တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်ဆင်ထားလဲ

မန္တလေး၊ မတ် – ၂၀- ၂၀၂၆ Voice Of Myanmar မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်တက်ရောက်ကြရမယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်တင်ထားလဲဆိုတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးကျော်တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရမယ့် ပထမဆုံး အတွေ့အကြုံ ဘယ်လိုရှိလဲ ဆိုတာနဲ့ ဘာတွေပြင်ဆင်ထားသလဲဆိုတာ မေးမြန်းထားပါတယ်။

Read More

ရန်ကုန် အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးက ယာဥ်တိုက်မှု နှစ်ယောက်သေဆုံး

မတ် ၂၀ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ လှည်းကူးမြို့နယ် ၊ အမှတ် ၃ လမ်းဆုံ ၊ စစ်ဆေးရေးဂိတ်အနီးမှာ Elite ခရီးသည်တင်Express ကားနဲ့ လိုက်ထရပ်ကားတို့ တိုက်မိပြီး နှစ်ယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဒီကနေ့ မတ် ၂၀ ရက် ၊ မနက်အစော ၆ နာရီလောက်မှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ သေဆုံးသူတွေက လိုက်ထရပ်ကားပေါ် လိုက်ပါလာတဲ့ အမျိုးသား နှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ် ။ ” ယာဥ်တိုက်မှုဖြစ်ကြောင်း သတင်းပေးချက်အရ ကျွန်တော်တို့ သွားခဲ့တာပါ ။ ယာဥ်တိုက်မှုက ဘယ်လိုဖြစ်တာလဲဆိုတာတော့ ယာဥ်ထိန်းရဲပဲ သေချာသိမှာပါ။ လိုက်ထရပ်ကားကတော့ ခေါင်းပိုင်း တော်တော်လေးထိပြီး ကြေမွသွားတယ်။ လူနာတွေမနည်းဆွဲထုတ်ရတယ်။ နှစ်ယောက်လုံးကတော့…

Read More

တိုင်းနဲ့ ပြည်နယ် လွှတ်တော်အသီးသီးက ရွေးချယ်ခံရတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ များစာရင်း

မတ်- ၂၀- ၂၀၂၆ SA(VOM) တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ် တော်တွေမှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မနက် ၁၀ နာရီကပထမနေ့ ပုံမှန်းအစည်းအဝေးကျင်းပခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတ မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဌေးအောင် တင်မြှောက်ခံရပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုး တင်မြှေက်ခံရပါတယ်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်မြို့နယ်၊မဲဆန္ဒ…

Read More

နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport လုပ်မှသာ UID စနစ် လိုအပ်မှာဖြစ်

မတ် ၂၀ – ၂၀၂၆ SS (VOM) အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport ပြုလုပ်မှသာ UID စနစ်တွေ လိုအပ်မှာ ဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေအနေနဲ့ UID အတွက် လတ်တလော ပူပန်စရာမလိုသေးဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ လျှောက်ထားခြင်းနဲ့ သက်တမ်း တိုးခြင်းတွေအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number – UID) ကို မဖြစ်မနေ တင်ပြရမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ လတ်တလော ပတ်စ်ပို့သက်တမ်းတိုး ပြုလုပ်ရမယ့်သူတွေအနေနဲ့ မြန်မာပြည်တွင်းကို…

Read More

စက်သုံးဆီ ဝယ်ယူရရှိမှုခက်လာလို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ခရီးစဥ်ပြေးဆွဲဖို့ ခက်ခဲလာသလို လက်မှတ်စျေးလည်းတက်

