မတ် ၉-၂၀၂၆ VOM မကြာခင်တက်လာတော့မယ့် အစိုးရသစ် အုပ်ချုပ်မယ့်ကာလနဲ့ အနာဂါတ်မှာ ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ့မျက်နှာစာသစ််ဖိုရမ်ကို နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန MICC 1 မှာ မတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပတော့မှာပါ။ ဒီဖိုရမ်မှာ တတ်သိပညာရှင်တွေ၊ အနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတယ်လို့ ဖိုရမ်ကျင်းပရေးကော်မတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒီဖိုရမ်ပြီးလို့ မတ်လ ၁၅ ရက်မှာ တတိယအကြိမ်လွှတ်တော်အတွက် ပြည်သူ့လွှတ်တော် ပထမနေ့ အစည်းအဝေး စတင်ကျင်းပဖို့ ကြေငြာထားတာမို့ နေပြည်တော်မှာ လွှတ်တော်တက်ရောက်ရမယ့်ကိုယ်စားလှယ်တွေ မနက်ဖြန် နေပြည်တော်ကို သွားရောက်ရမယ်လို့ သိရပါတယ်။
Read Moreနမ့်ဖတ်ကာမှာ အိမ်မီးလောင်ပြီး မြေးအဖွားနှစ်ယောက်မီးလောင်သေဆုံးခဲ့ရ
မတ် ၉ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်ခရိုင် ၊ နမ့်ဖတ်ကာမြို့၊ ၆ ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မြေးအဖွားနှစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ မနေ့က မတ် ၈ ရက်နေ့ည ၉ နာရီလောက်မှာ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် နေအိမ်တခုလုံးမီးလောင်ကျွမ်းပြီး အဖွားဖြစ်သူနဲ့ မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” ကလေးက ဖယောင်းတိုင်ထွန်းတာမှာ ဓာတ်ဆီပုံးပေါ်ကျပြီး မီးလောင်တာလို့ သိရတယ်။ မီးသတ်ကားက အချိန်မီမရောက်တော့ မီးကမငြိမ်းနိုင်ဘဲ မြေးအဖွားနှစ်ယောက်လည်း မီးလောင်သေသွားတာ ။ အိမ်လည်း အကုန်လုံးလောင်သွားတယ်။ ဓာတ်ဆီကနေလောင်တော့ မီးကပိုမြန်သွားတာ။ ဒီမှာက အဖွဲ့အစည်းတွေကအုပ်ချုပ်တော့ မီးသတ်ကလည်း သူတို့ကိုင်တာလေ ။ပတ်ဝန်းကျင်ကလည်း.ဝိုင်းငြိမ်းပေမယ့် မီးအားကပြင်းတော့…
Read Moreလားရှိုးမှာ ဓါတ်ဆီတလီတာ ပြင်ပပေါက်ဈေး ကျပ်တသောင်းဝန်းကျင် ဖြစ်နေလို့ ဈေးတင်မရောင်းဖို့ လိုက်လံသတိပေး
မတ် ၉၊ ၂၀၂၅ NN (VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းမှာ စက်သုံးဆီ ပြင်ပပေါက်ဈေး တလီတာကို ကျပ်တသောင်းကျော် ဈေးနှုန်းနဲ့ ရောင်းချနေကြလို့ ဈေးနှုန်းတွေ အဆမတန် တင်မရောင်းဖို့ အာဏာပိုင်တွေက လိုက်လံသတိပေး နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်သုံးဆီရောင်းတဲ့ ဆီပန့်ဆိုင်ကြီးတွေက ဓာတ်ဆီတလီတာကို ကျပ်လေးထောင်ကျော်နဲ့ ရောင်းချပေးနေပေမယ့် ပြင်ပဈေးကွက်မှာ ကျပ်ခြောက်ထောင်၊ ရှစ်ထောင်၊ တသောင်း ဈေးနှုန်းနဲ့ ရောင်းချနေကြတာပါ။ “ဆီဆိုင်တွေမှာ သွားတန်းစီပြီးတော့ အပြင်မှာ ပြန်ရောင်းကြတာ။ ပြီးတော့ တရုတ်ဆီတွေ ယူလာပြီး ရောင်းကြတာ။ ရေသန့်တဗူးကို တသောင်း၊ တချို့ရှစ်ထောင်တဲ့။ ဆိုင်တွေတော့ မတူဘူးပေါ့” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။ ဈေးတင်ရောင်းနေတဲ့ ပြင်ပဆိုင်တွေကို အာဏာပိုင်တွေက လိုက်ပြီး စစ်ဆေး နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ “ဈေးတင်ရောင်းတဲ့ လမ်းဘေးဆိုင်တွေကို ရဲတွေက…
