သူတို့အိမ် အခန်း (၁၀၈)

ဆူးငှက် ဒိုင်ယာရီ မရှိပါ။ တိုတိုထွာထွာ စာရွက်များသာ —————————————— ကျွန်တော် ယခု သူတို့အိမ် အခန်းဆက် ဆောင်းပါးရှည်ကို ရေးတော့ မိတ်ဆွေ ဆရာတစ်ယောက်က ဒိုင်ယာရီ ရေးခဲ့တာလား၊ ဒါမှ မဟုတ် မှတ်စုစာအုပ်ရှိလို့လားဟု မေးသည်။ တကယ်တော့ ကျွန်တော့်မှာ ဒိုင်ယာရီလည်း မရှိပါ။ သီးသန့် မှတ်စုစာအုပ်လည်းမရှိပါ။ ဒိုင်ယာရီကို ရေးဖို့ ကြိုးပမ်းဖူးပါသည်။ တစ်လလောက်တော့ ရေးဖြစ်ပါသေး၏။ နောက်တော့ မနက်ကျောင်းသွား၊ ကျောင်းရောက်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ကျောင်းပြန်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အိမ်ရောက်၊ ထမင်းစား၊ တစ်ရေးအိပ်၊ ရေချိုး၊ ညစာစား၊ လက်ဖက်ရည်ဆိုင် ထိုင်ဟူသော ပရိုဂရမ်ကလွဲလို့ ထူးထူးထွေထွေ မရှိ။ ထို့ကြောင့် ဆက်မရေးဖြစ်တော့ပေ။ သည်လိုနှင့် နောက်တစ်နှစ် ဒိုင်ယာရီ စာအုပ်လေးတွေ အသစ်ထွက်လာတော့ ရေးချင်ပြန်သည်။ ဇန်နဝါရီ ၁ရက်တော့ ရေးဖြစ်သည်။ ထိုနည်း လည်းကောင်း…

Read More

နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ဖို့စက်သုံးဆီ စုံ/မ စနစ်ကို ဆက်လက် ကျင့်သုံးမယ်

မေ ၈ – ၂၀၂၆ SS (VOM) နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် စက်သုံးဆီချွေတာရေး စီမံချက်ဖြစ်တဲ့ စုံ/မ စနစ်၊ QR စနစ်တွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ စက်သုံးဆီ လိုအပ်ချက်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အထိ အသုံးပြုနေရတာဟာ နိုင်ငံခြားငွေ အရန်ငွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ စက်သုံးဆီချွေတာရေး စီမံချက်တွေကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူတယောက်က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းဝန်းကျင်ကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ဓာတ်ဆီ၊ ဒီဇယ်နဲ့ LPG ၉၇ ရာခိုင်နှုန်းကို…

Read More

တပတ်အတွင်းမှာ ထိုင်းကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်လောက် ဖမ်းဆီးခံရ

မေ ၈ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံထဲက တရားမဝင် နိုင်ငံခြားသားလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးကြမ်းနေပေမယ့် မြန်မာနိုင်ငံသားတွေကတော့ နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် မေလပထမပတ်အတွင်းမှာတင် မြန်မာလုပ်သား ၁၅၀ ကျော် လောက် ဖမ်းဆီးခံခဲ့ ရတယ်လို့ သိရပါတယ်။ မေ ၇ ရက်နေ့ မှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့​ကြိုးစားခဲ့တဲ့ မြန်မာလုပ်သား ၁၁၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မြန်မာလုပ်သားတွေဟာ ပစ်ကပ်ကား ၁၀ စီးနဲ့လိုက်ပါလာ ပြီး ထိုင်းနိုင်ငံ၊ ဖိစ်စုနုလုခ်ခရိုင်၊ ဖရုမ်ဖီယမ်မြို့နယ်၊ အမှတ် ၁၁ လမ်းမကြီးပေါ်မှာ မောင်းနှင်လာချိန်မှာ ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကားတန်းနဲ့ကို ဝင်လာတာလို့သိရတယ်။ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ကိုမြင်တော့ ကားပြန်လှည့်ပြီး တောတွေထဲမောင်းပြေးလို့…

Read More

ဖားကန့် လုံးခင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရ

မေ ၈၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲက မလောင်ရွာဘက်နဲ့ မှော်ဆီဇာနဲ့ ကုဋေလမ်းဆုံမှာ မေလ ၈ ရက်နေ့ နေ့ခင်းပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရကာ ထိခိုက်မှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ မနက် ၁၀ နာရီ​လောက်က​တော့ လုံးခင်းအုပ်စု မ​လောင်ရွာ အနီးနား​လေးက ကုမ္ပဏီ တခုကို ကြဲသွားတယ်။ အဲဒီမှာ​တော့ ကုမ္ပဏီ ဝန်ထမ်း တ​ဦး ထိခိုက်တယ်။ ဒဏ်ရာရတယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ လေကြောင်းနဲ့ နှစ်ကြိမ် မနက် ၁၀ နာရီမှာ တနေရာ၊ နေ့လယ် ၁၂ နာရီမှာ တနေရာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သူက ပြောပါတယ်။ “နေ့လယ် ၁၂ နာရီ​လောက်မှာ​တော့ လူ​နေ ရပ်ကွက် လုံးခင်း​ကျေးရွာအုပ်စု…

