ရုပ်ရှင်ပြခန်း ပြုပြင်ရာက SAGAING CINEMA မီးလောင်ပျက်စီး

စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၃- ၂၀၂၅
SA(VOM)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် အသင်္ခယာစောယွန်းအဝိုင်းနားမှာရှိတဲ့ SAGAINE CINEMA ရုပ်ရှင်ပြခန်းက မျက်နှာ​ကြက်တွေကို ပြုပြင်ရင်း ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ၁၁ နာရီ ၂၀ မိနစ်အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရုပ်ရှင်ပြခန်းက မျက်နှာကြက်သံပန်းတွေကို ဝရိန်ဆော်ရာကနေ အနီးမှာရှိတဲ့ အသံလုံ ဆိုးပြားပေါ်ကို မီးပွားလွင့်စင်ကျခဲ့လို့ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မီးလောင်မှုဖြစ်စဥ်ကြောင့် ရုပ်ရှင်ပြခန်းအတွင်းက ဆိုဖာထိုင်ခုံ(၃၀၀)လုံး ဆုံးရှုံမှုတန်ဖိုး၃,၇၅၀,၀၀၀)ကျပ်ခန့်၊ ရုပ်ရှင်ပြစက်(၁)လုံး (၁၀,၀၀၀,၀၀၀)ကျပ်ခန့်၊ ပိတ်ကား (၁)ချပ် {၂,၀၀၀,၀၀၀ကျပ်ခန့်၊ အဲယာကွန်း (၆)လုံး (၁,၅၀၀,၀၀၀)ကျပ်ခန့်၊ (၈၀x၄၀)ပေ ရုပ်ရှင်ပြခန်းရှိ မျက်နှာကျက်နှင့် အသံလုံဆိုးပြားများ(၅,၉၇၃,၀၀၀ ကျပ်ခန့် စုစု ပေါင်း(၂၃,၂၂၃,၀၀၀)ကျပ်ခန့် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှု ဖြစ်ခဲ့တဲ့ SAGAING CINEMA ရုပ်ရှင်ပြခန်းကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မြင့်ဟန် တို့ ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသခံပရဟိတအသင်းအဖွဲ့၊ လူမှုကူညီရေး/ကယ်ဆယ်ရေးအသင်းတွေ ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့တာကြောင့်နေ့လယ် ၁၂ နာရီ ၈ မိနစ်မှာ မီးငြှိိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
အဲ့ဒီရုပ်ရှင်ပြခန်းဟာ နှစ်ထပ်ခွဲအမြင့်ရှိတာဖြစ်ပြီး မြေညီ ထပ်မှာတော့ စားသောက်ဆိုင်တွေနဲ့ စျေးဆိုင်ခန်းတွေရှိပေမယ့် မီးလောင်ကျွမ်းမှုမဖြစ်ခဲ့ဘဲ ရုပ်ရှင်ပြခန်းအတွင်းမှာသာ မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုနှင့်ပတ်သက်ပြီး ရုပ်ရှင်ရုံမန်နေဂျာ ဒေါ်ယဉ်ယဉ်ထွေးကို (ပ)၆၀၁/၂၀၂၅ ရာဇသတ်ကြီး ပုဒ်မ၂၈၅ နဲ့ စစ်ကိုင်းမြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု၊ မီးဘေးဒုက္ခ သည်မရှိဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆_၄၂ လမ်းမှာရှိတဲ့ မဟာအောင်မြေ ရုပ်ရှင်ရုံ လည်း မီးလောင်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW