မေ ၁၀ – ၂၀၂၆ SS (VOM) တာချီလိတ်မယ် အပါအဝင် လေးယောက်ကို ကျောက်တံတား မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရမန်ကြီးယူထားဆဲ ဖြစ်တယ်လို့ Missosology Myanmar က ဒီကနေ့ မေ ၁၀ ရက်မှာ ထုတ်ပြန် ဖြေရှင်းထားပေမယ့် တဖက်မှာတော့ စီရင်ချက်ချပြီးကြောင်း သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ် အပါအဝင် လေးယောက်ကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။ တာချီလိတ်မယ်ကို ထောင်ဒဏ် ၄ နှစ်၊ ပွဲစီစဉ်သူ မရမ်ဆိုင်းနော်ကို ထောင်ဒဏ် ၄ နှစ်၊ ပွဲဖြစ်မြောက်ရေး တာဝန်ခံကို…
Read Moreလွိုင်ကော်မှာ ချောင်းထဲရေဆင်းချိုးတဲ့ မောင်နှမသုံးယောက်လုံး ရေနစ်သေဆုံးခဲ့
မေ ၁၀ ၊ ၂၀၂၆ GG (VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေ ၁၀ ရက် ၊မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ သဲချောင်းအတွင်း ရေဆင်းကူးရာကနေ အသက် ၁၈ နှစ်အရွယ် မတင်တင်စန်းဦး နဲ့ အသက် ၁၈ ၊၁၉ နှစ်အရွယ် မောင်စိုးသီဟ ၊ မောင်ရဲလင်းအောင် တို့ မောင်နှမ သုံးယောက် ရေနစ်သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့က အရင်က မော်ချီးမှာနေတာ ။ မိဘတွေကအဲဒီဘက်မှာ အလုပ်လုပ်တာ သိရတယ်။ ရေချိုးလာတာကနေ ရေနစ်ကြတာလို့ သိရတယ်။ ကောင်မလေးနဲ့ ကောင်လေးတယောက်က မောင်နှမအရင်းပါ ။.နောက်ထပ်ကောင်လေးက မောင်နှမဝမ်းကွဲပေါ့။ အိမ်ချင်းကလည်း…
Read Moreထားဝယ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမိသားစုပစ်ခတ်ခံရ
မေ ၁၀ ၊ ၂၀၂၆ CC (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးအပါ မိသားစုလိုက် ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ ဇနီး သေဆုံးကာ သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ မနေ့က မေ ၉ ရက်နေ့ ည ၈ နာရီလောက်မှာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နဲ့ မိသားစုဝင်တွေဟာ ဆန်းချီရပ်ကွက်ရှိ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ထားသူတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ ” အုပ်ချုပ်ရေးမှူး ၊ သူ့မိန်းမနဲ့ သမီးဖြစ်သူ အကုန်လုံးကို တနေရာထဲမှာပဲ ဒဏ်ရာတွေနဲ့တွေ့ရတာပါ ။ အုပ်ချုပ်ရေးမှူး နဲ့ သူ့မိန်းမက သေနတ်ဒဏ်ရာများတယ်။သမီးကတော့ ညှပ်ရိုးကျည်ဖောက်ဝင်ဒဏ်ရာရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ သူ့မိန်းမက ဆေးရုံရောက်ပြီးမှ ဆုံးတာပါ ။ ”…
Read Moreမသာတခေါက် ကျောင်းဆယ်ခေါက်နဲ့ အမေရိကန်နဲ့ အီရန်ကပေးတဲ့ သံဝေဂ တရား
မန္တလေး၊ မေ- ၉- ၂၀၂၆ SA(VOM) နာရေးတခေါက်ပို့လို့ သံဝေဂယူစရာ တရားအသိရရင် ဘုန်းကြီးကျောင်းကို ဆယ်ခေါက်သွားတာနဲ့ညီမျှတယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားဟာ ဒီကနေ့ခေတ် ကာလ ဓာတ်ဆီစျေးနဲ့ကိုက်ညီလာပါတယ်။ အီရန်နဲ့ အမေရိကန်စစ်ဖြစ်တော့ စက်သုံးဆီဈေးတွေက အဆမတန်တက်သွားတာကြောင့် အစစအရာရာ ကုန်ဈေးတွေက မြင့်တက်သွားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မန္တလေးမြို့က သုသာန်တွေမှာ မီးသဂြိုလ်စရိတ် နှစ်ဆမြင့်တိုမြှင့်ကောက်ခံတော့မယ်လို့ သိရပါတယ်။ တောင်အင်း မြောက်အင်းသုသာန်မှာ အရင်က မီးသဂြိုလ်စရိတ်အနေနဲ့ ကလေးတဦးကို ၆၀၀၀ ကျပ်၊ လူကြီး ၁၂၀၀၀ ကျပ် ကောက်ခံရာက ဒီကနေ့ မေလ ၉ ရက်နေ့ကစလို့ ကလေး ၁၂၀၀၀ ကျပ်၊ လူကြီး ၂၄၀၀၀ ကျပ် ကိုမီးသဂြိုလ်စရိတ် အဖြစ် ကောက်ခံသွားမယ်လို့ သိရပါတယ်။ ” အဲ့ဒါနဲ့ပါတ်သက်ပြီး တောင်အင်း မြောက်အင်း သုသာန်တာဝန်ရှိတဲ့သူတွေက ဒါလေးကို ကြေငြာပေးပါဆိုလို့ပါ၊ ဓာတ်ဆီစျေးတွေ…
