မေ ၂၉ – ၂၀၂၆ SS (VOM) မနေ့ မေ ၂၈ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန်မြို့၊ ရန်ကုန်မြစ်အတွင်း စက်တပ်လှေတစီး တိမ်းမှောက်ပြီး သုံးယောက် ပျောက်ဆုံးနေတယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီ စက်လှေဟာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကူးတို့ဆိပ်ကနေ ဒလမြို့ မှော်စက်ရပ်ကွက် ကူးတို့ဆိပ်ကိုကူးတဲ့ စက်တပ်လှေဖြစ်ပြီး လှေပေါ်မှာ စက်လှေမောင်းသူအပြင် ခရီးသည် ၁၁ ယောက် လိုက်ပါလာတာလို့ သူက ပြောပါတယ်။ “စက်လှေမှောက်တာက ရေတက်လာတဲ့အချိန်မှာ ရေလှိုင်းတွေ ကြီးလာတယ်၊ မိုးတွေရွာ၊ လေတိုက်တဲ့အချိန်မှာ ဝဲကလည်း ရှိတဲ့အခါကျတော့ လှေထွက်တဲ့အချိန်မှာ ဝဲရိုက်ပြီး မတော်တဆဖြစ်တဲ့ ကိစ္စပါ။ ကားကူးဇက်က တိုက်မိတာမဟုတ်ပါဘူး။ အဲဒီအချိန်က ကားကူးတဲ့…
Read Moreယာဥ်အို ယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး တိကျတဲ့ အမိန့်ညွှန့်ကြားချက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်
မေ ၂၉ ၊ ၂၀၂၆ GG (VOM) သက်တမ်းနှစ် ၂၀ ကျော်တဲ့ကားတွေနဲ့ သက်တမ်း နှစ် ၂၀ မပြည့်သေးပေမယ့်လည်း ယာဥ်အပ်နှံမယ်ဆိုပါက EV လျှပ်စစ်ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး တိကျတဲ့ အမိန့်ညွှန့်ကြားချက်တွေ ထပ်မံထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားတာက ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်တဲ့ကားတွေ ၊ ကားကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်လို့မရနိုင်တဲ့ ယာဉ်တွေနဲ့ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်ပေမယ့်လည်း မိမိဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေကို အပ်နှံတဲ့ယာဥ်ရဲ့ တန်ဖိုးနဲ့အညီ လျှပ်စစ်သုံးယာဉ် EV ကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးတဲ့ ဖျက်သိမ်းယာဉ် ထောက်ခံချက်…
Read Moreဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီး ကွယ်လွန်
မေ ၂၉ – ၂၀၂၆ SN (VOM) ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ လူရွှင်တော် ပန်းသီးဟာ ဒီကနေ့ မေ ၂၉ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ဂရန်းဟံသာဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ သီးလေးသီး အဖွဲ့ဝင်တယောက်ဖြစ်သူ လူရွှင်တော် ပန်းသီး (ခေါ်) ဦးမျိုးဇော်ဟာ ၁၉၇၇ ခုနှစ်၊ မတ် ၃ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၄၉) နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ လူရွှင်တော် ပန်းသီး ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်က “ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် လူရွင်တော် ပန်းသီး (သီးလေးသီး) ယနေ့ နေ့လယ် ၁ နာရီမှာ ကွယ်လွန်သွားကြောင် ကြားသိရပါ၍…
Read Moreဖားကန့် ၊လုံးခင်းမှာ သေနတ်နဲ့ပစ်သတ်ခံရသူတွေရှိလာသလို ဓားပြတိုက်မှုတွေလည်း များလာနေ
မေ ၂၉ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေသလို လမ်းဘေး ပစ်သတ်ခံရသူတွေလည်း ရှိလာနေတယ်လို့ ဒေသခံဆီက သိရပါတယ် ။ ဒီကနေ့ မေ ၂၉ ရက် မနက်ပိုင်းက လုံးခင်းတိုက်နယ်ဆေးရုံကုန်းအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း သုံးလောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ” အသတ်ခံရတဲ့ သူသုံးယောက်လုံးက လုံးခင်းမှာပဲ နေကြတာ ။ ဘယ်သူတွေသတ်သွားလဲတော့ မသိကြဘူး။ အလောင်းတွေက ဒီနေ့မနက်မှတွေ့တာ ။ လုံးခင်းမှာ ဓားပြတိုက်မှုတွေလည်း များလာတယ်။ တချို့က ထုတ်မပြောလို့ အင်တာနက်ပေါ်ရောက်မလာတော့ လူသိပ်မသိဘူး ။ အင်တာနက်ပေါ်ရောက်လာတာလောက်ပဲ သိရတာ ။ ဘယ်သူတွေလုပ်မှန်းလည်းမသိဘူး ။ ” လို့ ဒေသခံကပြောပါတယ်။ မနေ့က မေ ၂၈…
Read Moreကသာခရိုင်အတွင်းက အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ်
မေ ၂၉ – ၂၀၂၆ SS (VOM) အခု ၂၀၂၆ – ၂၀၂၇ ခုနှစ်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်နမိတ်အစပ် ကသာခရိုင်အတွင်းရှိ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့က အခြေခံပညာ စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခြေခံပညာကျောင်းတွေကို ကသာမြို့မှာ ၈၃ ကျောင်း၊ ဗန်းမောက်မြို့မှာ ၅၈ ကျောင်း၊ ထီးချိုင့်မြို့မှ ၉ ကျောင်း၊ အင်းတော်မြို့မှာ ၅ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်း ဖွင့်လှစ်ပေးဖို့ လျာထားတယ်လို့ သိရပါတယ်။ “ကသာခရိုင်ထဲမှာက တချို့ နေရာတွေမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ရှိနေသေးတာ မှန်ပေမယ့် အစိုးရက လုံခြုံရေးပိုင်း စိတ်ချရတဲ့နေရာတွေက ကျောင်းတွေကို…
Read Moreကျောင်းနေအရွယ် ကလေးတွေကို အစိုးရကျောင်းထားရင် အရေးယူမယ်လို့ ပုလဲ ပအဖ သတိပေး
