ဗန်းမောက် စစ်ရှောင်တွေ မြို့တွင်း နေရပ်ပြန်လည် ဝင်ရောက်နေထိုင်မှုများလာ

မတ် ၁၉ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ဗန်းမောက်မြို့မှာ စစ်ရှောင် ဒေသခံတွေ နေရပ် ပြန်လည်ဝင်ရောက် နေထိုင်မှု ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကဗန်းမောက်မြို့တွင်းမှာ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုကို ထိုက်သင့်သလောက် လုပ်ဆောင်ပြီးဖြစ်တဲ့အတွက် စစ်ဘေးရှောင် ပြည်သူတွေကို မတ် ၁၈ ရက်နေ့ကစပြီး မြို့တွင်းပြန်လည်နေထိုင်ခွင့် ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ် ။ ဒါကြောင့် လက်ရှိမှာ စစ်ရှောင်ပြည်သူတချို့က နေရပ်ပြန်လည် နေထိုင်မှုရှိလာသလို တချို့ကတော့ နေရပ်မပြန်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ” မနေ့ကစပြီး မြို့ထဲပြန်ဝင်လို့ရပြီ ပြောလို့ အခြေအနေကို သွားကြည့်ကြတဲ့သူတွေရှိသလို အိမ်ပြန်နေကြသူတွေလည်းရှိတယ်။ စစ်ရှောင်အကုန်လုံးတော့ နေရပ်မပြန်ကြသေးဘူး ။ SNA ကလည်းအခုမိုင်းရှင်းတာတွေ လုပ်ထားတယ်ဆိုပေမယ့် တမြို့လုံးအကုန်တော့ မလုပ်နိုင်သေးဘူးဆိုတော့လေ…

Read More

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ယူအေအီး (UAE) သမ္မတရဲ့ အထူးကိုယ်စားလှယ်တို့ ဘေဂျင်းမှာ တွေ့ဆုံ

မတ် ၁၉-၂၀၂၆ MT(VOM) မတ် လ (၁၈) ရက်နေ့က ​တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ UAE အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ​တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် ဝမ်ယိက အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လူအသေအပျောက်နဲ့ အရှုံးအမြတ်တွေ ရပ်တန့်ဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးရဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ​ဘေဂျင်းမှာပြုလုပ်တဲ့ ယူအေအီး (UAE) သမ္မတရဲ့ အထူးကိုယ်စားလှယ် ခါဒွန်း ခါလီဖာ အယ်လ်မူဘာရက်နဲ့ တွေ့ဆုံပွဲမှာ ဝမ်ယိက အခုလို ပြောကြားခဲ့တာပါ။ ​ဒေသတွင်း တည်ငြိမ်ရေး အရှေ့အလယ်ပိုင်းမှာ စိုးရိမ်စရာပဋိပက္ခတွေ ဖြစ်နေချိန်မှာ တရုတ်နဲ့ UAE ကြား ဆက်ဆံရေးဟာ ပိုပြီးတော့ အရေးကြီးလာတယ်လို့ ဝမ်ယိက ဆိုပါတယ်။ နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ပြီး ပုံမှန်ဆက်သွယ်ညှိနှိုင်းနေတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ ​ပူးပေါင်းဆောင်ရွက်ရေး…

Read More

လျှပ်စစ်မီး အလှည့်ကျစနစ်ကြောင့် စက်သုံးဆီအသုံးပိုလာပြီး ကုန်စည်စီးဆင်းမှု ထိခိုက်နိုင်

မတ် ၂၀ – ၂၀၂၆ SN (VOM) လက်ရှိ လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မှု စနစ်ကြောင့် မီးစက်အသုံးများလာတာ​ကြောင့် နိုင်ငံအတွင်း စက်သုံးဆီ ပိုမိုရှားပါးလာနိုင်ပြီး ကုန်စည်စီးဆင်းမှု ကွင်းဆက်တလျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ မတ် ၁၈ ရက်နေ့မှ စတင်ပြီး နိုင်ငံတဝန်းမှာ တရက်ကို စုစုပေါင်း ၈ နာရီ အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စင်တာတွေ၊ ကုမ္ပဏီတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အပြင် မီးစက်ကို မှီခိုအားထားရမယ့် လုပ်ငန်းတွေအားလုံး စက်သုံးဆီကို ပိုမို လိုအပ်လာနိုင်တာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ အလျှင်အမြန် ပြတ်တောက်သွားနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။…

