ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းထဲမှာ G5 နဲ့ G9 စာမေးပွဲ ဖြေဆိုခွင့်ယာယီကတ်ပြား နဲ့ ခုံနံပါတ်ထွက်ထားပေမယ့် စာမေးပွဲဖြေခွင့်မရဘဲ ပြန်လွှတ်ခံခဲ့ရတဲ့ G5၊G9 ကျောင်းသား ကျောင်းသူ အရေအတွက် ၂၀၂ ယောက်အထိ ရှိနေတယ်လို့ သိရှိရပါတယ်။ စစ်ကိုင်းမြို့ #ထက် ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား ၇၇ ယောက်နဲ့ G9 ကျောင်းသား ၈၉ ယောက် ၊ Future Victory ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား သုံးယောက် နဲ့ G9 ကျောင်းသား ၁၃ ယောက် ၊ ဗန်းမောက်မြို့နယ်က G5 နှစ်ယောက်နဲ့ G9 တယောက် ၊ မုံရွာမြို့နယ် မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းက G5 ကျောင်းသား ၂၂ ယောက်တို့…
Read Moreလားရှိုးမှာ အမျိုးသားသုံးယောက်က အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးသွား
ဖေဖော်ဝါရီ၂၅၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၅)မှာ ကုန်စုံရောင်းနေတဲ့ အသက် ၂၅နှစ်အရွယ် အမျိုးသမီးတယောက်ကို အမျိုးသား သုံးယောက်က နေအိမ်ထဲဝင်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ ညနေပိုင်း လေးနာရီလောက်မှာ နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားသုံးယောက် အိမ်စီးကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။ “ ကလေးမက ဈေးရောင်းနေတုန်း လာဖမ်းသွားတာ။ သေနတ်နဲ့ချိန်ပြီး ကားပေါ်အတင်းခေါ်သွား တာ”လို့ လားရှိုးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်တယ်လို့ သိရပါ တယ်။ “ သူတို့က တရုတ်လူမျိုး ။ ကလေးမ အမေက မြေပွဲစားလုပ်တယ်လို့ပြောတယ်။ ဘာလို့ လာဖမ်းတာလည်းတော့ မသိဘူး။ ပြန်ပေးဆွဲတာဖြစ်နိုင်တယ် ”လို့ ရပ်ကွက်(၅)မှာနေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။…
Read Moreသူတို့အိမ်အခန်း – ၆၄
ဆူးငှက် ပေချပ်အိုများက ပြောသည့် အတိတ်က ရွှေရောင် ——————————————————– နှစ်ပေါင်း ၂၀၀ ဝန်းကျင်က ပေချပ်များမို့ ဖွဖွလေးကိုင်ရသည်။ ကျွန်တော်က ကိုမောင်ဝင်းပေးသည့် ပေချပ်များကို တစ်ချပ်ချင်း အသံထွက် ဖတ်ပြသည်။ ဦးဇင်းမှိုင်းကလည်း သူကိုရင်ကြီး ဘဝက ဖတ်ခဲ့ရသော ပေစာများမို့ အလုံးစုံ မမှတ်မိတော့။ အခုမှ တချို့ အကြောင်းအရာတွေကို ပြန်မှတ်မိသည်ဟု မိန့်သည်။ ကိုစံလင်းကလည်း အနားမှာထိုင်ကာ အံ့အားသင့်နေပြီး “ အဲကွာ.. ရဲကျော်ရာ..၊ မင်းရှာရှာဖွေဖွေ မေးမှပဲ ဒီပေချပ်တွေ ဖတ်ရတော့ ဒို့ရွာက သမိုင်းကြီးခဲ့တဲ့ ရွာကိုးကွ” ဟု ပြောသည်။ ရွာမှာက ယောက်ျားလေး အချင်းချင်းဆိုလျှင် ရှေ့က “ရဲ” တပ်ပြီး နာမည်ထဲက တလုံးနှင့် တွဲခေါ်လေ့ရှိသည်။ ကိုဌေးအောင် ဆိုလျှင် “ရဲဌေး” ၊…
Read Moreသူတို့အိမ် အခန်း – ၆၃
