မေ ၂၃ ၊၂၀၂၆ GG (VOM) တိုက်ပွဲတွေကြောင့် ကသာ – နဘားလမ်းဆုံမှာ ကားတွေရာနဲ့ချီပိတ်မိနေတာ လေးရက်ထိရှိလာပြီဖြစ်တာကြောင့် ကားသမားတွေနဲ့ ခရီးသည်တွေ ဒုက္ခရောက်နေကြရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လမ်းပိတ်ထားတာလေးရက်အထိ ကြာမြင့်လာတဲ့အတွက် ကွမ်းရွက်တွေ ၊ သစ်ပင်ပျိုးပင်တွေ အပါအဝင် ကုန်စိမ်းပစ္စည်းတွေ ပျက်စီးပြီး လွှင့်ပစ်ရတဲ့အထိ ရှိလာသလို ခရီးသည်နဲ့ကားသမားတချို့လည်း ခရီးစရိတ်ပြတ်တာတွေ ဖြစ်ပေါ်လာနေတယ်လို့ သိရပါတယ်။ ” ပိုက်ဆံတွေ စရိတ်တွေပြတ်သူပြတ်ကုန်ပြီ။ ဝယ်စားရတာ စျေးများတာကိုး ။ကသာနားမှာပိတ်တဲ့သူကတော်သေးတယ်။ နဘားဘက်ပိတ်တာတွေကျ လာရောင်းတဲ့ စျေးသည်ဆီက စျေးကြီးပေးဝယ်စားရတာလေ။ ကသာထက်တော့ စျေးပိုတာပေါ့။ ကွမ်းခြင်းတွေဆို နေပူလောင်မိလို့ ပျက်စီးကုန်တာ အများကြီးပဲ။ အကုန်ပျက်စီးတာ။ကွမ်းသမားတွေလည်း ဒုက္ခရောက်တယ်။ သစ်ပင်ပျိုးပင်တွေ သယ်လာတဲ့ကားတွေလည်း ဆယ်စီးလောက်ရှိမယ်ထင်တယ်။ အဲဒီကားပေါ်ကအပင်တွေလည်း အကုန်ညှိုး မကောင်းကြဘူး ။ တချို့က ဘုန်းကြီး ကျောင်းအိပ်တာရှိတယ်။တချို့က ကားပေါ်ပဲ ဖြစ်သလိုအိပ်ကြရတာ…
Read Moreကျိုက်ဒုံမြို့မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး သုံးယောက် သေဆုံး
မေ ၂၄ – ၂၀၂၆ SS (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ ဒီကနေ့ မေ ၂၄ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ကျိုက်ဒုံမြို့အထွက်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ဂိတ်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ပြင်းထန်ဒဏ်ရာရသူ တယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “လျှပ်တပြတ် တိုက်ခိုက်ခံရတာ။ KNU ဂိတ်နဲ့ ဘေးက အိမ်တွေပါထိတာ။ သုံးယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရ တယောက်ကလည်း အနီရောင်အဆင့်ပဲ။ လူနေအိမ်၊ အဆောက်အအုံ သုံးလုံးထက်မနည်း ပျက်စီးတာလည်း ရှိတယ်။ လေကြောင်း တိုက်ခိုက်တာလည်းဖြစ်ရော ဂိတ်မှာ တပ်စွဲထားတဲ့သူတွေက နေရာကနေ…
Read Moreအိန္ဒိယ-မြန်မာ ဆက်ဆံရေး သမိုင်းနှင့် နိုင်ငံရေးသုံးသပ်ချက်
MT(VOM) သမိုင်းဆိုတာ မြစ်တစ်စင်းကဲ့သို့ပင် ဖြစ်သည်။ မည်သည့်နေရာက စတင်စီးဆင်းခဲ့သည်ဖြစ်စေ၊ လမ်းခရီးတစ်လျှောက်တွင် ကွေ့ကောက်ဖြတ်သန်းကာ နောက်ဆုံး၌ ပင်လယ်ပြင်ကြီးထဲသို့ အတူတကွ စီးဝင်ပေါင်းစပ်သွားကြစမြဲ ဖြစ်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းကြီး ဖြစ်သော အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး သမိုင်းကြောင်းသည်လည်း ထိုနည်းအတိုင်းပင်။ ပထဝီဝင်အနေအထားအရ တောင်တန်းကြီးများ၊ တောနက်ကြီးများ ခြားနေစေကာမူ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် နိုင်ငံရေး