ကျောက်ဆည်က မိသားစုနှစ်စု ကားတစီးတည်းနဲ့ အတူခရီးသွားရင်း အဆက်အသွယ်မရ ပျောက်ဆုံးနေ

နိုဝင်ဘာ ၈ – ၂၀၂၅ SN (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မိသားစုနှစ်စုဟာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစီးတည်းနဲ့ အတူတူ ခရီးသွားနေရာကနေ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပျောက်ဆုံးနေသူတွေဟာ ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နဲ့ ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ တန်ဆောင်တိုင် ပိတ်ရက်ဖြစ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးဘက်ကို ကားနံပါတ် 7M-9611 နဲ့ ဘုရားဖူးခရီး ထွက်သွားကြတာဖြစ်ပြီး လက်ရှိမှာ အဲဒီ ကားနဲ့အတူ ခြောက်ယောက်လုံး အဆက်အသွယ်မရ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့…

Read More

ပွင့်ဖြူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးတယောက်အပါအဝင် ၈ ယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

နိုဝင်ဘာ ၈ – ၂၀၂၅ KKL- (VOM) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက အသက် ၁၂ နှစ်အရွယ်ကလေးတယောက်အပါအဝင်လူ ၈ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ”နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီကျော်ကျော်လောက်မှာ ဖမ်းခေါ်ခံရတာ။ မုန်းဇလဲကျေးရွာထဲကို ၁၀ ယောက် လောက်ပါတဲ့ လက်နက်ကိုင်အဖွဲ့ကလာပြီး အိမ်တွေထဲ အထိ ဝင်ပြီးဖမ်းခေါ်သွားတာ။ ဆိုင်ကယ်တွေနဲ့လာကြတာ။ အားလုံး ၈ ယောက်ဖမ်းခေါ်ခံရတယ် ။ ဒီနေ့အထိ လွတ် မလာသေးပါဘူး။”လို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံ တယောက်ကပြောပါတယ်။ အဲ့ဒီ ဖမ်းခေါ်ခံရတဲ့မိသားစုဝင်တွေက မုန်းဇလဲကျေးရွာက ဒေသခံတွေဖြစ်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊…

Read More
VOM News

FREE
VIEW