ဆူးငှက် လပြည့်ည၏ လရောင်အောက်မှာ ———————————————— ထိုနေ့ညက တပေါင်းလပြည့်၏ အဖိတ်နေ့ညမို့ လမင်းက ထိန်ထိန်သာနေသည်။ ရွာလမ်းတလျှောက် လရွှေရည်လွှမ်းနေ၏။ ရွာထဲက သစ်ပင်အသီးသီးမှာလည်း လရောင်က ဆလိုက်ထိုးထားသည်။ အိမ်ခေါင်မှာလည်း လရောင်၊ နွားစားကျင်းမှာလည်း လရောင်၊ ကျီတိုက်ပေါ်မှာလည်း လရောင်၊ တစ်ရွာလုံးအပေါ် ရွှေလရောင်ဖုံးနေတော့ ပျော်ဖို့ ကောင်းမှာပေါ့။ ရွာလယ်လမ်းမှာ ကာလသားတို့ ပုလွေကြူမှာပေါ့။ မနက်ခင်း နွားစာအတွက် ပြောင်းရိုးစင်းသူ စင်းမှာပေါ့။ လသာတုန်း ဗိုင်းငှင်ရင်း မာမလောင်လို့ မောင်မလာ ပျို့ရွှေနဖားစူး မောင့်ရွှေနဖူးစာလို့ တေးညည်းနေမှာပေါ့။ ဂျက်ကလိန်ဂျောင်း ဂျက်ကလိန်ဂျောင်းလို့ မောင်းထောင်းနေမှာပေါ့။ ရွာတီးဝိုင်းက ရွာဇရပ်မှာစုပြီး ဘုရားထီးတင် ပွဲအတွက် ထိဗေရှမ်း ထိဗေရှမ်း ဒိုးချက်မှာ စည်းသွက် သီချင်းတစ်ပုဒ် တိုက်နေမှာပေါ့။ နှပ်ချေးတွဲ သျှောင်ပေစူး ဖုန်အလူးလူးနဲ့ ကလေးတွေလည်း ဇရပ်ကွင်းမှာ ထုတ်စည်းတိုး…
Read Moreမိုးကုတ်မြို့နယ်အတွင်းက ကျေးရွာတွေကို အစိုးရတပ်က နယ်မြေဆက်ရှင်းနေ
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅ NN(VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်းက PDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချောင်းကြီး၊ ဆပ်အင်း စတဲ့ကျေးရွာတွေကို အစိုးရတပ်ဘက်က ဒီနေ့အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုရက်ပိုင်းမှာပဲ ဆပ်အင်းကျေးရွာကို တပ်မတော်က ထိန်းချုပ်ထားနိုင်ပြီး ချောင်းကြီးရွာဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မိုးကုတ်မြို့ခံ တွေက ပြောပါတယ်။ “ချောင်းကြီးဘက်ကတော့ အခြေအနေ မငြိမ်သေးဘူး။ ဆပ်အင်းရွာကို တပ်က ရသွားပြီလို သိရတယ်” လို့ မိုးကုတ်မြို့ခံ တယောက်က ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အစိုးရတပ်မတော် စစ်ကြောင်းတွေ ရှိတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မကြာခဏ ပစ်ခတ်နေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ချောင်းကြီး၊ ဆပ်အင်း စတဲ့ကျေးရွာတွေက ဒေသခံ ရာနဲ့ချီပြီး မိုးကုတ်မြို့အရှေ့ပိုင်းမှာ လာရောက်တိမ်းရှောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ “ချောင်းကြီးဘက်က…
Read Moreပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ၂၀ ထက်မနည်းဒဏ်ရာရ
ဖေဖော်ဝါရီ ၂၄ ၊ ၂ဝ၂၆ CC(VOM) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီ ၆ မိနစ်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ကနဦး သတင်းအရ သိရပါတယ် ။ လေကြောင်းတိုက်ခိုက်မှုက ယိုးငူကျေးရွာရှိ စျေးအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း တိုက်ခိုက်မှုအတွင်း လူသေဆုံးမှုတွေ ရှိခဲ့သလို