စက်တင်ဘာ ၁၁ ၊ ၂၀၂၅ CC (VOM) ထိုင်းမြန်မာနယ်စပ် ၊ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ စစ်တပ်က ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အပါအဝင် မြို့တွင်းရှိနေရာတွေမှာ တပ်စခန်းချပြီး လုံခြုံရေးပြန်လည်ရယူလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အမပတ်လမ်းအောက်ရှိ BGF လုံခြုံရေး ကင်းစခန်းနေရာမှာ စစ်တပ်က လုံခြုံရေးပြန်လည်ရယူလာခြင်းဖြစ်ပြီး မြဝတီ ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ မှာပါ အထိုင်ချပြီး လုံခြုံရေးပြန်လည်ရယူလာတာဖြစ်တယ်လို့သိရပါတယ်။ ” တံတားပေါ်မှာကတော့နဂိုထဲက စစ်တပ်ရှိတယ်။အခုကစစ်တပ်က အမှတ်၁ တံတားအောက် BGF ရေစစ်တပ်ရောနှစ်ခုတွဲထားတယ်။စစ်တပ်ကလုံခြုံရေးပိုင်းပြန်ဝင်လာတယ်။ခလရ ၂၇၅ မှာက စစ်တပ်ရော အဖွဲ့အစည်းရောတွဲထိုင်တယ်။ခုအာရှလမ်းပြန်ရ ပြီးတော့ ဗျူဟာကုန်းမှာစစ်တပ်ပြန်ဝင်လာတယ်။သူတို့ရှိရမယ့်နေရာတွေမှာ စစ်တပ်က…
Read MoreCategory: Uncategorized
ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအယူခံဝင်ခွင့် မရှိ၊ ဥပဒေအတိုင်းသာဖြစ်ပြီး ရွေးကောက်ပွဲမှာနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကိုခွင့်ပြုမယ်
နေပြည်တော်၊ စက်တင်ဘာ ၁၁ – ၂ဝ၂၅ VOM(KKO) ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအနေနဲ့အယူခံဝင်ခွင့်မရှိဘဲ ဒါဟာဥပဒေအတိုင်းသာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီကနေ့ နေပြည်တော် ရွေး/ကော်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ အမေးကို ဖြေကြားပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုး သမီးပါတီ(မွန်)နဲ့ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကိုပယ်ဖျက်လိုက်တယ်လို့ရွေး/ကော်ကထုတ်ပြန်ခဲ့တဲ့ ကိစ္စအတွက် မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီတွေအပေါ်ပြင်းထန်လွန်းမနေဘူးလား၊ ဒါဟာရွေး/ကော်ရဲ့အပြီးသတ်ဆုံးဖြတ်ချက်လား အယူခံဝင်ခွင့်မရှိတော့ဘူးလားလို့ VOM က ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာမေးမြန်းခဲ့မှုအပေါ် ရွေး/ကော် UEC တာဝန်ရှိသူဦးခင်မောင်ဦးက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ “ဒါကဥပဒေပြဌာန်းချက်အတိုင်းဖြစ်ပါတယ်။ဒီဥပဒေပြဌာန်းချက်ကလည်းလျော့ပေါ့ထားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။၂၆ .၁. ၂ဝ၂၃ မှာ ပြဌာန်းထားခဲ့တဲ့ဟာကို ၃ဝ.၁. ၂ဝ၂၄ မှာတဝက်တိတိလျော့ပေးထားခဲ့တဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါကိုလျော့ပေး လိုက်တဲ့အတွက် ကျန်တဲ့ပါတီတွေရောမျှတရဲ့လား၊ ကျန်တဲ့ပါတီတွေက သူတို့အတွက်မျှတရဲ့လားသူတို့ကအင်အားတွေ ပြည့်ဝပြီးကြိုးစားဆောင်ရွက်ထားတဲ့ပါတီတွေရှိပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး ဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်”…
Read Moreအိန္ဒိယ ပန်ဂျပ်ပြည်နယ်မှာ ကျေးရွာ ၁၄၀၀ ကျော်ရေဘေးသင့်လို့ လူ ၃၀ သေ
