မေ ၁ – ၂၀၂၆ SN (VOM) ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတက နေအိမ်အကျယ်ချုပ် သတ်မှတ်ပေးလိုက်တယ်လို့ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပြီးတဲ့နောက် ပြည်သူတွေကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်နေပြီး သူမ ကျန်းမာစွာရှိနေကြောင်း သက်သေအစစ်အမှန် ပြသပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း မေတ္တာ၊ စေတနာ ထားသောအားဖြင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ နေပြည်တော် အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ သတ်မှတ်လိုက်တယ်လို့ မနေ့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “ဒါက Proof of life (အသက်ရှင်လျက်ရှိကြောင်း သက်သေပြချက်)…
Read MoreDay: May 2, 2026
မန္တလေးမှာ ပစ္စည်းခိုးတဲ့မျောက်တွေ ခပ်စိပ်စိပ်ပြန်တွေ့လာ
မန္တလေး၊ မေ- ၁- ၂၀၂၆ SA(VOM) မန္တလေးမြို့မှာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ပစ္စည်းခိုးဖို့ စနစ်တကျ သင်ထားတဲ့မျောက်တွေကို ရပ်ကွက်တွေထဲလွှတ်ထားကာ လူဝင်ထွက်ဖို့ ခက်ခဲတဲ့ အဆောက်အဦတွေက တန်ဖိုးကြီးပစ္စည်းတွေ ပျောက်ဆုံးတာမျိုးဖြစ်ခဲ့ပြီး အခုရက်ပိုင်းအတွင်းမှာ အဲ့ဒီမျောက်သူခိုး အများစု မန္တလေးမြို့ပေါ်မှာ ခပ်စိပ်စိပ်လှုပ်ရှားလာတာကို တွေ့ရပါတယ်။ ” ခိုးတာက လူလည်းမဟုတ်တော့ အရေးယူဖို့ခက်တယ် ဒီကိစ္စက မျောက်ဖမ်းကျွမ်းကျင်သူဖြစ်ဖြစ် မီးသတ်တပ်ဖွဲ့နဲ့ဖြစ်ဖြစ် ဝိုင်းဖမ်းမှရမယ်၊ ဒါမှမဟုတ်ရင်လည်း နောက်ဒါမျိုးမဖြစ်အောင် နည်းတခုခု ရွေးရမှာပေါ့ ” လို့ မြို့ခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း အဲ့ဒီလိုစနစ်တကျ ပစ္စည်းခိုးဖို့ သင်ထားတဲ့ မျောက်တွေကို ၈၁ လမ်း ၄၄ လမ်းနဲ့ ၄၅ လမ်းကြားက ကျောင်းတိုက်နဲ့ နေအိမ်တွေပေါ်မှာ လှုပ်ရှားသွားလာနေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ဓာတ်ပုံနဲ့တကွ လူမှုကွန်ယက်စာမျက်နှာမှာ…
Read Moreတီးတိန်ကို မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ
မေ ၁ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (မြောက်ပိုင်း)၊ တီးတိန် မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံတွေ ထိတ်လန့်နေပြီး လူဦးရေ ထက်ဝက်ကျော်လောက် နေရပ်စွန့်ခွာ စစ်ရှောင်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တီးတိန်မြို့ပတ်ဝန်းကျင်က ဆဲဇာန်၊ လမ်းဇန်၊ ဂေါင်မွှလ်၊ လိုင်လိုး၊ တွီးလန့်၊ တွာလ်ဇန်၊ လိုင်လွီး၊ တက်လွီး၊ ဟောက်ပီး၊ ထန်းဇာန်၊ ငင်းနှုန်းနဲ့ ဗာရ်ဗုမ်း အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေပါ စစ်ရှောင်နေကြတာဖြစ်ပြီး အများစုဟာ တောင်ယာဘက်ကို သွားကြတာဖြစ်ကာ တချို့ကတော့ တီးတိန်မြို့အတွင်းက ကျေးရွာတွေဘက်ကို ပြောင်းရွှေ့နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ကလေးမြို့ဘက်ကို သွားကြတဲ့ ဒေသခံတွေလည်းရှိသလို၊ တချို့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်နဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ဘက်ကိုပါ ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ “ဒေသတွင်း…
Read Moreဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲဆိုတာ စိတ်ဝင်စားနေ
