ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဧပြီ – ၂၅-၂၀၂၆
Read Moreမန္တလေးမှာ အပူရှပ်ပြီး သေဆုံးမှုတွေရှိလာလို့ မီးပွိုင့်တချို့မှာ အပူဒဏ်သက်သာဖို့ အမိုးအကာတွေ တပ်ဆင်ပေးလာ
မန္တလေး၊ ဧပြီ – ၂၆- ၂၀၂၆ SA(VOM) မန္တလေးမြို့မှာ အပူရှပ်ပြီး သေဆုံးမှုတွေရှိလာတာကြောင့် မြို့ပေါ်က အဓိကျတဲ့ လမ်းမကြီးတွေပေါ်က မီးပွိုင့်တွေမှာ ရပ်စောင့်ရတဲ့အခါ အပူဒဏျကို သက်သာစေဖို့ ပိုက်အစိမ်းမိုးကာတွေကို မီးပွိုင့်တချို့မှာ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အဦနဲ့ ကုန်ရုံဌာန က တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ မန္တလေးမြို့က အဓိကျပြီး အရိပ်မရှိတဲ့ ၂၆ လမ်း နဲ့ ၇၃ လမ်းထောင့်၊ ၇၃ လမ်း နဲ့ လမ်း ၃၀ ထောင့်၊ ၇၈ လမ်း ၃၅ လမ်းထောင့်၊ ရန်ကုန် – မန္တလေးလမ်း ၁၁၃ လမ်းထောင့်တို့က မီးပွိုင့်တွေမှာ အပူဒဏ်သက်သာစေဖို့ ရည်ရွယ်ပြီး အမိုးအကာတွေ တပ်ဆင်ပေးထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အဆောက်အဦနဲ့ ကုန်ရုံဌာန ကနေ သိရပါတယ်။ ”…
Read Moreဓနုဖြူမြို့မစျေးကြီး မီးလောင်လို့ ဆိုင်ခန်း ၂၇၀ ကျော် မီးထဲပါသွား
ဧပြီ ၂၆ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့နယ်ရှိ ဓနုဖြူ မြို့မစျေးကြီးမှာ မီးလောင်မှုဖြစ်ပွားပြီး စျေးဆိုင်ခန်း ၂၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ ၊ မနက်အစော ၆ နာရီ ၂၅ မိနစ်လောက်မှာ ဓနုဖြူမြို့မစျေးကြီးရှိ ဆိုင်ခန်းတွေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၇ နာရီ ၅၀ မှသာ မီးငြိမ်းတာကြောင့် မီးလောင်မှုဟာ အချိန် တနာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “မီးက ငြိမ်းပါပြီ။ ဆိုင်ခန်း ၂၇၁ ခန်းပါသွားပါတယ်။ လုပ်ငန်းစဥ်တွေကလုပ်နေတုန်း မပြီးသေးပါဘူး ။ ” လို့ ဓနုဖြူမြို့နယ်မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့ အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး ။ ဓနုဖြူမြို့မစျေးကြီး…
Read Moreရေစကြိုနဲ့ နန်းမယ်ခုံမှာ ဒရုန်းကျရောက်မှုကြောင့် ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရ
ဧပြီ ၂၆ – ၂၀၂၆ SS (VOM) မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ ကယားပြည်နယ်ရှိ နန်းမယ်ခုံမြို့နယ်တို့မှာ မနေ့ ဧပြီ ၂၅ ရက်က ဒရုန်းကျရောက်မှုကြောင့် ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာမှာ မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒရုန်းက ရွာထဲက စတားလင့်ဆိုင်နားကို ကျတာ။ အဲဒီနားမှာ ဂိမ်းဆော့နေတဲ့သူတွေကို ထိတယ်။ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တယောက်က ဆေးခန်းကိုသွားရင်း လမ်းမှာဆုံးတာ။ ဒဏ်ရာရတဲ့သူတွေကလည်း စိုးရိမ်ရအဆင့် ဖြစ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ချင်းယားကုန်းကျေးရွာမှာ…
Read Moreမြစ်ကြီးနား ၊ မိုးကောင်း ၊ နမ္မတီး မြို့နယ်တွေမှာ လေပြင်းတိုက်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နေအိမ် ၊ စစ်ရှောင်စခန်း အပါအဝင် ရာနဲ့ချီ ပျက်စီးမှုရှိ
