ဆူးငှက် ၂၆ ဘီလမ်းနှင့် လမ်း၈၀ထောင့်မှ ကျုံးဘေးပလက်ဖောင်းအတိုင်း အရှေ့ဘက် မေတ္တာပေါင်းကူးတံတားထိပ်အထိ လမ်းလျှောက်ကြတော့ ၇၈လမ်းထိပ် ဓာတ်ဆီဆိုင် အနောက်နား မီးရထားအရာရှိအိမ်ဝင်းထရံက ၆ပေ ၃ပေအရွယ် အဝါခံ အနက်စာလုံးနှင့် ဆိုင်းဘုတ်တစ်ချပ်ကိုလည်း သတိထားမိကြသည်။ သည်ဆိုင်းဘုတ်က ဟို ငယ်စဉ်ကတည်းက တွေ့နေကျပေမယ့် ဆိုင်းဘုတ်ရှေ့ ဖြတ်သွားသူတိုင်းက အလွတ်ရပြီးသား ဆိုင်းဘုတ်ပါ စာသားတွေကို ရွတ်ဆိုမိကြသည်ချည်း ဖြစ်သည်။ ထိုဆိုင်းဘုတ်မျိုးက သည်နေရာမှာပဲ ရှိသည်မဟုတ်။ ကျုံးထောင့်အနောက်ဘက် ဘီလမ်းပေါ် ၈၁လမ်းမရောက်မီမှာလည်း ရှိသည်။ ဈေးချိုဘက်မှာလည်း ရှိသည်။ ရဟိုင်းဈေးဘက်မှာလည်းရှိသည်။ ဘုရားကြီးဘက်လည်းရှိသည်။ ဘူတာကကြီးဘက် ဆေးရုံကြီးဘက်တွေမှာလည်း ရှိသည်။ သည်ဆိုင်းဘုတ်က မန္တလေး၏ အမှတ်အသားတစ်ခုဟုပင် နိုင်ငံခြားသားများက ဓာတ်ပုံဖြင့် မှတ်တမ်းတင်ကာ နိုင်ငံခြားမဂ္ဂဇင်းတွေထဲထိ ဖော်ပြကြသည်။ ဆိုင်းဘုတ်ပါ စာသားက “တိရစ္ဆာန်များကို မစားခြင်းဖြင့် သူတို့အား ကြင်နာပါ။ Be kind to…
Read MoreDay: July 9, 2025
အမေရိကန်နဲ့ ကုန်သွယ်ရေးကိစ္စ နစက ညှိနှိုင်းမယ်
ဇူလိုင် ၉ – ၂ဝ၂၅ KKO(VOM) အမေရိကန်သမ္မတထရန့်က မြန်မာအပေါ်ကုန်သွယ်ခွန် ၄ဝ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမယ်လို့ အခုဇူလိုင်လ ၇ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီးနောက် အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းသွားမယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အခုလာမယ့် ဩဂုတ် ၁ ရက်နေ့ကစပြီး မြန်မာအပါအ၀င် နိုင်ငံတော်တော်များများကို အမေရိကန်အစိုးရက အခွန်တိုးကောက်ခံတော့မှာဖြစ်သလို မြန်မာက ၄၀%၊ အိမ်နီချင်း ထိုင်းက ၃၆ % ဖြစ်ပါတယ်။ “Trade Volume ကြီးတဲ့ ထိုင်းလိုနိုင်ငံတွေမှာတော့ လုပ်ငန်းတွေရပ်တာ အလုပ်သမားတွေ လူလျှော့တာဖြစ်လာနိုင်ပါတယ်။အရင်က တည်းက Sanction ပေါင်းများစွာနဲ့ ဒုက္ခတောမှာ မျောနေပြီး လမ်းပျောက်နေတဲ့ မြန်မာတွေအတွက် ဒါကသိပ်ပြီးတော့ မထူးပါဘူး”လို့ မြန်မာသတင်းစာဆရာတယောက်က သူရဲ့ အမြင်ကို သုံးသပ်ပြောပြပါတယ်။ ဒီလိုအမေရိကန်နိုင်ငံက မြန်မာကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမယ့်အကြောင်းသတိ ပေးစာပေးပို့ခဲ့မှုအပေါ်…
Read Moreလောက်ကိုင်မှာ မိုးကြီးပြီး လုံထန်ဆည်ရေလျှံလို့ နေအိမ်တွေ ရေထပ်မြုပ်
ဇူလိုင် ၉- ၂၀၂၅ နွယ်နီ(VOM) ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင် မြို့နယ်အတွင်းမှာ ဇူလိုင် ၄ ရက်နေ့က စလို့ မိုးကြီးပြီးရေလျှံတာကြောင့် နေအိမ် အနည်းဆုံး နှစ်ရာ ကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ လုံထန်ဆည်ရေ လျှံလာတာကြောင့် လောက်ကိုင်မြို့အတွင်း ရပ်ကွက်တွေ ရေထပ်မြုပ်ကုန်တယ်လို့ လောက်ကိုင်ဒေသခံတစ်ယောက်က ပြောပါတယ်။ “မိုးက မရပ်ဘူး။ လုံထန်ဘက်က ဆည်ရေတွေပါ ထပ်လျှံလာတာ လောက်ကိုင်ထဲအထိ ရောက်လာပြီ။ အခု တုံချိန်ရပ်ကွက်ရော ဘေးနားရပ်ကွက် အနိမ့်ပိုင်းနေရာတွေပါ အကုန် မြုပ်သွားတယ်။ တချို့ ရပ်ကွက်တွေမှာ လူတွေ ထွက်မရသေးဘူး” ရေဘေးကြုံရသူတွေကို အမြင့်ပိုင်း ရပ်ကွက်တွေက စာသင်ကျောင်းတွေမှာ နေရာချ ပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေဘေးသင့်သူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ကိုးကန့်တပ်ဖွဲ့ရဲ့…
