နိုဝင်ဘာ ၇ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၇ ရက်၊ မနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ဒဏ်ရာရရှိသူ ခုနစ်ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ “လေယာဉ်သံ ကြားတာနဲ့ တိုက်ခိုက်မှုဖြစ်တာက တဆက်တည်းလို ဖြစ်သွားတာ။ ရှောင်ချိန် မရလိုက်ကြဘူး။ မနက် ၁၁ နာရီကနေစပြီး နာရီဝက်အတွင်း ဆက်တိုက် ဖြစ်သွားတာ။ လူသေဆုံးက ကျွန်တော်တို့ သိထားသလောက်က ငါးယောက်၊ မသိသေးတာတွေလည်း ရှိနိုင်တယ်။ အရေးပေါ် ဆေးကုနေရတဲ့ သူတွေလည်းရှိတယ်”…
Read Moreရန်ကုန် – မော်လမြိုင် ရထားခရီးစဉ် နိုဝင်ဘာ ၉ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမယ်
နိုဝင်ဘာ ၈ – ၂၀၂၅ SS (VOM) ရထားလမ်းပိုင်း မိုင်းထောင် ဖျက်ဆီးခံရမှုကြောင့် ယာယီရပ်နားရတဲ့ ရန်ကုန် – မော်လမြိုင် ခရီးစဥ်တွေကို လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား၊ မိုင်တိုင် ၁၂၅/၁၈- ၁၉ ကြားမှာ မနေ့ နိုဝင်ဘာ ၇ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဥ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ရထားခရီးစဉ်တွေ နှစ်ရက်ကြာ ယာယီ ရပ်နားထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ရထားသံလမ်း နှစ်ဆက်လောက် ပျက်စီးသွားပြီး အမှတ်…
Read Moreရခိုင်မှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁၀ ရက်ကျော်အတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့
နိုဝင်ဘာ ၈ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ၁၀ ရက်ကျော်အတွင်း လူ အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကနေ အခု နိုဝင်ဘာ ၇ ရက်အထိ ၁၃ ရက်အတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု နှစ်ကြိမ်၊ ဒရုန်းကျရောက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး VOM က ရရှိထားတဲ့ အချက်အလက်တွေအရ လူသေဆုံးမှုတွေအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၅၀ နီးပါး ရှိခဲ့ပါတယ်။ “ဒီရက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပိုပြီး စိပ်လာတယ်ပြောရမယ်။ သတိထားမိသလောက် ဒီနောက်ပိုင်း မြေပြင်ကရော၊ ဝေဟင်ကပါ တိုက်ခိုက်မှုတွေက နေ့စဉ်ရက်ဆက်…
Read Moreသူတို့အိမ် အခန်း – ၂၇
ဟုတ်ပြီ။ ကျွန်တော် လိုချင်တာ ဒါပဲ ——————————————- သည်တစ်ခါ အမှတ် ၂၁ အ.ထ.က တွင် ကျွန်တော် ပဉ္စတန်းသို့ စတင် တက်ရောက်သည့် ကာလသို့ နောက်ကြောင်းပြန်သွားပါရစေဦး။ အဘယ်ကြောင့်ဆိုသော ထိုစဉ်ကာလများမှာ အစ်မဖြစ်သူ မမခင်ဝင်းအကြောင်း ပြောရမှာမို့ ဖြစ်ပါသည်။ တကယ်တော့ ထိုအကြောင်းတွေကို မပြောချင်တော့ပါ။ ပြောခဲ့ပေါင်း ရေးခဲ့ပေါင်းလည်း များလှပါပြီ။ ပြောသည့် ရေးသည့် အခါတိုင်းလည်း မေ့ပျောက်လျစ်လျူရှုထားသော ဒါဏ်ရာတွေက ပေါ်လာသည်ချည်းမို့ အကျိုးထက် အဆိုးပဲ ခံစားရခြင်းကြောင့် ဖြစ်ပါသည်။ တစ်ခါတရံ စဉ်းစားမိပါသည်။ လူတစ်ယောက် အတွက် အကြောင်းအရာတစ်ခုက အကျိုးမပေးလျှင် သူ့ဘဝတစ်လျှောက်လုံး မည်မျှပင် ကောင်းအောင် အကြိမ်ကြိမ်အဖန်ဖန် လုပ်ကိုင်သော်လည်း အရာမထင်ခဲ့သည့် အကြောင်း ဖြစ်ပါသည်။ မမခင်ဝင်းသည် မထင်မှတ်ဘဲ ဆရာမကြီး…
