နေပြည်တော် မေ ၇ – ၂၀၂၆ KKL(VOM) ပျဥ်းမနားမြို့ ရဲ့အထင်ကရနေရာတခုဖြစ်တဲ့ ရှမ်းကန်ထဲမှာရှိတဲ့ငါးတွေဟာ နေအပူရှိန်များပြီး အားလုံး သေကုန်ပြီလို့ သိရပါတယ်။ “အခု ညနေပိုင်းမှာ ငါးတွေသေပြီး အကုန်ပေါ်လာတာတွေ့လို့ ကျွန်တော်တို့လူမှုကူညီရေးအသင်းကလည်း သိသိချင်း ကူညီရေးအသင်းသားတွေ ချက်ခြင်း ရှင်းလင်းဖို့လာကြတာပါ အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေသေတယ်လို့လောေလာဆယ် သုံးသပ်ထားကြပါတယ်” လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တလေး ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကပြောပါတယ်။ လက်ရှိအချိန်မှာရှင်းလင်းဖို့အတွက် ပရဟိတ အသင်းသားတွေက ရောက်ရှိနေပြီး ပျဥ်းမနားမြို့စည်ပင်သာယာက တာဝန်ရှိသူတချို့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေလည်း လာစစ်ဆေးမယ်လို့ သိရပါတယ်။
Read Moreခုလ ပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အပါအဝင် လူ ၃၀ ကျော် သေဆုံးမှုရှိခဲ့
မေ ၈ ၊၂၀၂၆ GG (VOM) မေလရဲ့ ပထမ ရက်သတ္တပတ်အတွင်း မြို့နယ်တချို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အယောက် ၃၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ တနင်္သာရီ တိုင်းတွေမှာ အများဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရှိရ ပါတယ်။ ဒီကနေ့ မေ ၇ ရက်မှာဆိုရင် ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ် ရှိ ဖွားအိမ်စုရွာမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ခြောက်ယောက်ထက်မနည်း သေဆုံးခဲ့သလို စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ ဝင်းမနားရွာမှာရှိတဲ့ ဆေးရုံလည်း ဗုံးကြဲခံရပြီး PDF တပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဝင်းမနားရွာက ဆေးရုံဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေကတော့ ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေတဲ့ PDF…
Read Moreမန္တလေး – ထီးချိုင့် – မြစ်ကြီးနားလမ်းပိုင်း ပြန်ဖွင့်ပေမယ့် ကားအများစုက မသွားရဲသေးဘဲ အခြေအနေစောင့်ကြည့်ပြီး ရွှေဘို – မြစ်ကြီးနား ကွင်းလမ်းကနေ သွားနေဆဲ
မေ ၇ ၊ ၂၀၂၆ CC (VOM) မန္တလေး – ထီးချိုင့် – မြစ်ကြီးနားလမ်းပိုင်းကို သွားလာခွင့် ပြန်ဖွင့်ပေးလိုက်ပေမယ့် လတ်တလောမှာ အိမ်စီးကားတချို့သာ သွားလာမှုရှိပြီး ကုန်ကား နဲ့ ခရီးသည်တင်ကား အများစုကတော့ သွားလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ ကားအများစုကတော့ ချက်ခြင်းမသွားသေးဘဲ အခြေအနေစောင့်ကြည့်နေကြပြီး မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်းရဲ့ ကွင်းလမ်းတွေကနေသာ သွားလာနေဆဲ ဖြစ်တယ်လို့ ကားသမားတွေက ဆိုပါတယ်။ ” ခုမှပြန်ဖွင့်တာဆိုတော့ မသွားရဲသေးဘူး ။ နှစ်ရက် သုံးရက်လောက်တော့ အခြေအနေစောင့်ကြည့်အုံးမယ်။ အခုက ရွှေဘိုကွင်းလမ်းကပဲသွားနေတာ ။ ကံင်းလမ်းကတော့ ဆိုးတာမှ ပြောစရာကို မရှိဘူး ။ အခုဆို မိုးကလည်းရွာလာပြီဆိုတော့ လမ်းတွေက ရွှံဗွက်တွေဖြစ်ကုန်ပြီ။သွားလာရ တော်တော်မလွယ်ဘူး ။ ထီးချိုင့်လမ်းက အဆင်ပြေပြေ သွားလို့ ရရင်တော့…
Read Moreတိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကနေ တရုတ်ကားတွေနဲ့ သတ္တုတွေ အလွန်အကျွံ သယ်ယူနေ