ရေစီးကြောင်းတို့က ကျွန်ုပ်တို့နိုင်ငံနှစ်ခုကို ရှေးပဝေသဏီကတည်းက ရေကြည်ရာမြက်နုရာ ချည်နှောင်ပေးခဲ့ကြသည်။ ရှေးဟောင်းဗုဒ္ဓခေတ်မှသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ထို့နောက် ဖဆပလခေတ်နှင့် စစ်အာဏာရှင်ခေတ်များကို ဖြတ်သန်းကာ မကြာသေးမီက ကုန်လွန်သွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေတ်အထိ အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အနိမ့်အမြင့်၊ အတက်အကျတို့ကို နိုင်ငံရေးရှူထောင့်မှ သုံးသပ်ကြည့်ပါမည်။ (၁) ရှေးခေတ်ကာလ ယဉ်ကျေးမှုရေကြည်နှင့် သံတမန်အစ မြန်မာနှင့် အိန္ဒိယတို့၏ ဆက်ဆံရေးသည် နိုင်ငံရေးထက် ယဉ်ကျေးမှုနှင့် ဘာသာရေးက…
Read Moreကသာမှာ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိလာလို့ ဒေသခံတချို့ ထိတ်လန့်ပြီး ရွှေ့ပြောင်းရပြန်
မေ ၂၄ – ၂၀၂၆ SN (VOM) အစိုးရတပ် ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ မနေ့ မေ ၂၃ ရက်၊ ညနေပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် ဒေသခံတချို့ ထိတ်လန့်ပြီး ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ကသာမြို့အစွန်က ရပ်ကွက်တွေဖြစ်တဲ့ မိဿလင်း၊ စေတီကုန်း၊ ရပ်ကွက် (၅) အရှေ့ကုန်း အစရှိတဲ့ နေရာတွေက ဒေသခံတွေဟာ ကားကြီး၊ ကားငယ်တွေ၊ သုံးဘီးတွေ၊ ဆိုက္ကားတွေ အသုံးပြုကာ ပြောင်းရွှေ့နေကြတာဖြစ်ပြီး တဖန်ပြန်ပြီး တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “မနေ့ ညနေ ၄ နာရီလောက်က လက်နက်ကြီးနဲ့ တချက်၊ နှစ်ချက်လောက်ပစ်တယ်။ အဲဒီလို ပစ်လိုက်တဲ့အတွက် ဒီနေ့မနက်မှာ ကသာမြို့နယ် အစွန်းနားက ရပ်ကွက်တွေက လူတွေက ကြောက်လန့်ပြီး ရွှေ့ပြောင်းနေကြတာ။…
Read Moreဖားကန့်မှာ KIA တပ်ဖွဲ့က ဘုန်းကြီးကျောင်းအထိ လူသစ်စုဆောင်းလို့ သံဃာတော်တွေနဲ့ အခြေအတင်ဖြစ်
မေ ၂၄၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင်ဘက်မှာ KIA တပ်ဖွဲ့က မနေ့ မေလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဘုန်းကြီးကျောင်းအထိ လူသစ်စုဆောင်းလို့ သံဃာတော်တွေနဲ့ အခြေအတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လက်သီးနဲ့ထိုးတာ မဟုတ်ဘူး။ မအော်နဲ့ဆိုပြီး ပါးစပ်ကို အဝတ်နဲ့ ဆို့တယ်လို့ ကြားရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူဖို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကို လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။ “မနေ့ ညနေ ၅ နာရီလောက်က ဘုန်းကြီးကျောင်းဝင်းအတွင်း လူသစ်စုဆောင်ရေးဝင်ဆွဲသွားလို့ ရဟန်းသံဃာတွေနဲ့ အခြေအတင် ဖြစ်ပွားခဲ့တာ။ ရဟန်းတပါးကို ဆောင့်တွန်းခဲ့တဲ့အထိ ဖြစ်သွားတယ်လို့ သိရတယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ စစ်သားစုဆောင်းတဲ့…
