မတ် ၈ ၊ ၂၀၂၆ GG (VOM) ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်တွေကို စုံ ၊ မ ခွဲခြားသတ်မှတ်ရာမှာ ၂ နဲ့စားလို့ ပြတ်ရင် ” စုံ “ဂဏန်းဖြစ်ပြီး ၂ နဲ့စားလို့ အကြွင်းကျန်ရင် “မ ” ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတ်မှတ်ထုတ်ပြန် မှုအရသိရ ပါတယ်။ ဒါကြောင့် ဆိုင်ကယ်တွေကို စုံ / မ ခွဲရာမှာ ဆိုင်ကယ်နံပါတ်ပြားမှာပါရှိတဲ့ W အရှေ့က ဂဏန်းကိုသာ စုံ / မ ယူပြီး သတ်မှတ်ကာ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ ” ကျွန်တော်တို့လည်း သေချာအောင် အထက်ကိုမေးရတာပေါ့ ။ အခု W ရဲ့အရှေ့က ဂဏန်းကိုပဲ စုံ ၊ မ ခွဲပါတယ်။…
Read Moreရှေ့နေအက်ဥပဒေပြင်တာမှာ ထောင်ဒဏ်ငွေဒဏ်တွေတိုးလာ
မတ် ၈ – ၂၀၂၆ SS (VOM) လိုင်စင်မရှိဘဲ ရှေ့နေလုပ်ငန်း လုပ်ကိုင်ပါက အရေးယူခံရနိုင်တဲ့ အချက် အပါအဝင် အချက် ၇ ချက်ကို ပြန်လည် ဖြည့်စွက်ထားတဲ့ ရှေ့နေများအက်ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မနေ့ မတ် ၇ ရက်၊ ရက်စွဲနဲ့ အသစ်ပြင်ဆင် ပြဋ္ဌာန်းလိုက်ပါတယ်။ အစိုးရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး ဒီဥပဒေကို “ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” လို့ ခေါ်တွင်စေရမှာဖြစ်ကြောင်း ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။ ပြင်ဆင်တဲ့ ဥပဒေမှာ ရှေ့နေများ အက်ဥပဒေပုဒ်မ ၁၀ ပြဋ္ဌာန်းချက်ရဲ့ နောက်မှာ “ရှေ့နေအဖြစ် မည်သည့် တရားရုံးပြင်ပ လုပ်ငန်းတရပ်ရပ်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ” ဆိုတဲ့ စကားရပ်ကို ဖြည့်စွက်ရမယ်လို့ ဖော်ပြထားပါတယ်။…
Read Moreစုံ မ စနစ်နဲ့ ယာဥ်တွေကန့်သတ်တာမှာ ဆိုင်ကယ်တွေပါလို့ အခြေခံလူတန်းစားတွေ ခက်ခဲ
မန္တလေး၊ မတ်- ၈- ၂၀၂၆ SA(VOM) စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ အသုံးပြုခွင့်ပေးတာမှာ ဆိုင်ကယ်တွေပါလို့ အခြေခံလူတန်းစားတွေ ခက်ခဲတယ်လို့ သိရပါတယ်။ “မန္တလေးမြို့ဆိုတာက ဆိုင်ကယ်အသုံးပြုမှုက အရေးပါတယ်၊ အလုပ်သွားနေကြတဲ့သူတွေရှိတယ်၊ အလုပ်မသွားဘူးဆိုတာတောင်မှ မိသားစုကျန်းမာရေး၊ လူမှုရေးကိစ္စတွေရှိတယ်၊ တချို့ဆို ဆေးရုံဆေးခန်း ပြနေရတယ်၊ ဆိုင်ကယ်တစီးထဲရှိတယ်ဥပမာ မိသားစုဝင် နှစ်ဦးသုံးဦးရှိတဲ့သူတွေက ပြဿနာမရှိပေမယ့် နှစ်ယောက်တည်းရှိတဲ့သူက အိမ်ပြန်ပြီး အဝတ်တွေယူရမယ် အဲ့လိုလူတွေအတွက်က စုံ မ ကိစ္စက အတော် ဒုက္ခရောက်တယ်၊ ဆိုင်ကယ်တစီးထဲရှိတော့ ဆိုင်ကယ်တက္ကစီနဲ့သွားရမှာလား မီနီအိုးဝေနဲ့ သွားရမှာလား အဲ့ဒီအတွက် ကုန်ကျစရိတ်တွေ ပိုလာပြီလေ ဒါက ကျန်းမာရေးအတွက် ပြောတာ နောက်တခုက အများပြည်သူအတွက် transportation ကောင်းကောင်းမရှိတဲ့မြို့မှာ…
Read Moreအရက်အမျိုးမျိုးနဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်
