ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Sh V (VOM) ကချင်ပြည်နယ်၊ ဖားကန့် ကုဋေမှော် အဲဗားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က မြေစာပုံပြိုကျလို့ လူတချို့ ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ကိုးနာရီခွဲခန့်က ကုဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံး လူ၂၀ခန့် သေဆုံးတယ်လို့သိရတယ်။” လို့ ကယ်ဆယ်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်၊ ၉ နာရီ ၂၀ မိနစ်လောက်မှာ မြေစာပုံ ပျက်ကျသွားတာလို့ သူက ပြောပါတယ်။ “ကုဋေမှော် ၁၁၁ ကုမ္ပဏီ ရေအိုင်ဘက် ပြေစာပုံ ပြိုကျလာတာမှာ ရေလျှံကျလာတာ။ ကုဋေမှော် ဘက်ခြမ်း မြေစာပုံပြိုကျတာဖြစ်ပြီး…
Read Moreငလျင်ဒဏ်သင့်လို့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ပတ်သက်ပြီး နစ်နာသူတွေအတွက် ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနားကျင်းပ
မန္တလေး၊ ဖေဖော်ဝါရီ- ၁၆- ၂၀၂၅ SA(VOM) ငလျင်ဒဏ်သင့်လို့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးခဲ့ကြသူတွေ၊ အရောင်းအဝယ်ပြုလုပ်ခဲ့ကြတဲ့ အဆောက်အဦမြေရှင်နဲ့ ကန်ထရိုက်တွေရဲ့ကြားက အငြင်းပွားဖွယ်ရာ ဥပဒေတွေကို ဆွေးနွေး မျှဝေတဲ့အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၂ လမ်း ၈၃ လမ်းကြားမှာရှိတဲ့ ယူတိုးပီးယားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကန်ထရိုက်နဲ့ မြေရှင်တွေရဲ့ စာချုပ်မှာ ပါလာတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက် ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ကြားဝင်ဖြေရှင်းပေးတယ် မပြေလည်ကြဘူး၊ မကြာခင်မှာလည်း လွှတ်တော်ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ခိုင်မာတဲ့ ဥပဒေ တရပ် ပေါ်ထွက်လာဖို့ လွှတ်တော်မှာ တင်ပြနိုင်ဖို့ မြေပြင်မှာ ဘယ်လိုနစ်နာနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးပြုလုပ်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ် လို့…
Read Moreစစ်ကိုင်းတိုင်းအတွင်း စစ်သားသစ် အပြိုင်စုဆောင်းနေ
စစ်ကိုင်း၊ ဖေဖော်ဝါရီ – ၁၆- ၂၀၂၆ Voice Of Myanmar စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ် နှစ်ဘက်စလုံးက လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသတွင်းလက်နက်ကိုင်တွေက လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတဦးက ” လက်ရှိမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက မင်းသမီးကျေးရွာ၊ ရွာသာကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတွေမှာ အဲ့ဒီအဖွဲ့တွေက ကျေးရွာတင်မက လယ်တောတွေ အထိပါ လိုက်လံပြီး ဖမ်းဆီးခေါ်ဆောင်ပြီး ဒေသခံရွာသားတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွေ ပြုလုပ်လို့ စိုးရိမ် ထိတ်လန့် နေရပါတယ်” လို့ ပြောပါတယ်။ အစိုးရတပ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက စစ်သားစုဆောင်းနေသလိုပဲ အစိုးရတပ်ဘက်ကလည်း စစ်သားသစ်စုဆောင်းနေတဲ့အကြောင်း စစ်ကိုင်းမြို့ခံတဦး ပြောပြတာက ” စစ်ကိုင်းမြို့ပေါ်လို ရပ်ကွက်တွေနဲ့ မြို့အဝင် အထွက်လို နေရာတွေမှာ ထွေအုပ်၊…
Read Moreလာမယ့်ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေ ရှိနေ
ဖေဖော်ဝါရီ ၁၆ – ၂၀၂၆ SS (VOM) လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “အခု ဒီနေ့လယ်ပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်ပြီပေါ့။ ပြီးသွားရင် အနောက်မြောက်ဘက်ကို ဆက်ရွေ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်လောက်မှာ သီရိလင်္ကာကို ဝင်သွားနိုင်တယ်။ သီရိလင်္ကာနား ရောက်ရင်တော့ နည်းနည်းလေး အားကောင်းလာနိုင်တယ်။ မုန်တိုင်းငယ် အဆင့်လောက်တော့ ရောက်နိုင်တယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့လောက်ကျရင်တော့ မုန်တိုင်းငယ် ဖြစ်လာနိုင်ခြေ ရှိပေမယ့် အတိအကျတော့ ပြောလို့မရသေးဘူး” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်…
Read Moreသက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ
ဖေဖော်ဝါရီ ၁၆ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ စျေးကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဩသဓာဘိဝံသဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။ ဆရာတော်ကြီးဟာ ဆဋ္ဌသံဂါယနာတင်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ မတ်လအထိ နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူခဲ့တယ်လို့ သိရပြီး ပျံလွန်တော်မူချိန်မှာ သက်တော် (၁ဝ၄) နှစ်၊ ဝါတော် (၈၄) ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “ဆရာတော်ကြီးက မွေးရပ်ဇာတိ ဆန်နီချောင် သံအိုးကင်းရွာကို…
Read Moreသူတို့အိမ် အခန်း – ၅၇
ဆူးငှက် အနှစ် ၂၀ စီးပွားရေး စီမံကိန်းတဲ့ ————————————– အိမ်မှာ လပေးယူသော ဟံသာဝတီ သတင်းစာကိုလည်းဖတ်၊ မနက်တိုင်း ဆွမ်းခံကြွလာသည့် စလေကိုယ်တော်ကြီး လှဂုဏ်ရည်ဓာတ်ပုံတိုက်က အလှူခံလာသည့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ ဗိုလ်တထောင် သတင်းစာများကိုလည်း ဖတ်ရသည်။ ထို့ပြင် ဦးကြီးချို အလုပ်ခုတင်ဘေး ခုံပေါ်က ရှုထောင့် အိုးဝေ ပြည်သူ့ကြယ် စသည့် ဂျာနယ်တွေလည်း ဖတ်ဖြစ်သည်။ ထိုအခါ ထိုစဉ်ကာလ နိုင်ငံရေး အနေအထားများကို အထိုက်အလျောက် အနည်းအများ စိတ်ဝင်စားမိ သည်။ ထိုမျှမက စနေနေ့ညတိုင်း ဟန်းဘားစက်ဘီးကြီးနှင့် ရောက်လာပြီး ကိုဌေးအောင် နှင့် ကျွန်တော့်ကိုပါ ခေါ်ကာ ၂၆ဘီလမ်း သင်္ဘောတန်းလမ်းထိပ်က အကောင်းကြိုက်ကဖေးတွင် ဆိုင်ပိတ်လုနီးသည်အထိ ထိုင်၍ လက်ရှိ အနေအထား များကို ကိုဌေးအောင်နှင့် ဦးဆောင်ဆွေးနွေးလေ့ရှိသည့် ဝမ်းကွဲအစ်ကိုကြောင့်လည်း နိုင်ငံရေးဟူသည်ကို…
Read Moreကျောက်တော်နဲ့ မြောက်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ခုနှစ်ယောက်သေဆုံး ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်မှာ ဗုံးကျရောက် ပေါက်ကွဲကာ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်တို့ သေဆုံးပြီး နောက်ထပ် လူကိုးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မြောက်ဦးမြို့ လေကြောင်းတိုက်ခိုက်မှုကတော့ ဝေသာလီဟိုတယ်ဝန်းထဲကို ကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် သုံးယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ကျောက်တော်မြို့က လေးယောက်ပွဲချင်းပြီးဆုံးတယ်။ ကိုးယောက်ဒဏ်ရာကတယ်။မြောက်ဦးမှာဆိုရင် ဝေသာလီဟိုတယ်ဆိုတဲ့နေရာကို ပစ်ခတ်တာရှိတယ်။အဲဒီမှာ ခြံစောင့်လုပ်နေတဲ့ စစ်ရှောင်မိသားစုသုံးယောက် သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရက လေးယောက် ၊…
