စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မုံရွာမြို့မှာ ညဈေး ဖွင့်လှစ်မယ်

ဖေဖော်ဝါရီ ၁၉ – ၂၀၂၆ SN (VOM) စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ညဈေး (Night Market) ကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။ အပန်းဖြေလိုသူတွေ၊ ညဘက် စျေးဝယ်လိုသူတွေအတွက် ကန်သာယာညစျေးကို မြို့အရှေ့ဘက် ကန်သာယာ တောင်ဘက်ကွင်းထဲမှာ ၁၂ ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၁၀ ခန်း တည်ဆောက်ကာ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဥ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ “နေ့ပိုင်း မအားလပ်သူတွေ၊ ဝန်ထမ်းတွေ၊ ညပိုင်း အပန်းဖြေလိုသူတွေအတွက် တေးသံသာတွေနဲ့အတူ ကန်သာယာရဲ့ ညရှုခင်းကို ခံစားရင်း လိုအပ်တဲ့ စားသောက်ကုန်တွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်” လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ…

Read More

သူတို့အိမ် အခန်း – ၆၀

  ဆူးငှက်   အစ်မပေးမုံရွာသား ————————- ကျွန်တော့်ကို အတော်များများက အခုထိ မုံရွာသားပဲ ထင်ကြသည်။ လွန်ခဲ့သော နှစ်၂၀ကျော် ကာလက မန္တလေးသီချင်းတစ်ပုဒ်နှင့် ပတ်သက်၍ ငြင်းကြခုန်ကြရာတွင် ကျွန်တော်နှင့် ဆန့်ကျင်ဘက် ငြင်းခုန်သူတို့က ကျွန်တော်သည် မန္တလေးသားလည်း မဟုတ်ကြောင်း၊ ကြီးမှ မန္တလေးရောက်လာပြီး မန္တလေးအကြောင်း ပြောနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် စွပ်စဲကာ မဂ္ဂဇင်းစာမျက်နှာပေါ်မှာထိ ရေးသားကြသည်။ ကျွန်တော် ရေးခဲ့သလိုပါပဲ၊ ကျွန်တော့် ဖခင် ဦးပေါလူ နှင့် မိခင် ဒေါ်ချောရင်တို့မှာ မုံရွာခရိုင် ဘုတလင်မြို့နယ် သဖန်းကျေးရွာမှာ မွေးဖွားသည်။ သူတို့ ၁၆နှစ်ကျော်အရွယ် အိမ်ထောင်ကျပြီးနောက် မန္တလေးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ သားသမီး ၅ယောက် ထွန်းကားခဲ့ရာ အကြီးဆုံးအစ်မ နှင့် နံပတ် ၃ အစ်မက ကမ္ဘာစစ်နှင့် ပြည်တွင်းစစ်ကာလမို့ သဖန်းရွာသို့ ပြန်၍…

Read More

ခင်ဦးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာမှာ မနေ့ ည ၁၀ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စာသင်ကျောင်း အဆောက်အအုံတွေနဲ့ နေအိမ် ငါးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “တိုက်ခိုက်မှုက ည ၁၀ နာရီ ၂ မိနစ်လောက်ကနေစပြီး ၈ မိနစ်လောက်အထိ သုံးကြိမ်ဆက်တိုက်ဖြစ်တာ။ စာသင်ကျောင်း အဟောင်းပေါ် ကျတာပါ။ ကျောင်းထဲမှာ လူတော့ မရှိဘူး။ လမ်းပေါ်ကိုကျမှ လူထိသွားတာ။ သေဆုံး သုံးယောက်က နေရာမှာတင် ပွဲချင်းပြီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။…

