အခွန်ဆောင်ထားတဲ့ လက်ကိုင်ဖုန်းတွေသာ အသုံးပြုခွင့်ရရှိနိုင်တော့မှာမို့ ဖုန်းအသစ်ဝယ်ရင် ဆင်းကဒ်ထည့် ဖုန်း​ခေါ်ကြည့်ဖို့လို

မတ် ၅ ၊ ၂၀၂၆ GG (VOM) လက်ကိုင်ဖုန်းတွေကို အခွန်ဆောင်ပြီးမှသာ အသုံးပြုနိုင်မယ့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို ယခုမတ်လ ပထမပတ်ကစပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေကတော့ အခွန်ပေးဆောင်ဖို့ မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်းမှာ အလိုအလျောက်ထည့်သွင်း ပေးသွားမှာ ဖြစ်တာကြောင့် ခွင့်ပြုစာရင်းပါရှိနိုင်ရေးအတွက် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လက်ကိုင်ဖုန်းမှာ ဖုန်းဆင်းကတ်ကို ထည့်သွင်းအသုံးပြုထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ခွင့်ပြုစာရင်းမှာ မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေအနေနဲ့ကတော့ ဧပြီလ ၁ ရက်နေ့ကစပြီး မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နဲ့ စတင်ချိတ်ဆက်အသုံးပြုချိန်ကနေ ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့် ရရှိမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ ကျသင့်အခွန်နဲ့ ဒဏ်ကြေး…

Read More

ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ကျောင်းသား ကျောင်းသူ လေးယောက်ရေနစ်သေဆုံးမှု ဖြစ်ပွား

မတ် ၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းကို ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ လေးယောက် ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။ မနေ့က မတ်လ ၄ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ကျောင်းသူကျောင်းသား ၁၁ ယောက် အဖွဲ့ ဟာ ချင်းတွင်းမြစ် ၊ နားသဲဘုန်းကြီးကျောင်း အောက်ဖက်ခြမ်း ဆိပ်ကမ်းမှာ ရေဆင်းကစားကြရာကနေ လေးယောက်က ရေနစ်သေဆုံးမှု ဖြစ်ခဲ့ကြတာလို့ သိရပါတယ် ။ ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားတွေက အသက် ၇ နှစ်အရွယ် G1 ကျောင်းသား ၊ အသက် ၁၂ အရွယ် G5 ကျောင်းသူ ၊ G6 ကျောင်းသူ…

Read More

ပုလဲနယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခြောက်ယောက် သေဆုံး

မတ် ၅ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မရိုးတုံးနဲ့ ပိတောက်ကုန်းကျေးရွာတွေမှာ မနေ့ မတ် ၄ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မရိုးတုံးကျေးရွာမှာ မနေ့ ည ၉ နာရီ ၃၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လေးယောက် သေဆုံးခဲ့တာဖြစ်ပြီး မနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ပိတောက်ကုန်းကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာတော့ နှစ်ယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီဖြစ်စဉ်တွေမှာ မရိုးတုံးက ဒဏ်ရာရ တယောက် ရှိတယ်။ အဲဒီရွာက စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်ခံရတာ။ ပိတောက်ကုန်းကတော့ ဒဏ်ရာရသူ မရှိဘူး။…

Read More

ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

မတ် ၅ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ် ၊မြသာယာရပ်ကွက်ရှိ နေအိမ်တခုမှာ ခြောက်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ နေအိမ်အတွင်း သတ်ဖြတ်ခံထားရတာကို ဒီကနေ့ မနက်ပိုင်းမှာမှ သက်ဆိုင်ရာရဲတပ်ဖွဲ့က သိရှိခဲ့ရတာ ဖြစ်ကြောင်း ၊ အသတ်ခံထားရသူတွေဟာ မိသားစုလိုက်ငါးယောက်နဲ့ အိမ်အကူအမျိုးသမီး တယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ” မနက်မိုးလင်းတော့ အိမ်ကတခါးမဖွင့် အသံမကြားလို့ ပတ်ဝန်းကျင်ကသိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားမှသိရတာ ။ ရဲတပ်ဖွဲ့ခန့်မှန်းတာကတော့ မနေ့က ညပိုင်း သတ်ခံရတာလို့ ယူဆတယ်။ အသတ်ခံရတာက မိသားစုဝင်ငါးယောက်နဲ့ ထမင်းချက်တယောက်ပါ။ မိသားစုဝင်တွေက မိဘနှစ်ပါးနဲ့ သားသမီးသုံးယောက်ပါ။ အငယ်ဆုံးကလေးက လေးနှစ်လို့သိရတယ်။ ဓားပြတိုက်တာလား ဆိုတာတော့ သေချာမပြောနိုင်သေးဘူး ။အသတ်ခံရတာကိုပဲ အတည်ပြုလို့ရတယ်။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက…

