မှော်ဘီမှာ ဇနီးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားကို သေဒဏ်ချမှတ်

မတ် ၄ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း ၊မှော်ဘီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ တရားခံ အမျိုးသားကို ဒီနေ့ မတ် ၄ ရက်မှာ မှော်ဘီမြို့နယ်တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။
လူသတ်မှုဖြစ်ပွားပြီး တရားခံကို ဖမ်းဆီးပြီးနောက် အချိန်တလကျော်အကြာမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ( ၁) အရ သေဒဏ်အမိန့်ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ဒီနေ့ သေဒဏ်အမိန့်ချလိုက်တယ် သိရတယ်။ ပြစ်မှုက ထင်ရှားပြီး သက်သေကလည်းခိုင်လုံနေတော့ ပြစ်ဒဏ်မြန်မြန် ချမှတ်လိုက်တဲ့ သဘောရှိတယ် ။ဒီဖြစ်စဥ်ကတော့ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ ကိစ္စလေ ။ သတ်ပြီး ခေါင်းဖြတ်ပြီးတောင် လက်ကဆွဲပြီး လမ်းပေါ်ထွက်လာတာ ။ ” လို့ တရားရုံးနဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။
အမှု ဖြစ်စဥ်ကတော့ ပြီးခဲတဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်ရှိ နေအိမ်တခုမှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ အမျိုးသားက မိန်းမဖြစ်သူကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တရားခံကိုလည်း လူသတ်မှူ ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW