ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲမှာ ငလျင်ကြောင့် ပြိုကျဗလီတွေပြန်ဆောက်ခွင့်မရတာတင်ပြ

မန္တလေး၊ ဇွန်- ၇- ၂၀၂၆ Voice Of Myanmar ဘာသာပေါင်းစုံ ရင်းနှီးချစ်ကြည်ရေးအတွက် မန္တလေးတိုင်းအတွင်းက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က ဆရာတော် သံဃာတော်တွေ စုစည်းပြီး ချမ်းအေးသာစံမြို့နယ်၊ ၆၄ လမ်း နဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ Oriental House မှာ ဒီကနေ့မနက် ၁၀ နာရီမှာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ ဗလီတွေ ၁၈ လ ကြာတဲ့အထိ ပြန်လည်ဆောက်လုပ်ခွင့်မရသေးကြောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးက ထည့်သွင်းပြောကြားပါတယ်။ ဒီလိုကိစ္စ​တွေနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်အဝေးအစည်းအဝေး အပြီး မီဒီယာတွေနဲ့ တွေ့စုံမေးမြန်မှုတခုမှာ ” ဘာသာရေးအဆောက်အဦတွေကို သူတို့နဂိုမူရင်းရှိပြီးသား ပုံစံအကျယ်အဝန်း အတိုင်း ဆောက်လုပ်ဖို့ ခွင့်ပြုထားပေးထားပြီး…

Read More

ကလေးတွေကို မြို့ပေါ်ကျောင်းထားတဲ့ မိဘတွေ မြို့ပေါ်ပြောင်းရွှေ့နေထိုင်ဖို့ လောင်းလုံးမြို့နယ် PDF အဖွဲ့တွေထုတ်ပြန် ၊ ဒေသခံတွေအတွက်အဆင်မပြေ

ဇွန် ၇ ၊ ၂၀၂၆ CC (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် အတွင်း မြို့ပေါ် အစိုးရကျောင်းတွေမှာ ကျောင်းထားတဲ့ ကျောင်းသားမိဘတွေအနေနဲ့ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ကြဖို့ လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့တွေက စာထုတ်အသိပေးထားတာ​တွေ့ရပါတယ်။ ခုလို ကျောင်းသားမိဘတွေကို မြို့ပေါ် ပြောင်းရွှေ့နေထိုင်ဖို့ ပြောဆိုတဲ့ ကိစ္စဟာ ကလေးမိဘတွေအတွက် နေရေးထိုင်ရေးကအစ အဆင်မပြေဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ” ရွာကလူတွေက ဘယ်လိုလုပ်မြို့ပေါ်ပြောင်းလို့ အဆင်ပြေမလဲ ။ အလုပ်အကိုင်က ရွာမှာ လယ်လုပ် ယာလုပ်ကြတာလေ ။ မြို့ပေါ်ပြောင်းတော့ နေစရာထိုင်စရာ ဘယ်သူက တာဝန်ယူပေးမှာလဲ ။ စားစရိတ်ကရှိသေး ။ ကလေးကျောင်းစရိတ်နဲ့ အကုန်ဒုက္ခရောက်မှာပေါ့ ။ မြို့ပေါ်နေတာ လွယ်တဲ့ကိစ္စမှတ်လို့ အရင်ဆုံး အိမ်ငှားခကုန်မယ်။ အလုပ်အကိုင်ကမရှိနဲ့ သူတို့ပြောသလောက်လွယ်ကူမနေပါဘူး ။ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိတော့ဘူး…

Read More

သူတို့အိမ် အခန်း (၁၃၃)

ဆူးငှက်       နာမည်ကျော် ဆိုင်းတန်းမီး —————————   ထိုသို့ဖြင့် လုပ်သားများက အလုပ်ရုံသည် မိမိတို့ပိုင်သည်ဟု ယုံကြည်ထားကြသဖြင့် အလုပ်ရုံကို ကာကွယ်ရန် အလုပ်သမားတိုင်းက တာဝန်ရှိသည်ဟု ခံယူထားကြသည်။ ကျွန်တော် အလုပ်ဝင်ကာစ ၁၉၈၁ခုနှစ် မေလလ ၁၀ရက်နေ့ ညဦးပိုင်းတွင် ၂၆ဘီလမ်းနှင့် လွှထောင်တန်းလမ်း ထိပ်ရှိ အောင်ချမ်းသာ မန္တလေး – မိုးကုတ် ကားသင်းမှ စတင်ကာ မီးလောင်ကျွမ်းသည်။ ထိုမီးက ကားဆီတိုင်ကီတွင် ဆီရှိမရှိ မီးထွန်း၍ ကြည့်ရာမှ လောင်သောမီး ဖြစ်သည်။ စတင် လောင်ကျွမ်းကတည်းက လောင်စာဆီနှင့် ဖြစ်သောကြောင့် မီးက ချက်ချင်း ကူးကာ ကြီးထွားလာ၏။   ထိုမီးသည် လွှထောင်တန်းမှသည် အနောက်ဘက်နှင့် မြောက်ဖက်ရှိ လူနေအိမ်ခြေစိတ်သော ရပ်ကွက်များသို့ တဟုန်ထိုး ကူးသည်။ အနောက်ဘက် ဆိုင်းတန်းရုပ်ရှင်ရုံတည်ရှိရာ…

