သူတို့အိမ် အခန်း (၁၃၅)

  ဆူးငှက်       သူတို့ထဲက တစ်ယောက်တဲ့ —————————-   ကျွန်တော်က အလုပ်ရုံ ရုံးချိန်အပြီး ရှေ့က ဒေါ်နက် အကြော်ဆိုင်မှာ ထိုင်ကာ မြောက်ဘက်ဆီ ငေးမျှော်ကြည့်နေသည် ဆိုသော်လည်း ထိုအုပ်စုထဲက ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမသိ။ အားလုံလိုလိုမှာ ရောထွေးနေသည်။ သူတို့ထဲက တစ်ယောက်တစ်လေ ကတော့ တစ်ခါတစ်ရံ ဒေါ်နက်ဆိုင်သို့ မုန့်ပစ်သလက်နှင့် အကြော် လာဝယ်တတ်သည်။ သို့သော် တစ်ယောက်တည်း စွဲစွဲ မြဲမြဲ လာဝယ်တာမျိုး မဟုတ်။   နောက်တစ်နေ့ နောက်တစ်ယောက်၊ နောက်တစ်နေ့ နောက်တစ်ယောက်မို့ မျက်စိလည်နေသည်။ ကိုဝင်းမောင်ကတော့ ဘယ်သူက ဘယ်သူ့သမီး ဆိုတာတော့ ပြေပါ၏။ သို့သော် စိတ်မဝင်စားချင်ယောင် ဆောင်နေရသည်။ သို့နှင့် စကားပြောင်းကာ သူတို့အိမ်က တန်ခိုးကြီးဘုရား အကြောင်း မေးရ၏။ တကယ်လည်း စိတ်ဝင်စားလို့…

Read More

လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေ

လားရှိုး၊ ဇွန်၊၆၊၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေ များလာနေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ပေါ်က ရပ်ကွက်တိုင်းနီးပါးမှာ ငှက်ဖျား ရောဂါ ဖြစ်သူတွေ များနေ ပြီး အမှတ် (၉) ရပ်ကွက်နဲ့ (၅) ရပ်ကွက်တွေမှာ ရောဂါဖြစ်ပွားသူ ပိုများတယ် လို့ သိရပါတယ်။ “အိမ်နားမှာတင် ဖြစ်တဲ့သူတွေက ဆက်တိုက်ပဲ၊ တယောက်သက်သာရင် နောက်တယောက် ပြန်ဖြစ်တယ်။ ဆေးခန်းသွားပြီး စစ်လိုက်ရင် ငှက်ဖျားပဲ” လို့ အမှတ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့သူ တယောက်က ပြောပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဖျားနာသူအများစုကို စစ်ဆေးလိုက်ရင် ငှက်ဖျားဖြစ်တဲ့သူ များနေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဆီကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ငှက်ဖျားရောဂါဆေး လာဝယ်တဲ့သူတွေပိုများလာ တယ် လို့လည်း ဆေးအရောင်းဆိုင်တွေကနေ…

Read More

စစ်ပွဲနဲ့ ပဋိပက္ခတွေကြားက ပညာရှာပုံတော်-

(ဂါဇာစစ်မြေပြင်က ကလေးငယ်များရဲ့ အနာဂတ်) MT(VOM) ​ ရာဇဝင်ထဲက အမာရွတ်တစ်ခု ​ဂါဇာဒေသရဲ့ ဒီနေ့အခြေအနေကို နားလည်ဖို့ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ရာစုနှစ်ချီ သမိုင်းပဋိပက္ခ အကျဉ်းချုပ်ကို အရင်ကြည့်ဖို့ လိုပါတယ်။ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်လိုက်တာနဲ့အတူ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပါလက်စတိုင်းလူမျိုး သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီဒုက္ခသည်အများစု ခိုလှုံရာနေရာဟာ ဂါဇာကမ်းမြောင်ဒေသ (Gaza Strip) ဖြစ်လာခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအပြီးမှာတော့ အစ္စရေးက ဂါဇာကို သိမ်းပိုက်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ် (Hamas) အဖွဲ့ ဂါဇာကို ထိန်းချုပ်လိုက်ကတည်းက အစ္စရေးရဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း ပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါ။ ​ဒီလို နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေကြားထဲမှာပဲ ဂါဇာရဲ့ လူဦးရေဟာ သန်းနဲ့ချီ…