Read Moreဆွန်နီနဲ့ ရှီအာ – အစ္စလာမ်ဘာသာရဲ့ ရှေးကျတဲ့ ကွဲပြားမှု
မတ် ၉-၂၀၂၆ MT(VOM) ဆွန်နီနဲ့ ရှီအာကြားက ကွဲပြားမှုဟာ အစ္စလာမ်သမိုင်းမှာ အကြီးမားဆုံးနဲ့ သက်တမ်းအရှည်ဆုံး ဖြစ်ပါတယ်။ ဒီဂိုဏ်းနှစ်ခုက လူတွေဟာ ရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး အခြေခံယုံကြည်ချက်နဲ့ ကျင့်ထုံးအတော်များများကလည်း တူညီကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မူဝါဒ၊ ဝတ်ပြုပုံ၊ ဥပဒေ၊ ဘာသာရေးအယူအဆနဲ့ ဘာသာရေးဖွဲ့စည်းပုံတွေမှာတော့ ကွဲပြားမှုတွေ ရှိပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်တွေကလည်း ပြိုင်ဘက်တွေလို ဖြစ်နေတတ်ပါတယ်။ လက်ဘနွန်၊ ဆီးရီးယားကနေ အီရတ်နဲ့ ပါကစ္စတန်အထိ ဖြစ်ပွားခဲ့တဲ့ မကြာသေးခင်က ပဋိပက္ခအတော်များများဟာ ဒီဂိုဏ်းဂဏကွဲပြားမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး လူမှုအသိုင်းအဝိုင်းတွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့ပါတယ်။ ဆွန်နီဆိုတာ ဘယ်သူတွေလဲ? ကမ္ဘာပေါ်က မူဆလင်လူဦးရေ ၁.၅ ဘီလီယံကျော်ရဲ့ အများစု (၈၅% ကနေ ၉၀% ဝန်းကျင်) ဟာ ဆွန်နီတွေ ဖြစ်ကြပါတယ်။ အရှေ့အလယ်ပိုင်းမှာဆိုရင် အီဂျစ်၊ ဂျော်ဒန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက…
Read Moreသိန္နီကနေ ကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်ပို့တာတွေ ကိုးကန့်တပ်ဖွဲ့ ပိတ်
မတ်၉။ ၂၀၂၅။ NN(VOM) ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကနေ TNLA ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်တဲ့ ကားတွေ ဖြတ်ခွင့်မပေးတော့ဘဲ ပိတ်ဆို့ထားလိုက်ပြီ လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကုန်ပစ္စည်းပါတဲ့ ကားတွေကို ကိုးကန့်တပ်ဖွဲ့က ပြန်လှည့်ခိုင်းပြီး ခရီးသည်နဲ့ ကားသေးတွေကိုပဲ ဖြတ်ခွင့်ပေးတယ်လို့ သိရပါတယ်။ “မနေ့ညကစပြီး ပိတ်လိုက်တာ။ ကုန်ပါရင် ဘာကားမှ ပေးမသွားတော့ဘူး။ လူပဲ သွားလို့ရတယ်။ အဆင်းကားတွေတော့ ရတယ်။ အတက်မရတာ” လို့ သိန္နီမြို့ခံ တယောက်က ပြောပါတယ်။ လမ်းပိတ်ထားတဲ့အတွက် သိန္နီကနေ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့ကို ကုန်ပို့မယ့် ကားတွေ အားလုံး သိန္နီမြို့မှာ ရပ်စောင့်နေကြရတယ်လို့ သိရပါတယ်။ “တချို့လည်း ပြန်လှည့်တယ်။ တချို့ကတော့ ရမလားဆိုပြီး ဆက်စောင့် နေကြတာ။ ကိုးကန့်စစ်သားတွေလည်း အများကြီး အပေါ်တက်သွားတော့ စစ်ဖြစ်မလားတောင်…