Read More

မင်းတပ်မြို့နယ်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဇွန် ၇ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်မြို့နယ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်န့ကစပြီး မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ကံကြီးရွာကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဦးတည် ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေတဲ့အတွက် မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “မင်းတပ်ရဲ့ စစ်ရေးအခြေအနေကတော့ အစိုးရတပ်က မြေပြင်ကလည်း လူအင်အား အများကြီးနဲ့ ထိုးစစ်ဆင်နေသလို၊ လေကြောင်းကနေလည်း လေယာဉ်၊ အဆင့်မြင့် ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်။ နှစ်ဖက်စလုံးလည်း အထိအခိုက် များနေပြီ။ လူနေအိမ် အတော်များများလည်း…

Read More

ကဝမြို့နယ်က ငါးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီး စစ်ဆေးနေ

ဇွန် ၆ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ကဝမြို့နယ် ၊ ရွှေဘုံသာကျေးရွာမှာ မိသားစုဝင် ငါးယောက်လုံး သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရသူတွေက အသက် ၅၇ နှစ်အရွယ် အမျိုးသမီး ၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး နဲ့ သူရဲ့သားသမီးတွေဖြစ်တဲ့ အသက် ၈ နှစ်နဲ့ အသက် ၄ နှစ် အရွယ် မိန်းကလေး၊ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတို့ဖြစ်ပြီး သတ်ဖြတ်ပြီးတော့ စောင်နဲ့အုပ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ငါးလောင်းပြိုင်လူသတ်မှုကို ကျူးလွန်တဲ့ တရားခံလေးယောက်ကလည်း ရွှေဘုံသာရွာကပဲ ဖြစ်ပြီး လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။ ” အသက် ၅၇ နှစ်ဆိုတာက ယောင်းမပေါ့။ ကလေးတွေနဲ့ဆိုရင်အဒေါ်တော်တယ်။…

Read More

ကွတ်ခိုင်မြို့ကို အစိုးရထံ ပြန်အပ်မယ်လို့ သတင်းထွက်ပေါ်နေပေမယ့် မဟုတ်မှန်ကြောင်း ဒေသခံတွေပြော

ဇွန် ၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို MNDAA က အစိုးရထံ ပြန်လည်အပ်နှံတော့မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်နေပေမယ့် မြေပြင်မှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု တစုံတစ်ရာ မတွေ့ရသေးဘူးလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ကွတ်ခိုင်ကို ပြန်ဝင်လာနေပြီ၊ အစိုးရကျောင်းတွေ ပြန်ဖွင့်တော့မယ်၊ အဲဒီနောက် မြို့ကို အစိုးရထံ ပြန်အပ်မယ်ဆိုတဲ့ သတင်းတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ကွတ်ခိုင်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းပြ ဆရာမတဦးကတော့ အခုအချိန်ထိ ကျောင်းပြန်ဖွင့်ဖို့ တရားဝင်ညွှန်ကြားချက် မရသေးဘူးလို့ ပြောပါတယ်။ “ကွတ်ခိုင်မှာ ကျောင်းဖွင့်ခိုင်းမယ်လို့တော့ အသံထွက်နေတာရှိတယ်။ ဒါပေမယ့် ကျွန်မတို့ဆီကို ဘာအကြောင်းကြားစာမှ မဝင်သေးဘူး။ အခုလည်း မူဆယ်မှာ တွဲထားတဲ့ အစိုးရကျောင်းမှာပဲ တာဝန်ထမ်းနေရတယ်။…

Read More

အခေါက်ရွှေဈေး ကျပ် သိန်း ၁၀၀ အောက် ပြန်ဆင်း

ဇွန် ၆ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်းက အခေါက်ရွှေဈေးဟာလည်း ဒီကနေ့ ဇွန် ၆ ရက်မှာ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၄၈၅ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ ဇွန် ၆ ရက်အထိ လေးရက်အတွင်း ဒေါ်လာ ၁၆၀ နီးပါး အကျရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း လိုက်ပါ ကျဆင်းလာတာမှာ လေးရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့…