Read More

ဝါးတရာစက်မှုဇုန် အထည်ချုပ်စက်ရုံ မီးလောင် ရုပ်အလောင်း နှစ်လောင်း တွေ့ထားပြီး ငြိမ်းသတ်​နေရဆဲ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်နေမှုဖြစ်စဉ်မှ ရုပ်အလောင်း နှစ်လောင်း တွေ့ရှိထားတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမားသမဂ္ဂ (SPTTGU ) က ကနဦး အသိပေးချက် ထုတ်ပြန်ထားပါတယ်။ ဝါးတရာစက်မှုဇုန်ထဲက M-Brother အထည်ချုပ်စက်ရုံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်မှ စတင်ကာ Level 2 အဆင့် မီးလောင်မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွင်း လတ်တလော တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေဟာ စက်ရုံ အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပြီး စက်ရုံ တရုံလုံးလည်း လောင်ကျွမ်းသွားပြီ ဖြစ်တယ်လို့ SPTTGU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ…

Read More

စစ်ကိုင်းမှာ စက်သုံးဆီ တရားမဝင် သိုလှောင်တဲ့ နေရာတခု မီးလောင်

စစ်ကိုင်း၊ ဖေဖော်ဝါရီ – ၁၈- ၂၀၂၆ SA(VOM) စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာရှိတဲ့ တောတောင်ဘီလူးချောင် အတွင်းက ဆီသိုလှောင်တဲ့နေရာမှာ ဆိုင်ကယ်က နေ ဆီထုတ်ရင်း ဒီကနေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မီးလောင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် စက်သုံးဆီ ထည့်ထားတဲ့ ၅ ဂါလံ ပုံး ၄၀ ဝန်းကျင် လိုက်ထရပ်ကားတစီး နဲ့ ဆိုင်ကယ်ငါးစီး မီးလောင်ကျွမ်းခဲ့ပြီး ၆ နာရီ ၁၆ မိနစ်အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးလောင်ပြင်ကို ရောက်ရှိခဲ့သူကနေ သိရပါတယ်။ ” တောတောင်ဘီလူးချောင် ဆိုတာ စစ်ကိုင်းနဲ့ မင်းကွန်းကို သွားတဲ့ လမ်း စစ်ကိုင်းတောင်ခြေမှာရှိတာပါ လမ်းဘေးမှာ ဓာတ်ဆီရောင်းတဲ့ဆိုင်ရှိတယ်၊ လိုင်စင်ရ အရောင်းဆိုင်တော့မဟုတ်ဘူးအခုလောင်တာက ချောင်ထဲက စက်သုံးဆီ သို လှောင်တဲ့ နေရာမှာ ဖြစ်သွားတာ ”…

Read More

သူတို့အိမ် အခန်း – ၅၉

ဆူးငှက် မီးတစ်လုံး ၁၀ တဲ့၊ ဒါပေမယ့် ——————————– ကျွန်တော့် အဘက လူကြည့်တော့သာ ခပ်ပျော့ပျော့ပေမယ့် အတော်ခေါင်းမာသည့် သဘောရှိသည်။ ဝင်းထဲမှာ အိမ်တိုင်းလိုလိုက ရွှေဘိုဘုန်းကြီးကျောင်းက မီးလုံးတစ်လုံး ငွေ၁၀ကျပ်နှင့် သွယ်ကာ လင်းလင်းချင်းချင်း ဖြစ်နေကြပြီ။ ကျွန်တော်က စာမေးပွဲနားနီးလို့ မီးလုံး၂လုံး ငွေ ၂၀ဖိုးလောက် သွယ်ချင်သည်။ ကြိုးကလည်း သိပ်မကုန်တော့။ ကိုကိုစိန်လှိုင် အိမ်အထိ မီးကရောက်နေတော့ ၅ကိုက်လောက်ဆို အဆင်ပြေသည်။ ပလပ်ခေါင်းဖိုး၊ ခလုတ်ဖိုး၊ မီးသီးဖိုးနှင့် ဆို ငွေ ၂၀၀ လောက်နှင့် ရသည်။ ဒါပေမယ့် အဘက မီးသီးမီးချောင်းတွေနဲ့ အန္တရာယ်များပါတယ်ကွာ ဟု ဆိုကာ ငြင်းမြဲငြင်းသည်။ စာမေးပွဲအတွက် မင်းစာကြည့်နိုင်အောင် စီစဉ်ပေးပါ့မယ်ဟု ဆိုကာ ပါပါကြီး(ဦးလေးဦးဉာဏ်သိန်း) ဆီက ငွေ ၃၀၀ ကျပ်တန် အောက်လင်းဓာတ်မီး တစ်လုံးကို တစ်လ…