Read More

ပန်းတောင်းမြို့နယ်က ကပစ – ၁၆ ကို AA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေ

မေ ၇ – ၂၀၂၆ SS (VOM) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်းက မသုန်ကျေးရွာအနီးရှိ အစိုးရတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၆) ကို AA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကပစ – ၁၆ ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပွိုင့် – ၆၆၆ စခန်းကုန်းကို AA တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ခဲ့ပြီးနောက် ပန်းတောင်းနယ် (အောက်ပိုင်း) ကို တိုက်ပွဲတွေ ချဲ့ထွင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “ကပစ – ၁၆ နားက မသုန်ရွာနဲ့ ပွိုင့် – ၆၆၆ စခန်းကုန်းကြားမှာ တိုက်ပွဲတွေဖြစ်နေတာ။ AA ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ပြီး တိုက်နေတဲ့…

Read More

သူတို့အိမ် အခန်း (၁၀၆)

ဆူးငှက် တက္ကသိုလ်မှာ စာပေနှင့် ဝေး ———————————– ကျွန်တော်တို့ မန္တလေးတက္ကသိုလ်တွင် ဘူမိဗေဒက ကျောက်ရိုင်းနံရံကပ်စာစောင်ကို ပုံမှန်နီးနီး ဖွင့်လှစ်ကာ ရူပဗေဒ၊ မြန်မာစာ၊ သမိုင်းနှင့် အခြားဌာနများကလည်း နံရံကပ်စာစောင် ထုတ်လုပ်ခဲ့ဖူးကြသည်။ သင်္ချာဌာနကတော့ မရှိခဲ့ဖူးပါ။ ထို့အတူ ကျွန်တော်တို့ အတန်းက နီးစပ်သလောက်လည်း စာပေကို နင်လားငါလား ဝါသနာပါလှသူလည်း မတွေ့မိပါ။ (ကျွန်တော်တို့နှင့် တစ်မေဂျာတည်း၊ တစ်နှစ်တည်းတွင် ညနေပိုင်းသင်တန်းမှာ နောင်တွင် နာမည်ကျော် စာရေးဆရာမ နုနုရည် (အင်းဝ) ဖြစ်မည့် ကျောင်းသူရှိနေပါပြီ။ သို့သော် အတန်းမတူသောကြောင့် မရင်းနှီးခဲ့ရပေ)။ ကျောင်းက သူငယ်ချင်း များတွင်လည်း စာပေနှင့် ပတ်သက်၍ ရူးရူးသွပ်သွပ်မရှိဟု ထင်ရသော်လည်း လူငယ်ပီပီ အချစ်က ရိုက်ပုတ် ထိုးနှက်လိုက်လို့ ဒဏ်ရာလေးတွေ ကိုယ်စီရလာတော့ ဝေဒနာကို ကြေညာချင်သောအခါ ကိုယ်တွင်းအောင်း ငုတ်လျှိုးနေသော စာပေပိုးက ရွထလာကြတော့သည်။…

Read More

ဖားကန့် လုံးခင်းတိုက်ပွဲ ပြင်းထန်​နေလို့ သေဆုံးသူ​တွေရှိလာတာအပြင် ကုန်​စျေးနှုန်း​​တွေ အဆမတန်မြင့်

မေ ၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် လမ်းတွေပိတ်နေသလို ထိခိုက် ဒဏ်ရာရနဲ့ သေဆုံးသူတွေလည်း ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ဒီကနေ့ မေ ၇ ရက်နေ့မနက်ပိုင်းက လုံးခင်းရွာရဲ့ ဘုန်းကြီးကျောင်းလမ်းဆုံမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တယောက်သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ ” မနက်ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်နေတာ ။ တိုက်ပွဲကြား လက်နက်ကြီးကျလို့ သေတာမဟုတ်ဘဲ မိုင်းပေါက်ကွဲ ပြီးသေတာပါ ။ မနက်က ဆိုင်ကယ်နဲ့ မိုင်းလာချသွားတာလို့ သိရတယ်။ အများပြည်သူနေထိုင်တဲ့ နေရာမှာ မိုင်းချတာ ဘယ်အဖွဲ့မဆိုမလုပ်သင့်ပါဘူး ။ သေတာကတော့ အသက် ၄ နှစ်အရွယ် ကလေးတယောက်ပါ ။ဒဏ်ရာရတာက အမေနဲ့ ဦးလေး…

