လုပ်ခလစာ တိုးမြှင့်ပေးဖို့ SANYAN OUTDOOR ကုမ္ပဏီ လုပ်သားတွေ တောင်းဆို

ဖေဖော်ဝါရီ ၂၃ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR Co,.Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ တောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ စက်ရုံရှိ အလုပ်သမား ၇၀၀ ကျော်ဟာ ဒီကနေ့ မနက် ၈ နာရီကျော်ဝန်းကျင်ကနေစပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒေးကြေးကို တသောင်း နှစ်ထောင့်ငါးရာကျပ်၊ အချိန်ပိုကြေး နှစ်ထောင့်ငါးရာကျပ်နဲ့ ရက်မှန်ကြေးကို ခြောက်သောင်းကျပ်အထိ တိုးပေးဖို့အပြင် ၁၅ ရက် တကြိမ် ရှင်းပေးဖို့ကိုလည်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒါအပြင် အထည်ကြေးကိုလည်း A+ အတွက် ကျပ် နှစ်သိန်း၊ A အတွက် ကျပ် တသိန်းခွဲ၊ B အတွက်…

Read More

ဖားကန့် ယူမာရွာလမ်းမပေါ်မှာ အမျိုးသားနှစ်​ယောက်ပစ်သတ်ခံရပြန်

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ယူမာကျေးရွာ လမ်းမကြီးပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မနက်ပိုင်းက အမျိုးသားနှစ်ယောက် ပစ်သတ်ခံထားရတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ထဲမှာ တယောက်ကတော့ ဆိုင်းတောင်းရွာက ဖြစ်တယ်လို့ ကနဦးသိရပါတယ်။ ” နှစ်ယောက်လုံး တနေရာထဲမှာအတူတူ ပစ်သတ်ခံရတာ တွေ့ရတယ်။ တယောက်က ဆိုင်းတောင် အထက်တန်းကျောင်းက ဆရာမတယောက်ရဲ့ တူဆိုပြီးသိရတယ်။ ကျန်တဲ့တယောက်ကတော့ သေချာမသိရသေးဘူး ။ လမ်းကပိတ်ထားတာကို သွားကြတာဆိုတော့ သိပ်မပြောတတ်ဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ ဖားကန့် – ယူမာ – ဆိုင်းတောင်လမ်းပိုင်းက စစ်ရေးအခြေအနေအရ ပိတ်ထားတာ ဖြစ်ကြောင်း ၊ ယူမာရွာဘက်မှာက…

Read More

ရန်သူမျိုး ၆ပါး

ဖေဖော်ဝါရီ ၂၄ – ၂၀၂၆ SSS (VOM) ​ရေ၊မီး၊မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်​သောသူ ဆိုတဲ့ လူ​တွေရဲ့ ဘဝကိုဖျက်တတ်တဲ့ ရန်သူဟာ အရင်က ငါးပါးရှိရာက ခု​ခေတ်မှာ တပါးများတိုးလာသလား​ပေါ့ ။ မှန်ပါတယ် လူ​တွေရဲ့ အသက်နဲ့ စီးပွားဥစ္စာ​တွေကို ယူသွားတတ်တဲ့ ရန်သူလို့ သတ်မှတ်ရမယ့် ကျွဲ​ပေါ်​နေပါတယ်။ ဘာကျွဲလဲ ? စာရေးသူ တရက် အပြင်သွားရင်း အိမ်တအိမ်ရှေ့မှာ လူတွေ ရုန်းစုရုန်းစု ဖြစ်နေကြတာကို တွေ့လိုက်ရပါတယ်။ မနေနိုင်၊ စပ်စုလိုစိတ်နဲ့ အနားတိုးသွားတော့… “ကောင်လေးတယောက် သေသွားလို့” “အသက်က ၂၇ နှစ်ပဲ ရှိသေးတယ်” “သူ့ကိုယ်သူ (…) လုပ်သွားတာ” လို့ အဲဒီနားကလူတွေ အချင်းချင်း ပြောနေကြသံတွေ ကြားလိုက်ရပါတယ်။ “ဘာလို့များပါလိမ့်…” သိချင်စိတ်က ထိန်းမရ ဖြစ်လာပါတယ်။ ဒါနဲ့ ဘေးနား ရောက်လာတဲ့…

