အကျဉ်းသား ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်​ပေးတဲ့ထဲ မန္တ​လေးတိုင်းက ၂၀၀​ကျော်ပါရှိ

မန္တ​လေး -ဧပြီ ၃၀-၂၀၂၆
VOM
နိုင်ငံတော်သမ္မတက ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
ဒီထဲမှာ မန္တ​လေးတိုင်းအတွင်း အကျဥ်း​ထောင်​တွေက ကျား ၁၆၉ ၊ မ ၄၇ စုစုပေါင်း ၂၁၆​ယောက်လွတ်တာမှာ မန္တလေးအိုးဘို ဗဟိုထောင်က ကျား ၆၃ မ ၂၈ ပေါင်း ၉၁ ပါရှိပြီး ​နေပြည်​တော် အချုပ်​ထောင်က ကျား ၁၆ ​ယောက်လွတ်​မြောက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်တဲ့သူ​တွေဆီကသိပါတယ်။
ဒီက​နေ့ထုတ်ပြန်တဲ့ အမိန့်အမှတ် ၅၀ မှာ ဧပြီ ၃၀ မတိုင်ခင် အကျဥ်းကျတဲ့ အကျဥ်းသား အကျဥ်းသူ​တွေကို ပြစ်ဒဏ် ၆ပုံတပုံ​လျှော့​ပေါ့တဲ့ ခံစားခွင့်လည်း​ပေးခဲ့ပါ​သေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW