မေ ၂၂ ၊ ၂၀၂၆ CC (VOM) ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက ခင်ဦး ၊ မြောင်မြို့နယ်နဲ့ ဘုတလင်မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခြောက်ယောက်သေဆုံးကာ ထိခိုကိဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ခင်ဦးမြို့နယ်မှာ မနေ့က မေ ၂၁ ရက်နေ့က ရွာစဥ်ရွာကို လေကြာင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ လူသေဆုံး ထိခိုက်ဒဏ်ရာရ တဲ့အပြင် နေအိမ် ၂၀ ကျော်လည်း ပျက်စီးမှုရှိခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တချို့လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။ ” ညက ၉ နာရီလောက်မှာ လေယာဥ်နဲ့ကြဲသွားတယ် ။ သေဆုံးနဲ့ ဒဏ်ရာရရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန် တဲ့သူတွေလည်းရှိတယ်သိရတယ်။အခု ဆေးကုသပေးနေတယ်။ “လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မြောင်မြို့နယ်မှာက…
Read Moreသတင်းစာသက်တမ်း ၁၃ နှစ်ကျော်ရှိထားတဲ့ The Daily Eleven သတင်းစာ ယာယီရပ်နားမယ်
မေ ၂၃ ၊ ၂၀၂၆ GG (VOM) The Daily Eleven သတင်းစာကို ဒီလ မေ ၃၁ နေ့ကစပြီး ထုတ်ဝေမှု ယာယီရပ်နားသွားမှာဖြစ်တယ်လို့ Eleven Media Group ကသိရပါတယ်။ လက်ရှိ ခေတ်အခြေအနေအရ Print Media ကရပ်တည်ဖို့ ခက်ခဲပြီး စက္ကူရရှိဖို့ မလွယ်ကူခြင်း ၊ Print Media တွေအပေါ် စိတ်ဝင်စားမှုနည်းလာခြင်း စတဲ့အခြေအနေတွေကြောင့် ယာယီရပ်နားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ The Daily Eleven သတင်းစာကို ရပ်နားလိုက်ပေမယ့် အဲဒီအစား Digital Version နဲ့ဆက်လက်ထုတ်ဝေမှာဖြစ်ပြီး Eleven Media Group က တင်ဆက်ပေးနေတဲ့ ပုံမှန်သတင်းကဏ္ဍ နဲ့ အွန်လိုင်းပလက်ဖောင်းပေါ်မှာ အစီအစဥ်ကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ”…
Read Moreမိုးရွာသွန်းမှုကြောင့် မန္တလေးမှာ ရွှေတချောင်းဘောင်ကျိုးခဲ့သလို ရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့
မန္တလေး၊ မေ- ၂၃- ၂၀၂၆ Voice Of Myanmar မန္တလေးမှာ မနေ့ မေလ ၂၂ ရက်နေ့ ညပိုင်းကရွာသွန်းခဲ့တဲ့မိုးကြောင့် မဟာအောင်မြေမြို့နယ် ၃၆ လမ်း ၈၆ လမ်းဒေါင့်တွင် ရွှေတချောင်းဘောင်ကျိုးမှုဖြစ်ပေါ်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှုဖြသ်ပေါ်ခဲ့သလို သီရိမာလာအရှေ့ရပ်ကွက်အတွင်းက လမ်းမတွေပေါ်နဲ့ ရပ်ကွက်ရုံး၊ မီးသတ်ရုံး၊ လူနေအိမ်တွေထဲကို ရေဝင်ရောက်မှုရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – မဏိစလ/ သီရိမာလာအရှေ့
Read Moreပဲခူး ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ် လေးယောက်ရေနစ်သေဆုံးခဲ့
မေ ၂၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ပဲခူးမြို့ ၊ ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်က မနေ့က မေ ၂၂ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ကလေးငယ်တွေဟာ ကျူရှင်ကနေအပြန်မှာ ရေလှောင်တမံအတွင်းကို ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ ကလေးတွေက အသက် ၁၀ နှစ်အရွယ် မောင်ဖြိုးဇာနည်လင်း( EC-ကိုယ်ပိုင်အထက်တန်းကျောင်း) ၊ အသက် ၁၁ နှစ်အရွယ် မပိုးဝတီ(အ.လ.က ၈ ပဲခူး )၊ အသက် ၁၃ နှစ်အရွယ် မစုပုံချစ် (အ.လ.က ၁၀ ပဲခူး) နဲ့ အသက် ၁၀ နှစ်အရွယ် မသဒ္ဒါရွှန်းလဲ့ ( အ.ထ.က ၁…