Read More

ဖားကန့်မှာ စုဆောင်းရေးဆွဲခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသူရဲ့ ကျန်းမာရေး စိုးရိမ်နေရဆဲ

ဇွန် ၈၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စုဆောင်းရေးဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကလေးမလေးရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်။ အမြန်ဆုံး ဆေးရုံကြီးတွေဘက်ပြောင်းပြီး ကုသပေးစေချင်တယ်။ နှစ်ပတ်ကျော်လာပြီ ဖြစ်ပေမယ့် သက်သာလာတဲ့ အခြေအနေမတွေ့ရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မျက်စိလည်း ကောင်းကောင်း မမြင်သလို ထိုင်လည်း မထိုင်နိုင်၊ စကားလည်း ကောင်းကောင်းမပြောနိုင်တော့ပဲ အတွင်းကြေ ဒဏ်ရာရှိနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ “သူငယ်ချင်းနာမည် တလုံးတလေ ခေါ်တယ်။ သူ့အမေနဲ့ အဒေါ်ကို ခေါ်တယ်။ အဲဒါကလွဲရင် စကားမပြောဘူး။ ရေသောက်ချင်တာတို့ သေးပေါက်ချင်တာတို့ ဆိုရင် သူ့အမေနဲ့ အဒေါ်ရဲ့ လက်ဖဝါးပေါ်မှာ လက်နဲ့…

Read More

ကမ္ဘာ့ဖလား၊ ဘောလုံး ပြီးတော့ ပထဝီနိုင်ငံရေး

MT(VOM) ​ ​ဘောလုံးဆိုတာ ကွင်းအစိမ်းရောင်ပေါ်မှာ ယောက်ျားရင့်မားကြီး (၂၂)ယောက် လေမှုတ်ထားတဲ့ သားရေလုံးလေးတစ်လုံးနောက်ကို ပြေးလိုက်ကြ၊ ကန်ကြတဲ့ ကစားပွဲသက်သက်ပဲ ထင်ပါသလား။ မဟုတ်ဘူး၊ ဘောလုံးပွဲတွေ ဟာ အားကစားသမားစိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို စည်းလုံးစေတာ လို့ အကောင်းဘက်က လှည့်တွေးမလား။ ​ကျနော်ကတော့ အဲ့ဒီလို မထင်ဘူး။ ဘောလုံးပွဲ၊ အထူးသဖြင့် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးတွေဟာ စိမ်းလန်းနေတဲ့ မြက်ခင်းတုတွေ၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေရဲ့ နောက်ကွယ်မှာ သွေးချောင်းစီးခဲ့တဲ့ သမိုင်းတွေ၊ နိုင်ငံတော်အဆင့် မာနတွေ၊ ဩဇာအာဏာ လုပွဲတွေနဲ့ ပထဝီနိုင်ငံရေးရဲ့ အရှုပ်အထွေးတွေ အပြည့်ရှိနေတဲ့ ‘စစ်တလင်း’ တစ်ခုပဲလို့ မြင်မိတယ်။ ဘောလုံးဟာ သေနတ်သံမထွက်တဲ့ စစ်ပွဲပဲ။ ​ကမ္ဘာ့ဖလားသမိုင်းကို အစကနေ နိုင်ငံရေးမျက်မှန်တပ်ပြီး ပြန်ကောက်ကြည့်ရအောင်ပါ။ ​၁၉၃၀ ခုနှစ် ဥရုဂွေး နိုင်ငံ မှာ ကျင်းပတဲ့ ပထမဆုံး…