မေ ၂၉ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေကို အစိုးရကျောင်း အပါအဝင် ဘုန်းတော်ကြီးသင်ကျောင်း ၊ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းမထားဖို့နဲ့ ကျောင်းထားပါက အရေးယူသွားမယ်လို့ ပုလဲမြို့နယ် ပအဖ က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျောင်းအပ်ထားပြီး ဖြစ်တဲ့မိဘတွေ အနေနဲ့လည်း ကလေးကို ဇွန် ၃၀ ရက်နေ့နောက်ဆုံးထား ပြန်ခေါ်လာပြီး NUG ကြားကာလ ပညာရေး ကျောင်းတွေမှာ အပ်နှံရမယ်လို့ စာမှာရေးသားထားပါတယ်။ ကလေးတွေကို ကျောင်းထားတာနဲ့ပတ်သက်ပြီး ခုလို ထုတ်ပြန်သတိပေးလာတဲ့အပေါ် ပုလဲမြို့နယ်ရှိကျောင်းသားမိဘတယောက်က ” ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေတယ်ဆိုပြီး ခုလိုတဖက်သတ်ဆန်ဆန် အမိန့်တွေထုတ်နေတာ မှားနေပြီ ။NUG ကျောင်းကိုတက်စေချင်ရင် အဲဒီကျောင်းအပေါ်ပြည်သူတွေအယုံကြည်ရှိလာအောင် လုပ်ရမှာ ။ အခုက အဲဒီလိုမလုပ်ဘဲ ဟိုကျောင်းမတက်ရဘူး ဘာညာလိုက်လုပ်နေတာ ။…
Read Moreဖားကန့် – ကာမိုင်းလမ်း ပြန်ပွင့်
မေ ၂၈၊ ၂၀၂၆ Shy V (VOM) ဖားကန့် – နန့်ယား – ကားမိုင်း လမ်းပိုင်းကို ဒီနေ့ မေ ၂၇ ရက်ကစပြီး KIA တပ်မဟာ ၉ ဘက်က ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကစပြီး စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားခဲ့တာပါ။ အခုတော့ ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေ သွားလာရ အဆင်ပြေစေဖို့ ပြန်ဖွင့်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်ကတော့ “လမ်းကတော့ ဖွင့်ပေးလိုက်ပြီ။ အခုက ကလေးတွေ ကျောင်းသွားတက်ဖို့ အဓိကထားပြီး ဖွင့်ပေးတဲ့သဘောပါ။ လက်ရှိ တိုက်ပွဲ ငြိမ်နေပေမယ့် နှစ်ဖက်တပ်တွေကတော့ ရှိနေဆဲပဲ” လို့ ပြောပါတယ်။ အရင်က ဖားကန့် – ကားမိုင်း…
Read Moreတနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ တသိန်းနီးပါးရှိလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေ
မေ ၂၈ – ၂၀၂၆ SN (VOM) တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ဦးရေ တသိန်းနီးပါးအထိ ရှိလာပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မြိတ်ခရိုင်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေဟာ အစိုးရတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး အများဆုံးဖြစ်ပွားရာ ဒေသတွေဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ရှောင် ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေကြရသလို နေအိမ် ပျက်စီးမှုတွေလည်း အများဆုံး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ ရေဖြူနဲ့ သရက်ချောင်း ဒေသတွေမှာလည်း တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေ တိုးပွားလာနေပြီး လူဦးရေ လေးသောင်းကျော်အထိ ရှိနေကာ ၎င်းတို့အတွက် ကူညီထောက်ပံ့မှုတွေ အလွန်လိုအပ်နေသလို ကော့သောင်းခရိုင်၊…
Read Moreစစ်ရေးအခြေအနေတွေကြောင့် ပဲခူးတိုင်းအတွင်း လူဦးရေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရ
မေ ၂၈ – ၂၀၂၆ SS (VOM) ပဲခူးတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အုတ်ဖို၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ ညောင်လေးပင်နဲ့ ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အုတ်ဖိုမြို့နယ် (အနောက်ခြမ်း) မှာ မေ ၂၁ ရက်မှစတင်ကာ အစိုးရတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး ဒရုန်း တိုက်ခိုက်မှုတွေလည်း ရှိနေတာကြောင့် ကြို့ကိုးပင်၊ ကိုင်းကြီး၊ မအူတန်း အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှ ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင် တောတောင်တွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ နတ်တလင်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက အစိုးရစစ်ကြောင်းတွေ ဝင်ရောက်လာကာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး မိုးရွာသွန်းမှုတွေကြောင့်…
Read Moreမြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်
မေ ၂၉ – ၂၀၂၆ SN (VOM) လာမယ့် ဇွန်လ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းကို မုတ်သုံဆက်လက် ဝင်ရောက်နိုင်ခြေ ရှိနေတဲ့အတွက် မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ လာမယ့် ဇွန်လဆန်းမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဆက်လက် ဝင်ရောက်နိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မုတ်သုံဝင်လာပြီဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းမှာလည်း အခုထက်ပိုပြီး မိုးရွာလာမယ့် အနေအထားမျိုးတွေရှိတယ်။ အဲဒါကြောင့် မြစ်တွေ၊ ချောင်းတွေမှာ ပြီးခဲ့တဲ့ နွေရာသီကာလ ရေနည်းနေတဲ့ အနေအထားကနေ ရေပြန်လည် မြင့်တက်လာနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်…
Read More