မေ ၇၊ ၂၀၂၆ Shy V (VOM) တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံထွက် သယံဇာတတွေနဲ့ သတ္တုတွေကို တရုတ်နိုင်ငံဘက်က ကားတွေနဲ့ အလွန်အကျွံ သယ်ယူနေတယ်လို့ နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ “ကချင်နယ်စပ် ထင်ချုန်းဘက် ကံပိုင်တီဂိတ်ကနေ မြန်မာဘက်က သယံဇာတတွေကို တရုတ်ကားတွေနဲ့ အများကြီး သယ်ယူနေတာ တွေ့နေရတယ်။ ကိုယ့်နိုင်ငံက အဖိုးတန်ပစ္စည်းတွေကို အခွန်လည်း မဆောင်ရဘဲ အလကားနီးနီး သယ်ယူနေတာ မြင်တော့ စိတ်မကောင်းဘူး” လို့ တရုတ်နယ်စပ်ရောက် မြန်မာလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ် နောင်တောင်းဂိတ်ကနေလည်း ရှမ်းမြောက်ဒေသထွက် သတ္တုတွေကို တရုတ်ကားတွေနဲ့ အလွန်အကျွံ သယ်ယူနေတာ ကြာနေပြီလို့ ဆိုပါတယ်။ “မြန်မာဘက်မှာ တိုက်ပွဲတွေ ဖြစ်တော့ တရုတ်-မြန်မာ နယ်စပ်မှာ…
Read Moreကူမင်း – ကျောက်ဖြူ ရထားလမ်း တကယ် လုပ်တော့မလား
မေ ၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း အခြေအနေတွေ မတည်ငြိမ်သေးတဲ့အချိန်မှာ “ကူမင်း – ကျောက်ဖြူ ရထားလမ်း” စီမံကိန်းကို မြန်မာဘက်မှာ တကယ် စတင်တော့မလားဆိုတဲ့ မေးခွန်းဟာ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကလည်း တကယ်ဖြစ်လာမလား၊ မဖြစ်သေးဘူးလားဆိုတာ မရှင်းလင်းသေးတဲ့ အနေအထားတခုဖြစ်နေပါတယ်။ နယ်စပ် ဒေသခံတချို့ကတော့ တရုတ်ဘက်က လမ်းကြောင်းထိန်းချုပ်ရေးကို အဓိကထား လှုပ်ရှားနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ “တရုတ်က BRI ပြန်စဖို့ အပြင်းအထန် ဖိအားပေး လုပ်နေပုံပဲ။ နမ့်ခမ်းကို စစ်တပ်တွေပြန်ဝင်မယ်လည်းကြားနေတာပဲ။ ရှမ်းမြောက်အရေးဟာ ပိုရှုပ်လာဦးမယ့်သဘောရှိတယ်။” လို့ နမ့်ခမ်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တရုတ်ဘက်က မိမိလိုအပ်တဲ့ လမ်းကြောင်း (strategic routes) ကို ထိန်းချုပ်နိုင်အောင် ဖိအားပေး…
Read Moreစစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုနစ်ယောက် သေဆုံး
မေ ၆ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ရက်ပေါင်း ၂၀ ဝန်းကျင်အတွင်း ခုနစ်ယောက် သေဆုံးပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေ ၆ ရက်၊ မနက် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က ဝက်လက်မြို့နယ်၊ စခန်းသာ (ခ) ချက်ပြဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးပြီး ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်တာ။ ရွာထဲက စားသောက်ဆိုင်နဲ့ အဲဒီဘေးပတ်ကျင်မှာ ပေါက်ကွဲမှုဖြစ်တယ်။ သုံးယောက်လုံး ပွဲချင်းပြီးသေတယ်။ နေအိမ် တလုံးလည်း ပျက်စီးတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါအပြင် မေ ၄ ရက်နေ့ကလည်း…
Read Moreအခန်း (၁၀၅)
ဆူးငှက် သူငယ်ချင်းများနှင့် တစ်နွယ်ငင် တစ်စင်ပါ ———————————————– တက္ကသိုလ်သို့ ရောက်ရှိသော်လည်း မူလတန်း အလယ်တန်း အထက်တန်းအထိ ကျောင်းအတူ တက်ခဲ့သူများလည်း ပါသောကြောင့် ကွန်တော်အချင်းချင်း မိသားစုမျာအထိ ရင်းနှီးကြသည်။ ထိုအခါ တက္ကသိုလ်ရောက်မှ ရင်းနှီးသူများ ကလည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို မိသားစုများနှင့်လည်း ရင်းနှီးကြသည်။ ထိုမျှမက သူငယ်ချင်းများ၏ သူငယ်ချင်းများနှင့်လည်း ရင်းနှီးလာကြသည်။ အလယ်တန်းကတည်းက ရင်းနှီးခဲ့သော ဥယျာဉ်တန်းသား သူငယ်ချင်း သန်းလွင်နှင့် သူ့အိမ်ကိုယ့်အိမ် သူ့အိပ်ရာ ကိုယ့်အိပ်ရာ အချိန်မရွေး ဝင်ထွက်နေရာ သူ့သူငယ်ချင်း ချမ်းသာရ ထုံးကုန်းသား မောင်မြင့်နှင့်လည်း ရင်းနှီးလာသည်။ ထို့နောက် မောင်မြင့်နှင့် တစ်ရပ်တည်းသား ကိုအုန်းကြိုင်နှင့်လည်း ရင်းနှီး လာသည်။ သူတို့က ကျွန်တော်နှင့် သာမက ကျွန်တော့ ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးလာကြသည်။ အလားတူ တက္ကသိုလ်ရောက်မှ သိကျွမ်းရသော…
