ဝမ်းတွင်းမှာ G12 ကျောင်းသား နှစ်ယောက် ရေနစ်သေဆုံး ၊ အလောင်း ဆက်လက် ရှာဖွေနေ

နိုဝင်ဘာ ၁၃ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊စမုံချောင်းအတွင်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက်ပိုင်းက ကျောင်းသား နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး အလောင်းကတော့ ခုချိန်ထိရှာဖွေ တွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ရေနစ်သေဆုံးတဲ့ ကျောင်းသား နှစ်ယောက်မှာ အသက် ၁၇ နှစ်အရွယ် Grade 12 တက်ရောက်နေတဲ့ ကျောင်းသားတွေဖြစ်ပြီး ဝမ်းတွင်းမြို့နယ် ၊ ရွာသစ်ရွာ ( ကိုင်း) ကဖြစ်တယ်လို့ သိရပါတယ် ။ ” မနေ့ကတည်းက ရှာနေတာ ဒီနေ့ရောပဲ ။ခုထိ ရှာမတွေ့သေးဘူး ။ ကလေးတွေက ဘေးရွာက အပြန် ချောင်းထဲဆင်း ချိုးရာကနေ ရေနက်ထဲ ရောက်ပြီး ရေနစ်သွားတယ် ထင်ပါတယ်။ စမုံချောင်းက ရေစီးလည်း သန်တယ် ။ မနေ့ကတည်းက…

Read More

သိန္နီမှာ တစ်သျှူးငှက်ပျောစိုက်ဖို့ တရုတ်လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေ

နိုဝင်ဘာ ၁၃၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ထိန်း ချုပ်ထားတဲ့ သိန္နီမြို့မှာ တစ်သျှူး ငှက်ပျော စိုက်ဖို့အတွက် တရုတ်လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေပြီး မြေငှားရမ်းဖို့အတွက် လာရောက်လေ့လာမှုတွေ လုပ်နေတယ်လို့ သိန္နီမြို့ ခံတွေက ပြောပါတယ်။ အခုလအတွင်း တရုတ်ပြည် ရွှေလီနဲ့ လင်ချန်း နယ်စပ်ကနေ တရုတ်လုပ်ငန်းရှင်တွေ နေ့တိုင်းနီးပါး သိန္နီမြို့ကို ရောက်လာပြီး မြို့အနောက်ဘက် မိုင်းပါးရွာနဲ့ ဟိုနားရွာ တဝိုက်က မြေတွေကို လာရောက်လေ့လာနေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ပန်လော့ရွာနဲ့ စယ်အူရွာမှာက ပြောင်းစိုက်ခင်းတွေ၊ ကြံစိုက်ခင်းတွေ ဖြစ်နေပြီ။ အခုက တစ်သျှူး ငှက်ပျောအတွက် ဆိုပြီး မြေနေရာတွေ လာကြည့်နေကြတာ။ သူတို့က မြို့ အနောက်ဘက်အခြမ်းကို ပိုစိတ်ဝင်စားနေကြတယ်” လို့ သိန္နီမြို့ခံတယောက်က ပြောပါတယ်။ တရုတ်နယ်စပ်နဲ့…

Read More

နန်းစံနေဆဲ ထိုင်းဘုရင်တပါး တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်

ပေကျင်း၊ နိုဝင်ဘာ-၁၃-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနိုင်ငံဘုရင် မဟာဝဇီရာလောင်ကွန်းဟာ နိုဝင်ဘာ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး သူဟာ လက်ရှိနန်းစံနေတဲ့ ထိုင်းဘုရင်တပါးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်းဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်အရ ထိုင်းဘုရင်ရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီခရီးစဉ်အတွက် နှစ်အတော်ကြာကတည်းက တွန်းအားပေးနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ထိုင်းနဲ့ တရုတ်နိုင်ငံအကြား အဆင့်အားလုံးမှာ နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှုကို အလေးပေးဖော်ပြတာဖြစ်တယ်လို့ ထိုင်းအစိုးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်နှင့် နဲ့ မိဖုရားစုသီတာတို့ဟာ လင်ဂွမ်ဗုဒ္ဓဘာသာဘုရားကျောင်းနံ့ ပေကျင်းအာကာသမြို့တော်ကဲ့သို့သော ပေကျင်းရှိ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ သမ္မတရှီနဲ့ သမ္မတကတော်တို့ကလည်း ထိုင်းတော်ဝင်မိသားစုအတွက် နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ ဘုရင်ဝဇီရာလောင်ကွန်း လွန်ခဲ့တဲ့…

Read More

စစ်ရှောင်ကာလ ကြာမြင့်လာလို့ ဖားကန့်ကျေးရွာ ၁၃ ရွာမှ စစ်ရှောင်တွေ စာနပ်ရိက္ခာ အကြပ်အတည်း ပိုဆိုးလာ

