ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖက်ဒရယ်အရေး နဲ့ ဒီမိုကရေစီ အရေးတွက် အဓိကဦးစားပေးပြီး ကြိုးစားသွားမယ်

နေပြည်တော်၊ မတ်- ၁၈- ၂၀၂၆ VOICE OF MYANMAR ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖက်ဒရယ်အရေး နဲ့ ဒီမိုကရေစီ အရေးတွက် အဓိကဦးစားပေးပြီး ကြိုးစားသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ် အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောပါတယ်။

Read More

အခွန်ဥပဒေသစ်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို ပြည်သူတွေ စိုးရိမ်

မတ် ၁၈ – ၂၀၂၆ SS (VOM) ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေသစ်မှာ ကုန်စည်တချို့အပေါ် အခွန်နှုန်းထားတွေကို တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ လက်ရှိ ပြဋ္ဌာန်းချက်အရ အထူးကုန်စည်အမျိုးအစား ဖော်ပြချက်မှာ စီးကရက်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးတွေ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနဲ့ ဝိုင်အမျိုးမျိုးတို့အပေါ် ကောက်ခံမယ့် အခွန်ကို အဆင့်ဆင့် တိုးမြှင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ “အခွန်တိုးကောက်၊ ဈေးနှုန်းတွေ တိုးရောင်းနဲ့ နောက်ဆုံး ပြည်သူတွေပဲ တိုးပြီး ဒုက္ခရောက်ရတာ။ တဖက်မှာ အခွန် တိုးကောက်သလို တဖက်မှာ ကုန်ဈေးနှုန်း ကျဆင်းအောင် လုပ်ဖို့အတွက်ကိုလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါက အစိုးရရဲ့…

Read More

ကာတာနိုင်ငံရဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ QatarEnergy က Ras Laffan စက်မှုမြို့တော်ဟာ ဒုံးကျည်နဲ့ အတိုက်ခိုက်ခံရ

မတ် ၁၉-၂၀၂၆ MT(VOM) ကာတာနိုင်ငံရဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ QatarEnergy က Ras Laffan စက်မှုမြို့တော်ဟာ ဒုံးကျည်နဲ့ အတိုက်ခိုက်ခံရလို့ “အကြီးအကျယ် ပျက်စီးသွားတယ်” လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။ ​ ​ ​ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ ရက်) မှာ Ras Laffan စက်မှုမြို့တော်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာတာပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒါဟာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ မီးလောင်မှုလို့ အတည်ပြုထားပါတယ်။ ​ Qatar Energy ရဲ့ ထုတ်ပြန်ချက်အဆောက်အဦးတွေ အတော်လေး ပျက်စီးသွားပေမဲ့ ဝန်ထမ်းအားလုံး ဘေးကင်းကြောင်းနဲ့ မီးလောင်မှုကို ချက်ချင်း ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ​ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒါဟာ သူတို့နိုင်ငံရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို…

Read More

လက်နက်ကိုင် ၅၀၀ ကျော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ချ အလင်းဝင်

မန္တလေး၊ မတ်- ၁၉- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ PDF ၊ TNLA၊ AA နဲ့လက်နက် ကိုင်အဖွဲ့အမျိုးမျိုး က အလင်းဝင်ရောက်လာတဲ့သူ ၅၀၀ ကျော်ကို ဒီကနေ့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ရှိသူတွေက ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်အပ်နှံတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၆၀၀၀ ကျော်၊ အလင်းဝင်ရောက်လာသူ အမျိုးသား ၄၅၃ ဦး၊ အမျိုး သမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးတို့ကို မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် အောင်ဌေးနဲ့ တပ်မတော် တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပါတယ်။

Read More

လက်နက်ချ အလင်းဝင် လာသူတွေကို မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ လပခတိုင်းမှူး တို့က ကြိုဆိုလက်ခံပြီး မိန့်ခွန်းပြောကြား

မန္တလေး၊ မတ် – ၁၉- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လှုပ်ရှားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အ စည်း အမျိုးမျိုးကနေ လက်နက်ချ အလင်းဝင်လာသူတွေကို တိုင်းအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဌေးအောင် တို့က ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ လက်နက်ချ အလင်းဝင် လာသူ အမျိုးသား ၄၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက် တို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ရေးပြကွင်းမှာ ကြိုဆိုလက်ခံခဲ့ကြကာ အလုပ်အကိုင်က အစ ဖန်တီးပေးမယ်လို့ ပြောဆိုခဲ့သလို မနက်စာတွေနဲ့ တည်ခင်းဧည့်ခံကာ အုပ်ထိန်းသူမိဘတွေဆီ ပြန်လည်အပ်နှံခဲ့တာဖြစ်ပါတယ်။