Read More

အွန်လိုင်းငွေလိမ်လုပ်ငန်းကနေ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား လေးရာကျော် လားရှိုးထောင်မှာ ပြောင်း​ရွှေ့စစ်​ဆေး​နေ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းကနေ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား လေးရာကျော်ကို လားရှိုးအကျဉ်းထောင်ဆီ​ပြောင်းပြီး စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် နောင်တောင်ကျေးရွာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်နေတဲ့ တရုတ်နိုင်ငံ သား ၂၆ ယောက်နဲ့ မြန်မာနိုင်ငံသား ရှစ်ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အလားတူ မိုင်းရယ်မြို့နယ်၊ ဟိုက်ပုရွာမှာ အခုလဆန်းပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို အစိုးရတပ်က ဝင်ရောက်ဖမ်းဆီးချိန်မှာ တရုတ်နိုင်ငံသား အမျိုးသမီး ကိုးယောက်နဲ့ အမျိုးသား ၃၂၁ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း မြို့နယ်တွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဖမ်းမိတဲ့ တရုတ်နိုင်ငံသား အယောက် ၄၀၀ ကျော်အထိ ရှိခဲ့ပြီး…

Read More

ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၁၇ – ၂၀၂၆ SS (VOM) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်တံတား (ဖားဆောင်း) ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက မိုင်းခွဲ ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တံတားပျက်စီးမှုဟာ ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီတံတားပတ်ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စစ်ရေးတင်းမာနေတဲ့ နေရာဖြစ်တာကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက လုံခြုံရေးအရ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီတံတား ကျိုးသွားတဲ့အတွက် ဒေသခံတွေအကုန်လုံး တော်တော်ကို စိတ်မကောင်း ဖြစ်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်သွားပြီ။ ကုန်စည်စီးဆင်းမှု၊ စားဝတ်နေရေးအကုန် ဒုက္ခရောက်ကြရတော့မယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲဒီတံတားကို KNP,…

Read More

သဖန်းဆိပ်ဆည်က ရေမရလို့ တောင်သူတွေ ဒုက္ခရောက်နေ

ဖေဖော်ဝါရီ ၁၇ – ၂၀၂၆ SN (VOM) စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ တည်ရှိတဲ့ သဖန်းဆိပ်ဆည်ကနေ လက်ရှိအချိန်အထိ ရေလွှတ်ပေးခြင်း မရှိသေးတာကြောင့် ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်၊ ရေအားလျှပ်စစ်ရုံး အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လဆန်းပိုင်းကစပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဆည်အတွင်းကနေ စိုက်ပျိုးရေတွေ ထုတ်လွှတ်ပေးနိုင်ခြင်း မရှိအောင် တားမြစ်ထားတာကြောင့် သဖန်းဆိပ် ဆည်ရေသောက်ဖြစ်တဲ့ ကျွန်းလှ၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ်က လယ်ဧက ငါးသိန်းဝန်းကျင်ဟာ စိုက်ပျိုးသီးနှံတွေ ပျက်စီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ရေလွှတ်ဖို့ထက် ရွှေတူးဖို့ပဲ…

Read More

Information technology life ကုမ္ပဏီ မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ – ၁၇- ၂၀၂၆ VOICE OF MYANMAR Information technology life ကုမ္ပဏီ မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း နဲ့ ၅၄ လမ်းထောင့်မှာရှိတဲ့ HOTEL “IBIS STYLE” မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ Information technology life ကုမ္ပဏီ မှာ E commerce လို့ခေါ်တဲ့ Websites နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ Product နဲ့ Brand တွေကို ဥပမာ Worldwide မှာ Amazon တို့လို Ebay တို့လိုမျိုး Website တခုအနေနဲ့ Create လုပ်ပေးပြီး Globle marketing ကိုချဲ့ထွင်ချင်တဲ့ သူတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့…

Read More