Read More

ပဲခူးမြစ်ရေမြင့်တက်မှု မိုးရွာသွန်းမှု အခြေအနေပေါ်မူတည်ပြီး သတိပြုဖို့လို

ဇွန် ၈ – ၂၀၂၆ SN (VOM) ပဲခူးမြစ်ရေမြင့်တက်မှုနဲ့ ပတ်သက်လို့ လက်ရှိအနေအထားအရ စိုးရိမ်စရာ မရှိသေးပေမယ့် လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းမှု များပြားလာရင်တော့ သတိပြုရမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဇွန် ၈ ရက်‌၊ မနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၀၀ စင်တီမီတာအောက်၊ ၂၅၅ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၉ စင်တီမီတာ ပြန်လည် ကျဆင်းလျက်ရှိကာ ပဲခူးမြို့မှာလည်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအောက်၊ ၅၉၄ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၁၂ စင်တီမီတာ ပြန်လည် ကျဆင်းနေတယ်လို့ သိရပါတယ်။ “မနေ့ကတော့…

Read More

သူတို့အိမ် အခန်း (၁၃၄)

  ဆူးငှက်     မန္တလေးနှင့် သဘာဝဘေး —————————   မန္တလေးသည် ဧရာဝတီမြစ်ကမ်းနဘေး ရှိသကဲ့သို့ ပူပြင်းခြောက်သွေ့သော မိုးနည်းရပ်ဝန်းတွင် တည်ရှိသည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေးအကြိမ်ကြိမ် သင့်သကဲ့သို့ မိုးရာသီတွင် မြစ်ရေကြီးသည့် ဘေးအန္တရာယ်ကိုလည်း ကြုံတွေ့ကြ ရသည်။ မြစ်ရေကြီးခြင်းက အကြမ်းဖျဉ်းအားဖြင့် ၄နှစ်တစ်ကြိမ်မျှသာ ကြုံတွေ့ရသော်လည်း မီးဘေးအန္တရာယ်ကမူ ဆောင်းအကူး နွေဦးပေါက်သည်နှင့် နှစ်စဉ်လို ကြုံကြရ၏။ မြို့ကို တည်ထားသည်ကလည်း လေးထောင့်စပ်စပ်ဖြစ်ကာ အိမ်အများစုကလည်း ဝါးကပ်မိုး ဝါးထရံကာများဖြစ်ကြ၏။ နောက်ပိုင်း လူဦးရေ ထူထပ်လာသည်နှင့် အမျှ နဂိုရှိပြီး ဝင်းဧရိယာမှာပင် နေအိမ်များ တိုး၍လာသောကြောင့် လမ်းများက လူတစ်ယောက် သွားသာရုံပဲ ရှိတော့သည်။ ထို့ပြင် အသုံးပြုသော မီးဖို မီးအိမ်များမှာလည်း ထင်းမီးဖိုနှင့် ရေနံဆီ မီးခွက် မီးအိမ်များမို့ အတိမ်းအစောင်းမခံဘဲ မီးဘေး…

Read More

အမြန်လမ်းမှာ ခရီးသည်တင်Expressကားသုံးစီးအပါအဝင် ယာဥ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပြီး လူကိုးယောက်ဒဏ်ရာရ