Read More

ဝါးတင်ဆောင်လာတဲ့ကား ယာဥ်မှောက်ပြီး သေဆုံး ဒဏ်ရာရခဲ့တဲ့သူတွေကို ထောက်ပံ့ဖို့ စီစဥ်နေ

နေပြည်တော် မေ ၇ – ၂၀၂၆ KKL(VOM) ဥတ္တရသီရိမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ဝါးတင်ဆောင်လာတဲ့ကား တိမ်းမှောက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရခဲ့ကြတဲ့သူတွေကို ထောက်ပံ့ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ကနဦးသိရပါတယ်။ အဲ့ဒီလို ထောက်ပံပေးနိုင်အောင် တောင်ညိုကျေးရွာ ဥက္ကဌ ရဲ့ မတည်ငွေ ၁၇ သိန်းမတည်ထားတယ်လို့သိရပြီး လက်ရှိတောင်ညို ကျေးရွာ ရပ်ကွက်တာဝန်ခံတွေကလည်း အလှူငွေလိုက်လံကောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ရပ်ကွက်တာဝန်ခံတွေအနေနဲ့ အခု ၃ ရက်အလှူခံတာ ငွေ သိန်း ၂၀၀ ကျော်နဲ့ ဆန် တင်း-တင်း-၄၀ ကျော် ရရှိထားပါတယ် အလှူခံတာက မပြီးသေးပါဘူး ရရှိတဲ့ငွေနဲ့ အခြားဆန်အပါအဝင် အခြားပစ္စည်းတွေကို ကျွန်တော်တို့ တောင်ညို ဥက္ကဌ ကို စုပေါင်းအပ်နှံပြီးတော့ ရရှိတဲ့အတိုင်းအတာပေါ်မူတည်ပြီး သေဆုံးဒဏ်ရာရတဲ့သူတွေကို ထောက်ပံပေးမှာပါ” လို့ တောင်ညိုကျေးရွာ ကြီးပွားရေးရပ်ကွက်တာဝန်ခံ…

Read More

တီးတိန်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် PDF-Zoland တပ်ဖွဲ့ဝင်တွေအပါအဝင် ၁၀ ယောက် သေဆုံး

မေ ၇ – ၂၀၂၆ SN (VOM) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဖူနွမ်းကျေးရွာမှာ မနေ့ မေ ၆ ရက်က ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး PDF-Zoland တပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေ ခုနစ်ယောက်အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “ဒရုန်းတိုက်ခိုက်မှုက နှစ်ကြိမ်ဖြစ်တာ။ ညနေ ၄ နာရီလောက်မှာ တကြိမ်၊ ည ၇ နာရီလောက်မှာ တကြိမ်ဖြစ်တယ်။ AG ဘုရားကျောင်းနဲ့ နောက်တန်းကနေ ရှေ့တန်းကို ရိက္ခာပို့ဖို့ ထမင်းချက်ပြုတ်နေတဲ့ နေရာကို ဒရုန်းကျတယ်။ PDF-Zoland တပ်ဖွဲ့ဝင် ခုနစ်ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။ ဒရုန်းတိုက်ခိုက်မှုကြောင့် AG ခရစ်ယာန်ဘုရားကျောင်းလည်း တကျောင်းလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး…

Read More

ရန်ကုန်မှာ ဗေဒင်ဆရာအိမ်ကို ဓားပြတိုက်သူတွေကို ချက်ခြင်းဖမ်းမိ

မေ ၇ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းမှာရှိတဲ့ ဗေဒင်ဆရာနေအိမ်မှာ ဒီကနေ့မေလ ၇ ရက်နေ့ ၊ နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူသုံးယောက်လုံးကို သေနတ်နဲ့အတူ ချက်ခြင်း ဖမ်းဆီးရမိ ခဲ့တယ်လို့ လုံခြုံရေး အဖွဲ့နဲ့နီးစပ်သူ ဆီက သိရပါတယ်။ ဖြစ်စဥ်က နေ့လယ် ၁ နာရီခွဲလောက်မှာ အမည်မသိ အမျိုးသားသုံးယောက်ဟာ စရဖ အယောင်ဆောင်ပြီး ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို ဝင်ရောက် ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း နဲ့ ကျူးလွန်သူတွေကို ရပ်ကွက်နေထိုင်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အုပ်ကြီးအဖွဲ့ရောက်တော့လည်း စရဖ ကဆိုပြီးပြောတယ်။ အုပ်ကြီးကိုတောင် သေနတ်နဲ့ချိန်ပြီး သူတို့ရုံးလိုက်ဖို့ခေါ်သေးတယ် ။ အဲဒီမှာ အုပ်ကြီးက စရဖ…

Read More