Read Moreဒီဇယ်ဆီနဲ့ ဓာတ်မြေဩဇာကို အခွန်ကင်းလွတ်ခွင့် ပြုထားပေမယ့် အဆင်မပြေမှုတွေရှိနေဆဲ
မေ ၈ – ၂၀၂၆ SN (VOM) ဒီဇယ်ဆီ HSD (500 ppm) နဲ့ ဓာတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနက တလထပ်မံ တိုးမြှင့်ထားပေမယ့် ဈေးကွက်အတွင်း ဈေးကြီးပေးပြီး ဝယ်ယူရမှုတွေ ရှိနေဆဲဖြစ်တယ်လို့ လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေက ပြောပါတယ်။ ဓာတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဘဏ္ဍာ/အခွန် ဝန်ကြီးဌာနက ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့် ပြုခဲ့ပြီးဖြစ်သလို လက်ရှိမှာလည်း မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံ ရက်တိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီ အခွန်ကင်းလွတ်ခွင့်ဟာ အကောက်ခွန်ဦးစီးဌာနမှာ မေ ၃၁ ရက်အထိ Import…
Read Moreယာဉ်အို၊ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးပြီး EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒ ရေးဆွဲနေ
မေ ၉ – ၂၀၂၆ SS (VOM) ယာဉ်အို၊ ယာဉ်ဟောင်းတွေကို လမ်းပေါ်မောင်းရန် သင့်၊ မသင့် စိစစ်ကာ မောင်းရန်မသင့်ပါက ဖျက်သိမ်းစလစ် ထုတ်ပေးသွားဖို့ သက်ဆိုင်ရာဌာနက မော်တော်ယာဉ် ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒတွေ ရေးဆွဲနေတယ်လို့ ပြည်တွင်း ကားလုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု လျှော့ချဖို့နဲ့ လျှပ်စစ်ကား (EV) များပြားလာစေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်တမ်း ၂၀ နှစ်ကျော် (ဒါမှမဟုတ်) လမ်းပေါ်မောင်းရန် မသင့်လျော်တဲ့ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးကာ EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “ပြည်ပကနေ EV အစီးလိုက်တင်သွင်းတဲ့ CBU (Completely Built-Up) ကုမ္ပဏီတွေကို ပါမစ် ထပ်ချမပေးတော့တာလည်း စလစ်သမားတွေအတွက် ချန်ထားတာလို့ ထင်ပါတယ်” လို့ ပြည်တွင်း…
Read Moreရန်ကုန်မှာ ယာဥ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေ ၊ လေးယောက်ဒဏ်ရာရ
မေ ၉ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၇)လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ ဖြစ်စဥ်က မေ ၈ ရက်နေ့ ၊ည ၁၀ နာရီ ခွဲလောက်မှာ အိမ်စီးကားတစီးက အရှိန်များပြီး မီးရထားသံလမ်းကူး သံတံခါးကို ဝင်တိုက်မိရာကနေ ကားပေါ်ပါသူတွေထဲက အမျိုးသားနှစ်ယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဒဏ်ရာရသူတွေက ခေါင်းပေါက်တာရှိတယ်။နောက်စေ့ပေါက်တာရှိတယ်။ လက်ကျိုးတာရှိတယ်။ ဒဏ်ရာရတာ အမျိုးသား လေးယောက်ပါ ။ သေဆုံးနှစ်ယောက်ပါ ။ကားကာ သူ့တစီးတည်း အရှိန်များပြီးဝင်တိုက်တာ။ ” လို့ မြို့နယ်မီးသတ် ဦးစီးအရာရှိကပြောပါတယ်။ ယာဥ်တိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေထဲမှာ နှစ်ယောက်က မစိုးရိမ်ရပေမယ့် ကျန်နှစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပြီး အားလုံးကို…