Read Moreစုံ / မရက် မှားပြီးအပြင်ထွက်လို့ ယာဥ်မတော်တဆဖြစ်ခဲ့ရင် လျော်ကြေးမပေးဘူးဆိုတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုရှိနေ
မတ် ၉ ၊ ၂၀၂၆ CC (VOM) ကားအာမခံထားသူတွေအနေနဲ့ စုံ / မ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ရက်မှားထွက်လို့ လမ်းမပေါ် ယာဥ်မတော်တဆမှု ဖြစ်ပွားပါက အာမခံ ကုမ္ပဏီတွေအနေနဲ့ လျော်ကြေးပေးမှာ မဟုတ်ဘူးဆိုတဲ့သတင်းထွက်ပေါ်မှုအပေါ် ယာဥ်ပိုင်ရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြပါတယ်။ မော်တော်ယာဉ်အာမခံပေါ်လစီ အပိုင်း(က) ၁။ခ(ဈ) အရသော်လည်းကောင်း အပိုင်း(စ) ၃။ အရလျော်ကြေးကို ငြင်းပယ်မှာ ဖြစ်ကြောင်း ရေးသား ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေနေ အရေးကြီးကိစ္စကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းက ထွက်ခွာခွင့်ပြုထားတဲ့ အချက်အလက်ပါရှိသူတွေကိုတော့ လျော်ကြေးကိစ္စ စဉ်းစားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဥ်ပိုင်ရှင်တယောက်က ” အာမခံကုမ္ပဏီတွေက သက်သက်ကို ယုတ်မာသလိုဖြစ်နေတယ် ။ အာမခံ ကြေးကိုကျတော့ တနှစ်စာသွင်းထားရတာ ။ အခုအစိုးရသူ့ဘာသာ ဆီလိုအပ်ချက်အရ စုံ / မ…
Read Moreဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်တွေ၊ ကျောင်းတွေ ပိတ်လိုက်ပြီ
မတ် ၁၀-၂၀၂၆ MT(VOM) အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်တွေကို ပိတ်လိုက်ရသလို လောင်စာဆီရောင်းချမှုကိုလည်း ကန့်သတ်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို တင်သွင်းမှုအပေါ်မှာပဲ မှီခိုနေရတာဖြစ်ပြီး အခု အရှေ့အလယ်ပိုင်းကို ကူးစက်ပြန့်နှံ့သွားတဲ့ အီရန်စစ်ပွဲကြောင့် ဒီတင်သွင်းမှုတွေမှာ အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့တာပါ။ အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာတာကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေကို ပိတ်ပစ်လိုက်ပြီး လောင်စာဆီ ခွဲတမ်းစနစ်ကိုလည်း စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ လျှပ်စစ်နဲ့ လောင်စာဆီ ချွေတာဖို့အတွက် အရေးပေါ်အစီအစဉ်တစ်ရပ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို တနင်္လာနေ့ကစပြီး ပိတ်လိုက်တာဖြစ်ပြီး အီဒ်ပွဲတော် (Eid al-Fitr) ကျောင်းပိတ်ရက်ကိုလည်း ရှေ့တိုးသတ်မှတ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုကို လျှော့ချနိုင်ရုံတင်မကဘဲ လောင်စာဆီ အလေအလွင့်ဖြစ်စေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း သက်သာစေလိမ့်မယ်လို့…
