မနီလာ၊ နိုဝင်ဘာ-၆-၂၀၂၅ မျိုးဆက်(VOM) ဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော် သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီဟာ လေတိုက်နှုန်း မြင့်တက်လာပြီး ဗီယက်နမ်အလယ်ပိုင်းကို ဦတည်နေပါတယ်။ ဗီယက်နမ် မိုးလေဝသဗျူရို၏ အဆိုအရ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ လူထောင်ပေါင်းများစွကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး မုန်တိုင်းကြောင့် လှိုင်းအမြင့် လှိုင်းအမြင့် ၂၆ ပေထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်တွင် အပြင်းထန်ဆုံး တိုင်ဖွန်းတွေထဲက တခုဖြစ်တဲ့ ကယ်လ်မေဂီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေရတဲ့ ဗီယက်နမ်မှာ နောက်ထပ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိပါတယ်။ ဒေသတွင်းရှိ လေဆိပ်ခြောက်ခုမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး လေယာဉ်ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်း လိုက်ရပါတယ။ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာကတော့ ကယ်လ်မေဂီဟာ ပုံမှန်လုံး၀မဟုတ်တဲ့…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၈)
ဆူးငှက် ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့ မဟာဂီတ၊ အငြိမ့် စသော စာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာ ဟူသည် ပွဲကြိုက်ခင်တစ်ဦးဟု သုံးသပ်လျှင် မှန်သည် ဆိုငြား တကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစု က မွေးဖွားကြီးပြင်းခဲ့သောကြောင့် မန္တလေးသူတစ်ဦးေပမင့် ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။ ဒေါ်ဒေါ့် ပြောစကားများအရ သော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရ လည်းကောင်း အငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည် ဆို၏။ ဒါတောင် ပွဲခင်းက မငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘ အုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။ အိမ်မှာ ဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များ ဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊ ဆေးလိပ်လိပ်ရင်း…
Read Moreကျိုင်းတုံ – တောင်ကြီးလမ်းက စပါယ်ရှယ်တောင် အဆင်းမှာ ကားမှောက်လို့ နှစ်ယောက်သေပြီး ခုနှစ်ယောက်ဒဏ်ရာရ
နိုဝင်ဘာ ၃ ၊ ၂၀၂၅ GG (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ – တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံအခြေစိုက် တိုင်းနေနာရေး ကူညီမှု အသင်းမှသိရပါတယ်။ ” ကျနော်တို့ ဖြတ်လာတော့ ကားက မှောက် နေပြီ။လိုက်ထရပ် ကားမျိုးကို နောက်က အမိုးဖွင့်ထားတဲ့ပုံစံပါ။ လူတွေမှာလည်း သွေးတွေထွက်နေတယ်။ ” လို့ မျက်မြင်တွေ့ခဲ့တဲ့ ခရီးသွား တယောက်က ပြောပါတယ်။ ဖြစ်စဥ်မှာ မနေ့က နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်း ၄ နာရီကျော် လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၊စပါယ်ရှယ် တောင်အဆင်းမှာ ကားက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်နိုင်ကြောင်း ၊…
Read Moreဒီးမော့ဆို အနောက်ခြမ်း လေကြောင်းတိုက်ခိုက်မှု ငါးယောက်သေပြီး ဒဏ်ရာရသူတွေရှိ