ဧပြီ ၂၆ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနား ၊ မိုးကောင်း ၊ နမ္မတီး မြို့နယ်တွေမှာ လေပြင်းတိုက် မိုးရွာသွန်းမှုကြောင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအပါ နေအိမ် နဲ့ စစ်ရှောင် စခန်းအပါအဝင် အဆောက်အဦ ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့သလို လူထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ မနေ့က ဧပြီ ၂၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ လေပြင်းတိုက်ခတ်တာ ၊ မိုးရွာသွန်းတာ ၊ မိုးသီးကြွေတာတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ.သဘာဝဘေးအန္တရာယ်ဖြစ်စဥ်ကြောင့် လူနေအိမ် သွပ်အမိုးလန်ခြင်း ၊ နေအိမ်ပြိုကျပျက်စီးခြင်း ၊ အကာအရံတွေပျက်စီးခြင်း ၊ သစ်ပင်လဲကျ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာဆိုရင် ရဲတပ်ဖွဲ့မှူးရုံးက သစ်ပစ်တွေလဲကျခဲ့သလို အဆောက်အဦ…
Read Moreရှစ်လကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဧပြီ ၂၈ ပြန်ဖွင့်ရင် အခွင့်အလမ်းတွေ ပိုလာမယ်
ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကဂိတ်ဖြစ်တဲ့ မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီလ ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက လက်ရှိမှယ.လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တံတားဖွင့်ပြန် တာနဲ့ ကုန်သွယ်ရေး လုပ်နိုင်ဖို့အတွက်လည်း မဲဆောက်ဘက်ခြမ်းမှာ ကုန်ကားတွေ အသင့်ပြင်ထားတဲ့ အခြေအနေရှိ တယ်လို့ သိရပါတယ်။ ” တံတားပြန်ဖွင့်မယ့်အကြောင်း ထိုင်းဘက်ကရေးထားတာပါ။ ထိုင်းနိုင်ငံရဲ့ ThaiPBS North ကနေ ကြေညာထားပါတယ်။မြန်မာဘက် ဘာသတင်းထုတ်ပြန်မှုမှမရှိသေးပါဘူး။မြန်မာဘက်က သတင်းထွက်တဲ့ရက်အတိုင်း ဘယ်တော့မှမဖွင့်ဘူး။ရက်လွှဲပြီးပဲ ဖွင့်တတ်ပါတယ်။ ” လို့ မြဝတီဒေသခံက ပြောပါတယ် ။ ကုန်သည်တွေကတော့ အမှတ်…
Read MorePack & Go Easy Travel ကုမ္ပဏီက Visa လုပ်ပေးမယ်ဆိုပြီး ငွေရယူထားပေမယ့် လုပ်မပေးလို့ နစ်နာသူတွေက တိုင်ကြားမယ်
ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) Pack & Go Easy Travel ကုမ္ပဏီဟာ ပြည်ပခရီးစဥ် ငွေကြေး ပြဿနာအပြင် ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် Visa လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေရယူခဲ့ပေမယ့် အမှန်တကယ် ပြုလုပ်ပေးတာမရှိသလို ငွေပြန်ပေးတာမျိုးလည်း မရှိတဲ့ပြဿနာတွေ ထပ်ရှိနေသေး တယ်လို့ ငွေကြေးဆုံးရှုံး နစ်နာခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ကောင်းကောင်းရရှိပြီး လုပ်ကိုင်ရမှာ ဖြစ်လို့ အလုပ်လုပ်လိုပါက ငွေအကြေသွင်းပြီး Visa လျှောက်နိုင်ကြောင်း ပြောဆိုခဲ့တဲ့အတွက် ငွေအကြေပေးသွင်းခဲ့ကြတာ ဖြစ်ကြောင်း ၊ ငွေပေးသွင်းပြီးချိန်ကတည်းက ခုထိဆိုရင် တနှစ်နီးပါးလောက်အထိကြာမြင့်လာပေမယ့် Visa လည်း မရသလို ပေးသွင်းငွေတွေလည်း ပြန်မရဘူးလို့ သိရပါတယ်။ ” သူတို့ရုံးက ဘယ်လောက်မှ မကြာဘူး ပြောတာ။ ၄ လ ၅လ ဘဲကြာမှာတဲ့…
Read Moreမိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခတ်မှုကို ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့လို