Read Moreစတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် ဖမ်းဆီးခံရပြီ
နိုဝင်ဘာ ၈ – ၂၀၂၅ SS (VOM) စတိတ်စင်ပေါ်မှာ ညစ်ညမ်း စကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် Wink Owens ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်ပြီဖြစ်ပြီး လက်ရှိ အချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ အဲဒီ အဆိုတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်း စကားတွေ ပြောဆိုခဲ့တဲ့ ၎င်းရဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် လူထုကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပြီး ဖမ်းဆီး အရေးယူပေးဖို့ ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ပြီးတဲ့နောက် သူဟာ…
Read Moreမုန်တိုင်းကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့တဲ့ ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းဖြစ်လာနိုင်တဲ့ မုန်တိုင်းဖန်ဝမ် ဦးတည်နေ
မနီလာ၊ နိုဝင်ဘာ-၈-၂၀၂၅ မျိုးဆက်(VOM) မကြာသေးမီရက်အတွင်း မုန်တိုင်းကြောင့် လူရာချီသေဆုံးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ဖွန်ဝမ် ဦးတည်နေပြီး မနက်ဖြန် ကုန်တွင်းပိုင်းကို မဝင်ရောက်မီ စူပါတိုင်ဖွန်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ဖိလစ်ပိုင် မိုးလေး၀သဌာနက သတိပေးပါတယ်။ ဖန်ဝမ် တိုင်ဖွန်းမုန်တိုင်းကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၅ မီတာအထိ ရှိလာနိုင်ပြီး မုန်တိုင်းရဲ့ ဧရိယာဟာ ကီလိုမီတာ ၁၅၀၀ ရှိကာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ နိုင်ငံအရှေ့ပိုင်းမှာ စတင်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်း၏ ကြီးမားသော လည်ပတ်မှုသည် ၁၅၀၀ ကီလိုမီတာ ရှည်လျားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ဖြင့် အရှေ့ပိုင်းဖိလစ်ပိုင်ဒေသများကို တိုက်ခတ်နေပြီဟု PAGASA မိုးလေဝသခန့်မှန်းသူ ဘီနီဆန် အက်စတာရာဂျာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “မုန်တိုင်းက တနိုင်ငံလုံးနီးပါးကို လွှမ်းခြုံနိုင်တယ် ” ဖိလစ်ပိုင် မိုးလေဝသဌာနမှ…
Read Moreဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး(ငြိမ်း) စည်သူ မြထွန်းဦး ပြင်ဦးလွင်မှာ မဲဆွယ်
နိုဝင်ဘာ ၈ -၂၀၂၅ Voice Of Myanmar လာမယ့်ရွေးကောက်ပွဲမှာ ပြင်ဦးလွင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး(ငြိမ်း) လက်ရှိ ပြည်ထောင်စု ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ထွန်းဦးဟာ ပြည်ခိုင်ဖြိုးပါတီကနေဝင်ပြိုင်မယ့် တခြားကိုယ်စားလှယ်တွေနဲ့အတူ ပြင်ဦးလွင်မှာ ဒီနေ့ နိုဝင်ဘာ ၈ရက်နေ့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီကနေ့ ပြင်ဦးလွင်ရပ်ကွက်ကြီး (၁) က မင်္ဂလာခမ်းမတခုမှာ မဲဆန္ဒရှင်တွေကို ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးစနစ်တွေကို ရှင်းပြခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဘာ့ကြောင့်ပြင်ဦးလွင်ကဝင်ပြိုင်ရသလဲဆိုတာ ရှင်းပြခဲ့သလို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဟိန်းမင်းဦးနဲ့ ရှမ်းတိုင်းသားရေးရာဝန်ကြီး စိုင်းအောင်ကြည်တို့က ပြည်သူ့အတွက် သူတို့လုပ်ဆောင်ပေးမယ့်ကိစ္စတွေကို ခုလိုပြောပြခဲ့ပါတယ်။
