ဒီဇင်ဘာ ၁၃ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မိုးကုတ်အရှေ့ဘက် မှာ မနေ့ ဒီဇင်ဘာ ၁၂ ရက်၊ မနက် ၉ နာရီဝန်းကျင်ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းကစပြီး ပြောင်ခေါင်းထိပ်ရွာ အနီးဝန်းကျင်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ထွက်ပေါ်နေသလို မြို့ပြင် ဆတ်အင်းပြန့်ရွာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “ဆတ်အင်းပြန့်ရွာမှာ မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာ။ မနေ့ ညနေ ၄ နာရီခွဲလောက်လည်းကျရော ပစ်ခတ်သံတွေ ပိုစိပ်လာပြီး အသံတွေက မြို့နဲ့ပိုပြီး နီးကပ်လာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တခုမှာလည်း ဆတ်အင်းတောင်တဝိုက်မှာ…
Read MoreDay: December 14, 2025
AA ထိန်းချုပ်ထားတဲ့ မြို့နယ်ငါးခုမှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်
ဒီဇင်ဘာ ၁၃ ၊ ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်ထဲက AA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြို့နယ် ငါးခုမှာ လေကြာင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရသေ့တောင်မြို့နယ် ၊ မြောက်ဦး ၊ ပုဏ္ဍားကျွန်း ၊ ပေါက်တော မြို့နယ်တွေမှာ ည ၉ နာရီ ကျော်လောက်က စပြီး ည ၁၂ နာရီ ကျော်တဲ့အထိ လေကြောင်းကနေ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး ဂွမြို့နယ်မှာတော့ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ပုဏ္ဏားကျွန်း မြို့နယ်က ခမောင်းတောရွာ နဲ့ တောင်ပေါက် အပါအဝင် ကျေးရွာ အချို့မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရပြီး ရသေ့တောင်…
Read Moreရုရှားမှာ မိုင်းရှင်းလင်းရေးအတွက် မြောက်ကိုရီးယားတပ်တွေ စေလွှတ်ခဲ့
ပြုံးယမ်း၊ ဒီဇင်ဘာ-၁၃-၂၀၂၅ ရတီ(VOM) ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မိုင်းရှင်းလင်းရေးအတွက် ယခုနှစ်အစောပိုင်းမှာ မြောက်ကိုရီးယားတပ်တွေ စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒီကနေ့မှာ ပြောပါတယ်။ အင်ဂျင်နီယာတပ်ရင်းတခု ပြန်လည်ရောက်ရှိမှုကို ကင်ဂျုံအန်က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး သြဂုတ်လမှာ စတင်ခဲ့တဲ့ ရက်ပေါင်း ၁၂၀ ကြာ တပ်ဖြန့်ချထားမှုအတွင်း တပ်ရင်းမှ တပ်ဖွဲ့ဝင်ကိုးယောက် သေဆုံးခဲ့သေဆုံးခဲ့တယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။ သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။ “အရာရှိတွေနဲ့ စစ်သားတွေဟာ မယုံနိုင်လောက်အောင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို နေ့တိုင်းနီးပါး ကျော်လွှားကာ ကြီးမားတဲ့ သူရဲကောင်းစိတ်ဓာတ်ကို ပြသခဲ့ကြတယ်” သူက ပြောပါတယ်။ တပ်ဖွဲ့ဝင်တွေစာ သုံးလအတွင်း မိုင်းတွေထောင်ထားတဲ့ အန္တရာယ်ဇုန်ကြီးတခုကို ဘေးကင်းလုံခြုံတဲ့ ဇုန်အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ အံ့ဖွယ်အမှုတခုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကင်ဂျုံအန်က ချီးကျူးပြောဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အဆိုအရ…
Read Moreရုပ်ရှင်ပြခန်း ပြုပြင်ရာက SAGAING CINEMA မီးလောင်ပျက်စီး
စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၃- ၂၀၂၅ SA(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် အသင်္ခယာစောယွန်းအဝိုင်းနားမှာရှိတဲ့ SAGAINE CINEMA ရုပ်ရှင်ပြခန်းက မျက်နှာကြက်တွေကို ပြုပြင်ရင်း ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ၁၁ နာရီ ၂၀ မိနစ်အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရုပ်ရှင်ပြခန်းက မျက်နှာကြက်သံပန်းတွေကို ဝရိန်ဆော်ရာကနေ အနီးမှာရှိတဲ့ အသံလုံ ဆိုးပြားပေါ်ကို မီးပွားလွင့်စင်ကျခဲ့လို့ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ မီးလောင်မှုဖြစ်စဥ်ကြောင့် ရုပ်ရှင်ပြခန်းအတွင်းက ဆိုဖာထိုင်ခုံ(၃၀၀)လုံး ဆုံးရှုံမှုတန်ဖိုး၃,၇၅၀,၀၀၀)ကျပ်ခန့်၊ ရုပ်ရှင်ပြစက်(၁)လုံး (၁၀,၀၀၀,၀၀၀)ကျပ်ခန့်၊ ပိတ်ကား (၁)ချပ် {၂,၀၀၀,၀၀၀ကျပ်ခန့်၊ အဲယာကွန်း (၆)လုံး (၁,၅၀၀,၀၀၀)ကျပ်ခန့်၊ (၈၀x၄၀)ပေ ရုပ်ရှင်ပြခန်းရှိ မျက်နှာကျက်နှင့် အသံလုံဆိုးပြားများ(၅,၉၇၃,၀၀၀ ကျပ်ခန့် စုစု ပေါင်း(၂၃,၂၂၃,၀၀၀)ကျပ်ခန့် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှု…
Read Moreဂျပန်မှာ အလုပ်ရမယ်ဆိုပြီး လူ ၈၀၀ ကျော်ဆီကနေ သိန်းပေါင်း ကိုးသောင်းလိမ်သွားတာ အရေးယူနိုင်ပါ့မလား
ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅ GG (VOM) ဂျပန်နိုင်ငံကို အလုပ်လုပ်ဖို့ ပို့ဆောင်ပေးမယ်ဆိုပြီး လူအယောက် ၈၀၀ ကျော် ဆီကနေ ငွေကျပ် သိန်းပေါင်း ကိုးသောင်းဝန်းကျင် လိမ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့စုံက စုံစမ်းစစ်နေကာ နိုင်ငံတော်အဆင့် ကိုင်တွယ်ဖြေရှင်း အရေးယူသွားမယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ် ။ ” စစစ တို့ စရဖ တို့ကလည်း နိုင်ငံတော်ဝန်ကြီးချုပ်အထိ တင်ပြရမှာ ဆိုပြီး အချက်အလက်တွေ သူတို့ကို အကုန်ပေးထားတယ် ။ နိုင်ငံတော်အဆင့် ကိုင်တွယ်မယ့် အခြေအနေ ရောက်လာပြီ ထင်ရတယ် ။ဘာလို့ဆို အရေအတွက်ကလည်း အရမ်းများတယ်။ ပမာဏကလည်း အရမ်းများတယ်။ သိန်းကိုးသောင်းလောက် ပမာဏကြီးလေ ။ အခုက နိုင်ငံဖြတ်ကျော်ပြီး လိမ်လည်တဲ့ သဘောမျိုးဆိုတော့ လူမှောင်ခိုကူးမှုတွေပါ ပါလာပြီ။ သူတို့က တရားဝင်လမ်းကြောင်းက…
Read More