ဒေလီ၊ စက်တင်ဘာ-၃-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေကြောင့် လူ ၃၀ ထက်မနည်းသေဆုံးပြီး သုံးသိန်းငါးသောင်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြစ်တွေနဲ့ ရေလှောင်ကန်တွေရဲ့ ရေမျက်နှာပြင်က အန္တရာယ်ရှိအဆင့်နီးပါးထိ မြင့်တက်လာတဲ့အတွက် ပြည်နယ်အတွင်းက ခရိုင် ၂၃ ခုလုံးကို ရေကြီးဒဏ်သင့်ဒေသအဖြစ် အာဏာပိုင်တွေက ကြေညာထားပါတယ်။ ကျေးရွာပေါင်း ၁၄၀၀ မှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မြေနိမ့်ပိုင်းနဲ့ ရေဘေးဒဏ်သင့်ဒေသတွေကနေ နှစ်သောင်း ခန့်ကို ရွှေ့ပြောင်းပေးခဲ့ပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် ခိုလှုံရန်နေရာနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကယ်ဆယ်ရေးစခန်းရာနဲ့ချီ ဖွင့်လှစ်ထားပါတယ်။ ပြည်နယ်အတွက် အရေးပေါ်အကူအညီတွေ တောင်းခံထားတယ်လို့ ပန်ဂျပ်ဝန်ကြီးချုပ် ကပြောပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်ကတည်းက ပြည်နယ်မှာကြုံတွေ့ဖူးတဲ့ အဆိုးရွားဆုံးရေကြီးမှုတွေလို့ ဆိုပါတယ်။ ပန်ဂျပ်ပြည်နယ်ကို အိန္ဒိယရဲ့ ရိက္ခာကျီလို့ လို့ အမြဲတမ်းခေါ်ဝေါ်ကြပြီး ဂျုံနဲ့…
Read Moreဖားကန့်တိုက်ပွဲအကြား လူသေဆုံးမှုရှိတဲ့အပြင် နေအိမ်နဲ့ဆိုင်ဖောက်ထွင်းခံရပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေဖြစ်ပွားနေ
ဇူလိုင် ၉ ၊ ၂၀၂၅ GG(VOM) ဖားကန့်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြားမှာ လက်နက်ကြီးထိပြီး သေဆုံး ဒဏ်ရာရတာတွေရှိနေတဲ့အပြင် နေအိမ်နဲ့ ဆိုင်ဖောက်ထွင်းခံရခြင်း ၊ ခြိမ်းခြောက်ငွေတောင်းခံရခြင်း၊ ကုန်စည်စီးဆင်းမှုခက်ခဲလာခြင်းစတဲ့ အခက်အခဲတွေကို ဒေသခံပြည်သူတွေရင်ဆိုင်နေရတယ်လို့သိရပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာတော့ ဖားကန့်မှာ တိုက်ပွဲ ပစ်ခတ်သံငြိမ်နေပြီး ဇူလိုင် ၈ ရက်နေ့ညပိုင်း၊ ဖားကန့်မြို့မရဲစခန်းအနီးရှိ စည်ပင်တန်းလျားမှာတော့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ” လင်မယားနှစ်ယောက်မှာ မိန်းမဖြစ်သူကသေတယ်။ယောကျ်ားကဒဏ်ရာပြင်းတယ်။ ညကပဲဆေးရုံပို့လိုက်ကြတယ်။ ဖားကန့်မှာအခုက ပြဿနာက အစုံဖြစ်နေတယ်။ တိုက်ပွဲကလည်းရပ်လိုက်ပစ်လိုက်နဲ့ပဲ။ အုပ်ချုပ်ရေးပိုင်းကလည်း ခုဖြစ်နေတဲ့စစ်ရေးအရ အချိန်နဲ့အညီ အားကိုးလို့သိပ်မရတော့ ကိုယ့်အိမ် ကိုယ့်ဘာသာဂရုစိုက်ရမှာ။” လို့ ဒေသခံကပြောပါတယ်။ ဖားကန့်မြို့၊ လုံးခင်းမှာဆိုရက် ဇူလိုင် ၈ ရက်နေ့က Uni One Mobile ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းတွေအခိုးခံလိုက်ရသလို နေအိမ်ခြံတခါးဖျက်ဆီးပြီး…
Read Moreနေ့အပူချိန်အတွင်း ခရမ်းလွန်ရောင်ခြည် ပါဝင်မှု အဆင့် ၁၀ အထိ ရှိနိုင်လို့ သတိပြုဖို့လို
ဧပြီ ၂၇ – ၂၀၂၅ SS (VOM) လက်ရှိမှာ နေ့အပူချိန် မြင့်တက်မှုနဲ့အတူ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုတွေလည်း မြင့်တက်နေပြီး မြန်မာနိုင်အပေါ် လက်ရှိ သက်ရောက်နိုင်တဲ့ အညွှန်းကိန်းက အဆင့် ၉ ကနေ အဆင့် ၁၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ “နွေရာသီက နေရဲ့ တည့်မတ်မှု၊ နေရောင်ခြည်ရဲ့ တည့်မတ်မှု ပိုပြီး နီးတဲ့အခါကျတော့ နေအပူချိန်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကလည်း မြင့်တာပေါ့။ ခရမ်းလွန်ရောင်ခြည်ရဲ့ သဘောသဘာဝက နေရောင်ခြည် ကျရောက်မှုရယ်၊ နောက်တခု ကောင်းကင်ပေါ်မှာ တိမ်ကင်းစင်နေတဲ့ အချိန်အခါဆိုရင် နေရဲ့ အလင်းရောင်က ကမ္ဘာမြေကြီးပေါ် ကျရောက်မှု ပိုအားကောင်းတဲ့ အခါကျတော့ အဲဒီ အချိန်မှာလည်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက မြင့်နေတယ်” လို့ ဦးလှထွန်းက…