Read Moreကျောက်ဆည်က မိသားစုနှစ်စု ကားတစီးတည်းနဲ့ အတူခရီးသွားရင်း အဆက်အသွယ်မရ ပျောက်ဆုံးနေ
နိုဝင်ဘာ ၈ – ၂၀၂၅ SN (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မိသားစုနှစ်စုဟာ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကို ကားတစီးတည်းနဲ့ အတူတူ ခရီးသွားနေရာကနေ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပျောက်ဆုံးနေသူတွေဟာ ကျောက်ဆည်မြို့ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်နဲ့ ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ တန်ဆောင်တိုင် ပိတ်ရက်ဖြစ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးဘက်ကို ကားနံပါတ် 7M-9611 နဲ့ ဘုရားဖူးခရီး ထွက်သွားကြတာဖြစ်ပြီး လက်ရှိမှာ အဲဒီ ကားနဲ့အတူ ခြောက်ယောက်လုံး အဆက်အသွယ်မရ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့…
Read Moreပွင့်ဖြူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးတယောက်အပါအဝင် ၈ ယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်
နိုဝင်ဘာ ၈ – ၂၀၂၅ KKL- (VOM) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက အသက် ၁၂ နှစ်အရွယ်ကလေးတယောက်အပါအဝင်လူ ၈ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ”နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီကျော်ကျော်လောက်မှာ ဖမ်းခေါ်ခံရတာ။ မုန်းဇလဲကျေးရွာထဲကို ၁၀ ယောက် လောက်ပါတဲ့ လက်နက်ကိုင်အဖွဲ့ကလာပြီး အိမ်တွေထဲ အထိ ဝင်ပြီးဖမ်းခေါ်သွားတာ။ ဆိုင်ကယ်တွေနဲ့လာကြတာ။ အားလုံး ၈ ယောက်ဖမ်းခေါ်ခံရတယ် ။ ဒီနေ့အထိ လွတ် မလာသေးပါဘူး။”လို့ဖြစ်စဉ်ကိုသိတဲ့ ဒေသခံ တယောက်ကပြောပါတယ်။ အဲ့ဒီ ဖမ်းခေါ်ခံရတဲ့မိသားစုဝင်တွေက မုန်းဇလဲကျေးရွာက ဒေသခံတွေဖြစ်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊…
Read Moreသူတို့အိမ် အခန်း – ၂၆
ဆူးငှက် စလေကိုယ်တော်ကြီး သပိတ်ပေါ်က သတင်းစာတွေ ———————————————————— မနက်စောစော အိမ်သို့ ဆွမ်းခံကြွလာသည့် စလေကိုယ်တော်ကြီးက ဦးကြီးလှတင်၏ လှဂုဏ်ရည် ဓာတ်ပုံတိုက်မှ သတင်းစာများ ယူလာတာ ကျွန်တော် ပြောခဲ့ဖူးပါသည်။ စလေကိုယ်တော်ကြီး၏ သပိတ်ဖုံးပေါ်မှာ အရင်ကတော့ မန္တလေးမြို့ထုတ် လူထုသတင်းစာနှင့် ရန်ကုန်မြို့က ထုတ်ဝေသော ကြေးမုံသတင်းစာတို့ ပါသည်။ ကျွန်တော် လေးတန်းအောင်သည့် နှစ်မှာပဲ လူထုသတင်းစာ မပါတော့။ နောက် ကြေးမုံသတင်းစာ ပါမလာတော့။ ထိုသတင်းစာများ အစား လုပ်သားပြည်သူ့နေ့စဉ် ဟူသော သတင်းစာ ပါလာသည်။ ကျွန်တော် ငါးတန်းရောက်တော့ ဦးကြီးဘထွန်းအိမ်မှာ ဆွမ်းခံရင်း နားကာ ဆေးလိပ်ဖွာနေတတ်သော စလေကိုယ်တော်ကြီး သပိတ်ဖုံးပေါ်မှာ ပါလာသည့် သတင်းစာများကို အပြေးအလွှား သွားဖတ်သည်။ သည်လိုနှင့် ဦးကြီးချို၏ အလုပ်ကုတင်ဘေးက ဂျာနယ်တွေ ဖတ်လိုက်၊ ရေချိုးသွားရင် ကျော်ကျော့်အိမ်က အရီးဒေါ်လှရှင်း အိပ်ရာဘေး…
Read More