Read More

အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန် ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောတစီးကို တိုက်ခိုက်နှစ်မြှုပ်

မတ်-၅-၂၀၂၆ MT(VOM) အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ပြောကြားချက်အရ အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန် ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောတစီးကို တိုက်ခိုက်နှစ်မြှုပ်လိုက်တယ်လို့ သိရပါတယ်။ ​အဲဒီစစ်သင်္ဘောဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တော်ပီဒို နဲ့ အပစ်ခံရပြီး “အသံတိတ် နစ်မြုပ်သွားခဲ့တာ” လို့ သူက ဆိုပါတယ်။ ​Hegseth က ဘယ်သင်္ဘောဆိုတာ နာမည်တပ်မပြောသွားပေမဲ့ သူ ဒီလိုကြေညာလိုက်တာဟာ သီရိလင်္ကာတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အပြီးမှာ ထွက်ပေါ်လာတာပါ။ သီရိလင်္ကာ တာဝန်ရှိသူတွေရဲ့အဆိုအရ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက သူတို့နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းကနေ ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာမှာ နစ်မြုပ်သွားတဲ့ Iris Dena အမည်ရှိ အီရန်သင်္ဘောဆီက အရေးပေါ်အကူအညီတောင်းခံမှုကို ရရှိခဲ့ပြီး သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ ​ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဲဒီသင်္ဘောပေါ်ကနေ ရုပ်အလောင်း ၈၀ ကို တွေ့ရှိခဲ့တယ်လို့ သီရိလင်္ကာ ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက…

Read More

ကယားပြည်နယ် မယ်စဲ့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ငါးယောက်သေ၊ ထိခိုက်ဒဏ်ရာရသူတွေရှိနေ

မတ် ၅ ၊ ၂၀၂၆ CC (VOM) ကယားပြည်နယ်ထဲက ထိုင်း- မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မယ်စဲ့မြို့နယ်မှာ ဒီကနေ့ မတ် ၅ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ငါး​ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုက မယ်စဲ့မြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်အဖွဲ့ရဲ့ အကျဥ်းထောင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကိုတော့ အတိကျမသိရှိရသေးပါဘူး။ ” ဒီမနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ သုံးနေရာဗုံးကြဲတာလို့ သိရတယ်။ အဲဒီထဲမှာမှ တနေရာက ဒီထိန်းသိန်းရေးစင်တာကို ထိမှန်တာပါ ။ အမျိုးသမီးလေးယောက် နဲ့ အမျိုးသားတယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ စာရင်းကောက်နေတုန်းပါ ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေကတော့ ဖားဆောင်းတိုက်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့…

Read More

ပညာရေးဗီဇာရပ်ဆိုင်းမှု ယူကေတက္ကသိုလ်တွေက ထုတ်ပြန်ချက်ကို စောင့်ကြည့်စေလို​ကြောင်း ပညာ​ရေးဝန်​ဆောင်မှု​ပေး​နေသူ​တွေ​ပြော

မတ် ၅ – ၂၀၂၆ SS (VOM) ဗြိတိန်နိုင်ငံရဲ့ ပညာရေးဗီဇာ ရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ တရားဝင် ဗီဇာလျှောက်ထားဆဲနဲ့ အသစ်လျှောက်ထားမယ့် မြန်မာ ကျောင်းသားတွေအနေနဲ့ ယူကေတက္ကသိုလ်တွေက ထုတ်ပြန်လာမယ့် နောက်ဆုံးအခြေအနေကို စောင့်ကြည့်စေလိုတယ်လို့ နိုင်ငံတကာ ကျောင်းတွေအတွက် ပညာရေးဝန်ဆောင်မှု ပေးနေသူတွေက ပြောပါတယ်။ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံတို့မှ ကျောင်းသားတွေအတွက် ဗြိတိန်ရဲ့ ကျောင်းသားဗီဇာ (Student Visa) ထုတ်ပေးမှုကို အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့ကစပြီး ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ယူကေ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဗီဇာအလွဲသုံးစားပြုမှုတွေ ကျယ်ပြန့်လာတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ရွှေ့ပြောင်း အခြေချသူတွေဟာ အဲဒီဗီဇာတွေကို ဗြိတိန်နိုင်ငံထဲ ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတခုအဖြစ် အသုံးချကာ ပြည်တွင်းမှာ ဒုက္ခသည်အဖြစ် လျှောက်ထားပြီး အမြဲတမ်း နေထိုင်ကြတယ်လို့…