မတ် ၈ – ၂၀၂၆ SN (VOM) အရက်အမျိုးမျိုး အပါအဝင် ဘီယာ၊ ဝိုင်၊ ထန်းရည်၊ တည်အရက် အစရှိတဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မနေ့ မတ် ၇ ရက်၊ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ယစ်မျိုးဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်တဲ့နေ့ကစလို့ အာဏာ တည်စေရမယ်လို့ အသိပေးထားပါတယ်။ ယစ်မျိုးဥပဒေ ပုဒ်မ ၆၉၊ ပုဒ်မခွဲ (ဃ) မှာ ဘယ်သူမဆို အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းကို အရောင်းပမာဏ မြင့်တက်စေဖို့ ပုံမှန်ဈေးနှုန်းအောက် လျှော့ရောင်းတာ၊ နမူနာပေးကမ်းတာ၊ ကံစမ်းမဲအစီအစဉ်…
Read Moreတရုတ် သမ္မတ ရှီကျင့်ဖျင် (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေကို တွေ့ဆုံ
မတ် ၈ -၂၀၂၆ MT(VOM) သမ္မတ ရှီကျင့်ဖျင် (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း စနေနေ့ က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာအခုလို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပါတီအပေါ် သစ္စာရှိဖို့က နံပါတ် (၁) စစ်တပ်အတွင်း နိုင်ငံရေးအရ သစ္စာရှိမှုကို ပိုပြီးခိုင်မာအောင် လုပ်ရမယ်လို့ သူက အလေးအနက် ပြောပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားသွန်ခွန်စိုက် လုပ်ခဲ့လို့ ရလဒ်ကောင်းတွေ ရနေပြီလို့ ဆိုပါတယ်။ အကျင့်ပျက်ခြစားမှုကို လုံးဝ (လုံးဝ) လက်မခံ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်ပြီးရှီကျင့်ဖျင်က ခပ်ပြတ်ပြတ်ပဲ သတိပေးလိုက်ပါတယ်။ ”ပါတီအပေါ် သစ္စာမရှိတဲ့သူတွေနဲ့ အကျင့်ပျက်ခြစားတဲ့သူတွေအတွက် စစ်တပ်ထဲမှာ နေရာမရှိဘူး” လို့ သူက ပြောပါတယ်။ လာမယ့် (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း…
Read Moreတာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်
မတ် ၈ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီကနေ့ မတ် ၈ ရက်၊ မနက်ပိုင်းက ရဲအယောင်ဆောင်ထားသူ တယောက် ရွှေဆိုင်တဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲအယောင်ဆောင်ထားသူက သူဟာ တာမွေစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်ပြီး ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “သူက ဆိုင်ဝန်ထမ်း အမျိုးသမီးတယောက်ကို…
Read Moreအီရန်အစိုးရကို အတင်းအဓမ္မပြောင်းလဲဖို့ ကြိုးစားတာဟာ လူထုထောက်ခံမှုရမှာမဟုတ်ကြောင်း တရုတ်သတိပေး
မတ် ၉- ၂၀၂၆ MT(VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့နဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေကို “ချက်ချင်းရပ်တန့်ဖို့” မတ်လ (၈) ရက်နေ့မှာ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ အစိုးရအပြောင်းအလဲကို လက်မခံခြင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်မှုတွေကြားမှာ ဝမ်ယိက “အရောင်တော်လှန်ရေး (Colour Revolution)” ဖန်တီးတာ ဒါမှမဟုတ် အစိုးရကို အတင်းအဓမ္မလဲလှယ်ဖို့ ကြိုးစားတာဟာ ဘယ်သူ့ဆီကမှ ထောက်ခံမှုရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်ပွဲက အဖြေမဟုတ် “ဒါဟာ မဖြစ်သင့်တဲ့စစ်ပွဲပဲ၊ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘူး” လို့ သူက ပြောပါတယ်။ လက်နက်အားကိုးပြီး ဖြေရှင်းတာဟာ အမုန်းတရားတွေကိုပဲ ပိုတိုးပွားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။ အရှေ့အလယ်ပိုင်းရဲ့ ကံကြမ္မာကို အဲဒီဒေသမှာရှိတဲ့ နိုင်ငံတွေကပဲ ကိုယ်တိုင်ဆုံးဖြတ်သင့်ပြီး တခြားနိုင်ငံတွေက ဝင်မရှုပ်သင့်ဘူးလို့ ပြောပါတယ်။ “လက်သီးဆုပ်ပြင်းတိုင်း တရားတာမဟုတ်ဘူး၊…