Read More

နတ်မောက်မှာ မိုးသည်းထန်စွာရွာပြီး ရေစီးသန်လို့ ချောင်းထဲကားနှစ်စီးမျောကာ တက္ကသိုလ်ဝင်တန်းသင် ဝါရင့်ဆရာကြီး ရေနစ်သေဆုံးခဲ့

ဇွန် ၇ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေနဲ့အတူ ကားနှစ်စီးရေနဲ့မျောပါပြီး တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားတွေစာသင်ပြပေးတဲ့ ဝါရင့်ဆရာကြီးဦးဝင်းမော် သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ မနေ့က ဇွန် ၅ ရက်နေ့ ည ၈ နာရီ ကျော်လောက်မှာ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ရွာချောင်းအတွင်းကို ကားနဲ့ဖြတ်မောင်းရာကနေ ကားကရေစီးနဲ့မျှောပါသွားပြီး ဒီကနေ့ ဇွန် ၆ ရက်နေ့မနက်ပိုင်းမှာ ကားနဲ့ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာကြီးဦးဝင်မော် သေဆုံးမှုနဲ့ပတ်သက်ပြီး ရင်းနှီးသူတယောက်က ” မနေ့ညက နတ်မောက်မှာ မိုးသည်းထန်စွာရွာတယ်။ ဆရာကြီးက မကွေးကနေ နတ်မောက်ကိုအပြန် တခွန်တိုင်ချောင်းရေကြီးမှုမှာ ရေစီးနဲ့အတူ ကားရောလူပါမျောသွားတာ ။ အလောင်းကို ဒီမနက် မှဆယ်ယူရရှိတာပါ ။ ဆရာမော်က ကျူရှင်ဘော်ဒါဆရာ၊ လုပ်ဖော်ကိုင်ဖက်တွေပါ။…

Read More

သူတို့အိမ် အခန်း (၁၃၂)

ဆူးငှက် အမည်ခံ ကုန်ထုတ်သ/မတဲ့ ——————————— ထိုခေတ် ထိုစဉ်အခါက ကုန်ထုတ်သမဝါယမဟူသည် ပါဝင်သော အသင်းသားများက အမည်ခံမျှသာဖြစ်ပြီး လုပ်ငန်းရှင် များက အစိုးရထံမှ ကုန်ကြမ်းပစ္စည်းများကို အစိုရထုတ်ဈေးဖြင့် လွယ်ကူစွာ ထုတ်ယူနိုင်ရေးအတွက် ဟန်ပြ ထူထောင် ထားကြသော အသင်းတွေက အများစု ဖြစ်သည်။ အစိုရထုတ်ဈေးဖြင့် ရရှိထားသော ကုန်ကြမ်းများကို ပြင်ပ ဈေးကွက်သို့ လက်လွှဲရောင်းချခြင်းဖြင့် ချက်ချင်းလက်ငင်း အကျိုးအမြတ်များစွာရရှိသည်။ ထို့ကြောင့် ကုန်ကြမ်းကို ထုတ်ရောင်းကာ ကုန်ချောကို ဟန်ပြထုတ်လုပ်ရန်အတွက်သာ ကုန်ထုတ်သမဝါယမအသင်း ဆိုင်းဘုတ်အောက်၌ အလုပ်သမားငှား ထားခြင်း ဖြစ်သည်။ ထုတ်ယူရရှိသော ကုန်ကြမ်းနှင့် ကုန်ချောအရေအတွက် ကိုက်ညီရန်အတွက်လည်း ကြိုတင် စာရင်းညှိထားပြီး ဖြစ်သည်။ ဖိနပ်ကုန်ထုတ်သ/မ က ထိုသို့မဟုတ်။ မူလစတင် ဖွဲ့စည်း ကတည်းကပင် ပုဂ္ဂလိက ရှူးဖိနပ်လုပ်ငန်းမှ နစ်နာကြေးငွေဖြင့် အလုပ်ထွက်လာကြသော ရှူးဖိနပ်လုပ်သားများက အစုငွေ…

Read More

ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး မူဝါဒကြောင့် EV ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ် အေးနေ

ဇွန် ၅ – ၂၀၂၆ SS (VOM) ယာဉ်အို၊ ယာဉ်ဟောင်းနဲ့ လျှပ်စစ်သုံးယာဉ် (EV) ကား အစားထိုး လဲလှယ်ရမယ့် မူဝါဒကြောင့် ဈေးကွက်အတွင်း EV ဝယ်လိုအား အနည်းငယ်ရပ်တန့်ပြီး ဈေးနှုန်းတွေ အကျဘက်ကို ဦးတည်နေတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ် (၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ် (၂၀) ကျော်လွန်ခြင်း မရှိပေမယ့်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ယာဉ်တွေရဲ့ တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ “ဒါက တိကျတဲ့…

Read More