ဇွန် ၇ ၊ ၂၀၂၆ GG (VOM) နေပြည်တော်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)အနီးမှာ ခရီးသည်တင် Express ကားတွေအပါအဝင် ယာဥ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားပြီး လူကိုးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ ဇွန် ၆ ရက်နေ့ ၊ ည ၉ နာရီခွဲလောက်မှာ ယာဥ်ဆင့်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ကောင်းမြတ်မန်း ခရီးသည် Express ၊ သိန်းသန်းကုဋေ Express နဲ့ ဇေယျာမြိုင်ကြီး Express ၊ Toyota Alphart အဖြူရောင်၊ Toyota Harrier အဖြူရောင်ကားနဲ့ Isuzu အဖြူရောင်ကားတို့ ယာဥ်ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ” မိုးလည်းနည်းနည်းရွာနေတယ်၊ အရှိန်ကလည်းများပြီး ယာဥ်ဆင့်တိုက်မှုဖြစ်တာပါ။ ကောင်းမြတ်မန်း ခရီးသည်တင်ကားက အရင်ဆုံး Guard Rail တန်းကိုဝင်တိုက်ပြီး ကန့်လန့်ဖြတ်အနေအထားနဲ့ ရပ်သွားတယ်။ အဲဒါကို…

Read More

ရှမ်းပြည် (တောင်ပိုင်း) မြို့နယ်တချို့မှာ ရေကြီးနေ

ဇွန် ၇ – ၂၀၂၆ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) က ဖယ်ခုံ၊ လွိုင်လင်၊ တောင်ကြီး၊ ရွှေညောင် အစရှိတဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး‌ရေလျှံမှုတွေ ဖြစ်ပေါ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေညောင်မြို့မှာ မနေ့ ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး မိုးသည်းထန်ခဲ့တာကြောင့် မြို့အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ တာယောချောင်း ရေလျှံလာတဲ့အတွက် ရေစီးဆင်းရာ ချောင်းအောက်ခြေရှိ တောင်လေးလုံးကျေးရွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “မိုးရွာနေတာ ငါးရက်လောက်ရှိပြီ။ မနေ့ကလည်း တနေကုန်ကို သည်းသည်းထန်ထန် ရွာတာ။ ညနေပိုင်းလည်းကျရော ရေတွေဝင်လာတယ်။ ရွှေညောင်မြို့ မြောက်ဘက်က ကျီးဖြူကန်ရော၊ တာယောချောင်းရော ရေလျှံသွားတာကိုး။ နိမ့်တဲ့နေရာတွေအကုန် ရေဝင်ကုန်တာ။ ရေစီးကလည်း သန်တယ်။ အိမ်မှာမွေးထားတဲ့…

Read More

ရှမ်းတောင်ဒေသထွက် ကုန်စိမ်းသီးနှံတချို့ စျေးကျလို့ တောင်သူတွေ အရှုံးပေါ်

ဇွန် ၇ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ် တောင်ပိုင်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး အပါအဝင် ကုန်စိမ်းသီးနှံတချို့ စျေးကျလာတာကြောင့် တောင်သူတွေ အရှုံးနဲ့ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေဆီက သိရပါတယ် ။ လက်ရှိ မိုးရာသီကာလအစမှာ စျေးကျလာတဲ့သီးနှံတွေက ခရမ်းချဥ်သီး ၊ ဂေါ်ဖီထုပ် ၊ အာလူး ၊ ပန်းဂေါ်ဖီ ခေါ် ပန်းပွင့် တို့ဖြစ်ပြီး ကုန်စိမ်းပွဲရုံတွေကို ကုန်ပစ္စည်းဝင်ရောက်မှုများပြီး ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတဲ့အခြေအနေကြောင့် စျေးကျလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ နှစ်စဥ်မိုးကာလ ရောက်တိုင်း ခရမ်းချဥ် အပါအဝင်ကုန်စိမ်းသီးနှံတချို့ စျေးနူန်းကျဆင်းလေ့ရှိတဲ့ ပြဿနာကို ကြုံရလေ့ရှိပြီး ခုချိန်ထိ အဲဒီအခက်အခဒဲကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ” မိုးတွင်းမှာ ကုန်စိမ်းတော်တော်များများ ဒီလိုပဲ ကျတာကြုံရတယ်။ ခရမ်းချဥ်ဆိုလည်း ပင်လောင်းကနေ အောင်ပန်းလာရောင်းဖို့ဆို ကားခ ၊အလုပ်သမားခ ၊…

Read More