ဘဏ်ထုတ်ငွေ ကန့်သတ်ချက်ကြောင့် ပြင်ပမှာ ရာခိုင်နှုန်း​ယူ ​ငွေထုတ်​နေရ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တင်းကျပ်တဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ငွေလိုအပ်သလောက် ရရှိနိုင်ဖို့အတွက် ပြင်ပကနေ ရာခိုင်နှုန်း (ကော်မရှင်ခ) ပေးပြီး ထုတ်ယူနေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိအခြေအနေဟာ ငွေသားကို အဓိကထားရတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပြီး ငွေလိုသလောက် ရရှိနိုင်ဖို့ ကော်မရှင်ခပေးကာ အကျိုးဆောင်တွေက တဆင့် ငွေသား ရှာဖွေနေရတာကြောင့် လုပ်ငန်းရှင်တွေအတွက် စရိတ်စက ပိုမိုမြင့်မားစေတယ်လို့ သိရပါတယ်။ “ဘဏ်ကနေ ကိုယ်လိုသလောက် မရတော့ ငွေထုတ်ချင်တယ်ဆို အပြင်မှာ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းတွေ ပေးပြီး ထုတ်နေရတယ်။ ကန့်သတ်ထားတဲ့ငွေထက် ပိုလိုချင်တော့ ကော်မရှင်ခ ပေးရရော။ အဲဒီလို ပေးရတော့ ဘယ်သူနစ်နာလဲဆို အောက်ခြေ စားသုံးသူပဲ နစ်နာတာ” လို့ လုပ်ငန်းရှင်တယောက်က…

Read More

သူတို့အိမ် အခန်း – ၅၈

ဆူးငှက် စာကြည့်ကြရပြီ —————— ထိုစဉ်က လူထုဆန္ဒခံယူပွဲ ကျင်းပပြီးနောက် စာမေးပွဲကလည်း ၂လကျော်မျှသာ အချိန်ကျန်သောအခါ ကျွန်တော်လည်း ဝတ္ထုစာအုပ်တွေ ဘေးချပြီး ကျောင်းစာအုပ်တွေ ပြန်ကိုင် ရတော့သည်။ ပြန်ကိုင်သည် ဆိုသော်လည်း အချိန်စာရင်းနှင့် စာကြည့်တာမျိုးမဟုတ်။ ကြုံသည့် စာအုပ်ကို ဆွဲယူကာ ကြည့်ခြင်းဖြစ်သည်။ ဘယ်ဘာသာရပ်က ဘယ်လောက် ပြတ်သွားပြီလဲ ဆိုတာ မရှိ။ ဟိုစပ်စပ် သည် စပ်စပ်ပါပဲလေ။ ကျွန်တော့် အိမ်နှင့် နီးသော သန်းလွင်ကတော့ အချို့ညများတွင် အိမ်သို့ ရောက်လာပြီး သူက ဘာကြည့်နေတယ်။ မင်းကြည့်ပါလား၊ အဲ့ဒီအပုဒ်က အရေးကြီးတယ် စသည်ဖြင့် အကြံဉာဏ်ပေးသည်။ တချို့ညများတွင် သူ့အိမ်သို့ လိုက်ကာ စာအတူကြည့်ကြသည်။ ကျွန်တော့် အိမ်သို့ နောက် ထပ်လာသူ တစ်ဦးကတော့ မာလကာခြံထဲက အောင်သန်းထွန်း ဖြစ်သည်။ သူကတော့ တစ်ပတ် တစ်ကြိမ်လောက်ပဲ…

Read More

ဖားဆောင်းမြို့ကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရက ထုတ်ပြန်ပေမယ့် မြေပြင်မှာ တိုက်ပွဲဖြစ်နေဆဲ

ဖေဖော်ဝါရီ ၁၆ – ၂၀၂၆ SN (VOM) ကရင်နီပြည်နယ်အတွင်းရှိ ဖားဆောင်းမြို့ကို မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန် ကြေညာထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အစိုးရတပ်က ဓာတ်ပုံတွေနဲ့တကွ အသိပေး ထုတ်ပြန်ထားတာဖြစ်ပြီး နယ်မြေလုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြေပြင်မှာတော့ ဖားဆောင်းမြို့အတွင်းက ၎င်းတို့ရဲ့ တပ်စခန်းနဲ့ မြို့ရဲ့ ဧရိယာ တချို့ကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်တယ်လို့ သိရပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။ “တမြို့လုံးကို အပြည့်အဝ…

Read More

သန်လျင်ဂေါက်ကွင်း ရေကန်မှာ လူငယ် နှစ်ယောက် ရေနစ်သေဆုံး

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သန်လျင်ဂေါက်ကွင်း ရေကန်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က လူငယ် အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို သန်လျင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့၊ ရွှေတောင်တန်း မီးသတ်တပ်ဝင်တွေက ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာမှာ နေ့လယ် ၂ နာရီမှာ ရုပ်အလောင်း တလောင်း၊ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ နောက်ထပ် ရုပ်အလောင်း တလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။ “ဒီကန်တွေက ဂေါက်ကွင်းထဲမှာ ရေနံချက်စက်ရုံသုံးတဲ့ ကန်တွေပေါ့။ ကန် လေးကန် ရှိတယ်။ ရေကူးခွင့် ပေးမထားဘူး။ တော်တော်လည်း နက်တယ်။…

Read More

ဖားကန့် နဲ့ မြစ်ကြီးနားမှာ လေ​ကြောင်းနဲ့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့် နဲ့ မြစ်ကြီးနားမြို့နယ်မှလေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖားကန့်မြို့နယ်ထဲက နေရာအများစုမှာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန် နေတယ်လို့ သိရပါတယ်။ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ(ခ)ခွန်ဆာကုန်း ရဲစခန်းကိုလည်း KIA နဲ့ PDF အဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဖားကန့် ဗျူဟာကုန်းနဲ့လည်း အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ခွန်ဆာကုန်းရွာထဲမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားမှုရှိခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ အရေးပေါ် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ ” မနက်အစော…

