သူတို့အိမ် အခန်း (၁၀၃)

ဆူးငှက် မန္တလေး တက္ကသိုလ်က ပင်မဆောင် —————————————- ကျွန်တော်သည် အိမ်နှင့် စနေနေ့ည အကောင်းကြိုက်ကဖေး လက်ဖက်ရည်ဝိုင်းမှာသာ ပြင်င စာအကြောင်း ပေအကြောင်း ဖတ်ဖြစ် နားထောင်ဖြစ် ပြောဖြစ်သည်။ တက္ကသိုလ်ရောက် သူငယ်ချင်းများနှင့်တော့ မပြော ဖြစ်ပေ။ ထို့အတူ ကျောင်းက ချိုကြီး ကဖေး လက်ဖက်ရည်ဆိုင်မှာလည်း မပြောဖြစ်ပေ။ ကျောင်းက သူငယ်ချင်းများထဲတွင် အ.ထ.က ၁၄ က ပြောင်းလာသော ကိုမြင့်ဆွေနှင့်တော့ တစ်ခါတရံ ပြောဖြစ်သည်။ သူက ငြိမ်းကျော် ပရိသတ်ဖြစ်သည်။ ထို့ပြင် မိုးဝေမဂ္ဂဇင်းကိုလည်း လစဉ်ဖတ်သည်။ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာရော မန္တလေးတက္ကသိုလ်၏ အမှတ်လက္ခဏာ ဖြစ်သည့် ပင်မဆောင်ကြိးက လှေကားထစ်တွေပေါ်မှာရော ထိုင်ရင်း စာအကြောင်း ပေအကြောင်း၊ ဝတ္ထုအကြောင်း ကဗျာအကြောင်း ပြောချင်သည်။ တက္ကသိုလ်နောက်ခံ ဝတ္ထုရှည်ကြီးတွေထဲက ဇာတ်လိုက်တွေလိုပေါ့။ သို့သော် ကျွန်တော်တို့ ကျောင်းတက်စဉ်ကာလ…

Read More

လားရှိုး အောက်ပိုင်း တရုတ် ကုန်ပစ္စည်း ဖမ်းဆီးမှု ပိုတင်းကျပ်လာလို့ ကားအသွားအလာ နည်းပါးတဲ့ အပြင် ကုန်ဂိတ်တွေပါ ရပ်နားထားရ

မေ ၄၊ ၂၀၂၆ Shy V(VOM) လားရှိုး အောက်ပိုင်း လတ်တလော တရုတ် ကုန်ပစ္စည်း ဖမ်းဆီးမှု ပိုတင်းကျပ်လာလို့ ကားအသွားအလာ နည်းပါးတဲ့ အပြင် ကုန်ဂိတ်တွေပါ ရပ်နားထားရကြောင်း ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်း တွေဆီက သိရပါတယ်။ “မန္တလေးဘက် ဆင်းမယ့်ကားတွေ သီပေါ လှေဆိပ် ကမ်းမကူးခင် ကတည်းက တရုတ် ပစ္စည်းပါရင် မတင်ဘူး။ အထုပ်တွေမှာ တရုတ်မုန့်တွေ၊ ကော်ဖီတွေက အစ မယူခိုင်းဘူး” လို့ ခရီးသွား အမျိုးသမီး တယောက်က ပြောပါတယ်။ ကားသမားနဲ့ ကားစပယ်ယာတွေက တရုတ်မုန့်တွေ၊ တရုတ် ပစ္စည်းတွေ ပါမပါ အရင်မေးပြီး မပါတာသေချာမှ အထုပ် အပိုးတွေ တင်ပေးတယ်လို့ သူက ပြောပါတယ်။ မပါတာသေချာမှ အထုပ် အပိုးတွေ တင်ပေးတယ်လို့ သူက ပြောပါတယ်။ “လားရှိုးမှာ…

Read More

သူတို့အိမ် အခန်း (၁၀၂)

