လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၇)

ဆူးငှက် ဦးလေးလှနှင့် ဒေါ်ဒေါ်လူထုဒေါ်အမာတို့က လူငယ်တွေကို မြေတောင်မြှောက်ပေးသည်က အစဉ်အလာလိုဖြစ်သည်။ ကြီးပွားရေးစာအုပ်တိုက်ကို စတင်ထူထောင်သည်မှာ ၁၉၃၈ ဇူလိုင်လဖြစ်သည်။ ကြီးပွားရေးစာအုပ်တိုက်မထူထောင်မီ ၁၉၃၄ ခုနှစ်လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ ကထုတ်ဝေနေပါပြီ။ ထိုခေတ် ထိုအခါကထုတ်ဝေသော ကြီးပွားရေးမဂ္ဂဇင်းသည် လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေး ကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့သည်။ ထို့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက ထိုခေတ် ထိုအချိန် အခြားမဂ္ဂဇင်းစာစောင်များမှာ ပါလေ့ရှိသော မိန်းကလေးလှလှနှင့် မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေသော ထီး ပေါက်နေသော စည်ရှေ့မှာ မားမားရပ်နေသော လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနှင့် ပုဆိန်ကို တအားလွှဲပေါက်နေသော လူငယ်ပုံမျိုး၊ စူးဆောင်ကိုင်ပြီး တစ်စုံတစ်ခု ဖန်တီးနေသော လူငယ်ပုံမျိုး၊ မြန်မာပြည်မြေပုံပေါ်က အပင်ကို ရေလောင်းနေကြသော ယောက်ျားပျို၊ မိန်းမပျိုပုံမျိုးတွေပဲဖြစ်သည်။ မဂ္ဂဇင်းအတွင်းမှာလည်း လူငယ်များ စုပေါင်းလမ်းလျှောက်လေ့ကျင့်ကြသော ဓာတ်ပုံသတင်းလို၊…

Read More

လူးဝစ်ဗီးလ်လေဆိပ်မှာ လောင်စာတင်လေယာဉ် ပျက်ကျ မီးလောင်လို့ ခုနှစ်ယောက်သေဆုံး

ဝါရှင်တန်၊ နိုဝင်ဘာ-၅-၂၀၂၅ ရတီ(VOM) အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကုန်တင်လေယာဉ်တစင်း ပျံတက်စဉ် ပျက်ကျပြီးနောက် မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုအချိန်အထိ သေဆုံးသူ ခုနှစ်ယောက်ယောက်ရှိကြောင်း အတည်ပြုပြီး သေဆုံးသူတိုးလာမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် လူ ၁၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။ အနီးနားမှာ နေထိုင်သူတွေကတော့ ဘေးလွတ်ရာ ရွှေ့ဖို့ ညွှန်ကြားထားပါတယ်။ လေယာဉ်ဟာ လောင်စာဆီဂါလံ သုံးသောင်းရှစ်ထောင်ခန့် သယ်ဆောင်လာစဉ် ပေါက်ကွဲခဲ့ပြီး မီးတောက်တွေဟာ အနီးအနားရှိ လုပ်ငန်းတွေကိုပါ လောင်ကျွမ်းခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းသုံးယောက် လိုက်ပါလာပြီး အားလုံး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဟာဝိုင်အီသို့ ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ် ၂၉၇၆ ဟာ ဒေသစံတော်ချိန် ၅ နာရီ ၁၅ မိနစ်မှာ ပျက်ကျခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ…

Read More

မိုးအဆက်မပြတ်ရွာလို့ ကွတ်ခိုင် နမ့်ဖတ်ကာရွာဘက်မှာ လယ်ဧကရာချီရေမြုပ်ပြီး စပါးတေွ ပျက်စီး

နိုဝင်ဘာ ၅၊ ၂၀၂၅ Shy V (VOM) မိုးအဆက်အပြတ် ရွာလို့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာဘက်က လယ်ဧက ရာချီရေမြုပ်မှုကြောင့် စပါးတွေပျက်စီး ဆုံးရှုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးရွာလို့ ရေကြီး မျောပါကုန်တာရှိတယ်။ ရေတွေ မြုပ်နေတာရှိတယ်။ ရိတ်ထားတဲ့ စပါးတွေလည်း မိုးဆက်တိုက် ရွာတော့ အညှောက်တွေ ထွက်ကုန်ပြီ။ ကျနော့် လယ်လည်းပါတယ်။ အဲဒီ ခမောပါ လယ်တောဘက်က လယ်ကွက်တွေက စက်နဲ့ ရိတ်တာ မရှိပဲ” လို့ ဒေသခံ လယ်သမား တယောက်က ပြောပါတယ်။ နမ့်ဖတ်ကာ ခမောပါဘက် လယ်တောတွေက ဧက ၆၀၀ ဝန်းကျင်ရှိပြီး ချောင်းနဲ့ နီးတဲ့ လယ်ကွက်တွေထဲက စပါးတွေက ရေကြီးလို့ မျောပါကုန်ပြီး တချို့လယ်တွေက ရေမြုပ်ကုန်ကာ ကုန်းဘက်ကျတဲ့ လယ်တွေမှာလည်း စပါးရိတ် ထားကြတာကြောင့် ကောက်လှိုင်းမှာပဲ…