Read Moreသူတို့အိမ် အခန်း – ၇၂
ဆူးငှက် နွေအခါ ရွာအပြန် ————————– သည်တစ်ခါ ရွာပြန်ကြတော့ တပျော်တပါးကြီး ဖြစ်သည်။ မန္တလေးကတည်းက လူစုံသည်။ လူပျိုကြီး ကိုဌေးအောင် ဦးဆောင်ပြီး ကိုမောင်ဒွေး၊ ကိုမန်းမောင်၊ သောင်းထွန်း၊ ကျွန်တော့်တူ ဖြစ်သူ ထွန်းထွန်း နှင့် ကျွန်တော်တို့ ၆ယောက် ဖြစ်သည်။ ကျွန်တော်တို့က မုံရွာမှာ တစ်ထောက်နားပြီး ကိုမောင်ဝင်း လည်း လိုက်ပါလာသည်။ ထိုစဉ်က ကျွန်တော့်ယောက်ဖ ဦးဇော်ဝင်းထံမှာ ကင်မရာလေး ၁လုံးရှိသည်။ သူ့ကင်မရာက 120 ဖလင် ထည့်ရသည်။ 120 ဖလင် က ဖလင်၁လိတ်တွင် ၁၂ကွက်ပဲပါသည်။ ကင်မရာက ဂျာမဏီ ထုတ် ဖြစ်ပြီး ပုံထွက်ကောင်းသည်။ ကျွန်တော်က ဦးဇော်ဝင်း ထံက ထိုကင်မရာလေးလည်း ဝင်ယူကာ မုံရွာ ဈေးဟောင်းကြီးအနီးရှိ ဖူဝိန်ဓာတ်ပုံတိုက်က 120…
Read Moreဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) အမှုတွဲထဲက သမ္မတ Trump နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကိူ အမေရိကန် တရားရေးဌာနထုတ်ပြန်လိုက်ပြီ
မတ် ၇-၂၀၂၆ MT(VOM) အရင်က ချန်လှပ်ထားခဲ့တဲ့ Epstein ရဲ့ မှတ်တမ်းအချို့ကို မနေ့ က ထုတ်ပြန်လိုက်ပါတယ်။ ဒီထဲမှာ သမ္မတ Donald Trump ကို စွပ်စွဲထားတဲ့ အချက်တွေ ပါနေပါတယ်။ ၂၀၁၉ တုန်းက အမျိုးသမီးတစ်ယောက်နဲ့ FBI တို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မှတ်တမ်းတွေပါ။ အဲဒီအမျိုးသမီးက သူ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြားအရွယ် (၁၉၈၀ ဝန်းကျင်) မှာ Trump နဲ့ Epstein တို့ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ တရားရေးဌာနက အရင်က ဒီဖိုင်တွေကို “တခြားဖိုင်တွေနဲ့ အတူတူပဲ” ဆိုပြီး မှားယွင်းသတ်မှတ်မိလို့ ချန်လှပ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါကို အတိုက်အခံတွေက “ဖုံးထားတာလား” ဆိုပြီး…
Read Moreစုံ မ စနစ် စတင်တဲ့ ဒီနေ့မှာ စက်သုံးဆီ တန်းစီတဲ့ မော်တော် ကားတွေ အရင်ကလောက် မများတော့ပဲ မြို့ထဲမှာလည်း အလှူလှည့်ယာဥ်တန်းတွေ စည်ကားနေ
မန္တလေး၊ မတ် – ၇ – ၂၀၂၆ SA(VOM) စက်သုံးဆီ ခြိုးခြံချွေတာဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ စုံ မ စနစ် စတင်တဲ့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ မန္တလေးမြို့က စက်သုံးဆီဆိုင် တော်တော်များများမှာ အရင်ကလောက် များပြားတဲ့ စက်သုံးဆီတန်းကြတဲ့ မော် တော်ကားတွေ မရှိသလောက်နည်းပါးသွားတာ တွေ့ရပါတယ်။ စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးထားပါတယ်။ ဒါအပြင် အတည်မပြုနိုင်သေးတဲ့ ညွှန်ကြားစာအရ ဒီကနေ့ မတ်လ ၇ ရက်နေ့ကနေ မတ်လ…
Read More