ဆူးငှက် ပထမနှစ်က ရည်မှန်းချက် ဒုတိယနှစ် မကုန်ခင် ပျက် —————————————————– ဘာလိုလိုနှင့် တက္ကသိုလ် တတိယနှစ်ရောက်ခဲ့သည်။ ပထမနှစ်ကတည်းက ချမှတ်ခဲ့သည့် ရည်ရွယ်ချက်က ဒုတိယနှစ် စာမေးပွဲ မဖြေမီပင် ပျက်ခဲ့ပါပြီ။ ထိုရည်ရွယ်ခက်က နောက်ဆုံးနှစ်မှာ မာစတာ ဝင်အောင်ကြိုးစားမယ်၊ မာစတာပြီးအောင် တက်ပြီး ကျောင်းမှာပဲ ဆရာပြန်လျှောက်မယ် ဟူသော ရည်ရွယ်ချက်လေ။ ပထမနှစ်တုန်းကတော့ ကောင်းချီကောင်းရဲ့နဲ့။ ဒုတိယနှစ်စမှာလည်း ဟုတ်သလိုလို။ နောက်တော့..၊ ကျောင်းကိုပင် မှန်အောင် မတက်တော့။ တကယ်တော့ ကျွန်တော်က သင်္ချာကို ဝါသနာမှ မပါဘဲ။ ဝါသနာမပါသော ဘာသာကို အောင့်အည်း စိတ်ဝင်စားလို့မှ မရတာ။ စိတ်မဝင်စားတော့ မလိုက်နိုင်၊။ မလိုက်နိုင်တော့ အတန်းမတက်ချင်၊ အတန်းမတက်တော့ ပိုမလိုက်နိုင်၊ ဤသို့ဖြင့် ဂျာအေး သူ့အမေရိုက်တော့သည်။ နားးမလည်တာမှ ဘယ်လိုမှကို နားမလည်တော့တာ..။ စာမေးပွဲကိုပင် မနည်း အောင်ဖို့…

Read More

နမ့်ခမ်းကို ပြည်မအစိုးရ ပြန်လည် ဝင်ရောက် အုပ်ချုပ်မှာ ဖြစ်ကြောင်း သတင်းထွက်ပေါ်

မေ ၄၊ ၂၀၂၆ Shy V (VOM) နမ့်ခမ်းကို ပြည်မအစိုးရ ပြန်လည် ဝင်ရောက် အုပ်ချုပ်မှာ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ခမ်းကို စစ်တပ် ပြန်ဝင်မယ်လည်းကြားနေတာပဲ။ ဘာတွေမှန်းကိုမသိဘူး။ တရုတ်ဘက်က သူလိုချင်တဲ့ လမ်းကြောင်းမှာ စစ်တပ်ကို နေရာချလို့ရအောင် လုပ်နေတာ ဟုတ်လောက်မယ်ထင်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တရုတ်က BRI စီမံကိန်း ပြန်စဖို့ အပြင်းအထန်လုပ်နေပြီး ထွက်ပေါက် အမြန်ဆုံး ရှာနေတဲ့ပုံစံ ဖြစ်နေကာ အတင်းဖိအားပေးလုပ်နေတဲ့ အနေအထား တွေ့ရတယ်လို့ သူက ပြောပါတယ်။ BRI လမ်းကြောင်းဖြတ်မယ့်နေရာ နမ့်ခမ်းလည်း ပါဝင်နေတာတွေ့ရပြီး လက်ရှိ အနေအထားက တရုတ် အနေနဲ့ နမ့်ခမ်းမြို့ကို MNDAA ကို ထိန်းခိုင်းမလား၊ စစ်တပ်ကိုပဲ ထိမ်းခိုင်းမလား ဆိုတာ…

Read More

ဖားကန့် လုံးခင်းဘက် တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကျည်ကျလို့ လူ နှစ်ယောက် ထိမှန် ဒဏ်ရာရ

မေ ၄၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းဘက် မေလ ၃ ရက်နေ့ည ကစ တိုက်ပွဲ ပြန်ဖြစ်ပွားလာပြီး ဒီနေ့ မေလ ၄ ရက်နေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲ ပိုပြင်းထန်လာကာ လက်နက်ကြီးကျည်ကျ‌ေရာက်လို့ လူ နှစ်ယောက် ထိမှန်လည်း ထိမှန် ဒဏ်ရာ ရထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လုံးခင်း ကုဋေရွာလမ်းဆုံမှာ လက်နက်ကြီးကျလို့ အမျိုးသား တယောက် ခြေထောက် ပြင်းပြင်းထန်ထန်ထိသွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီခွဲ ခန့်က ထိသွားတာဖြစ်ပြီး ခြေထောက်အရိုးကြေမွသွားကာ အရိုးအထူးကု၊ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆေးကုသမှု ခံယူရမှာဖြစ်ပေမယ့် တိုက်ပွဲအကြား ပို့ဆောင်ဖို့ ခက်နေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင်…