နိုဝင်ဘာ ၃ ၊ ၂၀၂၅ CC (VOM) ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ ၊ မနက်ပိုင်း ၇ နာရီ လောက်က လေကြောင်းကနေ ဗုံးကြဲခံရပြီး ငါးယောက်သေဆုံး မှုရှိခဲ့တယ်လို့ ကနဦး သိရပါတယ် ။ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အထဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ ( ကယားပြည်ရဲအဖွဲ့ KSP ) မှ အမျိုးသား လေးယောက်ပါဝင်ပြီး နောက်တယောက်က အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ် ။ ” KSP စခန်းပေါ်ကို တည့်တည့် ကြဲချတာလို့ သိရတယ်။အခုသိတာတော့ KSP အဖွဲ့က လေးယောက်နဲ့ အမျိုးသမီးတယောက် သိရတယ်။ဒဏ်ရာရသူ တွေလည်းရှိတယ်သိရတယ်။ စခန်းပေါ် ကြဲတာဆိုတော့ သတင်းအတိကျ ပေးသူ ရှိလို့ပေါ့ဗျာ ။…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၆)
ဆူးငှက် ဒေါ်ဒေါ်နှင့် ခရီးတချို့ထွက်ဖူးပါသည်။ အလွန်ပျော်စရာကောင်းပါ၏။ ခရီးအများစုမှာ ဒေါ်ဒေါ့် အိမ်က ကားနှင့်ဖြစ်သည်။ မျတ်မိသလောက် ထွက်ဖူးသော ခရီးအချို့မှာအနီးအနားဆိုလျှင် ဝါးချက်ဆေးရုံ ၁၀နှစ်မြောက်ပွဲ၊ အလ္လကပ္ပ ဝမ်းပြေ့ရွာက ဒဿမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော် ကမ္ပည်းမော်ကွန်းကျောက်စာဗိမာန်ဖွင့်ပွဲ၊ ကျောက်ဆည် မြတ်ဗုဒ္ဓ ၏ မြတ်ဓမ္မစာကြည့်တိုက်ဖွင့်ပွဲ၊ ဆရာသိန်းဖေမြင့် အမှတ်တရ အခမ်းအနား ဘုတလင်၊ ပန်းချီဆရာကြီး ဦးအောင်ခင် ကွယ်လွန်ခြင်း ၁နှစ်ပြည့် ချင်းတွင်း နတ်ကျွန်းအောင်မြေခရီး၊ ဆရာလင်းယုန်မောင်မောင်မွေးနေ့ မုံရွာ နှင့် ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက် ဖွင့်ပွဲတို့ဖြစ်သည်။ ဒေါ်ဒေါ်က စာပေခရီးဆိုလျှင် တစ်အုပ်တစ်မကြီး သွားရတာပျော်ပုံရသည်။ ကျွန်တော်လိုက်ဖြစ်ခဲ့သော ခရီးအများစုမှာ ဆရာညီပုလေး အထိန်းသိမ်းခံနေရစဉ် သွားရသော ခရီးများမို့ ဒေါ်ဒေါ့်မှာ ကားရှိသော်လည်း ကားမောင်းပို့မည့်သူ ကသီလင်တရှိသည်။ အလ္လကပ္ပ ဝမ်းပြေ့သွားစဉ်က ကိုအော်ပီကျယ်မောင်းသည်ထင်ပါ့။ ဆရာညီပုလေးပြနလွတ်ချိန် ခရီးကတော့ ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက်ဖွင့်ပွဲဖြစ်သည်။…
Read Moreမြန်မာပြည်က နေရာအများစုမှာ အင်တာနက်လိုင်း ပြတ်တောက်မှုနဲ့ နှေးကွေးမှုတွေ ဖြစ်ပေါ်နေ
နိုဝင်ဘာ ၄ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့အပါအဝင် ဒေသအများစုမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းတွေ ပြတ်တောက်တာ၊ ဆိုးဆိုးရွားရွား နှေးကွေးတာတွေ ဖြစ်ပေါ်နေတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။ လက်ရှိ အင်တာနက် ကွန်ရက်ချိတ်ဆက်မှု အခြေအနေ ဆိုးရွားနေတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးကုမ္ပဏီ အများစုကလည်း တောင်းပန် အသိပေးစာတွေ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ အဲဒီ အသိပေးစာတွေမှာ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှု၊ Upstream ချို့ယွင်းမှု၊ international Uplink အပြစ်ဖြစ်ပွားနေမှု၊ Uplinks Issues ဖြစ်ပေါ်နေမှု၊ အဓိက ပင်မဆက်ကြောင်းလိုင်းတွေ ပြတ်တောက်မှု စတာတွေကြောင့် အင်တာနက်လိုင်း နှေးကွေးခြင်း၊ လိုင်းပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က U9FTTH ဝိုင်ဖိုင် သုံးစွဲသူ တယောက်က “အင်တာနက်လိုင်းတွေ မကောင်းတာက ဖြစ်နေတာကြာပြီ။ ဒါပေမယ့်…
Read Moreဝ” တိုင်းရုံးစိုက်ရာမြို့ကို ဟိုပန်မြို့ကနေ မက်မန်းမြို့ကို ရွှေ့ပြောင်း
နိုဝင်ဘာ ၄၊ ၂၀၂၅။ NN(VOM) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရုံးစိုက်ရာမြို့ကို ဟိုပန်မြို့ကနေ မက်မန်းမြို့ကို ရွှေ့ပြောင်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက စက်တင် ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၄၃၁ မှာပါတဲ့ အခွင့်အာဏာကိုသုံးပြီး အခုလို အပြောင်းအလဲ လုပ်လိုက်တာလို့ ဖော်ပြထားပါတယ်။ “မက်မန်းက အရင်ကတည်းကလမ်းပန်းဆက်သွယ်ရေး ခက်တယ်။ ပန်ဆန်းကနေ တကူးတက သွားရတာ။ အရင်ကတည်းက မဖွံ့ဖြိုးဘူး။ ဟိုပန်က ပိုဖွံ့ဖြိုးခဲ့တာ။ အခု အစိုးရ ရုံးစိုက်ရင်တော့ အရင်ထက် ကောင်းလာမလား မျှော်လင့်ရတာပဲ” လို့ ဟိုပန်မြို့ ခံ တယောက်က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (စ) အရ ရှမ်းပြည်နယ်အတွင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊…
