ဖားကန့်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကို ယူကစားရာကနေ ပေါက်ကွဲလို့ ကလေးတ​ယောက်သေပြီး ကလေးသုံးယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ GG (VOM) ဖားကန့်မြို့နယ်၊တောင်ပြိုကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ၊ မနက်ပိုင်းက ကလေးငယ်လေးယောက်ဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်နဲ့ ဆော့ကစားရာကနေ မိုင်းပေါက်ကွဲပြီး တယောက်သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ကလေးတွေဟာ အမှိုက်ပုံကနေ ကောက်ယူလာတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ကို ဆော့ကစားခဲ့တာကြောင့် ပေါက်ကွဲပြီး ကလေးတယောက် ပွဲချင်းပြီးသေဆုံးကာ ကလေးသုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကလေးငယ်သုံးယောက်ထဲမှာ တယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။ ” ဒဏ်ရာရတဲ့အထဲက ကလေးမလေးက ခေါင်းနောက်ကနေ လက်နက်စ ထိမှန်ဝင်သွားတယ်။ ကောင်လေးကတော့ ဒဏ်ရာပိုများတယ်။ စိုးရိမ်ရတယ်။ကျန်တဲ့တယောက်ကတော့ ဖားကန့်မှာပဲ…

Read More

ဝက်လက်နယ် အရှေ့ခြမ်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် (အရှေ့ခြမ်း) မှာ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ အစိုးရတပ်တွေဟာ ဝက်လက်မြို့ကို ပြန်လည် စိုးမိုးနိုင်ရေး လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကလည်း ဝက်လက်နယ်အတွင်းရှိ သစ်ဆိမ့်ရွာကို ကျောက်မြောင်း ခြေလျင်တပ်ရင်း (ခလရ – ၁၂) တပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သစ်ဆိမ့်ရွာကနေ လက်နက်ကိုင်တပ်တွေ…

Read More

ဆားလင်းကြီး PDF စခန်းမှာ အစည်းအ​ဝေးလုပ်​နေချိန် လေကြောင်း တိုက်ခိုက်မှု​ကြောင့် ၁၃ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က PDF တပ်တွေရဲ့ စခန်းမှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ် အနောက်မြောက်ခြမ်းရှိ မန်ကျီးတထောင်ရွာအနီးက PDF စခန်းမှာ မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရချိန်က စခန်းအတွင်း အစည်းအဝေး ပြုလုပ်နေချိန် ဖြစ်တယ်လို့ သိရပါတယ်။ “အစည်းအဝေး လုပ်နေတဲ့အချိန် ဖြစ်သွားလို့ ထိခိုက်သေဆုံးမှု များသွားတာပါ။ ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်သွားတာလို့ သိရတယ်။ ဖြစ်တဲ့အချိန်…

Read More

သူတို့အိမ် အခန်း – ၅၆

ဆူးငှက်     စက်ဘီး စတင်စီးဖြစ်ခြင်း ————————– ကျွန်တော် ၁၀တန်းရောက်သည်အထိ စက်ဘီးကို ဖြစ်ဖြစ်မြောက်မြောက် မစီးတတ်သေးပါ။ အိမ်မှာကလည်း မမခင်ဝင်းစီးခဲ့သည့် ညွန့်ပေါင်း မိန်းမစီးဘီးပဲရှိသည်။ အဲ့သည် ဘီးကလည်း မမခင်ဝင်း မစီးဖြစ်ကတည်းက အိမ်ကြားမှာ ထိုးထားတော့ လေလျော့ ကျွတ်ပေါက် တာယာကွဲ စပုတ်ကြိုး ချိန်းကျ ဇက်ချောင် ဖြစ်နေသည်။ ၉တန်းစာမေးပွဲ ဖြေအပြီး ကျောင်းပိတ်တော့ ကျွန်တော်က ထိုစက်ဘီးကြီးကို ပြင်ပြီး စီးကြည့်ချင်သည်။   ထို့ကြောင့် ဝင်းပေါက်ရှိ ကိုစံမြ စက်ဘီးပြင်ဆိုင်မှာ ချေးဆေးပြီး ကျွတ်ဖာ တာယာချုပ်ဖို့ အပ်လိုက်သည်။ ကိုစံမြက စက်ဘီး ကြည့်ပြီး အတော်စိတ်ပျက်သွားသည်။ “မင်းစက်ဘီးက ကျွတ်အသစ် တာယာအသစ်လဲမှ ကောင်းတော့မှာကွ” တဲ့။ ကျွန်တော် ခေါင်းကုပ်ရပြီ။ “ ကျွတ်တွေ တာယာတွေက မလဲလို့ မရဘူးလားဗျာ”…