Read Moreမြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ဖို့ စတင်လှုပ်ရှားလာ
၉ မေ၊ ၂၀၂၆ Shy V (VOM_) မြစ်ဆုံ စီမံကိန်း အကောင်အထည်ဖော်ဖို့ အခုမေလထဲ စတင်လှုပ်ရှားလာနေတာကို တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က နမ္မတီးကို လူကြီးတွေလာတယ်။ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုတွေဆုံပွဲ လုပ်တာ။ ကျနော်တော့ မသွားလိုက်ဘူး” လို့ နမ္မတီး ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နမ္မတီးမြို့က ဧရာဝတီမြစ် နဲ့ အရမ်းမနီးပေမယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းပြီးရင် မီး တွေ ပုံမှန်ရနိုင်မယ့် သဘောမျိုး စည်းရုံးရေး ဆင်းတာလို့ ယူဆရတယ်လို့ သူက ပြောပါတယ်။ “မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီးလာပြောတာလို့ သိရတယ်။ လာစည်းရုံးတာ။ နမ္မတီးမြို့မှာရှိတဲ့ ရပ်မိရပ်ဖ၊ နယ်မြေခံတွေတောင် သိပ်မပါဘူးလို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံ…
Read Moreစစ်ကိုင်းအထက်ပိုင်း စက်ရုံတွေက ကြံလျှော့ချ ဝယ်ယူလို့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရ
မေ ၉ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေက ကြံဝယ်ယူကြိတ်ခွဲမှုတန်ချိန် အလွန်နည်းတဲ့အတွက် မရောင်းရတဲ့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။ တရက်ကို တန် ၈၀၀၀ ကြိတ်ဝါးနိုင်တဲ့ ဝေမာ စက်ရုံ ၊တန် ၂၀၀၀ ကြိတ်ဝါးနိုင်တဲ့ MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ ၊ တန် ၅၀၀၀ ကြိတ်ဝါးနိုင်တဲ့ MES နဲ့ တန် ၃၀၀ ကနေ ၇၀၀ ကြားကြိတ်ဝါးနိုင်တဲ့ စက်ရုံအသေးတချို့ရှိပေမယ့် ဝေမာသကြားစက်ရုံက လည်ပတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ကျန်တဲ့ သကြားစက်ရုံတွေကလည်း နေ့စဥ်ကြိတ်ဝါးနိုင်တဲ့ ကြံတန်ချိန်ထက် လျှော့ချပြီး ကြိတ်ဝါးတဲ့အခြေအနေတွေကြောင့် တောင်သူတွေထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူနိုင်ခြင်းမရှိတဲ့အတွက် ကြံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ကသာ ခရိုင်မှာ ကြံအထွက်နူန်းအနေနဲ့…
Read Moreမိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေ
မေ ၉ – ၂၀၂၆ SN (VOM) အခု ၂၀၂၆ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်း မြန်မာနိုင်ငံတဝန်းမှာ မိုးသက်လေပြင်းတွေ အဆက်မပြတ် တိုက်ခတ်တဲ့အတွက် စစ်ဘေးရှောင်စခန်း များစွာမှာ နေအိမ်တွေပျက်စီးပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းတွေမှာ အမိုးအကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ အများအပြား လိုအပ်နေတာဖြစ်ပြီး တခြားသော ဒေသတွေရှိ စစ်ဘေးရှောင် စခန်းတွေမှာလည်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ ရက်က ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမှာ မိုးသက်လေပြင်းကျတာ၊ မိုးကြိုးပစ်တာတွေ ရှိခဲ့တယ်။ စစ်ဘေးရှောင်စခန်းတွေက နေအိမ် တော်တော်များများ ပျက်စီးကုန်တယ်။ အိမ် အလုံး ၃၀ လောက်ဆို လုံးဝ နေလို့မရတော့တဲ့အထိ ဖြစ်တယ်။…
Read More