Read Moreသူတို့အိမ် အခန်း – ၇၃
ဆူးငှက် တောင်ဘုရားကုန်းဆီ ———————– မနေ့က ဓာတ်တော်ကုန်းသို့ သွားသည့် အကြောင်းကို ဒီနေ့ တောင်ဘုရားကုန်းသို့ သွားရင်း ဦးဇင်းမှိုင်းနှင့် စကားစပ်မိနေသည်။ ဒီနေ့ တောင်ဘုရားကုန်းသို့ သွားကြတော့ လူစုံသည်။ မနက်စောစော တောင်ရပ်က ကိုကောင်းစိန်နှင့် မမမြင့်စန်းတို့အိမ်က လက်ဖက်ရည်သောက် ဖိတ်ထားသို့ လူစုံတက်စုံ ရောက်နေကြသည်။ ဦးဇင်းမှိုင်း ကိုကောင်း ကိုအောင်မောင်းတို့လည်း ကြိုရောက်ကာ ဦးဇင်းမှိုင်းက မုန့်ဆီကြော် နှင့် အကြော်စုံကိုပင် ဘုန်းပေးပြီးပြီ။ မမမြင့်စန်းက ကျွန်တော်နှင့် မောင်နှမ ဝမ်းကွဲပင် တော်စပ်သေးသည်။ သူ့အမေ ကြီးဒေါ် ဒေါ်လုံးတင်နှင့် အဘ က မောင်နှမ တော်စပ်သေး၏။ ကြီးဒေါ် ဒေါ်လုံးတင် က အဘ၏ ဒုတိယမိခင်ဖြစ်သူ ဒေါ်ရွှေရင်၏ အလုံဘိုးဘိုးကြီး နန်းရ နတ်ကတော် အရိုက်အရာကို ဆက်ခံထားသူ ဖြစ်သည်။…
Read Moreစစ်တွေမြို့အနီး တိုက်ပွဲ ရောက်လာလို့ ဒေသခံတွေ စိုးရိမ်မှု မြင့်တက်
မတ် ၈ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ လက်ရှိမှာ မြို့နဲ့တဖြည်းဖြည်း နီးကပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်တွေမြို့ အခြေစိုက် ရွှေမင်းဂံရေတပ်စခန်း အပါအဝင် အမြင့်ကျွန်း၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက်၊ ဝါဘို၊ ကျားမသောက်၊ ရေချမ်းပြင် အစရှိတဲ့ ကျေးရွာတွေအပြင် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့ကို AA တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “တိုက်ပွဲ အရှိန်ပြင်းလာလေ လေကြောင်း တိုက်ခိုက်မှုက ပိုများလာလေပါပဲ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကလည်း အဆက်မပြတ်ဘဲ။ ရွှေမင်းဂံဘက်က တိုက်ပွဲ ပိုပြီးပြင်းထန်တယ်။ အထူးသဖြင့် ညဘက်တွေဆို ပိုဆိုးတယ်။ ဒေသခံတွေကတော့ ရှောင်ချင်တာတောင် ရေလမ်းရော၊…
Read Moreဟော်မုဇ် ရေလက်ကြား ဆိုတာ ဘာလဲ?
မတ် ၈ -၂၀၂၆ MT(VOM) ဒီရေလက်ကြားက အိုမန်နိုင်ငံနဲ့ အီရန်နိုင်ငံကြားမှာ ရှိတာပါ။ အပေါ်ဘက်က ပါရှန်ကွေ့ (The Gulf) နဲ့ အောက်ဘက်က အိုမန်ပင်လယ်ကွေ့ကို ဆက်ပေးထားပြီး အဲ့ဒီကနေတစ်ဆင့် အာရေဗျပင်လယ်ထဲကို ထွက်လို့ရပါတယ်။ အကျဉ်းဆုံးနေရာမှာ ၂၁ မိုင် (၃၃ ကီလိုမီတာ) ပဲ ကျယ်ပြီး သင်္ဘောတွေ တကယ်သွားလာရတဲ့ လမ်းကြောင်းကတော့ တစ်ဖက်ကို ၂ မိုင် (၃ ကီလိုမီတာ) စီပဲ ရှိပါတယ်။ ဟော်မုဇ် ရေလက်ကြား ဘာလို့ ဒီလောက် အရေးကြီးတာလဲ? ကမ္ဘာ့ရေနံရဲ့ ၅ ပုံ ၁ ပုံက ဒီလမ်းကြောင်းကနေပဲ ဖြတ်သွားတာပါ။ Vortexa ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်ကတင် တစ်ရက်ကို ရေနံစိမ်းနဲ့ လောင်စာဆီ စည်ပေါင်း သန်း ၂၀ ကျော် ဒီလမ်းကနေ…
Read More