Read More

လပခမှာ အလင်းဝင်လာသူတွေနဲ့ သူတို့မိဘတွေရဲ့ ရင်တွင်းစကားသံများ

မန္တလေး၊ မတ်- ၁၉- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင် လှုပ်ရှားခဲ့ကြတဲ့ လက် နက်ကိုင် အဖွဲ့အစည်းတွေကနေ တပ်မတော်ထံကို အလင်းဝင်လာသူ အမျိုးသား ၄၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက်ရှိပါတယ်။ ဒီကနေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ အလင်းဝင်လာသူတွေကို ကြိုဆိုတဲ့ပွဲနဲ့ အုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံတဲ့ အခမ်းအနားမှာ အလင်းဝင်လာသူလူငယ်တွေနဲ့ မိဘတွေရဲ့ သဘောထားတွေကို VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီအခမ်းအနားအပြီး လက်နက်ချ အလင်းဝင်လာသူ အားလုံးကို မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။

Read More

ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြစ်ဒဏ်အမြင့်ဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်

မတ် ၁၉ – ၂၀၂၆ SN (VOM) ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီကနေ့ မတ် ၁၉ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ် ကျပ် ငါးသိန်း ချမှတ်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ဒီကနေ့မှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ – ၅…

Read More

မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် အစည်းဝေးကျင်းပမယ့် ရက်ကိုကြေငြာမယ်

နေပြည်တော်၊ မတ် – ၁၉- ၂၀၂၆ VOICE OF MYANMAR တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းဝေးကို မနက်ဖြန် မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အဆောက်အဦမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ကျင်းပမှာ ဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဥ်ကြေငြာခြင်းနဲ့ အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် များအတွက် ခွင့်ပန်ကြားခြင်း၊ အစည်းအဝေးတက်ရောက်မှုအခြေ အနေကို အတည်ပြု မှတ်တမ်းတင်ခြင်းတို့ကို ဆောင် ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနဲ့ ဒုတိ ယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်…

Read More

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးနေကျော် ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်

မတ် ၁၉ ၊ ၂၀၂၆ GG (VOM) ဝါရင့်ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးနေကျော် ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ည​နေ ၃ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ဦးနေကျော်ဟာ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတာဖြစ် ပြီး အဲဒီရောဂါနဲ့ပဲ ရန်ကုန် ၊အရှေ့ဒဂုံ မြို့နယ် ( ၇ )ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ကပ်ရောဂါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အခြေအနေပိုဆိုးလာပြီး ဦးနှောက်ထဲကို ကျောက်ကပ်ရောဂါပိုးဝင်ရောက်ကာ ခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ သိရပါတယ်။ ” ဆီးချို ၊ကျောက်ကပ်ရောဂါက ဖြစ်နေတာကြာပြီ။ ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ပဲ လုံးချာလည် လိုက်နေတာပေါ့ ။ ပြီးခဲ့တဲ့ရက်ကတော့ ဦးနှောက်ထဲ ပိုးရောက်သွားပြီး…

Read More

စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေး ကားလက်မှတ်ခတွေ မြင့်တက်လာ

မတ် ၁၉ – ၂၀၂၆ SS (VOM) စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲကြောင့် အဝေးပြေး ယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခ ဈေးနှုန်းတွေဟာ အခု မတ်လ တတိယပတ်ကစပြီး အရင်ကထက် ဈေးမြင့်တက်လာတယ်လို့ ရန်ကုန်အခြေစိုက် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းတချို့ဆီကနေ သိရပါတယ်။ အရင်က မြစ်ကြီးနား – မန္တလေး ကားလက်မှတ်ခ နှုန်းထားမှာ တသိန်း ခုနစ်သောင်းကျပ်ကနေ အခု ကျပ် နှစ်သိန်း၊ ရန်ကုန် – မန္တလေး (ရိုးရိုး) အရင် နှစ်သောင်းရှစ်ထောင်ကျပ်ကနေ အခု ကျပ် သုံးသောင်းခွဲ၊ ရန်ကုန် – မန္တလေး (VIP) အရင် ကျပ် လေးသောင်းကနေ အခု လေးသောင်း ရှစ်ထောင်ကျပ် ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန် – နေပြည်တော် (VIP)…

Read More