Read Moreမလေးရှား အော်ပရာစီ ဖမ်းဆီးမှု မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေ
ဖေဖော်ဝါရီ ၂၄-၂- ၂ဝ၂၅ KKO(VOM) မလေးရှားနိုင်ငံအတွင်းကအော်ပရာ စီ ဖမ်းဆီးမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေတယ်လို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မလေးဒေသတွင်းသတင်းတွေအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်းက အော်ပရာစီ အဖမ်းအဆီးမှာ အထောက်အထားမပြည့်စုံသူ လူဦးရေ ၆၃၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ၉ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၈၅ ယောက် ၊ အိန္ဒိယနိုင်ငံက ၅ ယောက် ၊ နီပေါနိုင်ငံက ၁ ယောက်၊ မြန်မာနိုင်ငံက လူဦးရေ ၅၃၀ နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ကနေ ဖမ်းဆီးခံရသူတွေထဲက…
Read MoreOSC နဲ့ကောင်းဆေးရုံ ပိတ်မှာမှန်ပြီး ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံပိတ်မယ်ဆိုတာ သတင်းအမှားလို့ ဆေးရုံကဆို
ဖေဖော်ဝါရီ ၁၄ -၂၀၂၅ GG (VOM) ရန်ကုန်မြို့က ဂရန်းဟံသာ ပုဂ္ဂလိကဆေးရုံကြီးနဲ့ OSC ဆေးရုံအပါအဝင် ဆေးရုံ ၉ ခုကို ယာယီပိတ်သိမ်းခြင်းနဲ့ အပြီးပိတ်သိမ်းခြင်း ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂရန်းဟံသာဆေးရုံကို တနှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တနှစ်၊ ကောင်းဆေးရုံကို သုံးလ၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင် ဆေးရုံကို သုံးလ ပြစ်ဒဏ်ချမှတ်ပြီး ချမ်းမြေ့ဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံနဲ့ ကျန်းမာသုခဆေးရုံတို့ကိုတော့ အပြီးပိတ်သိမ်းခံရတယ်ဆိုပြီးသတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အဆိုပါဆေးရုံတွေ ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းအပေါ် VOM မှ စုံစမ်းခဲ့ရာ OSC ဆေးရုံနဲ့ ကောင်းဆေးရုံ တို့ကတော့ ယာယီပိတ်ထားမှာမှန်ကြောင်း သိရှိရပါတယ်။ OSC မှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူက ” ဆေးရုံပိတ်မယ်လို့ပြောတယ်။ကျန်တာဘာမှမသိရသေးဘူး။ဘယ်နေ့စပိတ်မယ်ဆိုတာလည်းမသိသေးဘူး။အခုအမတို့လည်းဆေးရုံမှာ။လူနာတွေလည်းရှိနေတယ်။” လို့ ပြောပါတယ်။ ဂရန်းဟံသာ ဆေးရုံကြီးနဲ့ဆာကူရာဆေးရုံကတော့ သူတို့ဆေးရုံတွေ ပိတ်မယ်ဆိုတာ…
Read Moreရန်ကုန်သို့ ပထမဆုံးရောက်ဖူးခြင်း
ဆူးငှက် ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလို လိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင် ပြတင်းပေါက်…
Read Moreလူမှုကွန်ယက်မှာ မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်ကို လူကုန်ကူးမှုနဲ့ အရေးယူထား