နေပြည်တော် မေ ၁ – ၂၀၂၆ KKL(VOM) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက်ကျခံရမယ့် ပြစ်ဒဏ်ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁ အပိုဒ် ၁ အရ သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက်ကျခံဖို့ကို သမ္မတအမိန့်နဲ့ ကဆုန်လပြည့်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်နေရာက ဘယ်အိမ်ကိုပို့ဆောင်ထားတယ်ဆိုတာကိုတော့ အစိုးရက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ အရာရှိတွေ တွေ့ဆုံတဲ့ပုံနဲ့ နေအိမ်အကျယ်ချုပ်ထားကြောင်း သတင်းထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိတ်ဝင်တစားနဲ့ ဘယ်မှာထားတယ်ဆိုတာ သိချင်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် ပုဗ္ဗသီရိ မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ Bullet ဦးလှဆွေကိုမေးကြည့်တော့ “ခင်ဗျားတို့က ဘာလို့သိချင်နေကြတာလဲ မသိဘူး ကျွန်တော်ကသိတယ် ပြောရင် ဟိုဟာဖြစ်သွားမှာစိုးလို့ ကျွန်တော်သိတယ် မပြာချင်ဘူး” လို့ VOM ရဲ့ ဆက်သွယ်မှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်ရှိနေတဲ့ပြစ်ဒဏ်…
Read Moreရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားကို အစီးရေတိုးချဲ့ ပြေးဆွဲပေးစေလို
မေ ၁ – ၂၀၂၆ SN (VOM) ရထားတွဲဆိုင်း ခြောက်တွဲပါ ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားကို အစီးရေတိုးချဲ့ ပြေးဆွဲပေးစေလိုတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ ရန်ကုန် – မန္တလေး ခရီးစဉ်အတွက် အမှတ် (၅) အဆန်နဲ့ အမှတ် (၆) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို ဒီကနေ့ မေ ၁ ရက်မှစတင်ကာ ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။ အစုန်/အဆန် ရထားတွေဟာ နေ့စဉ် မနက် ၆ နာရီမှစတင်ကာ ထွက်ခွာမှာဖြစ်ပြီး သက်ဆိုင်ရာဘူတာတွေကို ညနေ ၁၆ နာရီမှာ အသီးသီး ရောက်ရှိကြမှာဖြစ်ကာ ခရီးစဉ် စ/ဆုံး စုစုပေါင်း ပျမ်းမျှကြာမြင့်ချိန် ၁၀ နာရီရှိတယ်လို့ သိရပါတယ်။ ရန်ကုန်…
Read Moreသူတို့အိမ် အခန်း (၁၀၀)
ဆူးငှက် စာပေ၊ ပန်းချီ၊ ဂီတ နှင့် မယ်မယ်ရရ မရှိခဲ့ပုံ ——————————————- ကျွန်တော် ငယ်စဉ်ကတည်းက ပန်းချီဝါသနာပါသည်။ ကြီးလာတော့ စာပေ ဝါသနာပါသည်။ သို့သော် ထို ၂ခုစလုံးက တီးမိခေါက်မိရုံသာ။ ပန်းချီသာ ဝါသနာပါသည် ကူးဆွဲသည့် အဆင့် သာသာဖြစ်သည်။ ကိုယ့်ဖာသာ ဖန်တီးပြန်တော့လည်း ဆီဆေးကိုပင် ဘာနှင့် ရေးရကောင်းမှန်းမသိ။ ထို့အတူ စာပေဝါသနာပါသည်။ စာအုပ်လေးတွေ ဟိုစပ်စပ် သည်စပ်စပ်သာ ဖတ်သည်။ ကျောင်းနံရံကပ်စာစောင်မှာပင်း ဖြစ်ဖြစ်မြောက်မြောက် မဟုတ်လှ။ ယခုထိကိုပင် ကိုယ်ဝါသနာပါသော စာပေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော်လည်း မိမိ၏ စာပေအဆင့်က တယ်မဟုတ်လှ၊ အရာမဝင်လှ။ နေ့ဖို့ညစာပင် အနိုင်နိုင်။ ကိုင်း ထားပါတော့၊ နောက် ဝါသနာပါတာက ဂီတ။ သို့သော် ဂီတနှင့် ပတ်သက်၍မူ သီချင်း နားထောင်တတ်ရုံပင် ဖြစ်သည်။ အစအဆုံးရသည့် သီချင်းပင်လျှင်…
Read MoreMNDAA တပ်ပြေးတွေရှိရင် မိသားစုတွေ ပါ ဖိအားပေးခံရ
မေ ၂၊ ၂၀၂၆ Shy V( VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ပေမယ့် တအိမ်တယောက် စစ်မှု မထမ်းမနေရ စနစ်အပြင် တပ်ကနေ ပြေးသွားသူတွေရှိရင် တပ်ပြေးတွေရဲ့ မိသားစုဝင်တွေကို အစားထိုးဖို့ MNDAA ဘက်က ဖိအားပေး ခံရနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လောလောဆယ် ဒေသခံတွေ လွန်ဆန်လို့ မရဘူးလေ။ သူတို့ (MNDAA)လက်ထဲ လုပ်ပိုင်ခွင့် လိုမျိုး ဖြစ်နေတာ။ လက်ရှိ လားရှိုး နယ်ဖက်မှာပါ စစ်မှုထမ်းခေါ်ဖို့ အစီစဉ် ဆွဲနေတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဝ လူမျိုးတွေအပြင် ပလောင်၊ ကချင်၊ ရှမ်း လူမျိုးတွေလည်းတွေ တအိမ်တယောက် စစ်သားစုဆောင်းခံရတဲ့အပြင် တပ်ပြေးပြေးပါက မိသားစုဝင်တွေထဲက…
Read More