Read More

ထရန့်-ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေများကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး သုံးသပ်

ဆိုးလ်၊ နိုဝင်ဘာ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေများကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အင်္ဂါနေ့မှာ လွှတ်တော်ကိုတင်ပြရာ အခုလို သုံးသပ်ထားတာပါ။ ကင်ဂျုံအန်ဟာ အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေပြီး အခြေအနေတွေ ပြည့်စုံမယ်ဆိုရင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးအဖွဲ့က အကဲဖြတ်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့စီစဉ်ထားတဲ့ လာမယ့်နှစ် မတ်လမှာ အလှည့်အပြောင်းတခု ဖြစ်လာလိမ့်မယ်လို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ဆိုပါတယ် ပြီးခဲ့သည့်လက ဒေါ်နယ်ထရန့်ရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားရှိနေစဉ် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဆွေးနွေးပွဲ အထမမြောက်ခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ဆွေးနွေးဖို့ နောက်ကွယ်မှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားအပေါ်…

Read More

ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိ

နိုဝင်ဘာ ၅ – ၂၀၂၅ SS (VOM) မနေ့ နိုဝင်ဘာ ၄ ရက် (တန်ဆောင်မုန်းလပြည့်) ညပိုင်းက ရန်ကုန်နဲ့ နေပြည်တော်မှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ နေပြည်တော် ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့၊ လက်ပန်ခါးလှ ကျေးရွာအနီးမှာ မနေ့ည ၈ နာရီဝန်းကျင်က ပံ့သကူကောက်နေတဲ့ အမျိုးသားတယောက်နဲ့ ကိုရင်တပါးကို ဆိုင်ကယ် တစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ဒါအပြင် ပျဉ်းမနားမြို့၊ ပန်းခင်း မီးပွိုင့်အနီးမှာလည်း ပံ့သကူပစ်ပြီး လမ်းဘေးမှာ ရပ်နေတဲ့ အသက် ၁၁ အရွယ် မိန်းကလေးတယောက်ကို ကားတစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခြေ၊ လက်နဲ့ ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ…

Read More

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူ ၉၀ ကျော်သေပြီး ၂၆ ယောက်ပျောက်ဆုံး

မနီလာ၊ နိုဝင်ဘာ-၅-၂၀၂၅ ရတီ(VOM) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီတိုက်ခတ်မှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောဆိုပါတယ်။ တိုင်ဖွန်း ကယ်လ်မေဂီဟာ ယခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းတွေထဲကတခုဖြစ်ပြီး လူဦးရေအများဆုံး စီဘူးကျွန်းရှိ မြို့တမြို့မှာ တမြို့လုံး ရေလွှမ်းမိုးခဲ့ပြီး သေဆုံးသူ ၄၉ ယောက်အထိ ရှိခဲ့ပါတယ်။ အခြား ၂၆ ယောက်‌ကတော့ ပျောက်ဆုံးနေကြောင်း အရပ်ဘက်ကာကွယ်ရေး တာဝန်ရှိသူက ပြောပါတယ်။ ရေကြီးမှုကြောင့် ဒေသခံတွေဟာ နေအိမ်ခေါင်မိုးတွေထိ တက်ရောက်နေထိုင်ခဲ့ရပြီး လူထောင်ပေါင်း များစွာလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ကားတွေနဲ့ သင်္ဘောကွန်တိန်နာတွေလည်း ရေကြီးနေတဲ့ လမ်းတွေပေါ်မှာ မျောပါခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ စစ်ရဟတ်ယာဉ်တစင်းကတော့ စီဘူးတောင်ဘက် မင်ဒါနာအိုကျွန်းပေါ်မှာ ပျက်ကျပြီး လူခြောက်ယောက်သေဆုံးခဲ့ပါတယ်။ လေယာဉ်သည် အဂူဆန် ဒယ်လ် ဆာအနီးမှာ ပျက်ကျခဲ့ပြီး…

Read More

တန်ဖိုးကြီး ကားတွေကို ကံစမ်းမဲဖောက်​ပေးတယ်ဆိုပြီး လိမ်လည်သူ​တွေကို ဖမ်းဆီးသူမရှိ

နိုဝင်ဘာ ၆ – ၂၀၂၅ SN (VOM) တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး မဲလက်မှတ်တွေနဲ့ ငွေကြေး လိမ်လည်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင် ကြုံရသူတွေနဲ့ ကားအရောင်းအဝယ် အမှန်တကယ် ပြုလုပ်သူတွေဆီက သိရပါတယ်။ Car Lucky Draw page တွေဟာ 000 မှ ၉၉၉ အထိ ဂဏန်းသုံးလုံးပါ လက်မှတ်တွေကို ကားအမျိုးအစားအလိုက် တစောင်ကို ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းကျော်အထိ လိမ်လည် ရောင်းချနေကြတာဖြစ်ပြီး ကံစမ်းမဲကိုတော့ ထိုင်းထီ(ချဲ)ရဲ့ နောက်ဆုံးဂဏန်း သုံးလုံးနဲ့ တိုက်ကာ မဲဖွင့်ပေးနေတယ်လို့ သိရပါတယ်။ အဲဒီလို ရောင်းချ‌ပေးရာမှာ Facebook လို ဆိုရှယ်မီဒီယာ​တွေ​ပေါ်မှာ အခ​ကြေး​ငွေ​ပေး Boost ထိုးထားတဲ့ ကြော်ငြာတွေမှာတော့ ကံစမ်းမဲ တစောင်ကို ကျပ် သုံးသောင်းခွဲ သတ်မှတ်ထားပြီး အစောင် ၁၀၀၀…