ဧပြီ ၂၆ – ၂၀၂၆ SN (VOM) မိုးတိမ်တောင် ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို လာမယ့် မုတ်သုန်ဝင်ချိန်ဖြစ်တဲ့ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုးတိမ်တောင်ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ ပထမတချက်ကတော့ အပူချိန် မြင့်တက်ခြင်းဖြစ်ပြီး နောက်တချက်ကတော့ ရာသီ အပြောင်းအလဲကြောင့်ဖြစ်ကာ လက်ရှိ နွေရာသီကာလကနေ မုတ်သုန်လေ ကူးပြောင်းတဲ့ကာလမှာ များသောအားဖြင့် လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “အပူချိန် မြင့်လာတဲ့အတွက်ကြောင့်မို့လို့ ဒေသတွင်းမှာရှိတဲ့ ရေခိုးရေငွေ့တွေက အငွေ့ပျံပြီး အပေါ်ကိုတက်တယ်၊ မိုးတိမ်တောင်တွေ ဖြစ်တယ်။ ဒီဖြစ်စဉ်ကြောင့် မိုးတိမ်တောင်တွေဖြစ်တဲ့ လမ်းကြောင်းတလျှောက်မှာ မိုးရွာပြီး လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်၊ မိုးကြိုးပစ်တာတို့ပေါ့၊ ဒီကာလတွေမှာ ဖြစ်တတ်တယ်။ ဒါတွေက မုန်သုန်ဝင်တဲ့အချိန်ကျမှ…
Read Moreစာရေးဆရာဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူသုံးယောက် ဖမ်းဆီးခံရ
ဧပြီ ၂၇ ၊ ၂၀၂၆ GG (VOM) စာရေးဆရာ ဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူ သုံးယောက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ ဆရာကြီး ဦးတင်ညွန့်ကို ဧပြီ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့ ဆရာတင်ညွန့် အပါအဝင်သုံးယောက်လုံးကို သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဆရာ ဦးတင်ညွန့်အဓိကအဖမ်းခံရတဲ့ အကြောင်းအရင်းတွေကတော့ ရေးသားခဲ့တဲ့ ” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် “ ဦးသန်းရွှေ၏ ယတြာ များ” စာအုပ်သုံးအုပ်နဲ့ပတ်သက်ပြီး ဖမ်းခံရတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ နောက်ထပ် ဖမ်းခံရတဲ့ သားဖြစ်သူကတော့ အဆိုပါစာအုပ်တွေကို ထုတ်ဝေခဲ့တာကြောင့် ဖမ်းခံရတာဖြစ်ပြီး ကျန်တဲ့ အဖမ်းခံရသူ အမျိုးသမီးတယောက်ကတော့ ဆိုရှယ်မီဒီယာကတဆင့် အဲဒီစာအုပ်သုံးအုပ်ကို ရောင်းချခဲ့တာကြောင့်…
Read Moreသူတို့အိမ် အခန်း (၉၈)
ကျောင်းတောင်ဘက်က လမ်းကလေး —————————————– သစ္စာဆောင်နောက်ကျော သင်္ချာဆောင် ဝါးကပ်တဲများမှာ ခက်ခဲ နောက် ကျိဖွယ် ကဲကုလ သင်္ချာ ပုစ္ဆာများကို အဖြေထုတ်ပြီးနောက် စာသင်ချိန် ပြီးဆုံး သောအခါ နေ့လယ် ၁၂နာရီ ထိုးချေပြီ။ ပူပြင်းလှသော မန္တလေး နွေကြောင့် အိမ်သို့ ချက်ချင်းမပြန်နိုင်သေး။ ရူပဗေဒဆောင်ရှေ့ တယ်ပင်ရိပ်အောက်က မန်ကျည်း ဖျော်ရည်တစ်ခွက် သောက်ချင် သောက်။ သို့တည်းမဟုတ် ရွှေပြည်အေးရှေ့ ကဲန်တင်းက မြီးရှည်စားချင်စား၊ ထမင်းသုတ် တစ်ပွဲ ဗိုက်ဖြည့်ချင် ဖြည့်ပြီး နောက် ဦးပုညလမ်းကို ဖြတ်ကာ ကျောင်းဝင်းတောင်ဘက်ဆီ ထွက်ခဲ့ရသည်ချည်း ဖြစ်သည်။ တစ်ခါတစ်ရံတော့ မတ္တရာမြင့်မြင့်သန်း၊ မိုးကုတ် မာမာအေး၊ မုံရွာ တင့်တင့်၊ ပျော်ဘွယ်မဖြူတို့နှင့်အတူ ဗောဓိကုန်း မြတ်မွန် ဆောင်ဘက် လိုက်ပြီး သူတို့ ထမင်းဘူးတွေ မွှေနှောက် စားချင်စားမည်။ သို့တည်းမဟုတ်…
Read More