Read More

ကျောက်ကပ်ဆေးတဲ့စက်နဲ့ ဆက်စပ်ပစ္စည်းဝယ်ယူရတာခက်ခဲတာ​ကြောင့် ကူညီမယ့်သူ များများလိုအပ်

မန္တလေး၊ မေ- ၄- ၂၀၂၆ SA(VOM) မြန်မာနိုင်ငံမှာ အခကြေးငွေမတတ်နိုင်တဲ့ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခမဲ့ကုသမှုပေးနေတဲ့ ကျောက်ကပ်ဆေးပေးနေတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ဖောင်ဒေးရှင်းတွေအတွက် ကျောက်ကပ် ဆေးတဲ့ စက်ပစ္စည်း ဝယ်ယူရတာ ခက်ခဲတာတွေနဲ့ ဆေးဝါးပြတ်တောက်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခက်အခဲဖြစ်ပေါ်နေတာကြောင့် အခဲ့ကူညီမယ့်သူတွေ များများလိုအပ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာအကြီးဆုံးနဲ့ အများဆုံးဖြစ်တဲ့ မန္တလေးမြို့က ဗြဟ္မစိုရ်အသင်း ကျောက်ကပ် သွေးသန့်စင်ခြင်းစင်တာမှာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခမဲ့ကုသပေးနေတဲ့ ကျောက်ကပ်ဆေးတဲ့စက် ၅၁ လုံးရှိပြီး စက် ၃၂ လုံးနဲ့ တနေ့ကို ကျောက်ကပ်ဝေဒနာရှင် ၆၄ ယောက် တပတ်ကို ၅ ရက် ကုသမှု ပေးနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့က ဗြဟ္မစိုရ်အသင်း ကျောက်ကပ် သွေးသန့် စင်ခြင်းစင်တာမှာ တနင်္လာနေ့နဲ့ သောကြာနေ့ကလွဲရင် တရက်ကို ကျောက်ကပ် ဝေဒနာရှင် ၆၄…

Read More

အမြန်လမ်းမှာ လေးလအတွင်း ယာဉ်စည်းကမ်းမလိုက်နာလို့ အရေးယူခံရသူ ၅၀၀၀ ကျော်ရှိပြီး ယာဥ်မတော်တဆမှု ၅၀ ကျော်ရှိခဲ့

မေ ၃ ၊ ၂၀၂၆ GG (VOM) ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်စည်းကမ်းမလိုက်နာလို့ အရေးယူခံရသူ ၅၀၀၀ ကျော်အထိ ရှိထားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ် ။ အရေးယူခံရသူတွေထဲက ၄၀၀၀ ကျော်ဟာသတ်မှတ်ထားတဲ့ မိုင်နှုန်းထက်ပိုပြီး အရှိန်လွန်မောင်းနှင်တာကြောင့် ဖမ်းဆီးအရေးယူခံရတာဖြစ်ပြီး ကျန် ၃၀၀ ကျော်ကတော့ ယာဥ်မောင်းစဥ် ထိုင်ခုံခါးပါတ် မပတ်တဲ့အတွက် အရေးယူခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါယာဥ်စည်းကမ်း မလိုက်နာသူတွေကိုတော့ မော်တော်ယာဉ် ဥပဒေအရ တရားစွဲပြီး ဒဏ်ငွေချမှတ်မှုရှိတယ်လို့ သိရပါတယ်။ ” သတ်မှတ်မိုင်နူန်းထက်ပိုရင် မော်တော်ယာဉ် ဥပဒေပုဒ်မ ၉၁ နဲ့ တရားစွဲပါတယ်။တရားရုံးက ဒဏ်ငွေပဲချပါတယ်။ ထိုင်ခုံခါးပါတ် မပတ်တဲ့သူတွေလည်း ဒဏ်ငွေပဲ ချပါတယ်။ တချို့က တခါတလေမှလာပြီး အမြန်လမ်းပေါ် တက်မောင်းသူတွေက ဖြစ်တတ်ပါတယ် ။”…