Read Moreစက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်တို့ ခေါ်ယူစစ်ဆေးခံနေရ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဦးဝင်းမြင့်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကတည်းက စပြီး နေပြည်တော်မှာ ခေါ်ယူမေးမြန်းခံနေရတာ ဖြစ်တယ်လို့သိရပြီး အကြောင်းရင်းကတော့ ဒေါ်လာရောင်းဝယ်ရေး လုပ်ငန်းနဲ့ အဓိက ဆက်စပ်တယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ “ကျွန်တော်တို့ ကြားတာတော့ စက်သုံးဆီကိစ္စနဲ့ ပတ်သက်လို့ ခေါ်စစ်တာတော့ မဟုတ်ဘူးလို့ ကြားထားပါတယ်။ အဓိက က ဒေါ်လာကြောင့်ပေါ့။ စက်သုံးဆီသွင်းဖို့အတွက် အစိုးရဈေးနဲ့ ထုတ်ပေးထားတဲ့ ဒေါ်လာတွေကို ပြင်ပပေါက်ဈေးနဲ့ အရောင်းအဝယ် လုပ်နေလို့ စစ်ဆေးခံနေရတာလို့ သိရပါတယ်။ ဖမ်းလိုက်ပြီလို့လည်း ပြောနေကြတယ်။ သေချာတော့ မသိသေးဘူး” လို့ သူက ပြောပါတယ်။…
Read Moreပြည်သူ့အသံ ကဏ္ဍ
သတင်းမှားတခုကို အများသိစေရန် VOMသို့ ပေးစာဆိုပြီး VOM အယ်ဒီတာအဖွဲ့ထံရောက်ရှိလာတာကို စိစစ်ပြီး ပြန်လည်တင်ပြပေးလိုက်ပါတယ်။ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့၌ မူးယစ်ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်(၃၃)ဆိုင်ကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့က တရားဝင် ရောင်းချခွင့်ပြုသည်ဟု ပြည်ပသတင်းဌာနတခုက ဖေဖော်ဝါရီ ၁၀ရက် ရက်စွဲနဲ့ ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာမှာ သတင်းဖော်ပြချက်ဟာ လုံးဝ မှားယွင်းကြောင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သိက္ခာကျအောင် ဖန်တီးရေးသားတယ်လို့ ကောက်ချက်ချမိပါတယ်။ တရားမဝင်သတင်းဌာနများက ယခုလို မဟုတ်မမှန်သတင်းများကို (မဖော်ပြမှီ)၂၀၂၅၊ ဒီဇင်ဘာ(၁)ရက်မှ (၁၅)ရက်နေ့ထိ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူစည်ကားရာနေရာများ၊ ယာဥ်ရပ်နားကွင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်တွေနဲ့ မြို့ပေါ်ရပ်ကွက်ကျေးရွာတွေမှာ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆာင်ပြီး ရဲတပ်ဖွဲ့အသီးသီးက မိမိတို့ အနီးဝန်းကျင်တွင် စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါးအရောင်းဆိုင်များ ရှိလျှင် သို့မဟုတ် (ယခင်)က ရှိခဲ့ဖူးလျှင် သတင်းပေးရန်၊ သတင်းပေးခြင်းနှင့်စပ်လျဥ်း၍ သတင်းပေးသူကို လျှိုဝှက်ထားပြီး ဆုကြေးငွေကို…
Read Moreအလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ အလင်းဝင်တယ်ဆိုတဲ့ PDFs နဲ့ လက်နက် ကိုင် ၁၅၀ ဦးကို အခမ်းအနားနဲ့ ကြိုဆို
မန္တလေး၊ ဖေဖော်ဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar PDF အပါအဝင် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းအမျိုးမျိုးကနေ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်တဲ့ အယောက် ၁၅၀ ကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းတွင်းထဲမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကြိုဆိုပွဲနဲ့ မိဘတွေဆီ ပြန်လည်အပ်နှံတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ ဥပဒေဘောင်ထဲပြန်လည်ဝင်ရောက်လာတဲ့အောင်မြေသာစံမြို့နယ် က အမျိုးသား(၁၂)ဦး၊အမျိုးသမီး(၃) ဦး၊ အမရပူရမြို့နယ် က အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၂)ဦး၊တံတားဦးမြို့နယ်က အမျိုးသား(၇)ဦး၊ ၊ ငါန်းဇွန်မြို့နယ် ကအမျိုးသား (၁) ဦး၊ စဥ့်ကိုင်မြို့နယ် က အမျိုးသား(၁၂)ဦး၊ နွားထိုးကြီး မြို့နယ် က အမျိုးသား(၅)ဦး၊ သပိတ်ကျင်းမြို့နယ် ကအမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁)ဦး၊ မိုးကုတ်မြို့နယ် ကအမျိုးသား(၁)ဦး၊ စဥ့်ကူးမြို့နယ်မှ အမျိုးသား(၃)ဦး၊ညောင်ဦး…
Read More




