လက်နက်ချ အလင်းဝင် လာသူတွေကို မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ လပခတိုင်းမှူး တို့က ကြိုဆိုလက်ခံပြီး မိန့်ခွန်းပြောကြား

မန္တလေး၊ မတ် – ၁၉- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာ လှုပ်ရှားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အ စည်း အမျိုးမျိုးကနေ လက်နက်ချ အလင်းဝင်လာသူတွေကို တိုင်းအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဌေးအောင် တို့က ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
လက်နက်ချ အလင်းဝင် လာသူ အမျိုးသား ၄၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက် တို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ရေးပြကွင်းမှာ ကြိုဆိုလက်ခံခဲ့ကြကာ အလုပ်အကိုင်က အစ ဖန်တီးပေးမယ်လို့ ပြောဆိုခဲ့သလို မနက်စာတွေနဲ့ တည်ခင်းဧည့်ခံကာ အုပ်ထိန်းသူမိဘတွေဆီ ပြန်လည်အပ်နှံခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW