သူ အဆိုတော် ဦးပက်ထရစ် (ခ) တင်ထွန်းသည် Heat Stroke အပူရှပ်ပြီး ကားပေါ်မှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်က ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကမ္ဘာအေးဘုရားလမ်း၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်ရှိ စက်သုံးဆီတန်းစီနေတဲ့ ကားတွေအကြားကို အငှားယာဥ်မောင်း ဦးတင်ထွန်းက ကားထိုးရပ်ပြီးနောက် သတိလစ်ကာ ကားပေါ်မှာပဲ အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ကာသေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “သူ့ကားက အခုမှစစ်ဆေးတွေ့ရှိချက်အရ ဂက်စ်ကားပါ။ဆီတန်စီတဲ့ကားတွေကြားထဲရောက်နေတော့ ဆီတန်းစီရင် ဖြစ်တဲ့ပုံဖြစ်သွားတာပေါ့။ ကမ္ဘာအေးဘုရားလမ်းထိပ်မှာ Max ဆီဆိုင်မှာ တန်းစီနေတဲ့ကားတွေရှိတယ်။ လမ်းထိပ်မှာပဲ ဖြစ်သွားတာ သတိရမလားဆိုပြီးခေါ်ကြည့်တော့မရလို့…

Read More

ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို ထွက်ခွာခွင့်ပိတ်ပြီး အမည်ပျက်စာရင်း သွင်းမယ်

မတ် ၂၆ – ၂၀၂၆ SN (VOM) ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို ကာလ သတ်မှတ်ချက်တခုနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းအပြင် အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ မတ် ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒါအပြင် ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို နောက်ကွယ်ကနေ ပါဝင်ကူညီပေးကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကိုပါ စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “ဒီထုတ်ပြန်ချက်က ခွင့်ပြန်သမားအဖြစ် လိမ်လည်တဲ့သူတွေကို ရည်ညွှန်းတယ်လို့ ယေဘုယျ သတ်မှတ်လို့ရပေမယ့် တကယ့်ခွင့်ပြန် အလုပ်သမားတွေ ထိခိုက်နိုင်ပါတယ်။ ပြည်ပပြန်ထွက်ဖို့ ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးခံလာရနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က…

Read More

ပလတ်စတစ်စက်ရုံ အလုပ်သမား ၁၈ ယောက် ဓာတုအဆိပ်သင့်မှု ဖြစ်ပွား

မတ် ၂၆ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ပလတ်စတစ်စက်ရုံက အလုပ်သမား ၁၈ ယောက်ဟာ လုပ်ငန်းခွင်သုံး ဓာတုဗေဒပစ္စည်းတွေကြောင့် ဓာတ်မတည့်မှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ပြီး အရေးပေါ်ကုသမှုတွေ ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့မှ စတင်ကာ စက်ရုံအလုပ်သမား သုံးယောက်ဟာ ခန္ဓာကိုယ်မှာ အနီကွက်တွေနဲ့ အဖုအပိန့်ထွက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီနောက် ရက်အနည်းငယ်အတွင်း ထိခိုက်သူဦးရေ ဆက်တိုက် တိုးပွားလာခဲ့တာမှာ မတ် ၂၀ ရက်မှ ၂၅ ရက်အတွင်း နောက်ထပ်အလုပ်သမား ၁၅ ယောက် ထပ်မံပြီး ဆေးကုသသမှု ခံယူခဲ့ရကာ စုစုပေါင်း ထိခိုက်သူ ၁၈ ယောက်အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက စက်ရုံက ကုန်ကြမ်းရွေးဌာနက…

Read More

ပခုက္ကူမှာ နေ့ခင်းကြောင်တောင် ဓားပြမှုဖြစ်ပွား၊ ဆိုင်ရှင်လူငယ် ဓားထိုးခံရပြီး ငွေနှင့်ဖုန်း​တွေ ပါသွား

ပခုက္ကူ -မတ်-၂၆-၂၀၂၆ PP(VOM) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ မတ်လ ၂၆ ရက် ဒီ​နေ့ နေ့လယ်ပိုင်းက မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခဲ့တဲ့အ​ကြောင်း ဒေသခံ​တွေဆီက သိရပါတယ်။ ပခုက္ကူမြို့၊ မျက်မမြင်ကျောင်းရှေ့ အရောင်းဆိုင်တန်းမှာ ဖွင့်လှစ်ထားတဲ့ “တောင်ဇလပ်” စက်သုံးဆီအရောင်းဆိုင်အတွင်း အမည်မသိ အမျိုးသား ၄ ဦးက ဆိုင်နောက်ဖေးပေါက်က​နေ ရုတ်တရက် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီးပစ္စည်းများလုယက်သွားကြောင်းသိရတယ် အဆိုပါ အမျိုးသား ၄ ဦးမှာ လက်နက်ငယ် ပစ္စတိုတလက် အရှည်တလက် ကိုယ်ဆီပါရှိကြောင်း လုံခြုံရေးနှင့်နီးစပ်သူဆီက သိရပါတယ်။ ဆိုင်အတွင်း ရောင်းချရရှိထားတဲ့ ငွေ​တွေနဲ့ ဖုန်း​တွေကို လုယက်ယူဆောင်သွားခဲ့ပြီးဆိုင်ရှင်ဖြစ်သူ လူငယ်ကို ဓားနဲ့ ထိုးနှက်ခဲ့လို့ အဲဒီလူငယ်ကို ဆေးရုံကိုပို့​ဆောင် ဆေးကုသ​​ပေး​နေကြောင်း ဖြစ်စဥ်ကိုသိရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃…