Read Moreကွတ်ခိုင် TNLA အချုပ်ခန်းက အချုပ်သား သုံးဆယ်ကျော် ထွက်ပြေး
နိုဝင်ဘာ ၄၊ ၂၀၂၅ NN (VOM) တအာင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (TNLA) ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ ရဲအချုပ်ခန်းကနေ အချုပ်သား သုံးဆယ်ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အခုလ (နိုဝင်ဘာ) ၁ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး TNLA ရဲတပ်ဖွဲ့ဘက်က ရှာဖွေမှုတွေ လုပ်နေတယ်လို့ ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။ “ဆေးသမားတွေ နဲ့ ခိုးဆိုးလုနှိုက်တွေ လို့ ပြောတယ်။ သုံးဆယ်ကျော်တယ်။ အရေအတွက် အတိအကျတော့ မသိဘူး။ အခုထိတော့ မိတယ်ဆိုတဲ့ အသံမကြားသေးဘူး” လို့ ဆိုပါတယ်။ ကွတ်ခိုင် ရဲစခန်း အချုပ်ခန်းဟာ ခိုင်မာတောင့်တင်းတဲ့ အဆောက်အအုံဖြစ်တာကြောင့် အခုလို လူဆယ်နဲ့ချီ ထွက်ပြေးတယ်ဆိုတဲ့အပေါ် မြို့ခံတွေ ကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ “ရဲစခန်းက အပျက်အစီးလည်း မရှိဘူးနော်။ ဒီလောက်လုံခြုံနေတာကို လူတွေ…
Read Moreစတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေမယ့် မိသားစုကတော့ ဘေးကင်းတယ်လို့ဆို
နိုဝင်ဘာ ၄ – ၂၀၂၅ SN (VOM) စတိတ်စင်ပေါ်မှာ ညစ်ညမ်း စကားလုံးတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် Wink Owens ကို လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး ပုဒ်မ သုံးခုနဲ့ တရားစွဲဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်း စကားလုံးတွေ ပြောဆိုခဲ့တဲ့ ရက်ပါ အဆိုတော်တယောက်ရဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် လူထုကြား ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ညစ်ညမ်းစကား ပြောဆိုခဲ့သူကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ လူထုကြား တောင်းဆိုမှုတွေ…
Read MoreKK Park က ထွက်ပြေးတဲ့ ကျားဖြန့်တွေကို အခြားဂိုဏ်းတွေက ပြန်လည်စုဆောင်းနေ
မြ၀တီ၊ နိုဝင်ဘာ-၄-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ နာမည်ဆိုနဲ့ကျော်ကြားတဲ့ အွန်လိုင်ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ KK Park မကြာသေးမီက ဝင်ရောက်စီးနင်းမှုတွေကြောင့် ထွက်ပြေးနေတဲ့ ကျားဖြန့်စင်တာက အလုပ်သမားတွေဟာ အနီးအနားရှိ အခြားကျားဖြန့်စင်တာတွေမှာ အလုပ်ရဖို့ အလုအယက်ဝင်ရောက် စာရင်းပေးနေကြတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေက AFP သတင်းဌာနကို ပြောပါတယ်။ အွန်လိုင်းလိမ်လည်မှု စင်တာတွေဟာ အရှေ့တောင်အာရှတဝန်းမှာ မှိုလိုပေါက်လာပြီး နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာကို အွန်လိုင်းလိမ်လည်မှုပြုလုပ်ပြီး ရယူနေကြပါတယ်။ အလုပ်သမားများစွာဟာ ကျားဖြန့်စင်တာတွေမှာ လူကုန်ကူးခံရကြောင်း လေ့လာသုံးသပ်သူတွေက ဆိုပေမယ့် အချို့ကတော့ များပြားတဲ့ လုပ်ခလစာကြောင့် ဆန္ဒအလျောက် လုပ်ကိုင်သူတွေလည်း ရှိနေပါတယ်။ အောက်တိုဘာလနှောင်းပိုင်းမှာ ဝင်ရောက်စီးနင်းမှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် မြ၀တီရှိ KK Park မှာ လူ ၁၅၀၀ ကျော် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြပေမယ့်လည်း အများစုမှာ ကျားဖြန့်လုပ်ငန်း အခွင့်အလမ်းအသစ်တွေကို ရှာဖွေရန်…
Read More