Read Moreချင်းပြည်နယ်တောင်ပိုင်းကို လေကြောင်းဆက်တိုက်ဗုံးကြဲနေ၊ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅၀ နီးပါးအထိရှိခဲ့
မေ ၂၄ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို အစိုးရတပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတယ်လို့ စုံစသိရပါတယ် ။ ချင်းတောင်ပိုင်းမှာရှိတဲ့ ကန်ပက်လက် ၊မင်းတပ် ၊ မတူပီမြို့တွေကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် စစ်အင်အား ထောင်နဲ့ချီပြီး မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ် ။ ဒီကနေ့ မေ ၂၄ ရက်နေ့ မနက်ပိုင်း ၉ နာရီကနေ ၁၀ နာရီအတွင်းမှာပင် မတူပီမြို့နယ် ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကန်ပက်လက်မြို့နယ်မှာလည်း မနက်အစော ၁ နာရီလောက်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ရှိခဲ့ပြီး မနက် ၉ နာရီကျော်လောက်မှာ တကြိမ် လေကြောင်းတိုက်ခိုက်မှုရှိခဲ့ တယ်လို့…
Read Moreသူတို့အိမ် အခန်း (၁၂၀)
ဆူးငှက် စာမူ ခွင့်ပြုမိန့်ရပြီတဲ့ —————————- ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၊ု ထိုနေ့တွင် စာပေဗိမာန်သို့ ထပ်မံသွားရောက်စုံစမ်းတော့ လာမည့် တနင်္လာနေ့တွင် စာပေစိစစ်ရေးရုံးသို့ စာမူခွင့်ပြုချက် လာရောက် ထုတ်ယူပါ ဟူသော သတင်းကို ကြားသိရသည်။ ထို့ကြောင့် ဦးဇော်ဝင်းက အပြန်တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်သို့ ဝင်ပြီး တနင်္လာနေ့ထွက်မည့် သတင်းစာတွင် ထည့်သွင်းရန် အတွက် စာအုပ်ကြော်ငြာ အပ်ခဲ့သည်။ သို့သော် တနင်္လာနေ့ မရ၊ အင်္ဂါနေ့မှ ရမည်တဲ့။ အင်္ဂါနေ့က အင်္ဂလိပ်နှစ်ဆန်း ၁ရက်နေ့လေ။ ပိုကောင်းတာပေါ့ ဟု ဆိုကာ ဦးဇော်ဝင်းက ကြော်ငြာ စာသားရေးပေးခဲ့သည်။ ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ)၊ ဒေါ်သြဘာသောင်း ကြီးကြပ်မှုဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ကဗျာလွတ်ကကြိုး ၁၂၅မျိုးကို မှတ်တမ်းတင်ခဲ့သူ “ခင်ဝင်းနွယ်” ၏ ကြိုးပမ်းချက်။ ၇နှစ်နီးပါးမျှ…
Read Moreတိုက်ပွဲကြောင့် မော်လူးလမ်းပိုင်းမှာ ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေ
မေ ၂၃ – ၂၀၂၆ SS (VOM) ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တိုက်ပွဲ ဖော်ဆောင်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေက မော်လူးလမ်းပိုင်း သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။ “ကားတွေ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ပိတ်မိနေတာ သုံးရက် ကြာသွားပြီ။ ပါလာတဲ့ စားစရာတွေက ရှိတဲ့လူလည်း ရှိသေးသလို မရှိတဲ့လူလည်း မရှိတော့ဘူး။ လမ်းစရိတ်တွေလည်း ကုန်ပြီ။ နောက် ဘယ်နှစ်ရက်လောက် နေရဦးမယ်မသိဘူး။ အားလုံး ဒုက္ခရောက်နေကြရတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နဲ့ မော်လူးမြို့တို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဖြစ်ပြီး လေကြောင်း…
