နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၁-၂၀၂၆
KKL(VOM)
ခရီးသွားပြည်သူတွေအတွက် အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ထိုက်သူပန် ယာဥ်လိုင်းမှာ အခမဲ့ သုံးရက်တာ စီးနင်းခွင့်ရမှာဖြစ်ပြီး ကားလက်မှတ် ဝယ်ယူသူတွေအတွက် အဆင်ပြေအောင် သာမန်ကားဂိတ်မှာ ဝယ်ယူနိုင်သလို အွန်လိုင်းစနစ်နဲ့ပါ ဝယ်ယူနိုင်တဲ့အပြင် ထိုက်သူပန် page ကနေပါ ဝယ်နိုင်အောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။
ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်လည်း ခရီးသည်(၄၀) နဲ့ ည ၇ နာရီမှာ စတင်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ နေပြည်တော်-ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)ဦး၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ စတင်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်ကို ခရီးသည်(၄၀)၊ မန္တ လေး-ရန်ကုန်ခရီးစဥ်ကိုလည်း ခရီးသည် (၄၀)နဲ့ ည ၇ နာရီ ပြေးဆွဲပေးမယ်လို့ ပြောပါတယ်။
မနက်ဖြန် ၁၂.၂.၂၀၂၆ မှာ ရန်ကုန်အောင်မင်္ဂလာကားဝင်းမှာဖွင့်ပွဲပြုလုပ်မယ်လို့ သိရပြီး ယဥ်လိုင်းဖွင့်ပွဲမှာ အခမဲ့စီးနင်းမယ့် ခရီးသည်တွေအတွက်ဝမ်းသာသလို သူ့ရဲ့ ယာဥ်စီးခ အခမဲ့အလှူအတွက် ပိုပြီးပီတိဖြစ်ရတယ်လို့ ဆိုတဲ့အပြင် ရုံးပိတ်ရက်ရှည်ကာလ နိုင်ငံဝန်ထမ်းတွေ ပုဂ္ဂလိကဝန်ထမ်းတွေ ကားလက်မှတ်အတွက်မပူမပင်ရပဲ စိတ်ချမ်းချမ်း သာသာနဲ့ ခရီးစရိတ် သက် သက်သာသာ သွားလာနိုင်မှာ ဖြစ်တယ်လို့လည်း ဦးစိုးလှမြင့်က ဆိုပါတယ်။
နောက်ဆုံးတစ်ခုကတော့ အခမဲ့စီးနင်းမယ့် ကာလမှာတော့ ခရီးသည်ဖက်က မှတ်ပုံတင်မူရင်းပါရှိမှ စီးနင်းခွင့်ပြုမယ်လို့ဆိုတဲ့အပြင် တန်ဆာပစ္စည်းကိုလည်း ဖွင့်ဖောက်စစ်ဆေးပြီးမှ လက်ခံမယ်လို့သိရပြီး ဖွင့်ဖောက်အစစ်အဆေးမခံရင် လုံးဝတင်ဆောင်မှာမဟုတ်တဲ့အကြောင်း ဥပဒေနဲ့မညီညွတ်တဲ့ ပစ္စည်းကိုလည်းလုံး ထိုက်သူပန်ယာဥ်လိုင်းက လုံးဝတင်ဆောင်ခြင်းမပြုဘူးလို့ ထပ်မံပြောဆိုခဲ့ပါတယ်။
အခု ရုံးပိတ်ရက်ရှည် ကာလအတွက် အခမဲ့ သုံးရက်မှာတော့ ရန်ကုန် – မန္တလေး၊ မန္တလေး – ရန်ကုန် ၊ ရန်ကုန် – နေပြည်တော် ၊ နေပြည်တော် – ရန်ကုန် ခရီးစဥ်တွေကိုအခမဲ့ စီးနင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
