မန္တလေး -ဧပြီ ၃၀-၂၀၂၆
VOM
နိုင်ငံတော်သမ္မတက ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
ဒီထဲမှာ မန္တလေးတိုင်းအတွင်း အကျဥ်းထောင်တွေက ကျား ၁၆၉ ၊ မ ၄၇ စုစုပေါင်း ၂၁၆ယောက်လွတ်တာမှာ မန္တလေးအိုးဘို ဗဟိုထောင်က ကျား ၆၃ မ ၂၈ ပေါင်း ၉၁ ပါရှိပြီး နေပြည်တော် အချုပ်ထောင်က ကျား ၁၆ ယောက်လွတ်မြောက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်တဲ့သူတွေဆီကသိပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ အမိန့်အမှတ် ၅၀ မှာ ဧပြီ ၃၀ မတိုင်ခင် အကျဥ်းကျတဲ့ အကျဥ်းသား အကျဥ်းသူတွေကို ပြစ်ဒဏ် ၆ပုံတပုံလျှော့ပေါ့တဲ့ ခံစားခွင့်လည်းပေးခဲ့ပါသေးတယ်။