မတ် ၂၀ ၊ ၂၀၂၆ GG (VOM) စက်သုံးဆီ ရရှိမှုအခက်အခဲနဲ့ စျေးနူန်းမြင့်တက်လာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းအပန်းဖြေခရီးစဥ် package လက်မှတ်စျေးနူန်းတွေမြင့်တက်လာပြီး ခရီးစဥ်ပြေးဆွဲဖို့ပင် ခက်ခဲတဲ့ အခြေအတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေဆီက သိရပါတယ်။ စက်သုံးဆီ ဝယ်ယူရာမှာ အကန့်အသတ်နဲ့သာ ရရှိနေတဲ့အတွက် ဒီမတ်လအတွင်း ပြေးဆွဲမယ့် ပြည်တွင်းအပန်းအဖြေ ခရီးစဥ်တွေကို ပြေးဆွဲနိုင်ခြင်းရှိမရှိ အတိကျ မပြောနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။ ” စက်သုံးဆီစျေးဒီလောက်တက်လာမှတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘဲ တက်ရတာပါ ။ နောက်ပြီး ဆီကလည်း ခက်ခဲနေတယ် ။ ဆီရမှသာ ခရီးစဥ်က သွားလို့ရမှာလေ ။ ခရီးစဥ်က ဒီလတွေက သွားသူများကြတယ်။ ဆီက အကန့်အသတ်နဲ့ပဲရတော့ ကိုယ်သွားမယ့် ခရီးစဥ် ၊လမ်းကြောင်း အခြေအနေနဲ့တွက်ပြီး လုပ်နေရတယ်။ ဆီမလောက်ရင် စီစဥ်ထားတဲ့ ခရီးစဥ်တွေက…

Read More

ကသာနဲ့ မြောင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူအများပြားနဲ့ ဒဏ်ရာရသူတွေရှိခဲ့

မတ် ၂၁ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကသာ မြို့နဲ့ မြောင်မြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူအများအပြားနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။ မနေ့က မတ် ၂၀ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကသာမြို့မှာဆိုရင် ရပ်ကွက် ( ၃) ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသူများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ” လေးထပ်ကျောင်းက မြို့ထဲလို့ပြောရမှာပေါ့ ။အဲဒါနဲ့ ပေ ၃၀၀ လောက်အကွာမှာ ထောင်လည်းရှိတယ်။ ကျောင်းမှာက အရှေ့ဘက်ကမ်းကနေ လာနေကြသူတွေလည်းရှိတယ်။ မနေ့က ပစ်ကြခတ်ကြတော့ ပြေးကြလွှားကြရင်း ထပ်ရောက်လာတာလည်း ရှိတယ်သိရတယ်။ တကယ်တော့ မနေ့က တပ်က ကသာက…

Read More

MNDAA နဲ့ TNLA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲ နမ့်ခမ်းဘက်နဲ့ အ​တော်နီးကပ်လာ

မတ် ၁၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲ နမ့်ခမ်းဘက်နဲ့ နီးကပ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီမနက်ပိုင်းက TNLA ဘက်က ဂိတ်ဖွင့်ထားတဲ့ နမ့်ခမ်းနဲ့ နမ့်ဖတ်ကာ နယ်နိမိတ် ဖြစ်တဲ့ ၁၂ မိုင် ဖာလင် အထက်မှာ ဒရုန်းနဲ့ လာချနေကြတာ။” လို့ နမ့်ခမ်းဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒီနေ့ မတ်လ ၁၆ ရက်နေ့ မနက် အစောပိုင်းကတော့ နမ့်ခမ်းမြို့ကနေ ပစ်ခတ်သံတွေ ကြားနေရပြီး နေ့လယ်ပိုင်းကနေ လက်ရှိအထိတော့ ငြိမ်နေပေမယ့် ဒီညတော့ ဘယ်လို ပြန်ဖြစ်လာမလဲဆိုတာ အခြေအနေမသိနိုင်ဘူးလို့ သူက ပြောပါတယ်။ “အခု လက်ရှိ နမ့်ခမ်းဆေးရုံက ဆရာဝန်ကြီးတွေတောင်မှ သော့ခတ်ပြီး ရှောင်သွားကြပြီလို့…

Read More

မြဝတီမှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေ၊ ခြောက်ယောက်ဆေးကုသမှုခံယူနေရ