Read Moreသံဃာနဲ့သီလရှင်တွေကို အခမဲ့ကုသပေးနေတဲ့ မန္တလေး ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး ၁၈နှစ်ပြည့်မှာ အလှူငွေ သိန်းပေါင်းနှစ်သောင်းကျော်ရရှိ
မန္တလေး -မေ ၂၃-၂၀၂၆ VOM မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမှာတည်ရှိတဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး တည်ထောင်တာဟာ ၁၈နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ မေလ ၂၃ ရက်မှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး ၁၈နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ကန်တော်ကြီးထဲက ပြည်ကြီးမွန်ဖောင်ပေါ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဆေးရုံစတင်ဖွင့်လှစ်တဲ့ အချိန်ကတာဝန်ယူခဲ့တဲ့ ကော်မတီလူကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုခဲ့သလို မြို့မိမြို့ဖအလှူရှင်တွေကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ အခမ်းအနားကျင်းပချိန်ထိ အလှူငွေသိန်းပေါင်းနှစ်သောင်း နှစ်ထောင်ကျော်ရရှိခဲ့တာကြောင့် မန္တလေးဇီဝိတဒါနသံဃာ့ဆေးရုံကြီးကော်မတီီ ဥက္ကဌ ဦးစိုးလင်းက ကျေးဇူးတင်စကားပြောခဲ့သလို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကားပြောခဲ့ပါတယ်။ သံဃာ့ဆေးရုံကြီးရဲ့သမိုင်းကြောင်းကို ဆေးရုံကြီးစတင်လည်ပတ်ကတည်းက ပါဝင်ခဲ့တဲ့ တိုင်းရင်းဆေးပါမောက္ခ ဦးမိတ်က ရှင်းပြခဲ့ပြီးဆေးရုံကြီး ဆက်လက်လည်ပတ်နိုင်ဖို့ ရှေ့ဆက်လုပ်မယ့် ကိစ္စတွေ ပြင်ပလူပုဂ္ဂိုလ်တွေကို ကုသမယ့်အစီအစဥ်တွေကိုလည်း ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ကျော်က ရှင်းပြခဲ့ကြပါတယ်။ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး စတင်ချိန်ကနေ ၂၀၂၅ ခုနှစ်ကုန်ထိ ပြင်ပလူနာ -သံဃာ…
Read MoreSEAOP/SEAGP ကုမ္ပဏီရဲ့ E-light အစီအစဉ်အဖြစ် အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ အသိပညာပေးဟောပြောပွဲကျင်းပ
မန္တလေး၊ မေ- ၂၃- ၂၀၂၆ SA(VOM) SEAOP/SEAGP ကုမ္ပဏီက “ဗဟုသုတဖြင့် ကြီးထွားမှုကို လင်းထိန်စေပြီး နည်းပညာဖြင့် အနာဂတ်အိမ်မက်များကို တည်ဆောက်စို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ E-light အစီအစဉ်အရ အများပြည်သူအကျိုးပြု အသိပညာပေးဟောပြောပွဲ တစ်ခုကို မန္တလေးမြို့ ၊ ၃၂ လမ်း – ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာရှိတဲ့အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ ဒီကနေ့ မေလ ၂၃ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက်လက်တွေ့အသုံးဝင်မယ့် ဗဟုသုတတွေကို မျှဝေခဲ့ကြပါတယ်။ ” အသိပညာပေးဟောပြောခြင်းက စာသင်ခန်းတွင်း သင်ကြားမှုကို တိုးချဲ့ပေးပြီး အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ခါ လူငယ်တွေရဲ့ သိပ္ပံနည်းကျ အတွေးအခေါ်နဲ့ အရည်အသွေးကို မြှင့်တင်ပေးရာမှာလည်းအဓိကကျတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ယခင်ကSEAOP/SEAGP ကုမ္ပဏီနဲ့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းပူးပေါင်းလုပ်ဆောင်ခဲ့သည့် “လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ”…
Read Moreမိုးရွာသွန်းပြီး တံတားတစင်း မြေသားကျွံကျမှုကြောင့် ဘားအံ – လှိုင်းဘွဲ့လမ်းပိုင်းမှာ ကားကြီးတွေကို ဖြတ်သန်းခွင့် ယာယီပိတ်ထား