Read More

အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် တောင်သူတွေ အထူးသတိပြုဖို့ လို

အောက်တိုဘာ ၃၁ – ၂၀၂၅ SS (VOM) အခု ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။ လက်ရှိမှာ ထိုင်းပင်လယ်ကွေ့ကနေ အရှေ့ဘက်က ရွေ့လာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ လာမယ့် နှစ်ရက်၊ သုံးရက်အတွင်း လေထု မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကနေ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့အထိ ခြောက်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့ ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။ “ဒါက သဘာဝဖျက်မိုးလို့လည်း ပြောလို့ရတယ်။ ပြောရမယ်ဆိုရင် ဒီကာလက တောင်သူတွေက သီးနှံရိတ်သိမ်းတဲ့ ကာလတွေပေါ့။…

Read More

ဟုမ္မလင်း နဲ့ ခန္တီး မြို့၊ ပူတာအို နဲ့ မြစ်ကြီးနားမြို့ကနေ ရန်ကုန် ၊မန္တလေး လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခတွေ အဆမတန်မြင့်တက်လာ

နိုဝင်ဘာ ၂ ၊ ၂၀၂၅ GG (VOM) လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဟုမ္မလင်း ၊ ခန္တီးမြို့နဲ့ ကချင်ပြည်နယ်ထဲက ပူတာအိုနဲ့ မြစ်ကြီးနားမြို့တို့ကနေ ရန်ကုန် ၊ မန္တလေးကို လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခနူန်းထားတွေ အဆမတန် မြင့်တက်လာနေတယ်လို့ သိရပါတယ်။ ရန်ကုန် – ဟုမ္မလင်း လေယာဥ်လက်မှတ်ခမှာ လေကြောင်းလိုင်း တိုက်ရိုက်ရောင်းချတဲ့စျေးနူန်းက ရှစ်သိန်းကိုးသောင်းကျပ်ကျော်မှ ကိုးသိန်းကျော်အထိသာရှိပြီး မန္တလေး – ဟုမ္မလင်း လက်မှတ်ခမှာ ခြောက်သိန်းကျပ်ဝန်းကျင်မှ ခုနှစ်သိန်းကျပ် အထက်သာရှိပါတယ်။ အလားတူ ရန်ကုန် – ခန္တီး လေယာဥ်လက်မှတ်ခမှာလည်း လေကြောင်းလိုင်း တိုက်ရိုက်ရောင်းချတဲ့စျေးနူန်းက ရှစ်သိန်းကိုးသောင်းကျပ်ကျော်မှ ကိုးသိန်းကျော်အထိသာရှိပြီး ခန္တီး – မန္တလေး လေယာဥ်လက်မှတ်ခ ကလည်း ခြောက်သိန်းဝန်းကျင်မှ ခုနှစ်သိန်းကျော်အထိသာ ရှိတယ်လို့ သိရပါတယ်။ ပြင်ပ လေယာဥ်လက်မှတ် ရောင်းချသူအချို့ဆီမှာတော့…

Read More

တရုတ်နယ်စပ်ဘက် တပတ်ကတ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးမှု ပြန်များလာ

နိုဝင်ဘာ ၂၊ ၂၀၂၅ Shy V (VOM) မြန်မာ – တရုတ်နယ်စပ်၊ တရုတ်ဘက်ခြမ်း ရွှေလီ အပါအဝင် နယ်စပ်ဘက် တပတ်ကတ် (၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်) နဲ့ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို အောက်တိုဘာ လကုန်ပိုင်းကစ ဖမ်းဆီးမှု ပြန်များလာနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “အခုရက်ပိုင်း တပတ်ကတ်တွေ နဲ့ဝင်လာတဲ့ သူတွေကို တအား ပြန်ဖမ်းနေတယ်။ နှစ်ကုန်လာလို့လားမသိဘူး။ တံခါးတွေ လိုက်ခေါက်တာ။ ဖွင့်ပေးလိုက်ရင် တခါတည်းခေါ်သွားတာ။ အပြင်ထွက်ရင်လည်း မရဘူး။ မလုံခြုံဘူး။” လို့ ရွှေလီရောက် ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။ တပတ်ကတ်နဲ့ ဝင်ရောက် ကိုယ်ပိုင်ကျောင်း​တွေမှာ လာရောက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ပညာရေး ဝန်ထမ်း သုံးယောက်လည်း နေထိုင်တဲ့ အခန်းမှာ လာရောက်…

Read More