Read More

တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အစိုးရတပ်က နယ်​မြေရှင်းလင်း​ရေးလုပ်တဲ့ တပတ်ကျော်အတွင်း တ​ကောင်းမြို့နဲ့ နီးကပ်လာ

ဖေဖေါ်ဝါရီ ၂၄ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် အစိုးရတပ်က အင်အားအများအပြားသုံးပြီး နယ်​မြေရှင်းလင်းနေတဲ့အတွက် တပတ်ကျော်အတွင်းမှာ ကျေးရွာသုံးရွာကို အစိုးရတပ်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ် ။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကြာညှပ်တိုက်နယ်အနီးရှိ ပေါက်တပင်ရွာကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရွှေကျွန်းပင်ရွာ နဲ့ ဖေဖော်ဝါရီ ၁၄ရက်မှာ တွင်းငယ်ရွာရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ရှားတောကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါကြောင့် လက်ရှိမှာ အစိုးရတပ် စစ်ကြောင်းတွေက ကြာညှပ်တိုက်နယ်အနီးကို ရောက်ရှိလာနေပြီ ဖြစ်ပြီး ကြာညှပ်နဲ့ တကောင်းမြို့က မိနစ် ၅၀ လောက်သာ ဝေးတော့တယ်လို့ သိရပါတယ် ။ ” တပ်မတော်…

Read More

ဒီနေ့မနက်အစောပိုင်းက ရန်ကုန်ကမြို့နယ်သုံးခုမှာ မီးလောင်မှု ဖြစ်ပြီး မီးခိုးမွှန်လို့ တယောက်သေ ၊တယောက်သတိလစ်

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆ GG (VOM ) ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်က မြို့နယ်သုံးခုမှာ နေအိမ်နဲ့ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ၊ တောင်ဒဂုံမြို့နယ် နဲ့ လှည်းကူးမြို့နယ်တို့ရှိ နေအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး လူသေဆုံးမှုကတော့ သင်္ဃန်းကျွန်းမြို့နယ် တိုက်ခန်းမီးလောင်းမှုမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ သင်္ဃန်းကျွန်းမြို့နယ် ၊ ငမိုးရိပ်ရပ်ကွက် ၊ ငမိုးရိပ်(၁၀)လမ်း၊ အပိုင်း(၂) တိုက်ခန်း ပထမထပ်မှာ ဒီကနေ့ မနက်အစော ၅ နာရီခွဲလောက်က မီးလောင်မှုကြောင့် ပိုင်ရှင်အမျိုးသားသေဆုံးကာ နောက်ထပ်အမျိုးသားတယောက်လည်း မီးခိုးမွှန်ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ” စက်ဘီးတွေထားတဲ့ တိုက်ခန်းမီးလောင်တာပါ ။ အဲဒီတိုက်ခန်းမှာမှ နေတဲ့ အခန်းပိုင်ရှင်သေဆုံးပါတယ်။မီးလောင်ဒဏ်ရာနဲ့…

Read More

ဖားဆောင်းမှာ စက်လှေခနဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာ

ဖေဖော်ဝါရီ ၂၂ – ၂၀၂၆ SS (VOM) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ကုန်းလမ်းခရီးစဉ်တွေ ပြတ်တောက်သွားတဲ့အတွက် စက်လှေခနဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဖားဆောင်းမြို့အတွင်းမှာ အစိုးရတပ်တွေ ရောက်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တဲ့အပြင် သံလွင်မြစ်ကူးတံတားတွေ အသုံးပြုလို့ မရတော့တာကြောင့်လည်း ကုန်စည်စီးဆင်းမှု နှေးကွေးကာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ “ဖားဆောင်းဒေသရဲ့ ကုန်စည် စီးဆင်းမှုအတွက်က ရေ‌လမ်းကြောင်းကိုပဲ အားထားနေရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ တံတားတွေ ပျက်သွားတော့ စက်လှေခနဲ့ ဇက်ခတွေ ချက်ချင်း ဈေးတက်သွားတယ်။ ကုန်စည် သယ်ယူရေးအတွက်ကတော့ အခက်အခဲတွေ တောက်လျှောက် ဖြစ်သွားတာပေါ့။ သယ်ယူစရိတ်အတွက် ကုန်ကျမှုများလာရင်တော့ နောက်ဆက်တွဲ ကုန်ဈေးနှုန်းတွေ တက်လာတာပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာ စက်လှေခဟာ လူတယောက်ကို ကျပ်…

