လွှတ်တော်ထဲမှာ တပ်မတော်သားတွေရဲ့ အစုအဖွဲ့ ၂၅ ရာခိုင်နှုန်း ရှိနေသ၍ တပ်မတော်ရဲ့ အငွေ့အသက်က ရှိနေအုံးမှာပါ

နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ SA(VOM) လွှတ်တော်မှာ တပ်မတော်သားတွေရဲ့ အစုအဖွဲ့ ၂၅ ရာခိုင်နှုန်း ရှိနေသ၍ တပ်မတော်ရဲ့ အငွေ့အသက်က ရှိနေအုံးမှာပဲ ဆိုတာနဲ့ အလုပ်မလုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် Right To Recall ဥပဒေပြဌာန်းဖို့အဆိုတင်သွင်းမယ် လို့ ဘူးလတ်လှဆွေလို့ လူသိများတဲ့ ပုဗ္ဗသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက VOM ကို ဖြေကြားပါတယ်။

Read More

လွှတ်တော်၊ အစိုးရ နဲ့ တပ်မတော် ပူးပေါင်းပြီး အရွေ့တခုကို ဖော်ဆောင်မယ်

နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ SA(VOM) ပခုက္ကူမြို့က မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုနဲ့အတူ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးလှဝင်းဦး ပခုက္ကူ မဲဆန္ဒနယ် က ပခုက္ကူမြို့ တိုးတက်ရေးတွေ လုပ်ဆောင်မယ့်အကြောင်းနဲ့ ရှေ့ဆက်ဆောင်ရွက်ရမှာတွေကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တတိယအကြိမ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးပွဲ အပြီးမှာ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း ရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့ပါတယ်။

Read More

ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ဖို့ လမ်းခင်းပေးမယ့် ပဲရစ်က အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ

မတ် ၁၆-၂၀၂၆ MT(VOM) ​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီလအတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတာကြောင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်ခုဟာ ကုန်သွယ်ရေးပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြပါတယ်။ ​အမေရိကန်နဲ့ တရုတ်နိုင်ငံက ထိပ်တန်းအရာရှိတွေဟာ အခုလနှောင်းပိုင်း ပေကျင်းမှာပြုလုပ်မယ့် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဆွေးနွေးပွဲအသစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။ ​အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့် (Scott Bessent) နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်း (He Lifeng) တို့ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြားက ကုန်သွယ်ရေးကိစ္စတွေကို ညှိနှိုင်းဖို့ တနင်္ဂနွေနေ့က ပဲရစ်မြို့မှာရှိတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ဌာနချုပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ​ဒီဆွေးနွေးပွဲမှာ အဓိကအားဖြင့် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု အပြောင်းအလဲတွေ၊ တရုတ်ကထုတ်တဲ့ ရှားပါးသတ္တုနဲ့ သံလိုက်တွေကို အမေရိကန်ဝယ်ယူသူတွေဆီ တင်ပို့မှု၊ အမေရိကန်ရဲ့ နည်းပညာမြင့်ပစ္စည်း…

Read More

သဖန်းဆိပ် ရွှေမျောလုပ်ကွက် လေကြောင်း တိုက်ခိုက်ခံရပြီး အထိခိုက်များ

မတ် ၁၆ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေမျောလုပ်ကွက်တွေမှာ မနေ့ မတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား အများအပြား ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သေဆုံး များနိုင်တယ်။ ဘာလို့လဲဆို လေကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့အချိန်မှာ ဖောင်တွေမှာ လူအုပ်လိုက်ကြီး ရှိနေတာ။ ရေထဲကျပြီး ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိတော့ ကျွန်တော်တို့လည်း အရေအတွက် အတိအကျ မသိရသေးဘူး။ ရှာဖွေရေးတွေ လုပ်နေရတုန်းပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အစိုးရတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပြီး သဖန်းဆိပ်ဆည်ရဲ့ ကောလင်းနယ်ဘက်အခြမ်း၊ ဂေါင်းဖြူကျေးရွာဝန်းကျင်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “လေကြောင်းတိုက်ခိုက်မှု…

Read More

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တို့ ကျမ်းသစ္စာကျိန်ဆို လက်မှတ်ရေးထိုး

နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နဲ့ ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း တို့ နှစ်ဦးဟာ ကျမ်းသစ္စာကျိန်ဆိုပြီး လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Read More

ဦးမောင်မောင်အုန်း ကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်

နေပြည်တော်၊ မတ်- ၁၆ – ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာကို အမည်စားရင်တင်သွင်းရာမှာ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိပဲ ဦးမောင်မောင်အုန်း ဟာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Read More

ဦးခင်ရီ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်

နေပြည်တော်၊ မတ်- ၁၆ – ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာကို အမည်စားရင်တင်သွင်းရာမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းတာကြောင့် ပြိုင်ဘက်မရှိပဲ ဦးခင်ရီ ဟာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Read More

ပြည်သူ့လွှတ်တော် သဘာပတိ အဖြစ် ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) ရွေးချယ်ခံရ

နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ VOICE OF MYANMAR ပြည်သူ့လွှတ်တော် သဘာပတိ အဖြစ်အမည်စာရင်း တင်သွင်းထားသူတွေဖြစ်တဲ့ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်)နဲ့ စိုင်းစိန်ဝင်း (လဲချား မဲဆန္ဒနယ်) တို့ကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေက မဲပေးရွေးချယ်ကြရာ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) က ထောက်ခံမဲ ၃၄၈ မဲနဲ့ ထောက်ခံမှုအများဆုံးရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် သဘာပတိအဖြသ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇၃ မဲ ထောက်ခံဆန္ဒမဲပေါင်း ၃၄၈ မဲ ကန့်ကွက်ဆန္ဒမဲပေါင်း ၈ မဲ ကြားနေဆန္ဒမဲပေါင်း ၁၁ မဲ ဆန္ဒမဲအရေအတွက်စုစုပေါင်း – ၃၆၇ မဲ ရရှိခဲ့ပါတယ်။ စိုင်းစိန်ဝင်း (လဲချား မဲဆန္ဒနယ်) ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇၃ မဲ ထောက်ခံဆန္ဒမဲပေါင်း ၂၇ မဲ ကန့်ကွက်ဆန္ဒမဲပေါင်း ၃၁၈…

Read More

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းဝေး စတင်ကျင်းပ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကို ရွေးကောက်တင်မြှောက်မယ်

နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆ SA(VOM) တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဒီကနေ့မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ နေပြည်တော်မြို့၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အဦးဝင်း ပြည်သူ့လွှတ်တော်အဆောက်အဦမှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကိုလည်း ဒီကနေ့မှာ ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၄၄၀ ရှိတဲ့အထဲက ၂၆၃ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ခဲ့ပြီး ကျန်တဲ့ ၁၁၀ နေရာအတွက် တပ်မတော်ကခန့်အပ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၂၆၃ နေရာတွေထဲကပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၃၁ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ အခြား တိုင်းရင်းသားပါတီတွေနဲ့ ပါတီအသီးသီးက လက်ကျန်နေရာများကို ရရှိခဲ့ကြပြီး လစ်လပ်နေရာ ၆၇…

Read More

အီရန် အတွက် ရုရှ နဲ့ တရုတ် ရဲ့ အကူအညီများ

မတ် ၁၆-၂၀၂၆ MT(VOM) ​ရုရှား- ဟာ အီရန် အတွက် “ဆေးဘက်ဆိုင်ရာ သံတမန်ရေး” နဲ့ တိုက်ရိုက်အကူအညီတွေပေးနေပါတယ်။​ ရုရှားဟာ တကယ့်လက်တွေ့ပစ္စည်းတွေကို အားတက်သရော အပို့နိုင်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။ သူတို့ရဲ့ အကူအညီတွေကို “အနောက်အုပ်စုရဲ့ ရန်ပြုမှု” ကြားမှာ အသက်ကယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေအဖြစ် ပုံဖော်နေပါတယ်။ ​ဆေးဝါးများ လေကြောင်းဖြင့် ပို့ဆောင်ခြင်း:၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ရုရှား အရေးပေါ်ဝန်ကြီးဌာနက Il-76 လေယာဉ်နဲ့ တန်ချိန် ၁၃ တန်ရှိတဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ​အဇာဘိုင်ဂျန် လမ်းကြောင်းပါရှန်ပင်လယ်ကွေ့က အန္တရာယ်များလွန်းတာကြောင့် ရုရှားဟာ အဇာဘိုင်ဂျန်နိုင်ငံကို ဖြတ်ပြီး ကုန်းလမ်း၊ လေလမ်းကနေ အီရန်အာဏာပိုင်တွေဆီ တိုက်ရိုက်ရောက်အောင် ပို့ပေးနေပါတယ်။ ​ထောက်လှမ်းရေး အချက်အလက်များဖြင့် ကူညီခြင်းဆေးပတ်တီးတွေအပြင် ရုရှားဟာ အမေရိကန် ရေတပ်ရဲ့…

Read More