Read Moreအုတ်ဖိုမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ ကျေးရွာ ၂၀ ကျော် အရေးပေါ်စစ်ရှောင်နေရ
မေ ၂၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာဘက်တွေမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက် အရေးပေါ်စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရှားစေးဖိုရွာ ၊ ကြီးပျက်ရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်က အင်အားရာနဲ့ချီစစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုရှိနေတယ်လို့ သိရပါတယ် ။ ” ခုဖြစ်နေတဲ့ နေရာက တိမ်မြုတ်ရွာ ဘေးက ရွာတွေဘက်မှာ ဖြစ်နေတာ ။ တိမ်မြုတ်ရွာမှာက တပ်ကအထိုင်ချထားတာရှိတယ်။ အဲဒီတော့ တိမ်မြုပ်ရွာနဲ့ အုတ်ဖိုအကြားက သိပ်မဖြစ်ဘူး ။ တိမ်မြုပ်ရွာ ဘေးတဝိုက်က ရွာတွေကတော့ PDF တွေလှုပ်ရှားမှုရှိတယ်။ တိမ်မြုပ် ရွာဘက်တွေကိုတော့ အရေးကြီးကိစ္စ မရှိရင် သိပ်မသွားကြပါဘူး ။ အခုက ကျွန်တော်တို့လည်း ကိုယ့်လုံခြုံရေး ကိုယ်ပဲဂရုစိုက်နေနေရတဲ့…
Read Moreတရုတ်-ဗမာ သမိုင်းဝင်စာချုပ်များ
(ကုန်းဘောင်ခေတ်မှ ဒေါ်အောင်ဆန်းစုကြည်ခေတ်အထိ) MT(VOM) သမိုင်းဆိုတာ နောက်ကြောင်းပြန်လှည့်ကြည့်ဖို့တင်မဟုတ်ဘဲ အနာဂတ်ကို လမ်းခင်းဖို့လည်း ဖြစ်ပါတယ်။ ကျနော်တို့ ဗမာပြည်ဟာ ပထဝီဝင်အနေအထားအရ အင်အားကြီးမားတဲ့ တရုတ်ပြည်ကြီးနဲ့ နယ်နိမိတ်ချင်း ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်နေတာမို့ ရှေးပဝေသဏီကတည်းက ဒွန်တွဲနေခဲ့တဲ့ အိမ်နီးချင်းတွေပါ။ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို ပြန်ကြည့်ရင် မုန်းတလှည့် ပြုံးတလှည့်၊ စစ်မက်ဖြစ်ပွားလိုက် ချစ်ကြည်ရေးစာချုပ်တွေ ချုပ်ဆိုလိုက်နဲ့ သံတမန်ရေး ကစားကွက်တွေ ရှုပ်ရှုပ်ထွေးထွေး ရှိခဲ့တာကို တွေ့ရမှာပါ။ အဲဒီလို ခေတ်အဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအကြောင်းကို ကုန်းဘောင်ခေတ်ကနေ မနေ့တနေ့က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်အထိ အချက်အလက်စုံစုံလင်လင်နဲ့ သမိုင်းအကွေ့အကောက်တွေကို ပြန်ပြောင်းသုံးသပ် တင်ပြပေးချင်ပါတယ်။ (၁)ကုန်းဘောင်ခေတ် ကောင်းတုံစာချုပ် (၁၇၆၉) ရှေးပုဂံခေတ်ကတည်းက တရုတ်-ဗမာ ဆက်ဆံရေး ရှိခဲ့ပေမယ့် အပြန်အလှန် လေးစားမှုရှိတဲ့ ပထမဆုံး တရားဝင်စာချုပ်လို့ ပြောရင်တော့ ကုန်းဘောင်ခေတ်မှာ ချုပ်ဆိုခဲ့တဲ့…
Read More