Read Moreသူတို့အိမ် အခန်း (၁၀၄)
ဆူးငှက် တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာ ————————————————- ကျွန်တော်က အမိတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံသစ်များထက် အဆောက်အအုံဟောင်းများကို စိတ်ဝင်စားသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက်အသုံးပြုခြင်းဖြင့် ဤတက္ကသိုလ်၏ သမ္ဘာ၊ ရင့်ကျက်မှုနှင့် ဖြတ်သန်းမှုကို သိသာစေသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်း ပြုပြင်ရာတွင်ပင် သစ်လွင်တောက်ပမှုအစား တည်ငြိမ် ခံ့ငြားမှု မူလအသွေးကို မထိခိုက်စေလိုပေ။ ဆရာကြီး ဒဂုန်တာရာက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး မျက်နှာစာကို ရေညှိတက်နေသည့် မူလ အသွေးအတိုင်း ထားစေလိုသည်။ ကျန်သည့်အပိုင်းများကိုသာ ပြုပြင် မွန်းမံစေလို၏။ မျက်နှာစာ၏ ရေညှိတက် အသွေးက တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာကို ပြဆိုသည်ဟု ရေးခဲ့ဖူးသည်။ မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်က သက်တမ်းအရင့်ဆုံးဖြစ်သည်။ ဒုတိယ သက်တမ်းအရင့်ဆုံးက မန္တလေး တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်က ၁၉၂၀ခုနှစ်…
Read Moreပြည်ပက ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွင့်အတွက် ကန့်သတ်ချက်တွေနဲ့ ပယ်ချမှုများလာလို့ အဆင်မပြေ
မေ ၅ ၊ ၂၀၂၆ GG (VOM) ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့်ပြုတဲ့နေရာမှာ ကန့်သတ်ချက်တွေများလာတဲ့အပြင် ထွက်ခွာခွင့်ပယ်ချခံရတဲ့ အရေအတွက်လည်း ရာနဲ့ချီရှိလာတာကြောင့် ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွာဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ သိရပါတယ်။ အရင် ဧပြီလ တလတည်းမှာပဲ ပြည်ပပြန်ထွက်ခွင့်လျှောက်ခဲ့တဲ့ ခွင့်ပြန်လုပ်သား ၆၀၀ ကျော်လောက်ဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့်ဆိုပြီး ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရသူအများစုဟာ OWIC ကတ်မှာပါတဲ့ နိုင်ငံ၊ ကုမ္ပဏီနဲ့ ပြန်ထွက်ခွာမယ့် နိုင်ငံ၊ ကုမ္ပဏီ မတူခြင်း ၊ သက်တမ်းရှိ Workpermit နဲ့ လေယာဥ်လက်မှတ်မပါခြင်း ၊ လေဆိပ်အဝင်တံဆိပ်တုံး ၊ နိုင်ငံကူးလက်မှတ် ၊ အလုပ်ရှင်ခွင့်စာ၊ စာရွက်စာတမ်း မှန်ကန်မှုမရှိခြင်း စတဲ့ အချက်အလက်တွေ ပြည့်စုံမှုမရှိတဲ့အတွက် ထွက်ခွာခွင့်ပယ်ချခံရပြီး ပြန်လည်တင်ပြဖို့ အသိပေးခံခဲ့ရတာ…
Read Moreသီလရှင်ဝတ်စုံနဲ့ ယှဉ်ပြိုင်တဲ့ အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပေမယ့် အရေးယူဖို့တောင်းဆိုမှုတွေရှိနေ
မေ ၅ – ၂၀၂၆ SS (VOM) မနေ့ မေ ၄ ရက်၊ ညပိုင်းက ပြုလုပ်တဲ့ Miss Grand Myanmar 2026 National Costume Competition မှာ သီလရှင်ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ တာချီလိတ် အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ Miss Grand Myanmar Organization က ဒီကနေ့ မေ ၅ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ တာချီလိတ် အလှမယ်ဟာ National Costume Competition မှာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ တာချီလိတ်မြို့ကို ကိုယ်စားပြုတယ်လို့ ဆိုကာ ဗုဒ္ဓဘာသာဝင် မိန်းမပျိုတယောက်ရဲ့ နားသအလှူတော်မင်္ဂလာ ပြုလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့ပြီးနောက် သီလရှင် ပုံစံပြောင်းကာ ထပ်မံ…
Read More