ဖေဖော်ဝါရီ၈-၂၀၂၅ Ms(VOM) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန် မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်တွေကို လူကုန်ကူးမှုနဲ့အရေးယူထားကြောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာနေ ထိုင်တဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ် တဦးကို tik tokမှ တဆင့် တွေ့ရှိကာ နေအိမ်ကို လာရောက်ခဲ့တာဖြစ်ကြောင်းနဲ့လက်ထပ်ယူလိုကြောင်းကို တရုတ်နိုင်ငံသားက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်မှာတင်ပြီးစည်းရုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တရုတ်မယားအဖြစ် ရယူလိုတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ လူပြောများလာခဲ့ကာ ဝေဖန်မှုတွေလည်းရှိလာသလို မြန်မာအမျိုးသမီးငယ်တွေအတွက် စိုးရိမ်မှုတွေမြင့်တက်နေကြောင်း ပြောဆိုသူတွေများလာပါတယ်။ “ဘယ်သူမှ အလကားသက်သက် ကို့အိတ်ထဲကပိုက်ဆံအကုန်မခံပါဘူး ဒီတရုတ်က သူလိုချင်နေတာရှိလို့ သူသဘောကျနေတာရှိနေလို့ ခလေးမလေးရဲ့မိသားစုကိုပိုက်ဆံတွေပေးပြီး လာစည်းရုံးနေတာပါ မိဘတွေ စဥ်းစားဆင်ခြင်သင့်ပါတယ် ကလေးမလေးတွေကအမျိုးကောင်းသမီးလေးတွေပါ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရုတ်လက်ထဲမရောက်စေချင်ဘူး””လို့ လူမှုကွန်ယက်သုံးစွဲသူ တဦးကဝေဖန်ရေးသားထားပါတယ်။ ထပ်မံပြီး လူမှုကွန်ယက် တွင် အွန်လိုင်းသုံးစွဲသူတဦးက “တရုတ် မယားရှာတာ…
Read Moreရွှေသောင်ယံ၊ ဘောမိအထက်ဘက်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်ရှောင်သူများလာ
ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်မိတ်အစပ်၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံ၊ ဘောမိရွာအထက် ချောင်းဖျားဘက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်စစ်ရှောင်ရသူတွေအများအပြားရှိလာပြီး စစ်ရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး AA နဲ့နစကတပ်တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို နစကဘက်မှ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဘောမိ ၊ ချိုင်လယ်(မကျီးဇင်) ၊တောင်နီမော် ၊မီးလောင်ချိုင်၊ကျွန်းချောင်းဖက်မှ ဒေသခံပြည်သူအများအပြား ရွှေသောင်ယံကို စစ်ဘေးရှောင်လာတဲ့အတွက် ဆန် ၊ဆီ တွေအရေးပေါ်အကူအညီလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ” ၁၆ ရက်နေ့ညနက်ပိုင်းကစပြီးဘောမိအထက် ချောင်းဖျားဘက်နားကလက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။တညလုံး တိတ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ည ၁ နာရီကစပြီး စိန်ပြောင်းကြီးသံတွေ၊အမြောက်ကျည်ပေါက်ကွဲသံတွေပါကြားရတယ်။မနေ့က မနက်ကျတပ်က လေယာဥ်တွေနဲ့ဗုံးကြဲတယ်။နေ့ခင်းလောက်ကျတော့အသံတွေငြိမ်သွားတယ်။တိုက်ပွဲကြောင့် သပေါ့ကန်၊ သဲကုန်း၊အုန်းချောင်းနဲ့ရွှေသောင်ယံရပ်ကွက်တွေကိုစစ်ဘေးရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်လာလို့ ဆန်အရေးတကြီး လိုအပ်နေပါတယ်။ ” လို့ ရွှေသောင်ယံဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ဘောမိအောက်ဘက် ရွှေသောင်ယံကမ်းခြေတလျောက်ရှိ ဝက်သေ ၊တပင်မော် ၊သပေါ့ကန်ဘက်မှာဆိုရင်…
Read More