နိုဝင်ဘာ ၁၂ ၊ ၂၀၂၅ GG (VOM) ဖားကန့်ဒေသရှိ ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေမှာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်း ရှောင်နေရတာ ငါးလကျော်တဲ့အထိ ကြာမြင့်လာပြီ ဖြစ်တာကြောင့် စားနပ်ရိက္ခာ အကြပ်အတည်း ပိုဆိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ စစ်ရှောင်ရတဲ့ ကာလကြာမြင့် လာတာကြောင့် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ အကူအညီတွေ ၊ ကျန်းမာရေးအတွက် ဆေးဝါးတွေ အပါအဝင် စတဲ့အကူအညီတွေ လိုအပ်မှုရှိလာ နေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်တွေကို ပုံမှန် ကူညီသူ ပေးနေသူတွေ အနေနဲ့ လက်ရှိဖြစ်နေတဲ့ ဖားကန့်ဒေသ စစ်ရေး အခြေအနေကြောင့် အကူအညီ ထောက်ပံ့မှုတွေ လျော့လာတဲ့အတွက် လိုအပ်ချက်တွေ ရှိလာနေတာဖြစ်တယ်လို့ သိရပါတယ် ။ ” စစ်ရှောင်စခန်းတွေက မြို့ပေါ်မှာတော့ သိပ် မရှိဘူး ။ မှော်တွေထဲမှာ…

Read More

ဆိပ်ဖြူက တံတားအင်ဂျင်နီယာတယောက် လက်နက်ကိုင်အဖွဲ့ ဖမ်းခံရပြီး ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေ

နိုဝင်ဘာ ၁၁ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက် ကျောက်ပန်းတောင်း မြို့နယ်ဘက်မှာ လက်နက်ကိုင်အဖွဲ့ တခုရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေတယ် လို့သိရပါတယ်။ ” ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး ။ ရဲတပ်ဖွဲ့ နဲ့ တပ် ဘက်ကတော့ လိုက် စုံစမ်း ရှာနေပါတယ် ။ ခုထိတော့ အဆက်အသွယ်မရသေးဘူး သိရတယ် ။ ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ်။ ဖမ်းဆီးခံရသူကတော့ အငယ်တန်းအင်ဂျင်နီယာ ၁ (မြို့ပြ) ဦးဇော်လင်း ဆိုသူ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က တောင်သာမြို့နယ် ဝဲလောင်ရွာကို သွားရောက်ချိန် ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ…

Read More

ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်​တွေ အရေးပေါ် အကူအညီလိုအပ်နေ

နိုဝင်ဘာ ၁၁ -၂၀၂၅ KKL(VOM) ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်​တွေဟာ စားနပ်ရိက္ခာတွေနဲ့ ဆောင်းကာလအသုံးအဆောင်တွေအရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီကသိရပါတယ်။ ”တချို့စစ်ရှောင်တွေက မြို့ပေါ်ကမိသားစုတွေဆီမှာနေတယ်။ တချို့စစ်ရှောင်တွေက​တော့ သူ့တို့အစီအစဉ်နဲ့သူတို့ တောတောင်တွေထဲမှာနေတယ်။တချို့ကလည်းဘုန်းကြီးကျောင်းတွေမှာနေတယ်။ အခုအကူအညီလိုအပ်နေတာကတောတောင်တွေထဲမှာနေတဲ့ စစ်ရှောင်တွေနဲ့ဘုန်းကြီး ကျောင်းတွေမှာနေတဲ့စစ်ရှောင်တွေပါ။စားစရာအပြင် ဆောင်းတွင်းဝတ် အဝတ်အထည်တွေပါ လိုအပ်နေတာ။ စစ်ရှောင်နေရတဲ့ ကာလလည်း ကြာလာတာနဲ့ လှူတန်းတဲ့သူ မရှိတော့စစ်ဘေးရှောင်တွေတော်တော် ခက်ခဲနေတာ” ‘လို့ စစ်ရှောင်အရေး ကူညီပေးနေသူကပြောပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ၊ သံတွဲ ၊ အမ်းနဲ့ ဂွမြို့နယ်တွေကထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်တွေအပြင် ဧရာဝတီတိုင်းထဲက လေးမျက်နှာ ၊ ရေကြည် ၊ ကျုံပျော် ၊ အင်္ဂပူ ၊ ငါးသိုင်းချောင်း ၊ သာပေါင်းစတဲ့ ဒေသ တွေကတိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့သူတွေဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းအထိရှိတယ်လို့ သိရပါတယ်။ ”လက်ရှိ အချိန်အထိတိုက်ပွဲရှိနေတော့ စစ်ရှောင်တွေက…

Read More

လွှတ်တော်နေရာနဲ့ မဲပေးစနစ်

SS (VOM) လွှတ်တော် အသီးသီးအတွက် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ကျင်းပတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာ့သမိုင်းမှာ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်ပါတယ်။ ကြားဖြတ်​ရွေး​ကောက်ပွဲ​သေး​တွေကို ထည့်သွင်း​ရေတွက်မထားပါဘူး။ ထူးခြားချက်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ အရင် မဲပေးစနစ်ဖြစ်တဲ့ အနိုင်ရသူ အကုန်ယူစနစ် (First Past the Post System – FPTP) အပြင် ရောနှောထားတဲ့ ကိုယ်စားလှယ် အချိုးကျစနစ်…

Read More

နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကမ္ဘောဒီးယားကို ထိုင်းက တောင်းပန်ခိုင်း

ဘန်ကောက် ၊ နိုဝင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) ထိုင်းစစ်သားတွေ ဒဏ်ရာရစေခဲ့တဲ့ နယ်စပ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားကို တောင်းပန်ဖို့ တောင်းဆိုလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ကမ္ဘာဒီးယားဟာ နယ်စပ်‌ဒေသမှာ မြေမြုပ်မိုင်းအသစ်တွေ ထောင်ထားတယ်လို့ ထိုင်းက စွပ်စွဲထားပြီး ဒီဖြစ်စဉ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အာဆီယံကြားဝင်ပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။ ဇူလိုင်လအတွင်းက ငါးရက်ကြာ နယ်စပ်ပဋိပက္ခအတွင်း ဒုံးကျည်၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၄၈ ယောက်ထက်မနည်း သေဆုံးပြီး နှစ်ဖက်ပြည်သူ သုံးသိန်းကျော်ဟာ ယာယီနေရပ်စွန့်ခွာခဲ့ရပါတယ်။ လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး “ကမ္ဘောဒီးယားဘက်က တောင်းပန်မှု ထုတ်ပြန်စေချင်ပါတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က သတင်းထောက်တွေကို ပြောပါတယ်။ “ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်သူက တာဝန်ယူမလဲဆိုတာကို အတိအကျ…

Read More

ပြင်ဦးလွင်မှာ ရွှေဆိုင်ဓားပြတိုက်ခံရလို့ လုံခြုံရေးဝန်ထမ်း သေဆုံး ၊ ဓားပြ တယောက်ဖမ်းမိထား

နိုဝင်ဘာ ၁၂ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးရှိ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ ဒီနေ့မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးဝန်ထမ်းအမျိုးသား သေဆုံးခဲ့ တယ်လို့သိရပါတယ်။ ဒီကနေ့ မနက် ၈ နာရီ ၃၀ မိနစ်အချိန်လောက်မှာ ရွှေဆိုင်ဖွင့်ဖို့ ပြုလုပ်နေစဥ် သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်လာပြီး သေနတ်ပြ ချိန်းခြောက်ကာ ရွှေထည်ပစ္စည်းတွေကို လုယက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဓားပြတိုက် လုယက်သူတွေထဲက တယောက်ကိုတော့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ပြီး တယောက်ကတော့ ထွက်ပြေးသွား တယ်လို့ ကနဦး သိရပါတယ်။ ” လုယက်တဲ့တယောက်ကို ဆိုင်လုံခြုံရေးက ဝင်ပြီးထိုးသတ်တာမှာ သေနတ်နဲ့ပစ်ခံရပြီး သေသွားတာ လို့သိရတယ်။ အမျိုးသမီး တယောက်လည်း ဒဏ်ရာရတယ်။ တယောက်တော့မိတယ် ။ တယောက်က လွတ်သွားတယ် ။…

Read More

ဖားကန့်မှာ တိုက်ပွဲ​တွေ​ကြောင့် ယခုရက်ပိုင်းအတွင်း သေဆုံးသူ ဒဏ်ရာရသူတွေ အ​ရေအတွက်များလာ

နိုဝင်ဘာ ၁၁ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ၊ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လေကြာင်းတိုက်ခိုက်မှုပါ ရှိလာကာ လူသေဆုံးမှု နဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကထန်ကွက်သစ်ထဲက အမျိုးသမီး တယောက် သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။ ” လေယာဥ်တွေ ဝဲနေတယ်ဆိုပြီး သတိထားနေတုန်း ကြဲချသွားတာ ။ ကထန်ကွက်သစ်ထဲက အိမ်ပေါ်ကျပြီး သားအမိနှစ်ယောက်မှာ အမေကဆုံးသွားတယ် ။ သုံးနှစ်အရွယ် သားလေးက ဒဏ်ရာရတယ်။ နောက်ထပ် လူကြီးနှစ်ယောက် ဒဏ်ရာရတယ် ။အခုက ဘာတွေဖြစ်နေမှန်းကို မသိဘူး…

Read More