Read More

သံတောင်ကြီးမှာ ထောင်နဲ့ချီတဲ့စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်နေ

ဧပြီ ၄ ၊ ၂၀၂၆ CKC (VOM) ကရင်ပြည်နယ် ၊သံတောင်ကြီးမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ ဒေသခံ တထောင်ကျော်အတွက် အရေးပေါ် အကူအညီ တွေလိုအပ်နေတယ်လို့ သိရပါတယ် ။ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိက စောင် ၊ခြင်ထောင် နဲ့ အဝတ်အထည်တွေ ၊ အမျိုးသမီး လစဥ်သုံးပစ္စည်း ၊ တကိုယ်ရေသုံးပစ္စည်း ၊ ဆေးဝါး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် စားနပ်ရိက္ခာ စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ် ။ ” ခုရက်ပိုင်း လာပြီးလှူတာတွေလည်း ရှိပေမယ့် အကူအညီကလိုအပ်နေဆဲပါ။ လူဦးရေကများတော့ မလောက်ငှနိုင်ဘူး ။အဓိကတော့ ဆေးဝါးလည်းပါတယ်။ နောက် စောင် ခြင်ထောင်ပေါ့။ သွားတိုက်တံတွေ ၊ ဆပ်ပြာ ဘာညာပေါ့။ ” လို့ ဒေသခံက…

Read More

လားရှိုးခရိုင် ရဲစခန်းအနီးက နေအိမ်တအိမ်မှာ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ဖြစ်ပွား

မေ ၃၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ခရိုင်ရဲစခန်းအနီးက နေအိမ်တအိမ်မှာ မေလ ၂ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်ခန့်က ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး တက္ကသိုလ်နားက ခရိုင်ရဲစခန်းရဲ့ အနောက်ဘက်ကျမယ်။ ကျောချင်းကပ်။ ပြန်ပေးဆွဲဖို့ လုပ်နေတာကို အဲဒီ ပြန်ပေးဆွဲခံရမယ့်လူက တခါထဲ အနောက်ပေါက်ကနေ ထွက်ပြေးသွားတယ်။ ထွက်ပြေးပြီးတော့ ခရိုင်ရဲကို သွားတိုင်တယ်” လို့ ရပ်ကွက် ၁ က ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လူတစုက ဓားပြတိုက် ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲဖို့ လုပ်တဲ့ ကားနဲ့ ကားနံပါတ်တော့ ရထားပေမယ့် ပြန်ပေးဆွဲဖို့ လုပ်တဲ့လူတွေကိုတော့ မမိဘူးလို့ သူက ပြောပါတယ်။ အခင်းဖြစ်တဲ့အိမ်ဟာ…

Read More

မော်လူးမြို့ ၇ မိုင်အကွာအထိ အစိုးရစစ်ကြောင်း ရောက်ရှိနေ

မေ ၃ – ၂၀၂၆ SN (VOM) အစိုးရတပ်တွေဟာ စစ်ကိုင်းတိုင်း (အထက်ပိုင်း) ရှိ အင်းတော်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် အဲဒီမြို့ရဲ့ မြို့နယ်ခွဲတခုဖြစ်တဲ့ မော်လူးမြို့ကို ဆက်လက် ထိုးစစ်ဆင်နေတာမှာ လက်ရှိမှာတော့ မြို့ရဲ့ ၇ မိုင်အကွာလောက်အထိ စစ်ကြောင်း ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မေ ၂ ရက်၊ မနက်ပိုင်းကစပြီး အင်းတော်၊ နဘားလမ်းဆုံဘက်ကနေ မော်လူးမြို့ဘက်ကို မြေပြင်စစ်ကြောင်းအင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ် တိုက်ခိုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ “မော်လူးမှာတော့ ဒေသခံတွေ စစ်ရှောင်ကုန်ကြတာ မြို့ထဲမှာ လူမရှိသလောက် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကတည်းက စပြီး ရှောင်ကုန်ကြတာပေါ့။ မိုးညှင်းဘက်က စစ်ကြောင်းလည်း မော်လူးထဲဝင်မယ်၊ အင်းတော်ဘက်ကလာတဲ့ စစ်ကြောင်းလည်း လာမယ်ဆို…

Read More