မတ် ၁၆ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မိသားစုလိုက် အစာအဆိပ်သင့်ပြီး ကလေးနှစ်ယောက်သေဆုံးကာ နောက်ထပ်ခြောက်ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ မနေ့က မတ်လ ၁၅ ရက်နေ့မှာ ကြက်သားဟင်းချက်စားရာမှာ ဆားကိုထည့်ရမယ့်အစား ဆိုဒီယမ်နိုက်ထရိုက်အမှုန့်ကို ထည့်ပြီးချက်စားခဲ့တဲ့အတွက် အစာအဆိပ်သင့်ပြီး အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက သာမန်လက်လုပ်လက်စား မိသားစုပါ ။ကြက်သားထဲကို ဆိုဒီယမ်နိုက်ထရိုက် အထုတ်ထည့်စားတာကနေ ဖြစ်တာလို့သိရတယ်။ အဲဒီအထုတ်ကလည်း ကျားဖြန့်ဆိုက်တွေက ကောက်လာတာလား ဘာလားတော့ မသိဘူး ။ ကလေးနှစ်ယောက်က ဆေးရုံရောက်လာကတည်းက အသက်မပါတော့ဘူးသိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ အစာအဆိပ်သင့်ခဲ့တဲ့ မိသားစုဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က…

Read More

ယာဥ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို အရေးယူမယ်

မတ် ၁၆ – ၂၀၂၆ SN (VOM) စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေချိန် အခွင့်ကောင်းယူပြီး ယာဥ်စီးခ ပိုတောင်းတဲ့ CNG တက္ကစီတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မနေ့ မတ် ၁၅ ရက်က နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ သတိပေး ပြောဆိုခဲ့ပါတယ်။ “CNG တက္ကစီတွေနဲ့ ပတ်သက်လို့ ငှားရမ်းခ တိုးမြှင့် တောင်းခံတာတွေအတွက် တိုင်ကြားတာတွေ ရှိလာရင် CNG သုံးစွဲခွင့်စာရင်းကနေ ပယ်ဖျက်ပြီး သုံးစွဲခွင့် တောင်းခံထားတဲ့ တခြား မော်တော်ယာဉ်တွေကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် CNG သုံး တက္ကစီယာဉ်တွေအနေနဲ့ နိုင်ငံတော်က စိုက်ထုတ်ပေးထားတဲ့ အခွင့်အရေးကို ပြည်သူတွေ ခံစားခွင့်ရရှိစေဖို့ ပူးပေါင်း ဆောင်ရွက်ကြစေလိုပါတယ်” လို့ ဦးကိုကိုလွင်က ပြောပါတယ်။…

Read More

လားရှိုး၊ ကွတ်ခိုင်လမ်း ကုန်စည်စီးဆင်းမှု ပြန်ပွင့်

မတ် ၁၆၊ ၂၀၂၆ NN(VOM) TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တိုင်းရင်းသားလက်ကိုင် တပ်ဖွဲ့က မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင် လားရှိုးမြို့နဲ့ ကွတ်ခိုင် မြို့ကြားမှာ ဒီမနက်ပိုင်း ကုန်စည် စီးဆင်းမှုတွေ ပြန်ပွင့်လာပြီလို့ ဒေသခံ တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ကွတ်ခိုင်တက်မယ့် ကုန်ကားတွေကို သိန္နီတိုး ဂိတ်ကနေ ကိုးကန့်တပ်ဖွဲ့က ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ “ ဒီမနက်တော့ လမ်းတွေ ပြန်ပွင့်ဖွင့်ပေးလိုက်ပြီ။ ကွတ်ခိုင်၊ လားရှိုးတော့ ပုံမှန်သွားလာလို့ရပြီ။ ကုန်တွေလည်း ပြန်ပေးသွားတယ်လို့” ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။ တိုက်ပွဲကြောင့် ပိတ်နေတဲ့ ခရီးသည်ကားတွေကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ ကွတ်ခိုင်မြို့ထဲမှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီး ဈေးဆိုင်တွေလည်း ပြန်ဖွင့် နေပြီလို့ သိရပါတယ်။ “ အခု ကွတ်ခိုင်မှာက ကိုးကန့်တဖွဲ့ပဲကျန်တယ်။ အခုတော့ အားလုံး ငြိမ်သွားပြီ။…

Read More