Read More

ဖားကန့်မှာ စစ်ရေးပိုတင်းမာလာနေလို့ စစ်ရှောင်တွေထပ်တိုးလာနေ

ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆ GG (VOM) ဖားကန့်မြို့နယ်မှာ တိုက်ပွဲပိုပြီး ပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာ စစ်ရှောင်ရတဲ့ ဒေသခံ တွေ ထပ်တိုးလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ရေးအခြေအနေ ပိုပြီးတင်းမာလာမှုနဲ့အတူ လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုတွေ ဆက်တိုက် ရှိနေတဲ့အတွက် ဖားကန်မြို့ပေါ်ရှိ မရှီကထောင်ရပ်ကွက် ဒေသခံတွေဟာ အရေးပေါ် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ မရှီကထောင်ရပ်ကွက် အနီးရှိ ထုံးဘိုရွာဘက်မှာ အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ကြောင်း ၊ အဲဒီအတွက် မရှီကထောင်ရပ်ကွက် ဒေသခံတွေအနေနဲ့ အရေးပေါ်စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ ” တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့က ကပ်နေတော့ မရှီကထောင်မှာ လက်နက်ကြီးကျတာလည်းရှိတယ်။ ဗျူဟာကုန်းနဲ့ နီးတဲ့ မြို့ပေါ်နေရာတွေလည်း လက်နက်ကြီး ကျပေါက်ကွဲတာတွေ ရှိနေတယ်။ မရှီကထောင်မှာမနေ့ကဆို လေကြာင်းကြဲခံရတယ်။ လေကြောင်းကြဲခံရတာ မျိုးရှိလာတော့…

Read More

ဘီးလင်းတိုက်ပွဲကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၁၁ – ၂၀၂၆ SN (VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ညောင်ထောက်ရွာကို ဦးတည်ပြီး အလူးကြီးရွာ၊ ချမ်းမြေ့စုရွာ၊ ဖိုးဝါးသိမ်ရွာတွေဘက်ကနေ စစ်ကြောင်း သုံးကြောင်းခွဲကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး တပြိုင်တည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “အစိုးရတပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာတာပေါ့။ အဲဒီ စစ်ကြောင်းတွေလာတဲ့ လမ်းတောက်လျှောက်ကို KNLA တပ်တွေက ကြားဖြတ်တိုက်‌နေတာ။ တိုက်ပွဲတွေကတော့ ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ။ လတ်တလောကတော့ အစိုးရတပ်က အလူးကြီးရွာထဲမှာ အထိုင်ချ တပ်စွဲထားတယ်” လို့ သတင်းရင်းမြစ်…

Read More

ခရီးသွားပြည်သူတွေအတွက် သုံးရက်တာ အခမဲ့ စီးနင်းခွင့်ရမယ့် ထိုက်သူပန် ယာဥ်လိုင်းသစ် နေပြည်တော်မှာ ဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၁-၂၀၂၆ KKL(VOM) ခရီးသွားပြည်သူတွေအတွက် အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ထိုက်သူပန် ယာဥ်လိုင်းမှာ အခမဲ့ သုံးရက်တာ စီးနင်းခွင့်ရမှာဖြစ်ပြီး ကားလက်မှတ် ဝယ်ယူသူတွေအတွက် အဆင်ပြေအောင် သာမန်ကားဂိတ်မှာ ဝယ်ယူနိုင်သလို အွန်လိုင်းစနစ်နဲ့ပါ ဝယ်ယူနိုင်တဲ့အပြင် ထိုက်သူပန် page ကနေပါ ဝယ်နိုင်အောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ…

Read More

ဖာပွန်ဗျူဟာကုန်း ဝန်းကျင်ကို KNLA က ပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၁ – ၂၀၂၆ SS (VOM) ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် အစိုးရတပ်ရဲ့ စစ်ဗျူဟာအခြေချ (စဗခ – ၁) ဝန်းကျင်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက လက်ရှိအချိန်အထိ ဝိုင်းဝန်း ပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ KNLA ပူးပေါင်း တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ဖာပွန်ဗျူဟာကုန်းကို ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ရေး တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိ တိုက်ပွဲ အခြေအနေကတော့ KNLA ဘက်က ထိုးစစ်အရှိန် မြှင့်ထားတယ်လို့ ပြောရမယ်။…

Read More

တေး​ရေး​ရွှေသက်ရဲ့ (၂၂)ကြိမ်မြောက် မန္တ​လေး မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ဂုဏ်ပြုသီချင်း

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကြီးမှူးကျင်းပတဲ့ (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နဲြသစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်အတွင်းဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမှာမို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များအနေဖြင့် လာရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရပါတယ်။ မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တနိုင်တပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်(၅)ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်(၂၂)ကြိမ်မြောက်ကျင်းပ ခြင်းဖြစ်သည်။ ယခုနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူမြမာလာဥယျာဉ် အတွင်း၌ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊ ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း…

Read More

အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်

ဖေဖော်ဝါရီ ၁၁ – ၂၀၂၆ SN (VOM) အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ပြင်ဦးလွင်ခရိုင် တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ…

Read More