Read Moreဝိုင်းမော်မှာ ပြည်သူ့စစ် အချင်းချင်း ပစ်သတ် မှုဖြစ်ပွား
ဇူလိုင် ၉၊၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မှာ ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်က ပြည်သူ့စစ် အချင်းချင်း ပစ်သတ်မှု ဖြစ်ပွားပြီး အရာရှိတယောက်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဂွေထုရွာက ပြည်သူ့စစ်တပ်ဖွဲ့က လဆန်အောင်ဝါရဲ့ နေရာ လွဲယူထားတဲ့ တယောက် သူ့အောက်က အရာရှိ တယောက်ကို ပစ်သတ် လိုက်တယ်လို့ သိရတယ် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အစည်းဝေး ပြုလုပ်နေချိန် အချင်းချင်း စကားများကြလို့ ပစ်ခတ်ကြရာက ေဂွထု ဌာနေ ပြည်သူ့စစ်ခေါင်း ဆောင်နေရာယူထားတဲ့ ဦးနော်လီက လက်မှာ ၂ ချက် ထိထားပြီး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးအောင်ဂမ်က သေဆုံးသွားတယ်လို့…
Read Moreဖားကန့်တိုက်ပွဲအကြား လူသေဆုံးမှုရှိတဲ့အပြင် နေအိမ်နဲ့ဆိုင်ဖောက်ထွင်းခံရပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေဖြစ်ပွားနေ
ဇူလိုင် ၉ ၊ ၂၀၂၅ GG(VOM) ဖားကန့်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြားမှာ လက်နက်ကြီးထိပြီး သေဆုံး ဒဏ်ရာရတာတွေရှိနေတဲ့အပြင် နေအိမ်နဲ့ ဆိုင်ဖောက်ထွင်းခံရခြင်း ၊ ခြိမ်းခြောက်ငွေတောင်းခံရခြင်း၊ ကုန်စည်စီးဆင်းမှုခက်ခဲလာခြင်းစတဲ့ အခက်အခဲတွေကို ဒေသခံပြည်သူတွေရင်ဆိုင်နေရတယ်လို့သိရပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာတော့ ဖားကန့်မှာ တိုက်ပွဲ ပစ်ခတ်သံငြိမ်နေပြီး ဇူလိုင် ၈ ရက်နေ့ညပိုင်း၊ ဖားကန့်မြို့မရဲစခန်းအနီးရှိ စည်ပင်တန်းလျားမှာတော့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ” လင်မယားနှစ်ယောက်မှာ မိန်းမဖြစ်သူကသေတယ်။ယောကျ်ားကဒဏ်ရာပြင်းတယ်။ ညကပဲဆေးရုံပို့လိုက်ကြတယ်။ ဖားကန့်မှာအခုက ပြဿနာက အစုံဖြစ်နေတယ်။ တိုက်ပွဲကလည်းရပ်လိုက်ပစ်လိုက်နဲ့ပဲ။ အုပ်ချုပ်ရေးပိုင်းကလည်း ခုဖြစ်နေတဲ့စစ်ရေးအရ အချိန်နဲ့အညီ အားကိုးလို့သိပ်မရတော့ ကိုယ့်အိမ် ကိုယ့်ဘာသာဂရုစိုက်ရမှာ။” လို့ ဒေသခံကပြောပါတယ်။ ဖားကန့်မြို့၊ လုံးခင်းမှာဆိုရက် ဇူလိုင် ၈ ရက်နေ့က Uni One Mobile ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းတွေအခိုးခံလိုက်ရသလို နေအိမ်ခြံတခါးဖျက်ဆီးပြီး…
Read Moreပုဂံနဲ့မဝေးတော့တဲ့ ဇီးစာမြင်မြောက်ရွာအပါ ရွာလေးရွာမှာ နေအိမ်ရာနဲ့ချီမီးရှို့ခံရပြီး လက်နက်ကြီးနဲ့မိုင်းနင်းမိလို့ ဒဏ်ရာရသူတွေပါရှိလာနေ