Read More

ခုရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးရွာနိုင်တဲ့အပြင် လေပြင်းတိုက်ခတ်ခြင်း နဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆ GG (VOM) အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် ဒီနေ့ကစပြီး တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးရွာနိုင်တဲ့အပြင် လေပြင်းတိုက်ခတ်ခြင်း နဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီ ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပြီး ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာတော့ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ် ။ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ် နိုင်တယ်လို့ သိရပါတယ် ။ ”…

Read More

မုံရွာမှာ ခရီးသည်တင်ယာဥ်တစီး ပစ်ခတ်ခံရလို့ ယာဥ်မောင်းသေဆုံး

ဖေဖော်ဝါရီ ၂၂ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်းက ခရီးသည်တင်ယာဉ် တစီး ပစ်ခတ်ခံရပြီး ယာဥ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၈ နာရီ၊ မိနစ် ၄ဝ ဝန်းကျင်က မုံရွာမြို့၊ သာစည်ဘုရား မုခ်ပေါက်အနီးမှာ ခရီးသည်တင် ကားတစီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီကားပေါ်မှာ ကားမောင်းသူနှင်သူ၊ ယာဉ်အကူ တယောက်နဲ့ ခရီးသည် လေးယောက် လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။ “ပစ်ခတ်ခံရတဲ့ကားက မုံရွာနဲ့ ဗန်းမော် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းငယ်တခုက ကားပါ။ လမ်းမှားဝင်လာမိရင်း ပစ်ခတ်ခံရတာ။ သေဆုံးသွားတဲ့ ယာဉ်မောင်းကတော့ ဆားလင်းကြီးကလို့ သိရပါတယ်။ ခရီးသည်တွေကတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…

Read More

နေပြည်တော်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်း ၄၅၉ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီး

ဖေဖော်ဝါရီ ၂၂ – ၂၀၂၆ SS (VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း ၄၅၉ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက် မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ တပ်ကုန်းမြို့နယ်မှာ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်စရစ်ကုန်းကျေးရွာရှိ အိမ်ခြေ ၁၆ လုံး၊ ထုံးဖိုကျေးရွာရှိ အိမ်ခြေ ၄၃ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “တပ်ကုန်းမှာ အိမ်ပျက်စီးတယ်ဆိုတာ အမိုးလန်၊ သွပ်လန်ပေါ့၊ ဘေးအကာ ထရံကွာ၊ ယိုင်သွားတာ ဒါမျိုးတွေဖြစ်တာပါ။ အလုံးလိုက်ကြီး ပြိုကျ ပျက်စီးသွားတာတော့ မရှိပါဘူး။ လေတိုက်တာကတော့…

Read More

ဟုမ္မလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ခုနှစ်ယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက် သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ် ။ ညနေ ၃ နာရီခွဲလောက်မှာ ပဲနုပ်ဆွပ်ကျေးရွာကို Gyrocopter နဲ့ ဗုံးကြဲခံခဲ့ရတာ ဖြစ်ကြောင်း ၊ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ” လောလောဆယ်သိရတာ သေဆုံးခုနှစ်ယောက်ရှိတယ် ။ ဒဏ်ရာရသူတွေထဲမှာလည်း အခြေအနေ စိုးရိမ်ရသူတွေ ရှိတယ်ဆိုတာပဲ သိရသေး တယ်။ ကျန်တဲ့အခြေအနေတော့ မသိရသေးဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှူပေးနေပြီး ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ပဲနုပ်ဆွပ်ရွာကတော့ လက်ရှိမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။…

Read More