Read More

စက်သုံးဆီအခက်အခဲက မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ သက်ရောက်မှု ကြီးလာနိုင်

မတ် ၂၇ – ၂၀၂၆ SN (VOM) လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီရရှိမှု အခက်အခဲတွေ ပိုမိုဆိုးရွားလာနေပြီး ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်လျက်ရှိတာကြောင့် စက်သုံးဆီကို မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ Domino effect ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး ‌(ဘောဂဗေဒ) က ပြောပါတယ်။ “Domino effect ဆိုတာက တိုင်တလုံး လဲပြီဆိုတာနဲ့ အကုန်လုံး လဲသွားတာလေ။ အဲဒီလိုမျိုး ဖြစ်လာလိမ့်မယ်။ ဒါက ဒီနိုင်ငံတခုပဲ ဖြစ်တာမဟုတ်ပါဘူး။ ဆီကို မှီခိုနေရတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာက ဒီနေရာမှာ အစိုးရရဲ့ အရည်အချင်းကို ထုတ်ဖော်ရမှာပါ။ ဒါကြီးကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာက အရေးကြီးတာ” လို့ ဦးသန်းစိုး ‌(ဘောဂဗေဒ) က ပြောပါတယ်။ လက်ရှိ…

Read More

YBS ဆီကားတွေ ခေါက်ရေအပြည့် ပြေးဆွဲနိုင်ရေး ညအချိန် သီးသန့် ဆီဖြည့်ပေးဖို့ စီစဉ်နေ

မတ် ၂၇ ၊ ၂၀၂၆ SS (VOM) လက်ရှိ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ဆီကားတွေ ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးအတွက် ညအချိန် သီးသန့် ဆီဖြည့်ပေးသွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။ ဒီဇယ်အသုံးပြု YBS ယာဉ်တွေအတွက် တရက်ကို ဒီဇယ် လီတာ ၂၀၊ တန်းစီ ဝယ်ယူနေရခြင်းမှ ညစဉ်ညတိုင်း လီတာ ၄၀ ဆီဖြည့်ပေးနိုင်အောင် စီစဉ်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပြီးဖြစ်ကာ လာမယ့် ရက်သတ္တပတ်အတွင်း အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။ “ဒါအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က သီးခြား လုပ်ပေးမှာပါ။ ကျွန်တော်တို့က ၄၂၃ စီး စာရင်းပေးထားတယ်။…

Read More

မူဆယ်မှာ စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ၁၆၀၀၀ ကျော်လာသလို နိုင်ငံတဝှမ်း​​မှောင်ခို​ဈေးကွက် ကြီးထွား​နေ

မတ် ၂၄၊ ၂၀၂၆ Shy V (VOM) တရုတ် – မြန်မာ နယ်စပ် မူဆယ်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်း စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ကျပ် ၁၆၀၀၀ ကျော်လာနေပြီး ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီမနက်က တလီတာခွဲ လက်ဆွဲဘူး တဘူး နှစ်သောင်းခွဲ ရောင်းတယ်။ ဓာတ်ဆီရော ဒီဇယ် ဈေး အတူတူပဲ ရောင်းတယ်။ အဲဒါတောင် ပြန်ရောင်းဖို့ ဝယ်မရဖြစ်နေတာ” လို့ ဘူးနဲ့ ရောင်းနေတဲ့ အမျိုးသမီး တယောက်ကပြောပါတယ်။ မနေ့ မတ်လ ၂၃ ရက်နေ့က ၁၉ လီတာ ပုံးဝါ တပုံး နှစ်သိန်းခွဲ ဈေးပေါက်ပေမယ့် ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်မှာတော့ သုံးသိန်းခွဲ…

Read More

လွှတ်တော်အခွင့်အရေး ကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှစ်ခု ပြည်သူ့လွှတ်တော်မှာ ထပ်မံဖွဲ့စည်း

နေပြည်တော်၊ မတ်- ၂၄ – ၂၀၂၆ KKL(VOM) ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး တတိယနေ့မှာ လွတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိကဝတ်များ တာဝန်ခံချက်များစိစစ်ရေး ကော်မတီတွေကို ထပ်မံဖွဲ့ည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတွေရဲ့အမည်စာရင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က တင်ပြခဲ့ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး တတိယနေ့မှာ တပ်ကုန်းမဲဆန္ဒနယ် က ဦးမောင်မောင်အုန်းနဲ့ ထားဝယ်မဲဆန္ဒနယ်က ဒေါက်တာကျော်ကျော်ဌေး တို့ကို လွှတ်တော်အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအဖြစ် ကြေငြာခဲ့ပါတယ်။ ဆက်လက်ပြီး ကျိုင်းတုံမဲဆန္ဒနယ်က ဦးသန်းထွန်းဦးနဲ့ ပုသိမ်မဲဆန္ဒနယ်က ဦးသန်းတို့ကို အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအဖြစ် ကြေငြာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကော်မတီ ဖွဲ့စည်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီ တစ်ခုခြင်းအတွက်သီးခြား ရှင်းလင်းခဲ့ပြီး ပြည်သူ့လွှတ်တော်…

Read More