ဇူလိုင် ၉ ၊ ၂၀၂၅ TG (VOM) ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေနဲ့ မဝေးတော့တဲ့ ရွှေလှိုင်း မြေသန့်တောင်ကျေးလက်ဖွံ့ဖြိုးရေးလမ်းဘေးက ရွာလေး ရွာလောက်မှာ နေအိမ်ရာနဲ့ချီ မီးရှို့ခံနေရတဲ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်လည်း လူထိခိုက် ရရှိမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ ချောင်းရှည်ရွာ ၊ ဇီးစာမြင်မြောက်ရွာ ၊ ပွဲတိုင်းရွာ ၊ ကျောက်ပြင်ကန်ရွာတို့မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ယာတောကြီးရွာမှက နေအိမ်ပေါ်လက်နက်ကြီးကျရောက်ခဲ့လို့ အမျိုးသမီးအပါသုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ဇီးစာမြင်မျောက်ရွာမှာ တရွာလုံးလိုလိုပဲ မီးလောင်ကုန်ပြီ။ အိမ်ခြေ ၁၅၀လောက်ရှိတာကို နည်းနည်းပဲကျန်တယ်။ချောင်းရှည်က ၁၀ အိမ်လောက်ရှိမယ်။ကျောက်ပြင်ကန်ကအိမ်၂၀လောက်ရှိတယ်။ ပွဲတိုင်းကလည်း အိမ်ခြေ၂၀ ကျော်ရှိတာကို သုံးအိမ်လေးအိမ်လောက်ပဲကျန်တယ်။ အနောက်အုံမှာက အိမ်တော့မရှို့ဘူး။ နွားစာထည့်တဲအိမ်တခုရှို့ခံရတယ်။” လို့ ဒေသခံရွာသား တယောက်ကပြောပါတယ်။ ဒါအပြင် အဆိုပါ ကျေးရွာတွေမှာ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ကြုံတွေ့နေရပြီး ပြီးခဲ့ရက်ပိုင်းကပင် ချောင်းရှည်ရွာက အမျိုးသမီးနှစ်ယောက်…
Read Moreဒေါက်တာတူးဂျာ နေအိမ် နဲ့ ဒေါ်ဒွဲဘူ နေအိမ် ဗုံးပစ်ခတ်ဖောက်ခွဲခံရလို့ အနီးဝန်းကျင် လုံခြုံရေးတင်း
ဇူလိုင် ၉၊ ၂၀၂၅ Shy V (VOM) ငြိမ်းချမ်းရေး ဖိုရမ် တက်ရောက်ခဲ့တဲ့ ဒေါက်တာတူးဂျာ နေအိမ်နဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နေအိမ်တွေ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ဗုံးပစ်ခတ်ဖောက်ခွဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟိုတနေ့က ဒေါက်တာတူးဂျာ အိမ်နဲ့ ဒေါ်ဒွဲဘူ အိမ် ဗုံးခွဲ ခံရတာဟုတ်တယ်။ ကျမတို့ နေတဲ့နားပဲ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လူသူ ထိခိုက်တယ်လို့လည်း မကြားသလို ကြီးကြီးမားမား ထိခိုက်တာမျိုးလည်း မကြားရဘူး လို့ သူက ပြောပါတယ်။ “အဲဘက်နား ဖြတ်လာတော့ စစ်သားတွေ အများကြီး ရှိနေတာ ဗုံး ခွဲခံရလို့ဆိုပြီးတော့။ စစ်လည်း စစ်နေတာ။ အနီးကပ်တော့ သွားမကြည့်ရဲတော့ ဘယ်လောက် ထိခိုက်ပျက်စီးလဲ မသိရဘူး” လို့ နောက်ထပ်…
Read Moreစက်သုံးဆီစျေးကျဖို့ ဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးဦးမယ်လို့ ဗဟိုဘဏ် ကြေညာ
ဇူလိုင် ၉ – ၂၀၂၅ SS (VOM) စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ထပ်မံ ရောင်းချပေးဦးမယ်လို့ ဗဟိုဘဏ်က မနေ့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ အခုလအတွက် ဒုတိယအကြိမ်အဖြစ် အမေရိကန် ဒေါ်လာတွေ ထုတ်ရောင်းပေးဖို့ ကြေညာခဲ့တာဖြစ်ပြီး ရောင်းချပေးမယ့် နေ့ရက်ကိုတော့ ကြေညာချက်မှာ အတိအကျ ဖော်ပြထားခြင်း မရှိသလို ရည်ညွှန်း ငွေလဲနှုန်းကိုလည်း သီးခြား ဖော်ပြထားတာ မတွေ့ရပါဘူး။ “ဗဟိုဘဏ်ကတော့ ဈေးကွက်ထိန်းချင်တဲ့အတွက် ဒေါ်လာတွေ ရောင်းပေးနေတာပေါ့။ ဒါပေမယ့် ဈေးကွက်ထဲမှာတော့ စက်သုံးဆီဈေးက သိသိသာသာ မကျသေးဘူး။ တလီတာ ၃၀၀၀ အထက်မှာပဲ ရှိနေသေးတယ်” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ လက်ရှိ စက်သုံးဆီဈေးကွက်မှာ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး…
Read More