နေအိမ်မီးလောင်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ” သေဆုံးသူက ၁၂ ယောက်ရှိတယ်။အဲဒီထဲမှာ ကလေးတွေများတယ် သိရတယ်။ ဒဏ်ရာရတဲ့သူက ၂၀ ကျော်လောက်ရှိတယ်သိရတယ်။ အဲဒီထဲမှာ အခြေအနေမကောင်းတဲ့သူတွေရှိတယ်။ ” လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပြုလုပ်ပေးနေပြီး ဒဏ်ရာရရှိသူတွေထဲမှာ သုံးယောက်လောက်က စိုးရိမ်ရတဲ့ အခြေအနေရှိပြီး…
Read Moreလဲချားမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၅ ယောက် ဖမ်းမိ
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၅ ယောက် ဖမ်းမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ လဲချားမြို့နယ်၊ နောင်လုံကျေးရွာနဲ့ တပ်မောက်ကျေးရွာတွေမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်နိုင်တယ်လို့ယူဆရတဲ့ မသင်္ကာစရာ အဆောက် အအုံတွေကို လေကြောင်းကနေ ကင်းထောက်တွေ့ရှိခဲ့ပြီးနောက် အခုလ ၂၂ ရက်နေ့က သွားရောက် ရှင်းလင်းတာမှာ အခုလို ဖမ်းမိတာလို့ ဆိုပါတယ်။ နောင်လုံကျေးရွာနားက အဆောက်အအုံတွေထဲကနေ တရုတ်နိုင်ငံသား အယောက် ၂၀ နဲ့ တပ်မောက်ကျေးရွာနားက အဆောက်အအုံတွေထဲမှာ တရုတ်နိုင်ငံသား ငါးယောက်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ လဲချားမြို့နယ်အတွင်းက ကျေးရွာအချို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင် တဲ့ နေရာတွေ ဆက်ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လဲချား၊ ကျေးသီး၊ မိုင်းကိုင်သွားတဲ့ လမ်းဆုံက ရွာတချို့မှာ ရှိနိုင်သေးတယ်။ အဲဘက်တွေကို…
Read Moreဒီးမော့ဆိုအနောက်ခြမ်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ဗုံးသီးဖြုတ်ရာကနေ ပေါက်ကွဲလို့ နှစ်ယောက်သေဆုံးပြီး တယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆ GG (VOM) ကယားပြည်နယ် ၊ ဒီးမော့ဆို အနောက်ခြမ်းက နေရာတခုမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ဗုံးသီးဖြုတ်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားနှစ်ယောက်သေဆုံးကာ တယောက်ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ မနေ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၈ နာရီ ခွဲလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာမှာ ၊ သေဆုံးတဲ့အမျိုးသားတွေက အသက် ၃၀ အရွယ်ဝန်းကျင်တွေဖြစ်တယ်လို့ သိရပါတယ် ။ ” ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာ သုံးယောက်ရှိတယ်။ အဲဒီထဲမှာ သေဆုံးတာတယောက် ၊ ဒဏ်ရာပြင်းထန်တယောက်ရှိတယ်။ဒီမနက်မှာတော့ ဒဏ်ရာပြင်းထန်တဲ့တယောက် ဆုံးတယ်။ ” လို့ ဖြစ်စဉ်သိရှိသူ တယောက်ကပြောပါတယ် ။ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသားကို လက်ရှိမှာ ဆေးဝါးကုသမှုပေးနေပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိကြောင်း ၊ သေဆုံးနဲ့ ဒဏ်ရာရှိခဲ့သူတွေဟာ…