Read More

စင်ကာပူမွတ်စလင်များ မတ်လ ၂၁ ရက်တွင် ဟာရီရာယာ အီးဒ်ပွဲတော် ကျင်းပမည်

မတ် ၂၀- ၂၀၂၆ MT(VOM) ​ ​ စင်ကာပူရှိ မွတ်စလင်ဘာသာဝင်များသည် လာမည့်စနေနေ့ (မတ်လ ၂၁ ရက်) တွင် ဟာရီရာယာ ပူဆာ (Hari Raya Puasa) အီးဒ်ပွဲတော် ကို ဆင်နွှဲကြမည် ဖြစ်သည်။ စင်ကာပူနိုင်ငံရှိ မွတ်စလင်ဘာသာဝင်များအတွက် သောကြာနေ့ (မတ်လ ၂၀ ရက်) သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်ဥပုသ်လ၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။ ​ကြာသပတေးနေ့ နေဝင်ချိန်တွင် စင်ကာပူ၏ မိုးကုတ်စက်ဝိုင်းအထက်၌ ရှောင်ဝါလ် (Syawal) လဆန်းအကြို လခြမ်းကို မြင်တွေ့နိုင်သည့် အနေအထားတွင် မရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ၏ မုဖ်သီ (အစ္စလာမ်သာသနာ့ဦးစီးမှူး) ဒေါက်တာ နာဇီရူဒင် မိုဟာမက် နာဆီယာ (Dr Nazirudin Mohd Nasir) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။…

Read More

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ကျင်းပ၊ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မယ်

မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စား လှယ် ၃၅ ဦး နဲ့ရှမ်းတိုင်းရင်းသား ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ PPP က လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပြည်သူ့ပါတီ က ၄ ဦး တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး တို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ တက်ရောက်မှာဖြစ်ပါတယ်။

Read More

ပြည်ထောင်စုလွှတ်တော်ကျင်းပ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် အစည်းဝေးကျင်းပမယ့် ရက်ကိုကြေငြာမယ်

နေပြည်တော်၊ မတ် – ၂၀- ၂၀၂၆ VOICE OF MYANMAR တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အဆောက်အဦမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဥ်ကြေငြာခြင်းနဲ့ အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် များအတွက် ခွင့်ပန်ကြားခြင်း၊ အစည်းအဝေးတက်ရောက်မှုအခြေ အနေကို အတည်ပြု မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနဲ့ ဒုတိ ယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်…

Read More

ဦးအောင်ကျော်မိုး ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်

မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

Read More

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့် ကို ရွေးချယ်တင်မြှောက်

မန္တလေး၊ မတ်- ၂၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

Read More

အီရန်နိုင်ငံ အကြီးအကျယ် ထိခိုက်နေပြီလို့ နေတန်ယာဟု ပြောကြား၊ စွမ်းအင်ကဏ္ဍကို ထပ်တိုက်ရင် အီရန်ကလည်း အလျှော့ပေးမှာမဟုတ်ကြောင်း သတိပေး

​ဂျေရုဆလင်မြို့ -မတ် ၂၀-၂၀၂၆ MT(VOM) အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံဟာ “အကြီးအကျယ် ပျက်စီးဆုံးရှုံးနေပြီ” ဖြစ်ကြောင်းနဲ့ ဒီစစ်ပွဲဟာ ထင်ထားတာထက် ပိုမြန်မြန် ပြီးဆုံးသွားနိုင်တယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ တဖက်မှာလည်း အီရန်က ပင်လယ်ကွေ့ဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ ​နေတန်ယာဟုရဲ့ ပြောကြားချက်များ​ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စစ်ပွဲစတင်ခဲ့တာ ၄ ပတ်နီးပါး ရှိလာချိန်မှာ နေတန်ယာဟုက အခုလို ဆိုပါတယ်။ ​စစ်နိုင်နေပြီ”ကျွန်တော်တို့ နိုင်နေပါပြီ၊ အီရန်ကတော့ ပြိုလဲနေပြီ” လို့ နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ ​စွမ်းဆောင်ရည် ကျဆင်း အီရန်ဟာ…

Read More

ငလျင်နှစ်ပတ်လည်နေ့မှာ အစိုးရက ဝမ်းနည်းခြင်း အထိမ်း အမှတ်အခမ်းအနားနဲ့ ကူညီသူခဲ့သူတွေကို ဂုဏ်ပြုမယ်

မန္တလေး၊ မတ်- ၂၀-၂၀၂၆ Voice Of Myanmar မတ်လ ၂၈ ရက်နေ့ကျရောက်တဲ့ ငလျင်နှစ်ပတ်လည်နေ့မှာ ကွယ်လွန်သွားသူတွေအတွက် ဆွမ်းသွတ်အမျှဝေပွဲနဲ့ ငလျင်ဘေးစွမ်းစွမ်းတမံကူညီခဲ့သူတွေကို ဂုဏ်ပြုပွဲလုပ်မယ့် အစီအစဥ်ကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်လွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးအပြီးမှာ VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းရာမှာ ခုလိုဖြေကြားတာဖြစ်ပြီး ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီရေးပေးဝေနေတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဖြေကြားထားတာကို ရုပ်သံတွေ့ဆုံမေးမြန်းခန်းအစီစဥ်မှာ ကြည့်ရှုနိုင်ပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင်(VOM)

Read More