Read More

အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး တယောက် သေ၊ ၁၄ ယောက် ဒဏ်ရာ ရ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆ SS (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ မနက်အစောပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၄ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်ကနေ နေပြည်တော်ကို လက်ယာဘက် ယာဉ်ကြောအတိုင်း မောင်းနှင်လာတဲ့ TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်ကို လားရာတူ နောက်မှ လိုက်ပါလာတဲ့ SUZUKI SOLIO အမျိုးအစား အဖြူ‌ရောင်ယာဉ်က အမြန်လမ်း မိုင်တိုင်အမှတ် (၁၄၂/၁ – ၁၄၂/၂) ကြား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့တာလို့ သူက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး တယောက် ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး ဒဏ်ရာ…

Read More

နိုင်ငံကူးလက်မှတ်ကို E-Passport စနစ် ပြောင်းလဲနိုင်ရေး စီစဉ်နေ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆ SN (VOM) နိုင်ငံကူးလက်မှတ်ကို Digital Passport / E-Passport တွေအဖြစ် လုံခြုံရေး အဆင့်မြှင့်တင် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ လက်ရှိ ထုတ်ပေးနေတဲ့ နိုင်ငံကူးလက်မှတ်တွေဟာ စက်နဲ့ဖတ်ရှုနိုင်တဲ့ Machine – Readable Passport (MRP) အဆင့်သာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် (UV) အမှတ်အသားတွေနဲ့ ဟိုလိုဂရမ် (Hologram) လုံခြုံရေးစနစ်တွေကိုသာ အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီစနစ်အပေါ် အတုအပ ပြုလုပ်မှုတွေ ကာကွယ်နိုင်ဖို့နဲ့ လုံခြုံရေးအဆင့် မြှင့်တင်ဖို့ လိုအပ်လာတာကြောင့် E – Passport စနစ်ကို ပြောင်းလဲဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “E-Passport ဆိုတာက မှတ်ပုံတင်ကနေ စမတ်ကတ်ကို ပြောင်းလိုက်သလိုပါပဲ။ Passport စာအုပ်ထဲမှာ…

Read More

မရမ်းကုန်းမှာ အိမ်မီးလောင်ပြီး အသက်ကြီးပိုင်း ညီအစ်မနှစ်​​ယောက် သေဆုံး

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်အစော ၃ နာရီ ၃၇ မိနစ် လောက်မှာ စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ မီးလောင်မှုအတွင်းမှာ အဆိုပါ နေအိမ်ပိုင်ရှင်တွေဖြစ်တဲ့ အသက်ကြီးပိုင်း ညီအစ်မနှစ်ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။ ” အိမ်နဲ့ဆိုင် တွဲထားတဲ့အိမ်ပါ ။ အမျိုးသမီးနှစ်ယောက်က အထဲမှာပဲဆုံးနေတာ ။ သူတို့က အသက်တွေကြီးနေပါပြီ ၆၀ ကျော်လောက်တွေလို့ သိရတယ်။ မီးလောင်တာက အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ပဲ ပြောကြတယ်။ ဘယ်ကဘယ်လို ဖြစ်လဲဆိုတာတော့ အတိကျမသိရသေးဘူး ။ ”…

Read More

အစိုးရတပ်ရဲ့ နယ်​မြေရှင်းလင်း​ရေးစစ်ကြောင်းကြောင့် မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၆ SS (VOM) မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေအတွင်း တိုက်ပွဲ ဖြစ်ပွားနေသလို မော်လမြိုင်၊ မုဒုံနဲ့ ရေးမြို့နယ်တို့မှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့နယ်မှာ အစိုးရတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ “တရွာပြီး တရွာကို စစ်ကြောင်း ဝင်လာနေတာဆိုတော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ပဲ။ နောက်ပိုင်း ပိုပြီး ပြင်းထန်လာနိုင်ခြေ ရှိတယ်။ လူထိခိုက် သေဆုံးတာတွေလည်း…

Read More

စက်ရုံက စျေးပေးနည်းလို့ ကသာခရိုင်ထဲက ကြံတောင်သူတွေ သိန်းထောင်နဲ့ချီ အရှုံးပေါ်မယ့် အခြေအနေ ရင်ဆိုင်နေရ

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေပေးတဲ့ စက်ရုံအရောက် ကြံတတန်စျေးဟာ နည်းတဲ့အတွက် ကြံတောင်သူတွေ သိန်းထောင်ချီ အရှုံးပေါ်မယ့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ သကြားစက်ရုံ ၊ ဝန်ကြီးဌာန ၊ ကြံနဲ့သကြား အသင်းအပါအဝင် ကြံတောင်သူတွေ စုပေါင်း ညှိနိူင်းမှုအရ စက်ရုံက ကြံတတန်ကို စက်ရုံအရောက်စျေးအဖြစ် ၁၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၅၀၀၀ ကျပ်နဲ ဝယ်ယူဖို့ သဘောတူညီ သတ်မှတ်လိုက်ပြီး ယခု ဖေဖော်ဝါရီလထဲမှာပင် စက်ရုံတွေ လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြံတောင်သူတွေအနေနဲ့ ကြံသယ်ကားခ ( မိုင်အနီးအဝေး ) ၁၅၀၀၀ မှ ၅၄၀၀၀ ကျပ်ဝန်းကျင် ၊ ကြံခုတ်ခ ၂၀၀၀၀ ကျပ် ၊…

Read More