Read More

ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌနဲ့ အဖွဲ့ကို အောင်ဇမ္ဗူဇာတ်အဖွဲ့ လာရောက်တောင်းပန်ပြီ

မတ် ၅ – ၂၀၂၆ SN (VOM) ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အဖွဲ့ကို မင်းသား ‌အောင်ဇမ္ဗူအပါအဝင် ဇာတ်သဘင်အဖွဲ့ တာဝန်ရှိသူတွေက ဒီကနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လာရောက် တောင်းပန်သွားတယ်လို့ သိရပါတယ်။ “တောင်းပန်သွားတာကတော့ ဦးမြတ်သူဝင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာရယ်၊ အသင်းအဖွဲ့ပေါ် တိုက်ခိုက်တာရယ်၊ မသန်စွမ်းသူတွေအပေါ်မှာ သူ့ပရိသတ်တွေ စော်ကားတာရယ်၊ အဲဒါတွေ အကုန်လုံးကို အားလုံးကိုယ်စား သူတောင်းပန်တယ်ဆိုပြီး မင်းသား အောင်ဇမ္ဗူက ပြောသွားပါတယ်။ သေသေချာချာတော့ သူ တောင်းပန်သွားပါတယ်” လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကို VOM က ဆက်သွယ် မေးမြန်းရာမှာတော့ မနက်ဖြန်…

Read More

တရုတ် NPC အစည်းအ​ဝေးက​​နေ ထိုင်ဝမ်အ​ရေး ပြတ်ပြတ်သားသား​ဆောင်ရွက်မယ်လို့ ကတိပြု

မတ် ၆-၂၀၂၆ MT(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့လွှတ်တော် (NPC) ရဲ့ (၁၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ (၅)မှာ စတင်ပါတယ်။ ၂၀၂၆ NPC မှာ တင်သွင်းတဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာထဲမှာ​ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး”ထိုင်ဝမ်လွတ်လပ်ရေး” လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား တားဆီးသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။ တခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာကိုလည်း လက်မခံဘဲ ကန့်ကွက်သွားမှာပါ။ ထိုင်ဝမ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံရေး တည်ဆောက်ပြီး တရုတ်နိုင်ငံတော်ကြီး ပြန်လည်ပေါင်းစည်းရေးကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ​ “တရုတ် တနိုင်ငံတည်း မူဝါဒနဲ့ “၁၉၉၂ နားလည်မှုသဘောတူညီချက်” တွေကို ဆက်လက်ဆုပ်ကိုင်ထားမှာပါ။ ဒါ့အပြင် ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ်ထိုင်ဝမ်မူဝါဒတွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။ ​ “တနိုင်ငံ၊စံနစ်နှစ်မျိုး” မူဝါဒကို ဆက်ပြီး ကျင့်သုံးသွားမှာပါ။ ဒီဒေသတွေကို မျိုးချစ်စိတ်ရှိတဲ့သူတွေကပဲ အုပ်ချုပ်သွားရမှာဖြစ်ပြီး…

Read More

ကျိုက်ထိုမှာ ဆောင်းဘောက်ကား လမ်းမီး​ကြိုး​နဲ့ ဓာတ်လိုက်လို့ ငါးယောက်သေဆုံးခဲ့ရ

မတ် ၆ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ကမ်းကြီးဆိပ်ကျေးရွာ( စွပ္ပနူး)ရွာမှာ အလှူပွဲလှည့်တဲ့ Sound Box ဆောင်းဘောက်ကား နဲ့ လမ်းလျှပ်စစ်မီးကြိုး တိုက်မိပြီး ဓာတ်လိုက်ကာ ကားပေါ်ပါသူတွေထဲက ငါးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ် ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပြီး ဆောင်းဘောက်ကားက ရွာထဲလှည့်လည်စဥ် ကားက လမ်းမပေါ်ရှိ လမ်းမီးကြိုးနဲ့ မလွတ်တဲ့အတွက် မီးကြိုးကို မ တင်ရာကနေ လျှပ်စီးဝင် ဓာတ်လိုက်ပြီး ဆောင်းဘောက်ကားပိုင်ရှင်အပါအဝင် ငါး​ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ “ကားပေါ်မှာ လော်ကရှစ်လုံးတင်ထားတယ်။ သူတို့က ကားပေါ်တက်ထိုင်တယ်။ လမ်းမကြီးပေါ်မောင်းတာမှာ အပေါ်မှာမီးကြိုးက မလွတ်တော့ တက်ကိုင်လိုက်လို့ ဓာတ်လိုက်တယ်။ သူတို့က လမ်းမီးကြိုးကို တက်ကိုင်ပြီးတော့ ဓာတ်လိုက်တာပါ။ စွပ္ပနူးရွာထဲက…

Read More
VOM News

FREE
VIEW