Read Moreစစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်
ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆ CC (VOM) ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ဖြေဆိုနေတဲ့ အတန်းတင်စာမေးပွဲမှာ စစ်ကိုင်းမြို့ ၊ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းက ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသားကျောင်းသူ ၁၆၁ ယောက်ကို သက်ဆိုင်ရာ စာဖြေဌာနက စာမေးပွဲဖြေဆိုခွင့် မပြုဘဲ ပြန်လွှတ်လိုက်တာကြောင့် ကလေးတွေ နစ်နာရတယ်လို့ ထက်ကိုယ်ပိုင်ကျောင်း ကျောင်းအုပ်ကြီးဆီက သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာဖြေဌာနကို သွားရောက်ချိန်မှာ ဖြေဆိုခွင့်မပြုကြောင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ကျောင်းကို နှစ်သုတ်တက်ဆိုပြီး ဖွင့်ခဲ့တယ်။အဲဒါကို စာနဲ့မဟုတ်ဘဲ ပါးစပ်နဲ့…
Read Moreလမ်းပိတ်ထားလို့ ကသာစစ်ရှောင်တွေ မြို့ကိုပြန်ဝင်ဖို့ အခက်ကြုံနေသလို ကုန်စည်စီးဆင်းမှုပြတ်လို့ စျေးတက်နေ
ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ စစ်ရှောင်သွားသူတွေထဲကမှ မြို့ကိုပြန်လည်ဝင်ရောက်လိုသူတွေ ရှိပေမယ့် ကုန်းလမ်းကြောင်းမဖွင့်သေးတဲ့အတွက် ရေလမ်းခရီး ၊ ကျေးရွာဘက်တွေကနေ ဝင်ရောက်ဖို့ကြိုးစားရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ကသာမြို့ဒေသခံတွေဟာ မြို့တိုက်ပွဲဖြစ်ပွားပြီးလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကို စိုးရိမ်ကြတဲ့အတွက်ဒီဇင်ဘာလကုန်ကတည်း နေရပ်စွန့်ခွါလာကြသူတွေဟာ အခုဆိုရင် နှစ်လကျော်ကြာရှိလာပြီဖြစ်တာကြောင့် စားသောက်နေထိုင်ရေး အခက်အခဲတွေများလာပြီး မကြာခင်မှာ မိုးတွင်းကာလကိုရောက်တော့မှာ ဖြစ်လို့ နေရပ်ကိုပြန်နိုင်ရေးအတွက် ကြိုးစားနေကြတာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ” သူများမြို့ရွာမှာ နေထိုင်စားသောက်စရိတ်နဲ့ မိသားစုနဲ့ အိမ်လခနဲ့ ဘယ်လိုမှနေလို့မရလို့ ပြန်ချင်တာပါ။ ဒါကိုနားလည်ပေးကြဖို့ အတွက်ပါပဲ။ပြည်သူတွေကိုကာကွယ်တယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကိုလည်းအလေးထားပေးကြပါ။ ” လို့မော်လူးမြို့ဘက်ကိုစစ်ရှောင်လာတဲ့ ကသာမြို့ဒေသခံ ကဆိုပါတယ်။ ကသာမြို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရေကြောင်းလမ်းကနေ ဝင်ရောက်နေထိုင်ဖို့ကြိုးစားရာမှာ ကျေးရွာအုပ်ချုပ်ရေး နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ကျေးရွာဒေသခံတွေ ပိုင်တဲ့စက်တပ်လှေငယ်တွေကို သယ်ယူပို့ဆောင်ရေးပြုလုပ်မှာစိုးတဲ့အတွက် မော်တော်စက်များဖြုတ်သိမ်းထားတယ်လို့ သိရပါတယ်။…
Read More