မေ ၂၃ – ၂၀၂၆ SS (VOM) မိုးရွာသွန်းမှု များပြားခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ် သမ္ဘာန်ကျေးရွာအုပ်စု၊ ဝါးဆူကွင်းကျေးရွာအနီး ဘားအံ – လှိုင်းဘွဲ့ ကားလမ်းမကြီးပေါ်က တံတားတစင်း မြေသား ကျွံကျခဲ့တဲ့အတွက် အဲဒီလမ်းပိုင်းအတွင်း ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်ကို တာဝန်ရှိသူတွေက ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လှိုင်းဘွဲ့ မြို့ဝင်ကြေးဂိတ်အကျော်က တံတားအမှတ် ၃/၁၂ (အလျား ၂၄ ပေ၊ အနံ ၁၈ ပေ) ရှိ သံကူကွန်ကရစ်တံတားတစင်း မြေသားကျွံကာ နိမ့်ကျပြီး ပျက်စီးခဲ့တာကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူတွေက မော်တော်ယာဉ် အသေးတွေနဲ့ ဆိုင်ကယ်တွေကိုသာ စနစ်တကျ ဖြတ်သန်းခွင့် ပြုထားတယ်လို့ သိရပါတယ်။ “အဲဒီတံတားက ရေတိုက်စားပြီး အောက်ခြေတွေ အက်ကွဲနေတာတော့ ကြာပြီ။ အရင်နှစ်တွေကတည်းက ဖြစ်နေတာ။ မနေ့…
Read Moreသူတို့အိမ် အခန်း (၁၁၉)
ဆူးငှက် ရန်ကုန်ကို မရောက်ဖူးလို့ ဘုရားဖူးရင်း အလည်လာတာလား ——————————————————————– ရန်ကုန်ရောက်ပြီး နောက်ရက်ရောက်တော့ ဦးဇော်ဝင်းက သူ့အမျိုးများရှိသည့် မြေနီကုန်းသို့ အလည်သွားသည်။ သူ့အစ်ကိုဝမ်းကွဲဟု သိရသည်။ မြေနီကုန်းက လမ်းတော့ မမှတ်မိ။ အိမ် ၂ထပ် ပျဉ်ထောင်အိမ်ကြီး ဖြစ်သည်။ သူတို့က အပေါ်ထပ်မှာမို့ အပေါ်ထပ်တက်တော့ အိမ်ခန်းက ရှေးအိမ်ကြီး၏ သပ်ရပ်သော အပြင်အဆင်ဖြစ်သည်။ ကြမ်းခင်း ပျဉ်များကလည်း သန့်ရှင်း ပြောင်လက်လို့။ ဦးဇော်ဝင်း၏ အစ်ကိုဝမ်းကွဲ ဆိုသူက ဧည့်ခန်းက ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း သတင်းစာဖတ်နေသည်။ ခပ်လှမ်းလှမ်မှာ ကျွန်တော်နှင့် ရွယ်တူလောက် ဖြစ်ပုံရသည့် မိန်းကလေးတစ်ဦးက ကျောင်းစာလုပ်နေပုံရသည်။ သူ့နှင့် မတိမ်းမယိမ်း တစ်ယောက်ကလည်း အနားမှာ ရှိနေသည်။ ကျောင်းသူ ညီအစ်မဖြစ်လိမ့်မည်။ ဖျပ်ကနဲ မြင်လိုက်ရသည်မှာပင် သွယ်သွယ်ချောချောလေးတွေဟု ခန့်မှန်နိုင်သည်။ ဦးဇော်ဝင်းနှင့် ကျွန်တော်က သူ့အစ်ကိုဘေးရှိ ဆက်တီမှာ…
Read Moreသူအိမ် အခန်း (၁၁၈)
ဆူးငှက် ရောက်ဖူးချင်သော ရန်ကုန် ——————————- ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလိုလိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင်…
Read Moreရွှေဝယ်ယူမှုအပေါ် အခွန်ကောက်ခံမှု လျှော့ချပေးစေလို
မေ ၂၁ – ၂၀၂၆ SS (VOM) ရွှေစင်၊ ရွှေတုံးနဲ့ ရွှေထည်တွေ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) အဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို လျှော့ချပေးစေလိုတယ်လို့ ရွှေဝယ်သူတွေက ပြောပါတယ်။ အရင်က ရွှေအတုံးအခဲတွေအတွက် အခွန်ကောက်ခံမှု မရှိခဲ့ဘဲ ရွှေထည်တွေအတွက်သာ ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်အရ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေနဲ့ ရွှေထည်လက်ဝတ်ရတနာ အားလုံးအတွက် ၃ ရာခိုင်နှုန်း အခွန်တိုးမြှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ “ရွှေအတွက် ကောက်နေတဲ့အခွန်တွေက အရမ်းများတယ်။ နိုင်ငံတကာမှာလည်း မရှိဘူးလေ။ ရွှေကို ၃ နာရခိုင်နှုန်း၊ ကျောက်မျက်ရတနာကို ၅ ရာခိုင်းနှုန်း သတ်မှတ်ထားတာ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီလို အခွန်ကောက်တာ မရှိဘူး။ ဒီ…
Read More




